





REF: SHWE WIKI

UNICODE

မိဘများသတိပြုပါ (၆၃) နှစ်အရွယ် ဗေဒင်ဆရာ သက်ကြားအိုကြီး က (၁၁) နှစ်အရွယ် မိန်းကလေး ကို သားမ ယား ပြုကျင့်

”အခု ပြစ်မှု ကျူးလွန်သူ ကို ဖမ်းဆီး ထား ပါပြီ ၊ အရေးယူထား ပါ တယ် ၊ လိုအပ် တဲ့ စစ်ဆေးမှုများ လည်း လုပ်နေ ပါတယ် ” လို့မြောင်းမြ မြို့မ ရဲစခန်း မှ တာဝန်ကျ တာဝန်မှူး တစ်ဦးကပြော ပါ တယ် ။ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ မြောင်းမြမြို့မ ရဲစခန်း က တာဝန်ကျတာဝန်မှူး ဒုရဲအုပ်မောင်မောင်ရွှေ က စစ်ဆေးတာ တွေပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူ ဗေဒင်ဆရာ ဦးမျိုးညွန့် ၆၃ နှစ် ကို ( ပ ) ၄၉၈ / ၂၀၂၀ ရာဇသတ် ကြီး ပုဒ်မ ၃၇၆ / ၅၁၁ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ် လို့ သိ ရပါတယ် ။

ဧရာဝတီ တိုင်း ၊ မြောင်းမြမြို့ ၊ မြရတနာ ရပ်ကွက် မှာ ဇွန်လ ၂၀ ရက် က အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို အသက် ၆၃ နှစ် အရွယ် အမျိုးသား က သားမယား အဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ ပါ တယ် ။မြောင်းမြမြို့၊ မြရတနာ ရပ်ကွက်မှာ နေထိုင် တဲ့ သမီးဖြစ်သူ မ….ကို မိခင်ဖြစ်သူက ဇွန်လ ၂၀ ရက် မနက်က နေအိမ်ကနေ အိမ် ၅ လုံးကျော်မှာရှိတဲ့ အဖွားအိမ်ကို ဟင်းသွားပို့ခိုင်းခဲ့ရာ အချိန် အတော်ကြာ တဲ့ အထိ ပြန်မလာ တဲ့ အတွက် မ…နဲ့ညီ အမ ဝမ်း ကွဲတော် စပ်သူက မ… ကိုဦးမျိုးညွန့်နေ အိမ်ပေါ် မှာတွေ့ခဲ့တယ် လို့ပြော တဲ့ အတွက်။

မိခင်ဖြစ်သူ က ဦးမျိုးညွန့်နေအိမ် ကို လိုက်သွားခဲ့ ပါ တယ် ။တရားလိုမှ သမီး မ……ထံသို့ ချက်ချင်းလိုက်သွားရာ ဦးမျိုးညွန့်အိမ် မှာ အိမ် ရှေ့တံခါးပိတ်ထား သဖြင့် တရားလိုမှ ဦးမျိုးညွန့်၏ နေအိမ်ခေါင်းရင်းဘက် ဓနိကာအပေါက်မှ ချောင်းကြည့်ရာ ဦးမျိုးညွန့်မှာ အိပ်ခန်းအ တွင်းမှ နေအိမ်အရှေ့ဘက်သို့ ထွက်လာပြီ း ဧည့်ခန်း ရှိ ကုလား ထိုင်တွင် ထိုင်ကာ ကွမ်းစားနေသည် ကိုတွေ့မြင်ရပြီး နေအိမ်အရှေ့ တံ ခါး ကို ဖွင့်လိုက် သဖြင့် တရားလို မှာ တံခါးပေါက်ရှေ့သို့သွားပြီး သမီးမ……ဟု အော်ခေါ်ရာ။

သမီး မ……မှ ာဦးမျိုးညွှန့်နေအိမ် အိပ်ခန်း အတွင်းမှ ထွက်လာ သဖြင့် နေအိမ်သို့ပြန်ခေါ်ခဲ့ပြီး နေအိမ် တွင် မ….နှင့် အတူ မေးမြန်းရာ၊ ယခင်ရက်များ တွင် ဈေးဝယ်သွားစဉ် သမီးမ…….ကို ၎င်းက အကြိမ်ကြိမ်ဈေးမှာဘူး ၍ ဈေးဝယ်ပေးခြင်းဖြင့် ခင်မင် ရင်းနှီးနေသူ ဦးမျိုး ညွန့် မှ လှမ်းခေါ် သဖြင့် သွားစဉ် ဦးမျိုးညွန့်မှာ ၎င်းကို မုန့်ဖိုး(၅၀၀)ပေး ၍ နင့်အမေ ကို ပြန်မပြောနဲ့ ဟု ပြောဆိုပြီး မ…..ကို အိပ်ခန်းထဲ သို့ခေါ်ပြီး ၎င်း ၏ ဘောင်းဘီချွတ် ၍ မ….. ၏ အင်္ဂါ ကို မဖွယ်မရာပြုလုပ် ခဲ့သောကြောင့် အခုလိုတွေ့ရတယ်။

တရားလိုတို့မှ သမီး မ… ၏ အင်္ဂါ ကို ကြည့်ရှုရာမိန်းမ…အပြင်ပိုင်း နီရဲ နေနပြီး ရင်သားများလည်း နီရဲနေ သည် ကို တွေ့မြင်ခဲ့ရတဲ့ အတွက် မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးက တဆင့် မြောင်းမြမြို့မ ရဲစခန်း ကို တိုင်ကြား ခဲ့တာ ဖြစ်ပါ တယ် ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *