




crd: The myanmar Time

UNICODE

ပြည်မြို့တွင် အသက်(၆၅)နှစ် အမျိုးသမီးကြီးကို အိမ်ချင်းကပ်နေထိုင်သူက အဓမ္မပြုကျင့်ရာ မတိုင်ကြားဘဲနေ၍ အိမ်နီးချင်းကတိုင်ကြားရ

ပဲခူတိုင်းဒေသကြီး ပြည် မြို့ တွင် (၆၅)နှစ် အရွယ် အမျိုးသမီး ကြီး ကို အိမ်နီးချင်း က အဓမ္မပြု ကျင့်မှူကို အမှုဖွင့်အ ရေးယူ ထားကြောင်း ယနေ့ ဇွန်(၂၁) ရက် တွင် ရဲတပ်ဖွဲ့ ထံမှ သိရ သည်။ ဇွန်၁၇ရက် နံနက် (၉)နာရီတွင်ပြည် မြို့စည်တော် မင်္ဂလာရပ်ကွက် နေ အသက်(၆၅) နှစ် အရွယ် အမျိုးသမီးကြီး သည်နေအိမ်မီးဖိုခန်း၌ တစ်ဦးတည်းထမင်းချက်နေစဉ် အိမ်ချင်းကပ်လျက်နေအိမ်တွင်နေထိုင်သူ သောင်းထွေး (၃၈)နှစ်က အရက်မူးပြီးရောက်ရှိ လာသည်။

ထို့ကြောင့် နေအိမ်မှထွက် သွားရန် အမျိုးသမီး ကြီးက ပြောဆို ခဲ့ သည်။ဒီကိုလာတာ ထွက်မသွားဘူး”ဟု သောင်းထွေး ကပြောဆိုပြီး အမျိုးသမီးကြီး ၏ကိုယ်လုံး ကို ဖက်၍ ကြမ်းပြင်ပေါ် သို့ ဆွဲလှဲကာ အဓမ္မပြုကျင့်ခဲ့သည်။ အမျိုးသမီးကြီးက အဆိုပါ ကိစ္စကို ရှက်ပြီး မည်သူ ကိုမျှအသိမပေး ဘဲနေလာခဲ့ရာမှ ၎င်း၏မိန်းမကိုယ်တွင်ဒ ဏ်ရာရကာသွေးများထွက် နေသဖြင့် ည၈နာရီတွင် ပြည်မြို့ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြ သခဲ့ကြောင်း သိရသည်။

၎င်းက ချော်လဲရာမှ မိန်းမကိုယ် ကို ထိခိုက်မိပြီး သွေးများထွက်သည် ဟု လိမ်လည်ပြော ကြား၍ ဆေးရုံသို့ ပြသခဲ့ကြောင်း သိရ သည်။ ဆေးရုံကဒဏ် ရာကိုစစ်ဆေးပြီးနောက် ချော်လဲ ရရှိသည့်ဒဏ် ရာမဖြစ်နိုင်ကြောင်းသိရှိ သဖြင့် မှန်မှန် ကန်ကန်ပြောကြားရန် အမျိုးသမီး ကြီး အားပြောကြားခဲ့သော် လည်း အမျိုးသမီးကြီးက ဆရာဝန် များကို မပြောပြခဲ့ကြောင်း၊ ဇွန်လ (၁၈) ရက်နေ့တွင် အိမ်နီး ချင်း အမျိုး သမီး တစ်ဦးက အဆိုပါ အမျိုးသမီးကြီး အား လာကြည့်စဉ် ပြောပြခဲ့သည်။

ယင်းသို့ အမျိုးသမီးကြီးက ပြောပြသဖြင့် အိမ်နီးချင်းက ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရ သည်။ ပြည်မြို့မရဲစခန်းက (ပ)၃၉၇/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ ကျူးလွန်သူကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

crd:  The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *