ကိုဗစ္-၁၉ေၾကာင့္ (၁)ရက္တည္းလူ(၁၀၀၀) ေက်ာ္ စံခ်ိန္တင္ေသဆုံးမႈ ျဖစ္ပြားခဲ့သည့္ ဘရာဇီးႏိုင္ငံ

ဘရာဇီးဟာ ကိုဗစ္-၁၉ ကပ္ေဘး ျပင္းျပင္းထန္ထန္ ခံရတဲ့ လက္တင္အေမရိကရဲ႕ တခုတည္းေသာ ႏိုင္ငံေတာ့ မဟုတ္ပါဘူး။ ႐ိုက္တာ သ တင္းဌာနရဲ႕စာရင္းအရ ဒီေဒသမွာ ဇြန္လ ၂၀ ရက္ကပဲ အတည္ျပဳလူနာဦးေရ ၂ သန္းေက်ာ္သြားခဲ့ၿပီလို႔ သိရပါတယ္။ ဘရာဇီးမွာ ပထမဆုံး ကိုဗစ္-၁၉ လူနာကို ေဖေဖာ္ဝါရီလ ၂၆ မွာေတြ႕ခဲ့ ၿပီးေနာက္ အခု ဇြန္လ ၁၉ မွာေတာ့ အတည္ျပဳလူနာ ၁ သန္းေက်ာ္ ခဲ့ပါၿပီ။

ဘရာဇီးႏိုင္ငံမွာ ဇြန္လ ၂၀ ရက္ တရက္တည္းမွာ ကိုဗစ္-၁၉ လူနာ ၁၀၂၂ ဦးေသဆုံးခဲ့အတြက္ စုစုေပါင္းေသဆုံးသူ ၅ ေသာင္းနီးပါး ရွိလာ ၿပီလို႔ ဘရာဇီးက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာစုစုေပါင္း ၁၀၆၇၅၇၉ ဦး ရွိၿပီး ေသဆုံးသူက ၄၉၉၇၆ ဦးပါ။ အေမရိကန္ၿပီးရင္ ကမာၻ႔ဒုတိယေျမာက္ ကူးစက္ခံနဲ႔ ေသဆုံးသူ အမ်ားဆုံး အဆင့္လည္း ျဖစ္ေနပါတယ္။

ကြၽမ္းက်င္သူ ေတြကေတာ့ ျပည္သူေတြၾကား အက်ယ္အျပန႔္ ေဆးစစ္တာ မလုပ္ႏိုင္တဲ့ အတြက္ အမွန္တကယ္အေရအတြက္က ဒီထက္ ပို ျမင့္မားမယ္လို႔ ေျပာပါတယ္။

REF: THE LTFESTYLE MYANMAR

UNICODE

ကိုဗစ်-၁၉ကြောင့် (၁)ရက်တည်းလူ(၁၀၀၀) ကျော် စံချိန်တင်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ဘရာဇီးနိုင်ငံ

ဘရာဇီးဟာ ကိုဗစ်-၁၉ ကပ်ဘေး ပြင်းပြင်းထန်ထန် ခံရတဲ့ လက်တင်အမေရိကရဲ့ တခုတည်းသော နိုင်ငံတော့ မဟုတ်ပါဘူး။ ရိုက်တာ သ တင်းဌာနရဲ့စာရင်းအရ ဒီဒေသမှာ ဇွန်လ ၂၀ ရက်ကပဲ အတည်ပြုလူနာဦးရေ ၂ သန်းကျော်သွားခဲ့ပြီလို့ သိရပါတယ်။ ဘရာဇီးမှာ ပထမဆုံး ကိုဗစ်-၁၉ လူနာကို ဖေဖော်ဝါရီလ ၂၆ မှာတွေ့ခဲ့ ပြီးနောက် အခု ဇွန်လ ၁၉ မှာတော့ အတည်ပြုလူနာ ၁ သန်းကျော် ခဲ့ပါပြီ။

ဘရာဇီးနိုင်ငံမှာ ဇွန်လ ၂၀ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ လူနာ ၁၀၂၂ ဦးသေဆုံးခဲ့အတွက် စုစုပေါင်းသေဆုံးသူ ၅ သောင်းနီးပါး ရှိလာ ပြီလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာစုစုပေါင်း ၁၀၆၇၅၇၉ ဦး ရှိပြီး သေဆုံးသူက ၄၉၉၇၆ ဦးပါ။ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယမြောက် ကူးစက်ခံနဲ့ သေဆုံးသူ အများဆုံး အဆင့်လည်း ဖြစ်နေပါတယ်။

ကျွမ်းကျင်သူ တွေကတော့ ပြည်သူတွေကြား အကျယ်အပြန့် ဆေးစစ်တာ မလုပ်နိုင်တဲ့ အတွက် အမှန်တကယ်အရေအတွက်က ဒီထက် ပို မြင့်မားမယ်လို့ ပြောပါတယ်။

REF:  THE  LTFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *