




UNICODE

ရည်းစားမ ထား တဲ့ အကြောင်းအ ရင်း ကို ဖြူဖြူထွေး ရှင်းပြပုံ(ရုပ်သံ)

ဖြူဖြူထွေးက လက်ရှိမှာလည်း အချစ်ရေး နဲ့ ပတ်သက်ပြီး မစဉ်းစားသေးဘဲ Single အဖြစ်နဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ရည်းစားမထား ဖြစ်တဲ့ အကြောင်းအရင်း လေးကိုလည်း TikTok လေးဆော့ ကာ ပရိသတ်တွေကို ချပြ ခဲ့တာပါ။ Cele Connections ပရိသတ်ကြီးထဲမှာရော ဖြူဖြူထွေး နဲ့ အတွေးတူတဲ့သူတွေရှိရင် မှတ်ချက် ပေးခဲ့ပါဦးနော်။

ဖြူဖြူထွေး ကေ တာ့ အခုနောက်ပိုင်းမှာ ပရိသတ်တော်တော် များများကို ပိုင်ဆိုင်ထားကာ ကြော်ငြာတွေ အပြင် ရုပ်ရှင် ဇာတ်ကားတွေ လည်း ရိုက်ကူးလာကာ အောင်မြင်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူလို့ ဆိုရမှာပါ။ ဟာသဗီဒီယိုဖိုင်လေး တွေတင်ရင်းလူအများ ရဲ့သတိပြုမိခြင်းကို ခံရပြီးနောက်မှာ တော်တော်များများဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပြီးနောက်။

သူမရဲ့ ဖော်ရွေတဲ့စိတ်ထားလေးကြောင့် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ သူမ ရဲ့ ဇာတိရပ်ရွာမှာ လည်း အလှူအတန်းတွေ တတ်အားသ၍လုပ်ဆောင်နေသူလည်း ဖြစ်ပြီး သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်လေး အပြင် မိဘဆွေမျိုးတွေ အပေါ်ရိုသေကိုင်းရှိုင်းတဲ့စိတ်လေးကြောင့် ပရိသတ်တွေပိုချစ်လာပြီး အောင်မြင်မှုတွေပိုရရှိလာတယ်ဆိုတာ မှားမယ် မထင်ပါဘူးနော်။

လေးစားစွာဖြင့် ခရစ်ဒက် – ဆယ်လီကွန်နက်ရှင်

Add a Comment

Your email address will not be published. Required fields are marked *