




REF: SHWE WIKI

UNICODE

ဝေဘာဂီေ ဆးရုံ မှ ကျန်းမာရေး ဝန်ထမ်းတွေ ကို သွားရောက်ဂုဏ်ပြုခဲ့တဲ့ ပိုင်တံခွန်

ဝေဘာဂီဆေးရုံက ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အခုလို ပိုင်တံခွန်ရဲ့ လာရောက်ဂုဏ်ပြုမှုကြောင့် ပျော်ရွှင်ခဲ့ ရသလို ပိုင်တံခွန်ကိုယ်တိုင်ကလည်း ကျေနပ်ပျော်ရွှင်နေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ စိတ်ကူးလေးကတော့ တကယ်ကို လည်း ကောင်းမွန်လှတဲ့ စိတ်ကူးလေးပါပဲနော်။

ပိုင် တံခွန်ကတော့ ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ Covid -19 ရောဂါပိုး ပြည်ပနိုင်ငံတွေမှာ ဖြစ်ပွားနေစဉ်ကတည်းက ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ရမယ့် အနုပညာအလုပ်တွေကိုပါရပ်နားထားခဲ့ပြီး Covid ကူးစက်ပျံပွားမှုမဖြစ်အောင် ကာကွယ်ခဲ့တဲ့ သူတစ်ယောက်ပါ။

ကိုယ်တိုင်ကလည်း ရောဂါပိုးနဲ့ပတ်သက်ပြီးကာကွယ်ခဲ့သလို အခုလို မြန်မာနိုင်ငံမှာရောဂါဖြစ်ပွားနေချိန်မှာလည်း ကုသပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေအတွက်ကို ”ရဲရင့်ခြင်း အတွက် ချစ်ခြင်းလက်ဆောင် ” အနေဖြင့် Royal Myanmar Teamix များ၊ အထွေထွေ အလှူငွေ၊ နေ့လည်စာ နှင့် အမှတ်တရ လက်ဆောင်များပေးရင်း သွားရောက်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိ သတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ မနေ့က ဇွန်လ (၁၉)ရက်နေ့က ဝေဘာဂီ ဆေေးရုံကို သွားရောက်ခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့ အကြောင်းအရင်းကတော့ ဝေဘာဂီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်ဂုဏ်ပြုကာ လက်ဆောင်တွေသွားပေးခဲ့တာပဲဖြစ်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *