ျမန္မာ့ဆိပ္ကမ္းႏွင့္ အေကာက္ခြန္အႀကီးအကဲတို႔ ဦးပိုင္တြင္ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္မႈအတြက္ ေရွ႕ေနခ်ဳပ္႐ုံးကို မွတ္ခ်က္ေတာင္းထား

လက္ရွိအခ်ိန္အထိ အေကာက္ခြန္ဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ထင္ႏွင့္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ ဦးေဆာင္ၫႊန္ၾကားေရး မႉး ဦးနီေအာင္တို႔ ႏွစ္ဦးသည္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္တြင္ ဒါ႐ိုက္တာ ဘုတ္အဖြဲ႕ဝင္ အျဖစ္ စာရင္းဝင္ေနဆဲျဖစ္သည္။ ယင္းသို႔ ျမန္မာ့စီးပြားေရးဦးပိုင္တြင္ အစိုးရဝန္ထမ္းမ်ား ပါဝင္ပတ္သက္မႈႏွင့္ ပတ္သက္ၿပီး ေရွ႕ေနခ်ဳပ္႐ုံးထံမွသေဘာထား မွတ္ခ်က္ကို ေတာင္းခံ ထားသည္ဟု သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားထားသည္။

ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္တြင္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၏ MD ျဖစ္သူ က BOD အျဖစ္ ပါဝင္ေနျခင္းသည္ဝန္ထမ္းဥပေဒအရ ၿငိစြန္းျခင္းမရွိသကဲ့သို႔ ယင္းသို႔ လုပ္ေနျခင္းသည္ ျပစ္မႈေျမာက္သည့္ကိစၥ မဟုတ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က ဇြန္ ၁၀ ရက္က သ တင္းစာရွင္းလင္းပြဲ၌ ေျပာၾကားထားသည္။

၎တို႔(၂)ဦး ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ တြင္ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္မႈမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕ သို႔မဟုတ္ ႏိုင္ငံ ေတာ္သမၼတ႐ုံးက ခြင့္ျပဳ ေပးထားသည္ ဆိုပါက ဥပေဒႏွင့္အညီ ျဖစ္သည္ဟု ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးမွ အၿမဲတမ္းအတြင္းဝန္ ေဒါက္ တာေဒၚသီတာဦး က ေျပာၾကားသည္။ယင္းကိစၥႏွင့္ ပတ္သက္ၿပီး သေဘာ ထားမွတ္ ခ်က္ကို သမၼတ႐ုံးမွေတာင္းခံထား ျခင္းေၾကာင့္ သ ေဘာထားမွတ္ခ်က္ကိုေပးပို႔ထားသည္ဟု အၿမဲတမ္းအတြင္းဝန္ ေဒါက္တာေဒၚသီတာဦးက ဆက္လက္ေျပာၾကား သည္။

ဇြန္ ၁၉ ရက္က ျပဳလုပ္သည့္ ႏိုင္ငံေတာ္အစိုးရ၏စတုတၳ(၁)ႏွစ္တာကာလ အတြင္း ေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သက္ ၍ ျပည္ေထာင္စုေရွ႕ ေန႔ခ်ဳပ္၏ ေဆာင္႐ြက္မႈမ်ား ရွင္းလင္းပြဲတြင္ သတင္းေထာက္တစ္ဦး၏ ေမးျမန္းမႈအေပၚ အၿမဲတမ္းအတြင္းဝန္ ေဒါက္တာေဒၚသီတာဦးက ယင္းကဲ့သို႔ ျပန္ လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဆိုလိုခ်င္ တာက ခုနတုန္းကအရာရွိေတြက ဒီလို ေဆာင္႐ြက္ခြင့္ကို ျပည္ေထာင္စုအစိုးရအဖြဲ႕ ေသာ္လည္းေကာင္း၊ ႏိုင္ငံေတာ္သမၼတ႐ုံးက ေသာ္လည္းေကာင္း ခြင့္ျပဳထားတယ္ဆိုရင္ ဥပေဒနဲ႔ ညီပါတယ္” ဟု အၿမဲတမ္းအတြင္းဝန္ ေဒါက္တာေဒၚသီတာဦးက ေျပာၾကား သည္။

REF: ELEVEN MEDIA

UNICODE

မြန်မာ့ဆိပ်ကမ်းနှင့် အကောက်ခွန်အကြီးအကဲတို့ ဦးပိုင်တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မှုအတွက် ရှေ့နေချုပ်ရုံးကို မှတ်ချက်တောင်းထား

လက်ရှိအချိန်အထိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေး မှူး ဦးနီအောင်တို့ နှစ်ဦးသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အဖြစ် စာရင်းဝင်နေဆဲဖြစ်သည်။ ယင်းသို့ မြန်မာ့စီးပွားရေးဦးပိုင်တွင် အစိုးရဝန်ထမ်းများ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ပြီး ရှေ့နေချုပ်ရုံးထံမှသဘောထား မှတ်ချက်ကို တောင်းခံ ထားသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ MD ဖြစ်သူ က BOD အဖြစ် ပါဝင်နေခြင်းသည်ဝန်ထမ်းဥပဒေအရ ငြိစွန်းခြင်းမရှိသကဲ့သို့ ယင်းသို့ လုပ်နေခြင်းသည် ပြစ်မှုမြောက်သည့်ကိစ္စ မဟုတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဇွန် ၁၀ ရက်က သ တင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

၎င်းတို့(၂)ဦး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မှုမှာ ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် နိုင်ငံ တော်သမ္မတရုံးက ခွင့်ပြု ပေးထားသည် ဆိုပါက ဥပဒေနှင့်အညီ ဖြစ်သည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက် တာဒေါ်သီတာဦး က ပြောကြားသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး သဘော ထားမှတ် ချက်ကို သမ္မတရုံးမှတောင်းခံထား ခြင်းကြောင့် သ ဘောထားမှတ်ချက်ကိုပေးပို့ထားသည်ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးက ဆက်လက်ပြောကြား သည်။

ဇွန် ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏စတုတ္ထ(၁)နှစ်တာကာလ အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက် ၍ ပြည်ထောင်စုရှေ့ နေ့ချုပ်၏ ဆောင်ရွက်မှုများ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးက ယင်းကဲ့သို့ ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆိုလိုချင် တာက ခုနတုန်းကအရာရှိတွေက ဒီလို ဆောင်ရွက်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးက သော်လည်းကောင်း ခွင့်ပြုထားတယ်ဆိုရင် ဥပဒေနဲ့ ညီပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးက ပြောကြား သည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *