




crd : ALZY

ဝေဖန်မှုများနေသည့် အမေစုပုံပန်ချီကားတွင် ပါဝင်သော ဥုံဏ္ဏလုံး နှင့် ပတ်သက်ပီး ပန်ချီဆရာဖြေရှင်းပီ

ကျွန်တော်ရေးဆွဲထားသောပုံမှာလည်း နားလည်မှု လွဲစွာရေးဆွဲမိခြင်းသာဖြစ်ပါသည်။ အများသူငါစိတ်အနှောက်အယှက်ဖြစ်ရခြင်း တို့ ကြောင့် ဖျက်လိုက် ပါပြီ။မင်းကွန်းတိပိဋကဆရာတော် ဦးဂန္ဓမာထံ လျှောက်ထားမေးမြန်းပြီး ကိုယ်တို င်လွဲမှား နားလည်မိခြင်းကြောင့် ဖျက်လိုက်ပါပြီ။ ကျွန်တော် ဗုဒ္ဓဘာသာတစ်ယောက် စစ်စစ်ပါ အားလုံး ကျန်းမာကြပါစေ

နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် ချစ်သုဝေမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေစုပုံ ပန်ချီကားကို သူမ၏ဖေ့ဘုတ်လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ထို့နောက် ဝေဖန်မှုများမြင့်တက်လာပီးနောက် ပို့ကို ဖျက်လိုက်သည်။ အမေစု၏ နဖူးနေရာ တွင် ဥုံဏ္ဏလုံး ရေးဆွဲခဲ့ပီး အဆိုပါ ဥုံဏ္ဏလုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏ နဖူးတော်တွင် ပါရှိသောစက်လက္ခဏာဖြစ်သဖြင့် လူသားတို့ပုံတွင် ရေခြင်းမှာ မသင့်တော်ဟု ဆိုကာ။

ဝေဖန်မှုမြင့်တက်ခဲ့ပီး အဆိုပါပန်ချီကားကိုရေးဆွဲခဲ့သူ Zaw Win ဖေ့ဘုတ်အကောင့်ပိုင်ရှင် မှ အောက်ပါ အတိုင်းပြန်လည် ရှင်းလင်းခဲ့ပါ သည်။ဥုံဏ္ဏလုံးနှင့်ပါတ်သက်၍ ရိုးသားစွာဖြေရှင်း အပ်ပါသည်။ ဤပုံပါ ဥုံဏ္ဏလုံးပန်ချီကားကို ဝယ်ခဲ့စဉ်က အသိမိတ်ဆွေတစ်ယောက်ကို မေးမိပါသည်။

ဥုံဏ္ဏလုံးဟုခေါ်ကြောင်း၊ အန္တရာယ်ကင်းဘေးရှင်း သည့် နမိတ်ပုံဖြစ်ကြောင်းပြောပြ၍ ဒီပုံသည် အန္တရာယ်ကင်း ဘေးရှင်းလဘ်လာဘ ကြွယ်ဝသည်ဆိုကာ သိမ်းထား ခဲ့သည်မှာ ယ္ခုထက်တိုင် ရှိခဲ့ပါသည်။

crd :   ALZY

Add a Comment

Your email address will not be published. Required fields are marked *