ေယာ ဂက်င့္စ ဥ္ေတြဟာ ကိုဗစ္-၁၉ ကို ကာကြ ယ္ႏိုင္ေၾကာင္း အိႏၵိယဝန္ႀကီး ခ်ဳပ္ မိုဒီ ထုတ္ေဖာ္ေျပာဆို၍ ခ်ီး မြမ္းခန္းဖြင့္

လူဦးေရ ၁.၃ ဘီလီယံရွိတဲ့ အိႏၵိယႏိုင္ငံဟာ အခု ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၃၈၁၀၉၁ ဦး၊ ေသဆုံးသူ ၁၂၆၀၄ ဦးနဲ႔ ကမာၻေပၚမွာ စတုတၱေျမာက္ ဗိုင္းရပ္စ္ကူးစက္မႈ အဆိုး႐ြားဆုံးႏိုင္ငံ ျဖစ္ေနတယ္လို႔ အတည္ျပဳထားတဲ့ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။အိႏၵိယ ဝန္ႀကီး ခ်ဳပ္ နာရမ္ဒြါ မိုဒီက ေယာဂ ဟာ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ လူမ်ား ႀကဳံေတြ႕ေန ရတဲ့ ဖိစီးမႈေတြကို သက္သာ ေစတဲ့ နည္းလမ္း တစ္ခုျဖစ္ ေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာ စိန္ေခၚမႈေတြကိုပါ တြန္းလွန္ႏိုင္တဲ့ စြမ္းရည္ရွိေၾကာင္း ခ်ီးက်ဴးေျပာဆိုထားပါ တယ္။

ဒါေပမဲ့လည္း ဒီနည္းလမ္းဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ တဲ့ သိပၸံ နည္းက် အေထာက္အထားမရွိဘူးလို႔ အေမရိကန္အမ်ိဳးသား က်န္းမာေရးဌာနအပါအဝင္ ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။ မိုဒီဟာ ေယာဂက်င့္စဥ္ ေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး နည္းလမ္းမ်ားဟုဆိုကာ ခ်ီးေျမႇာက္ခဲ့တယ္လို႔ သိရပါတယ္။ေရွးေ ခတ္အိႏၵိယအေလ့အထေတြကို ဟိုးအရင္ကတည္းက ေထာက္ခံ ခဲ့ၿပီး ေယာဂက်င့္ရာမွာလည္း စိတ္အားထက္သန္သူ တစ္ဦးျဖစ္တဲ့ မိုဒီက အခုလိုေျပာပါတယ္။

ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ဘယ္သူကမွ မေဖာ္ထုတ္ႏိုင္ေသးေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကို ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္နဲ႔သာ ကာကြယ္ႏိုင္မွာျဖစ္ေၾကာင္း၊ ေယာဂ က်င့္စဥ္ေတြဟာ ခႏၶာကိုယ္ကို ဗိုင္းရပ္စ္အကာအကြယ္ ဒိုင္းသဖြယ္ တည္ေဆာက္ေပးႏိုင္ေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျပည္သူလူထုကို ေျပာၾကားခဲ့ပါတယ္။

ေလးစားမႈျဖင့္ ခရစ္ဒက္ Akonthi

UNICODE

ယော ဂကျင့်စ ဉ်တွေဟာ ကိုဗစ်-၁၉ ကို ကာကွ ယ်နိုင်ကြောင်း အိန္ဒိယဝန်ကြီး ချုပ် မိုဒီ ထုတ်ဖော်ပြောဆို၍ ချီး မွမ်းခန်းဖွင့်

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ အခု ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၃၈၁၀၉၁ ဦး၊ သေဆုံးသူ ၁၂၆၀၄ ဦးနဲ့ ကမ္ဘာပေါ်မှာ စတုတ္တမြောက် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေတယ်လို့ အတည်ပြုထားတဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။အိန္ဒိယ ဝန်ကြီး ချုပ် နာရမ်ဒွါ မိုဒီက ယောဂ ဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် လူများ ကြုံတွေ့နေ ရတဲ့ ဖိစီးမှုတွေကို သက်သာ စေတဲ့ နည်းလမ်း တစ်ခုဖြစ် ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကိုပါ တွန်းလှန်နိုင်တဲ့ စွမ်းရည်ရှိကြောင်း ချီးကျူးပြောဆိုထားပါ တယ်။

ဒါပေမဲ့လည်း ဒီနည်းလမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင် တဲ့ သိပ္ပံ နည်းကျ အထောက်အထားမရှိဘူးလို့ အမေရိကန်အမျိုးသား ကျန်းမာရေးဌာနအပါအဝင် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ မိုဒီဟာ ယောဂကျင့်စဉ် တွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများဟုဆိုကာ ချီးမြှောက်ခဲ့တယ်လို့ သိရပါတယ်။ရှေးေ ခတ်အိန္ဒိယအလေ့အထတွေကို ဟိုးအရင်ကတည်းက ထောက်ခံ ခဲ့ပြီး ယောဂကျင့်ရာမှာလည်း စိတ်အားထက်သန်သူ တစ်ဦးဖြစ်တဲ့ မိုဒီက အခုလိုပြောပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘယ်သူကမှ မဖော်ထုတ်နိုင်သေးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့သာ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ယောဂ ကျင့်စဉ်တွေဟာ ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်အကာအကွယ် ဒိုင်းသဖွယ် တည်ဆောက်ပေးနိုင်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြည်သူလူထုကို ပြောကြားခဲ့ပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် Akonthi

Add a Comment

Your email address will not be published. Required fields are marked *