




Credit- alinnpya

UNICODE

မင်းရာဇာ အမှု နဲ့ ပက်သက်ပြီး လက်ရှိအခြေအနေကို ပြောပြလာတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် (ရုပ်သံ)

မင်းရာဇာအမှုသည် သက်ငယ်မုဒိမ်းမှုဖြစ်သည့်အတွက် အာမခံ မရရှိနိုင်ကြောင်း ဥပဒေ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ ဆက်လက် စုံစမ်းစစ်ဆေးချက်အရ သရုပ်ဆောင် မင်းရာဇာက အဆိုပါ အိမ်အကူအမျိုးသမီးငယ်ကို တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ ဇောတိ ကလမ်းနေအိမ်၌ လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်၍ သားမယား အဖြစ် အကြိကြိမ်ပြုကျင့် ခဲ့ကြောင်း သိရပါသည်။

ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာ၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်သူ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ၎င်း၏ သမီးဖြစ်သူကို မင်းရာဇာနှင့် ဇနီး မဖူးငုံပွင့်တို့က ဘောင်းဘီချွတ်၍ အက်စစ်ဖြင့် ပက်ခဲ့ကြောင်းအဆိုပါနေ့မတိုင်မီက မင်းရာဇာ၏ ယောက္ခမဖြစ်သူက မိန်းကလေး၏ ခေါင်းကို တူဖြင့်ထု ခဲ့ကြောင်း ဆိုကာ ရွှေပေါက္ကံမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

လက်ရှိတွင် အဆိုပါမိန်းကလေးကို မြောက်ဥက္ကလာပ ဆေးရုံသို့တင်ပို့ကုသထားကြောင်း သိရပါတယ်။ သက်ဆိုင်ရာက တိုင်တန်းသူ အမျိုး သမီးအား စစ်ဆေးခဲ့ရာတွင် မင်းရာဇာနှင့် အိမ်အကူလုပ်ကိုင်သည့် တိုင်တန်းသူ၏ သမီးတို့ လူမှုရေးဖောက်ပြန်သည်ဆိုကာ မင်းရာဇာ၏ ဇနီးဖြစ်သူက မေးမြန်း ထားသည့် အသံဖိုင်ကို လှုမှုကွန်ရက် စာမျက်နှာပေါ်၌ တင်ထားသည်ကို ကြားသိသဖြင့် တိုင်တန်းခြင်းဖြစ်သည်။

အိမ်ဖော်မလေး၏မိခင်က သမီးဖြစ်သူ အား အဆိုပါ နေအိမ်မှ လွန်ခဲ့သည့် ရက်ပိုင်းက သွားရောက် ခေါ်ယူခဲ့ပြီး ရွှေပေါက္ကံရှိနေအိမ်တွင် ထားရှိစဉ် မင်းရာဇာနှင့် ဇနီးတို့ ရောက်လာ ပြီး အက်ဆစ်ဖြင့် ပက်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ သရုပ် ဆောင်မင်းရာဇာ အပါအဝင် ၃ ဦးသည် နှစ်ကြီးထောင်ဒဏ်ကျခံရနိုင်ကြောင်းနှင့် လွတ်လမ်းမရှိကြောင်း သိရသည်။

Credit-  alinnpya

Add a Comment

Your email address will not be published. Required fields are marked *