ေျမာက္ပိုင္း(၄)ဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးကို မသြားႏိုင္ပါက ျပည္သူမ်ားအတြက္ အပစ္ရပ္ရန္ ဆႏၵရွိဖို႔လိုအပ္ေၾကာင္း ဦးေဇာ္ေဌးေျပာ

ၿငိမ္းခ်မ္းေရးက ကြၽန္ေတာ္တို႔ေျပာေနသလို အပစ္ရပ္ေၾကညာတယ္။ၿပီးရင္ ရဲေတြကို သတ္တယ္။ တပ္က လူေတြကို သတ္တယ္။ ျပည္သူ ေတြကို သတ္တယ္။ အဲ့ဒီေတာ့ ဒီအပစ္ရပ္ ေၾကျငာတဲ့ သုံးဖြဲ႕ ေၾကျငာခ်က္ က ဘာလဲေပါ့။ လက္ေတြ႕လုပ္ေဆာင္ ခ်က္နဲ႔ သူတို႔ရဲ႕ ေၾကျငာ ခ်က္က ဘယ္ေလာက္ထပ္တူက်သလဲ”ဟု သမၼတ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

အစိုးရ အေနျဖင့္ ၿငိမ္းခ်မ္းေရးတံခါးကို အၿမဲဖြင့္ထားၿပီး ဖိတ္ေခၚေနေၾကာင္း၊ ထိုသို႔ ဖိတ္ေခၚထားသည့္ အတြက္ ၿငိမ္းခ်မ္းေရး လမ္းကို ေလွ်ာက္ခ်င္သည့္ စိတ္ရင္း ေစတနာအမွန္သာရွိရန္လိုအပ္ေၾကာင္း ၊ ေျမာက္ပိုင္းေလးဖြဲ႕ အေနျဖင့္ လာေရာက္မည္ ဆိုပါက ၎ တို႔၏ လုံၿခဳံေရးကို ရာႏႈန္းျပည့္ အာမခံေၾကာင္း လည္း ဦးေဇာ္ေဌး ကေျပာသည္။

ေျမာက္ပိုင္းေလးဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးကို မသြားႏိုင္ပါက ေဒသခံျပည္သူမ်ားအတြက္ အပစ္ရပ္ရန္ ဆႏၵရွိဖို႔လိုအပ္ေၾကာင္း ဦးေဇာ္ေဌး ကေျပာသည္။သမၼတအိမ္ေတာ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ဦးေဇာ္ေဌး က ထိုသို႔ ျပန္လည္ေျဖခဲ့ျခင္းျဖစ္သည္။

အထူးသျဖင့္ ၿငိမ္းခ်မ္းေရးကို မသြားရင္ေတာင္မွ အနိမ့္ဆုံးအားျဖင့္ အပစ္အခတ္ရပ္စဲေရးအပိုင္းကို ဆႏၵရွိဖို႔ လိုတယ္။တိုက္ပြဲေတြ မျဖစ္ဖို႔ ေဒသခံျပည္သူေတြ ဒုကၡမေရာက္ဖို႔ ဒါကို တကယ့္စိတ္ရင္းေစတနာမွန္ရွိဖို႔လိုတယ္။ အဲ့ဒီလိုမွ မရွိရင္ေတာ့ ဘယ္ေလာက္ပဲ ကြၽန္ေတာ္တို႔ ဖက္က အဆိုျပဳခ်က္ေတြ တင္တင္ ကမ္းလွမ္းခ်က္ေတြ လုပ္လုပ္ အဆင္ေျပမွာ မဟုတ္ဘူး။

ၿငိမ္းခ်မ္းေရးက တဖက္တည္းလုပ္လို႔ မရဘူး”ဟု ဦးေဇာ္ေဌးကေျပာသည္။လက္ရွိ တြင္ အစိုးရ ႏွင့္ ေျမာက္ပိုင္း ေလးဖြဲ႕ Bielectoral Ceasefire agreement ေရးထိုးႏိုင္ေရးအတြက္ ညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။ေျမာက္ပိုင္းေလးဖြဲ႕မွ လက္ရွိျဖစ္ ပြားေနသည့္ COVID-19 ကန႔္သတ္မႈမ်ား မရွိမွသာ သြားလာ၍ ရမည္ဆိုသည့္အခ်က္ကို ျပန္လည္တုံ႔ျပန္ထားေၾကာင္း သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

မြောက်ပိုင်း(၄)ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို မသွားနိုင်ပါက ပြည်သူများအတွက် အပစ်ရပ်ရန် ဆန္ဒရှိဖို့လိုအပ်ကြောင်း ဦးဇော်ဌေးပြော

ငြိမ်းချမ်းရေးက ကျွန်တော်တို့ပြောနေသလို အပစ်ရပ်ကြေညာတယ်။ပြီးရင် ရဲတွေကို သတ်တယ်။ တပ်က လူတွေကို သတ်တယ်။ ပြည်သူ တွေကို သတ်တယ်။ အဲ့ဒီတော့ ဒီအပစ်ရပ် ကြေငြာတဲ့ သုံးဖွဲ့ ကြေငြာချက် က ဘာလဲပေါ့။ လက်တွေ့လုပ်ဆောင် ချက်နဲ့ သူတို့ရဲ့ ကြေငြာ ချက်က ဘယ်လောက်ထပ်တူကျသလဲ”ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဖိတ်ခေါ်နေကြောင်း၊ ထိုသို့ ဖိတ်ခေါ်ထားသည့် အတွက် ငြိမ်းချမ်းရေး လမ်းကို လျှောက်ချင်သည့် စိတ်ရင်း စေတနာအမှန်သာရှိရန်လိုအပ်ကြောင်း ၊ မြောက်ပိုင်းလေးဖွဲ့ အနေဖြင့် လာရောက်မည် ဆိုပါက ၎င်း တို့၏ လုံခြုံရေးကို ရာနှုန်းပြည့် အာမခံကြောင်း လည်း ဦးဇော်ဌေး ကပြောသည်။

မြောက်ပိုင်းလေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို မသွားနိုင်ပါက ဒေသခံပြည်သူများအတွက် အပစ်ရပ်ရန် ဆန္ဒရှိဖို့လိုအပ်ကြောင်း ဦးဇော်ဌေး ကပြောသည်။သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေး က ထိုသို့ ပြန်လည်ဖြေခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ငြိမ်းချမ်းရေးကို မသွားရင်တောင်မှ အနိမ့်ဆုံးအားဖြင့် အပစ်အခတ်ရပ်စဲရေးအပိုင်းကို ဆန္ဒရှိဖို့ လိုတယ်။တိုက်ပွဲတွေ မဖြစ်ဖို့ ဒေသခံပြည်သူတွေ ဒုက္ခမရောက်ဖို့ ဒါကို တကယ့်စိတ်ရင်းစေတနာမှန်ရှိဖို့လိုတယ်။ အဲ့ဒီလိုမှ မရှိရင်တော့ ဘယ်လောက်ပဲ ကျွန်တော်တို့ ဖက်က အဆိုပြုချက်တွေ တင်တင် ကမ်းလှမ်းချက်တွေ လုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူး။

ငြိမ်းချမ်းရေးက တဖက်တည်းလုပ်လို့ မရဘူး”ဟု ဦးဇော်ဌေးကပြောသည်။လက်ရှိ တွင် အစိုးရ နှင့် မြောက်ပိုင်း လေးဖွဲ့ Bielectoral Ceasefire agreement ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။မြောက်ပိုင်းလေးဖွဲ့မှ လက်ရှိဖြစ် ပွားနေသည့် COVID-19 ကန့်သတ်မှုများ မရှိမှသာ သွားလာ၍ ရမည်ဆိုသည့်အချက်ကို ပြန်လည်တုံ့ပြန်ထားကြောင်း သိရသည်။

REF:    THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *