ျပည္ခိုင္ၿဖိဳး ပါတီအပါအဝင္ အဖြဲ႕အစည္း (၂၄) ခုကိုလည္းေျမကြက္မ်ားခ်ေပးထားေၾကာင္း သမၼတ႐ုံးမွဦးေဇာ္ေဌး ေျပာ

ေနျပည္ေတာ္တြင္ ေျမေနရာခ်ထားမႈႏွင့္ ပတ္သက္၍ အေရးႀကီးဌာနေတြရဲ႕ လုံ ၿခဳံေရးအေျခအေနေတြ ၿခဳံငုံသုံး သပ္ၿပီးေတာ့ ေလွ်ာက္ ထားလာတဲ့ အဖြဲ႕အစည္းက ဘာအဖြဲ႕အစည္း လဲ၊ သူအဆိုျပဳလာတဲ့ေနရာက ဘယ္လိုေနရာလဲ၊ အဲဒီေနရာမွာ သူက ဘယ္လိုစီမံကိန္း လုပ္မွာ လဲ၊ အဲဒီေျမကိုသူက ဘယ္လိုအ သုံးခ်မွာလဲေပါ့ေနာ္။ ေနာက္တစ္ ခုက အဲဒီလိုေတာင္းလာတဲ့အေပၚ မွာခ်ထားေပးလိုက္ရင္ ႏိုင္ငံ ေတာ္နဲ႔ အမ်ားျပည္သူအက်ိဳးကို ဘယ္ လိုမ်ိဳးျပန္ၿပီးေပးမွာလဲ။ ဒီလိုမ်ိဳးအခ်က္ေတြ အေျခခံၿပီး ေတာ့ ေနျပည္ေတာ္စည္ပင္ယာ ယာ ေရးေကာ္မတီကစဥ္းစားသုံး သပ္ၿပီး ေဆာင္႐ြက္သြားဖို႔ရွိပါ တယ္’’ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာၾကား သည္။

ေနျပည္ေတာ္သည္ အစိုးရ ၏ အုပ္ခ်ဳပ္မႈအခ်က္အခ်ာက် သည့္ ၿမိဳ႕ေတာ္ျဖစ္သည့္အျပင္ သမၼတအိမ္ေတာ္ႏွင့္ လႊတ္ေတာ္ အပါအဝင္ အ ျခားဝန္ႀကီးဌာနမ်ား လည္း ရွိေနသည့္အတြက္ ေလွ်ာက္ထားလာသည့္အေပၚ ေနျပည္ေတာ္စည္ပင္ယာယာေရး ေကာ္မတီမွ စိစစ္ခ်ထား ေပးေန သည္ဟု ဦးေဇာ္ေဌးကဆိုသည္။ဒါေတြက ႏိုင္ငံေတာ္လုံၿခဳံ ေရးအတြက္လည္း ဆက္စပ္ၿပီး ေတာ့စဥ္းစားတယ္။ အဲဒီလိုစဥ္း စားၿပီး ေတာ့မွ ေနျပည္ေတာ္စည္ ပင္က ခ်ထားေပးခဲ့တာျဖစ္ပါ တယ္’’ဟု ဦးေဇာ္ေဌးကရွင္းျပ သည္။ေနျပည္ေတာ္ရွိ သီရိေလးၿမိဳ႕နယ္၌ ျပည္ခိုင္ ၿဖိဳး အပါအဝင္ NGO အဖြဲ႕၂၄ ဖြဲ႕ကို တစ္ဧက ေငြက်ပ္ သိန္း ၅၀ ႏႈန္းျဖင့္ ေျမကြက္မ်ားခ် ထားေပးထားသည္ဟု ဦးေဇာ္ေဌးက ေျပာသည္။

ေနျပည္ေတာ္တြင္ ေဒၚခင္ ၾကည္ေဖာင္ေဒးရွင္းမွ ေျမဧက မ်ား ေလွ်ာက္ထားရယူထားမႈႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ားရွိေန သည့္အေပၚ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ အျခားအဖြဲ႕အစည္းမ်ားကိုလည္း တန္းတူ ေလွ်ာက္ထားခြင့္ျပဳခဲ့ ျခင္းျဖစ္ေၾကာင္း ဇြန္လ ၁၉ ရက္ က ျပဳလုပ္သည့္ သမၼတ႐ုံးသတင္း စာ ရွင္းလင္းပြဲတြင္ ဦးေဇာ္ေဌးက ရွင္းလင္း ေျဖၾကားခဲ့ျခင္းျဖစ္ သည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္မွ ႏွစ္ ဧက၊ ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္ ငါးဧကေက်ာ္၊ ျမန္မာ ႏိုင္ငံ ေမြးျမဴးေရး လုပ္ငန္းအဖြဲ႕ ခ်ဳပ္ တစ္ဧက ခြဲ၊ UMFCCI ေျခာက္ဧက၊ ျမန္မာႏိုင္ငံဆရာဝန္ အသင္း ႏွစ္ဧကခြဲႏွင့္ မႏၲေလး စည္ပင္ႏွစ္ဧကနီးပါးက ခြင့္ျပဳ ေပးထားသည္။

အစိုးရဆီက ေနဝယ္ထား တာၾကာပါၿပီ။ ေနျပည္ေတာ္တည္ တာအစထင္တယ္။ အတိအက် ေတာ့မသိဘူး။ ၾကာပါၿပီ။ အဲဒီ ေျမေနရာမွာ႐ုံး ခြဲဖြင့္တာပါ။ ႐ုံးခြဲ အတြက္ အေဆာက္အအုံေဆာက္ ထားတာၾကာပါၿပီ။ ကုလသမဂၢ ကို ဝင္ေငြေလးရေအာင္ငွားထား တယ္။ တစ္ျခမ္းကို ငွားထားတာရွိ ပါတယ္ၾကာပါၿပီ။ အရင္ကတည္း ကရွိတာပါ အရင္ကတည္းကရၿပီး သားပါ’’ဟု ျမန္မာႏိုင္ငံစက္မႈ လက္မႈလုပ္ငန္းရွင္ မ်ား အသင္း (UMFCCI) ဒုဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးကေျပာသည္။ထိုအထဲတြင္ ႏိုင္ငံေရးပါတီ တစ္ခုျဖစ္သည့္ ျပည္ခိုင္ၿဖိဳးပါတီ ဌာန ခ်ဳပ္ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီဆိုသည္တို႔ကို ခြင့္ျပဳေပးထားသည္ဟု ဦးေဇာ္ ေဌးကေျဖၾကားထားသည္။

ထိုသို႔ ေလွ်ာက္ထားရယူ ျခင္းအေပၚ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရး ဆိုခြင့္ရွိသူ ဦးနႏၵလွျမင့္ထံဆက္ သြယ္ေမးျမန္း ရာ ၂၀၁၆ မွ ပါတီ ဌာနခ်ဳပ္တြင္ တာဝန္ယူ၍ ယခင္ အေၾကာင္းအရာမ်ားကို အေသး စိတ္မသိရွိေၾကာင္းႏွင့္ လိုအပ္ပါ က သတင္းထုတ္ျပန္ သြားမည္ျဖစ္ ေၾကာင္း ၎ကျပန္လည္မွတ္ခ်က္ ျပဳသည္။

REF: 7DAY DAILY

UNICODE

ပြည်ခိုင်ဖြိုး ပါတီအပါအဝင် အဖွဲ့အစည်း (၂၄) ခုကိုလည်းမြေကွက်များချပေးထားကြောင်း သမ္မတရုံးမှဦးဇော်ဌေး ပြော

နေပြည်တော်တွင် မြေနေရာချထားမှုနှင့် ပတ်သက်၍ အရေးကြီးဌာနတွေရဲ့ လုံ ခြုံရေးအခြေအနေတွေ ခြုံငုံသုံး သပ်ပြီးတော့ လျှောက် ထားလာတဲ့ အဖွဲ့အစည်းက ဘာအဖွဲ့အစည်း လဲ၊ သူအဆိုပြုလာတဲ့နေရာက ဘယ်လိုနေရာလဲ၊ အဲဒီနေရာမှာ သူက ဘယ်လိုစီမံကိန်း လုပ်မှာ လဲ၊ အဲဒီမြေကိုသူက ဘယ်လိုအ သုံးချမှာလဲပေါ့နော်။ နောက်တစ် ခုက အဲဒီလိုတောင်းလာတဲ့အပေါ် မှာချထားပေးလိုက်ရင် နိုင်ငံ တော်နဲ့ အများပြည်သူအကျိုးကို ဘယ် လိုမျိုးပြန်ပြီးပေးမှာလဲ။ ဒီလိုမျိုးအချက်တွေ အခြေခံပြီး တော့ နေပြည်တော်စည်ပင်ယာ ယာ ရေးကော်မတီကစဉ်းစားသုံး သပ်ပြီး ဆောင်ရွက်သွားဖို့ရှိပါ တယ်’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြား သည်။

နေပြည်တော်သည် အစိုးရ ၏ အုပ်ချုပ်မှုအချက်အချာကျ သည့် မြို့တော်ဖြစ်သည့်အပြင် သမ္မတအိမ်တော်နှင့် လွှတ်တော် အပါအဝင် အ ခြားဝန်ကြီးဌာနများ လည်း ရှိနေသည့်အတွက် လျှောက်ထားလာသည့်အပေါ် နေပြည်တော်စည်ပင်ယာယာရေး ကော်မတီမှ စိစစ်ချထား ပေးနေ သည်ဟု ဦးဇော်ဌေးကဆိုသည်။ဒါတွေက နိုင်ငံတော်လုံခြုံ ရေးအတွက်လည်း ဆက်စပ်ပြီး တော့စဉ်းစားတယ်။ အဲဒီလိုစဉ်း စားပြီး တော့မှ နေပြည်တော်စည် ပင်က ချထားပေးခဲ့တာဖြစ်ပါ တယ်’’ဟု ဦးဇော်ဌေးကရှင်းပြ သည်။နေပြည်တော်ရှိ သီရိလေးမြို့နယ်၌ ပြည်ခိုင် ဖြိုး အပါအဝင် NGO အဖွဲ့၂၄ ဖွဲ့ကို တစ်ဧက ငွေကျပ် သိန်း ၅၀ နှုန်းဖြင့် မြေကွက်များချ ထားပေးထားသည်ဟု  ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်တွင် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းမှ မြေဧက များ လျှောက်ထားရယူထားမှုနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေ သည့်အပေါ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် အခြားအဖွဲ့အစည်းများကိုလည်း တန်းတူ လျှောက်ထားခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း ဇွန်လ ၁၉ ရက် က ပြုလုပ်သည့် သမ္မတရုံးသတင်း စာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ ရန်ကုန်မြို့တော် စည်ပင်မှ နှစ် ဧက၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ငါးဧကကျော်၊ မြန်မာ နိုင်ငံ မွေးမြူးရေး လုပ်ငန်းအဖွဲ့ ချုပ် တစ်ဧက ခွဲ၊ UMFCCI ခြောက်ဧက၊ မြန်မာနိုင်ငံဆရာဝန် အသင်း နှစ်ဧကခွဲနှင့် မန္တလေး စည်ပင်နှစ်ဧကနီးပါးက ခွင့်ပြု ပေးထားသည်။

အစိုးရဆီက နေဝယ်ထား တာကြာပါပြီ။ နေပြည်တော်တည် တာအစထင်တယ်။ အတိအကျ တော့မသိဘူး။ ကြာပါပြီ။ အဲဒီ မြေနေရာမှာရုံး ခွဲဖွင့်တာပါ။ ရုံးခွဲ အတွက် အဆောက်အအုံဆောက် ထားတာကြာပါပြီ။ ကုလသမဂ္ဂ ကို ဝင်ငွေလေးရအောင်ငှားထား တယ်။ တစ်ခြမ်းကို ငှားထားတာရှိ ပါတယ်ကြာပါပြီ။ အရင်ကတည်း ကရှိတာပါ အရင်ကတည်းကရပြီး သားပါ’’ဟု မြန်မာနိုင်ငံစက်မှု လက်မှုလုပ်ငန်းရှင် များ အသင်း (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကပြောသည်။ထိုအထဲတွင် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ဌာန ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီဆိုသည်တို့ကို ခွင့်ပြုပေးထားသည်ဟု ဦးဇော် ဌေးကဖြေကြားထားသည်။

ထိုသို့ လျှောက်ထားရယူ ခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးနန္ဒလှမြင့်ထံဆက် သွယ်မေးမြန်း ရာ ၂၀၁၆ မှ ပါတီ ဌာနချုပ်တွင် တာဝန်ယူ၍ ယခင် အကြောင်းအရာများကို အသေး စိတ်မသိရှိကြောင်းနှင့် လိုအပ်ပါ က သတင်းထုတ်ပြန် သွားမည်ဖြစ် ကြောင်း ၎င်းကပြန်လည်မှတ်ချက် ပြုသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *