က်ပ္(၅၀၀)တန္ပိုက္ဆံအ သစ္မွာ ပါ တဲ့ အလံပုံစံ ကိ စၥ ေဝဖန္ေျပာဆိုေနျခင္းႏွင့္ ပတ္သက္၍ ဗဟို ဘဏ္ ဒုဥကၠဌ ရွင္းၿပီ

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ (၅၀၀)တန္ေငြစကၠဴသစ္ကိုေတာ့ လာမယ့္ဇူလိုင္လ (၁၉)ရက္ေန႔၊ အာဇာနည္ေန႔မွာ စထုတ္ေဝသြားမယ္လို႔ ျမန္ မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေၾကညာထားပါတယ္။ “လြတ္လပ္ေရးေန႔တုန္းျဖန႔္သလိုပါပဲ။ ႐ုံးဖြင့္ရက္မွာ ျဖန႔္ေဝမွာေပါ့။ အမွတ္တရေန႔မွာ စတင္ထုတ္ေဝတယ္ ဆိုတဲ့သေဘာပါပဲ။ ေဝတာကေတာ့ ႐ုံးဖြင့္တဲ့ေန႔မွပဲ ေဝလို႔ရမွာေပါ့။”လို႔ ဦးစိုးမင္းက ေျပာပါတယ္။

အခုထုတ္ေဝမယ့္ ေငြစကၠဴသစ္ကို ပထမအႀကိမ္ထုတ္ေဝတဲ့ (၁၀၀၀)တန္ ေငြစကၠဴပမာဏအတိုင္း ထုတ္ေဝသြားမွာျဖစ္ၿပီး ဘယ္ေလာက္ ပမာဏ ထုတ္ေဝမယ္ဆိုတာ မေျဖၾကားခဲ့ပါဘူး။(၅၀၀)က်ပ္တန္ေငြစကၠဴဟာ အလ်ား(၁၅၀)မီလီမီတာ အနံ(၇၀) မီလီမီတာရွိမွာျဖစ္ၿပီး အခုသုံးေနတဲ့ (၅၀၀)က်ပ္တန္ေတြဟာလည္း တရားဝင္ေငြစကၠဴအျဖစ္ဆက္ရွိေနမွာျဖစ္တယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။

အ သစ္ထုတ္ေဝမယ့္ ဗိုလ္ခ်ဳပ္ပုံပါ (၅၀၀)တန္ ေငြစကၠဴမွာပါတဲ့ အလံဟာ ႏိုင္ငံေတာ္အလံနဲ႔ ဗဟိုဘဏ္အလံ (၂)ခု ျဖစ္တယ္လို႔ ဗဟိုဘဏ္ ရဲ႕ ဒုတိယ ဥကၠ႒ဦးစိုးမင္းက ေျပာပါတယ္။ လတ္တေလာ အြန္လိုင္းေပၚမွာ အဲဒီ (၅၀၀)တန္ ေငြစကၠဴသစ္မွာ ပါတဲ့ အလံကို ကမာၻဒီးယား ႏိုင္ငံအလံ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ရဲ႕ အလံေတြနဲ႔ ယွဥ္ျပၿပီး ေဝဖန္ေနၾကတာျဖစ္ပါတယ္။

“တကယ္တန္း အဲဒီဟာ က ဗဟိုဘဏ္မွာ အၿမဲတမ္းရွိတဲ့ ပုံကို႐ိုက္ထားတာပဲ။ ဒီေတာ့ အလယ္က ႏိုင္ငံေတာ္ အလံ၊ ေဘးကဗဟိုဘဏ္ရဲ႕ အလံ(၂)ခုပါ။ အျမင္ကေတာ့လည္းရွိရင္ ရွိေနမွာေပါ့။ သို႔ ေသာ္ ပိုက္ဆံမွာတကယ္ ၾကည့္လိုက္လို႔ရွိရင္ေတာ့ မထင္ရဘူးလို႔ ထင္တာပဲ။”လို႔ ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျပာပါတယ္။

REF: SHWE WIKI

UNICODE

ကျပ်(၅၀၀)တန်ပိုက်ဆံအ သစ်မှာ ပါ တဲ့ အလံပုံစံ ကိ စ္စ ဝေဖန်ပြောဆိုနေခြင်းနှင့် ပတ်သက်၍ ဗဟို ဘဏ် ဒုဥက္ကဌ ရှင်းပြီ

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ (၅၀၀)တန်ငွေစက္ကူသစ်ကိုတော့ လာမယ့်ဇူလိုင်လ (၁၉)ရက်နေ့၊ အာဇာနည်နေ့မှာ စထုတ်ဝေသွားမယ်လို့ မြန် မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားပါတယ်။ “လွတ်လပ်ရေးနေ့တုန်းဖြန့်သလိုပါပဲ။ ရုံးဖွင့်ရက်မှာ ဖြန့်ဝေမှာပေါ့။ အမှတ်တရနေ့မှာ စတင်ထုတ်ဝေတယ် ဆိုတဲ့သဘောပါပဲ။ ဝေတာကတော့ ရုံးဖွင့်တဲ့နေ့မှပဲ ဝေလို့ရမှာပေါ့။”လို့ ဦးစိုးမင်းက ပြောပါတယ်။

အခုထုတ်ဝေမယ့် ငွေစက္ကူသစ်ကို ပထမအကြိမ်ထုတ်ဝေတဲ့ (၁၀၀၀)တန် ငွေစက္ကူပမာဏအတိုင်း ထုတ်ဝေသွားမှာဖြစ်ပြီး ဘယ်လောက် ပမာဏ ထုတ်ဝေမယ်ဆိုတာ မဖြေကြားခဲ့ပါဘူး။(၅၀၀)ကျပ်တန်ငွေစက္ကူဟာ အလျား(၁၅၀)မီလီမီတာ အနံ(၇၀) မီလီမီတာရှိမှာဖြစ်ပြီး အခုသုံးနေတဲ့ (၅၀၀)ကျပ်တန်တွေဟာလည်း တရားဝင်ငွေစက္ကူအဖြစ်ဆက်ရှိနေမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

အ သစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်ပုံပါ (၅၀၀)တန် ငွေစက္ကူမှာပါတဲ့ အလံဟာ နိုင်ငံတော်အလံနဲ့ ဗဟိုဘဏ်အလံ (၂)ခု ဖြစ်တယ်လို့ ဗဟိုဘဏ် ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစိုးမင်းက ပြောပါတယ်။ လတ်တလော အွန်လိုင်းပေါ်မှာ အဲဒီ (၅၀၀)တန် ငွေစက္ကူသစ်မှာ ပါတဲ့ အလံကို ကမ္ဘာဒီးယား နိုင်ငံအလံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ အလံတွေနဲ့ ယှဉ်ပြပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

“တကယ်တန်း အဲဒီဟာ က ဗဟိုဘဏ်မှာ အမြဲတမ်းရှိတဲ့ ပုံကိုရိုက်ထားတာပဲ။ ဒီတော့ အလယ်က နိုင်ငံတော် အလံ၊ ဘေးကဗဟိုဘဏ်ရဲ့ အလံ(၂)ခုပါ။ အမြင်ကတော့လည်းရှိရင် ရှိနေမှာပေါ့။ သို့ သော် ပိုက်ဆံမှာတကယ် ကြည့်လိုက်လို့ရှိရင်တော့ မထင်ရဘူးလို့ ထင်တာပဲ။”လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *