တရားမဝင္ သစ္ (၉) တန္ ပိုင္ရွင္ မဲ့ ဖမ္းဆီးရမိမႈ ျဖစ္ပြား

အဆိုပါျဖစ္စဥ္ေတြနဲ႔ ပါတ္သက္ၿပီး ဆက္စပ္ပတ္သက္တဲ့ တရားခံေတြ ကို စုံစမ္းရွာေဖြေဖာ္ထုတ္ၿပီး ဥပေဒနဲ႔အညီ ထိေရာက္စြာအေရးယူ ႏိုင္ေရး အတြက္ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း သစ္ေတာဦးစီးဌာနက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ နဲ႔ လားရႈိးၿမိဳ႕ တို႔မွာ ရပ္ထားတဲ့ကားႏွစ္စီးေပၚမွ တရားမဝင္သစ္(၉)တန္ကို ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ဇြန္လ (၁၇)ရက္က ပိုင္ရွင္မဲ့ဖမ္းဆီးရမိခဲ့ ေၾကာင္း သစ္ေတာဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။မူဆယ္ၿမိဳ႕နယ္၊ စိုးသစၥာ ဆီ ဆိုင္ အေနာက္ဘက္ မွာ ဇြန္လ (၁၇)ရက္က လူ မရွိဘဲ ရပ္တန႔္ထား တဲ့ ေမာ္ေတာ္ယာဥ္ အမွတ္ (SHN 2B/3096) HOWO (အနီ ေရာင္) (၁၂)ဘီးယာဥ္ေပၚမွ တရားမဝင္ သစ္မက်ီးဓါးေ႐ြး (၈၂)လုံး၊ (၈)တန္ကို ပိုင္ရွင္မဲ့ဖမ္းဆီးရမိခဲ့ေၾကာင္း သိရပါတယ္။

အဲဒီလိုပဲ လားရႈိးၿမိဳ႕ လားရႈိးၿမိဳ႕နယ္၊ လားရႈိး-မူဆယ္ျပည္ေထာင္စု လမ္းမႀကီး မိုင္တိုင္အမွတ္ (၁၆၅/၅)အနီးေနရာမွာ ဇြန္လ(၁၇)ရက္က မသကၤာဖြယ္ လူမရွိဘဲရပ္တန႔္ထားတဲ့ ေမာ္ေတာ္ယာဥ္အမွတ္(MDY 9H/6574) (TOYOTA Alphard) (အျဖဴေရာင္) ယာဥ္ကို စစ္ေဆး ရာ တရားမဝင္ပိေတာက္ဓါးေ႐ြ (၂၉)ေခ်ာင္း (၁)တန္ကို ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရပါတယ္။

REF: LET PAN

UNICODE

တရားမဝင် သစ် (၉) တန် ပိုင်ရှင် မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပွား

အဆိုပါဖြစ်စဉ်တွေနဲ့ ပါတ်သက်ပြီး ဆက်စပ်ပတ်သက်တဲ့ တရားခံတွေ ကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူ နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နဲ့ လားရှိုးမြို့ တို့မှာ ရပ်ထားတဲ့ကားနှစ်စီးပေါ်မှ တရားမဝင်သစ်(၉)တန်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၁၇)ရက်က ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။မူဆယ်မြို့နယ်၊ စိုးသစ္စာ ဆီ ဆိုင် အနောက်ဘက် မှာ ဇွန်လ (၁၇)ရက်က လူ မရှိဘဲ ရပ်တန့်ထား တဲ့ မော်တော်ယာဉ် အမှတ် (SHN 2B/3096) HOWO (အနီ ရောင်) (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် သစ်မကျီးဓါးရွေး (၈၂)လုံး၊ (၈)တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဲဒီလိုပဲ လားရှိုးမြို့ လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၅)အနီးနေရာမှာ ဇွန်လ(၁၇)ရက်က မသင်္ကာဖွယ် လူမရှိဘဲရပ်တန့်ထားတဲ့ မော်တော်ယာဉ်အမှတ်(MDY 9H/6574) (TOYOTA Alphard) (အဖြူရောင်) ယာဉ်ကို စစ်ဆေး ရာ တရားမဝင်ပိတောက်ဓါးရွေ (၂၉)ချောင်း (၁)တန်ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *