ကူးစက္မႈႏႈန္း အျမင့္ဆုံး ေရာက္ေန တဲ့ ကမာၻႀကီး အေျခအေနနဲ႔ လူနာ (၃၀၀) ေလာက္မွာ မရပ္ေသးတဲ့ ျမန္မာျပည္၏ ကိုဗစ္-၁၉

က်ေနာ္တို႔ ျပည္ပကေန ခိုးဝင္မရွိသ၍ စိတ္ပူစရာမရွိပါ။ ခိုးဝင္ကေနေရာဂါပါလာၿပီးေရာဂါလူမသိသူမသိျပန႔္ၿပီး ဘဂၤလားေဒ့ရွ္၊ အိႏၵိယ တို႔လို ထိန္းမရေအာင္ တိုးပြားသြားမွာပဲ စိုးရိမ္ရပါတယ္။ ျပည္တြင္းအေနနဲ႔က လူမသိသူမသိကူးစက္မႈရွိေနေပမယ့္ သိပ္မဆိုးေသးပါ။ အခုခရီးလွည့္လည္ခဲ့တဲ့အေတြ႕အႀကဳံအရ လူေတြ social distancing ကို မလိုက္နာသေလာက္ေတြ႕ရပါတယ္။ ဒီလိုပုံစံ ေလ်ာ့ရိေလ်ာ့ ရဲနဲ႔သြားရင္ ဒုတိယလႈိင္းဝင္ရင္မလြယ္ပါ။

ခရီးတစ္ေလွ်ာက္ စားေသာက္ဆိုင္၊ အိမ္သာ၊ ေစ်း၊ စသည္တို႔မွာေတြ႕ခဲ့သမွ် သပ္သပ္ေရးဖို႔ရွိပါတယ္။ အခုအခ်ိန္အထိ ကိုဗစ္ကို အေသ အခ်ာထိန္းဖို႔ႀကိဳးစားဖို႔ စည္းကမ္းနဲ႔အတင္းျပန္ထိန္းေနတာ တ႐ုတ္ျပည္ပါ။ တ႐ုတ္ျပည္ရဲ႕ စီးပြားေရးျပန္ေကာင္းဖို႔နဲ႔ ကိုဗစ္ ဒုတိယလႈိင္း အဝင္ကို ေသခ်ာၾကပ္မတ္ထိန္းခ်ဳပ္ေနပုံ ကို အတုယူ သင့္ပါတယ္။မေန႔က ကမာၻမွာ တစ္ေန႔တည္း ကိုဗစ္ လူနာ အသစ္ေတြ႕မႈ ၁၈၃၀၀၀ ရွိခဲ့ပါတယ္။ စျဖစ္ကတည္းက ၂၄ နာရီအတြင္း အျမင့္ဆုံး လူနာတိုးမႈျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ တစ္ရက္တည္း 36617 ေတြ႕ခဲ့ၿပီး အိႏၵိယမွာ 15400 ေက်ာ္ေတြ႕ခဲ့ပါတယ္။ အေမရိကန္မွာ အခုထိလူေပါင္း 25 သန္းကို Test စစ္ထားၿပီး မ်ားမ်ားပိုစစ္ေလ မ်ားမ်ားပိုေတြ႕ေလ ျဖစ္ေနတယ္လို႔ အေမရိကန္သမၼတ ထရမ့္က အိုကလာဟိုးမားမွာ တနဂၤေႏြေန႔က ေျပာသြားပါတယ္။ အေမရိကန္မွာ အခုထိ လူေပါင္း 2356645 ေယာက္ေတြ႕ထား တဲ့အတြက္ စစ္ထားတဲ့ လူရဲ႕ 10 ပုံ 1 ပုံနီးနီးမွာ ေတြ႕ထားတာျဖစ္ပါတယ္။ ထရမ့္က အခုလို စစ္ေလေတြ႕ေလျဖစ္ေနလို႔ စစ္တာေလ်ာ့ခ်ဖို႔ ေျပာထားတယ္လို႔ဆိုပါတယ္။

ဒါေၾကာင့္ ထရမ့္ကိုေဝဖန္ေနၾကပါတယ္။ ထရမ့္ရဲ႕ၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္က “အေမရိကန္ ႏိုင္ငံသားေတြ အႏၲရာယ္ကင္းေရးနဲ႔ စီးပြားေရး ေကာင္းေရး” ေႂကြးေၾကာ္ၿပီး မဲဆြယ္ေနပါတယ္။အေမရိကန္ျပည္ေထာင္စုဟာ လူနာ 2.3 သန္းေက်ာ္နဲ႔ ကမာၻ႔ ကိုဗစ္လူနာအမ်ားဆုံးျဖစ္ ေနၿပီး ေသဆုံးသူ 122247 နဲ႔ ေသဆုံးမႈအမ်ားဆုံးႏိုင္ငံ ျဖစ္ေနပါတယ္။ ဘရာဇီးက လူနာ 1086990 နဲ႔ ဒုတိယလိုက္ေနၿပီး ႐ုရွား က 584680 နဲ႔ တတိယလိုက္ေနပါတယ္။

က်ေနာ္တို႔ရဲ႕ အိမ္နီးခ်င္းေတြအေနနဲ႔ အိႏၵိယက 426910 နဲ႔ စတုတၳျဖစ္ေနၿပီး မေန႔က အသစ္ေတြ႕ႏႈန္း 15000 ေက်ာ္ပါတယ္။ ဘဂၤလား ေဒ့ရွ္က 112306 နဲ႔ နံပါတ္ 17 ကလိုက္ေနပါတယ္။ မေန႔ကအသစ္ေတြ႕ႏႈန္း 3500 ေက်ာ္ပါတယ္။က်ေနာ္တို႔ျမန္မာႏိုင္ငံက 290 နဲ႔ နံပါတ္ 159 မွာရွိေနတဲ့အတြက္ ကံေကာင္းေန ပါေသးတယ္။ ကမာၻ႔ ကိုဗစ္ လူနာအေရအတြက္ဟာ ဒီကပ္ႀကီးၿပီးသြားရင္ အနည္းဆုံး သန္း 20 အ ထိျဖစ္သြားႏိုင္တယ္လို႔မွန္းပါတယ္။ က်ေနာ္မွန္းပုံက က်ေနာ္တို႔က အခုထိ curve ရဲ႕အျမင့္ဆုံးကိုေရာက္မလာေသးပါဘူး။

အခု ကမာၻ႔ Covid လူနာအ ေရအတြက္ဟာ 9 သန္းေက်ာ္ပါၿပီ။ အကယ္လို႔ အျမင့္ဆုံးက 10 သန္းမွာျဖစ္ခဲ့ၿပီး Possion distribution နဲ႔ဆင္းခဲ့ရင္ သန္း 20 က်ိန္းေသထိမယ္လို႔ မွန္းပါတယ္။ က်ေနာ္တို႔အေနနဲ႔ လူနာအေရအတြက္ကို 300 ေလာက္မွာ ရပ္ေအာင္လုပ္လို႔မရ ပါဘူး။ ေရာဂါျဖစ္တာမ်ားတဲ့ ႏိုင္ငံေတြကအဝင္ရွိေနသ၍ လူနာအေရအတြက္တိုးလာေနမွာပါ။ တ႐ုတ္ျပည္ဟာ တိုးတက္မႈျမန္ဆန္ၿပီး စည္းလုံးတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ #သူ႔ဆီကေကာင္းတာေတြအတုယူရပါမယ္။

က်ေနာ္တို႔မွာ ေငြေၾကးအေျခအေနအရ တ႐ုတ္ျပည္လိုေတာ့ Covid Test မ်ားမ်ားမလုပ္ႏိုင္သလို စီးပြားေရအေထာက္အကူလည္း တ႐ုတ္ လိုမလုပ္ေပးႏိုင္ပါ။ ကိုယ့္အားကိုယ္ကိုးနဲ႔ စည္းကမ္းရွိဖို႔ အလုပ္ဖိ လုပ္ဖို႔ပဲ ႀကိဳးစားရပါေတာ့မယ္။ သို႔ေသာ္လူအမ်ားနဲ႔ အသိပညာေပးၿပီး ျမန္မာျပည္မွာ စည္းကမ္းလိုက္နာတတ္ဖို႔နဲ႔ အလုပ္ႀကိဳးစားဖို႔က မလြယ္ေသးပါ။ ကမာၻ႔ Covid အေျခအေနကို တင္ျပလိုက္ပါတယ္ခင္ ဗ်ား။

Richard Myo Thant

21-June-2020

UNICODE

ကူးစက်မှုနှုန်း အမြင့်ဆုံး ရောက်နေ တဲ့ ကမ္ဘာကြီး အခြေအနေနဲ့ လူနာ (၃၀၀) လောက်မှာ မရပ်သေးတဲ့ မြန်မာပြည်၏ ကိုဗစ်-၁၉

ကျနော်တို့ ပြည်ပကနေ ခိုးဝင်မရှိသ၍ စိတ်ပူစရာမရှိပါ။ ခိုးဝင်ကနေရောဂါပါလာပြီးရောဂါလူမသိသူမသိပြန့်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့လို ထိန်းမရအောင် တိုးပွားသွားမှာပဲ စိုးရိမ်ရပါတယ်။ ပြည်တွင်းအနေနဲ့က လူမသိသူမသိကူးစက်မှုရှိနေပေမယ့် သိပ်မဆိုးသေးပါ။ အခုခရီးလှည့်လည်ခဲ့တဲ့အတွေ့အကြုံအရ လူတွေ social distancing ကို မလိုက်နာသလောက်တွေ့ရပါတယ်။ ဒီလိုပုံစံ လျော့ရိလျော့ ရဲနဲ့သွားရင် ဒုတိယလှိုင်းဝင်ရင်မလွယ်ပါ။

ခရီးတစ်လျှောက် စားသောက်ဆိုင်၊ အိမ်သာ၊ စျေး၊ စသည်တို့မှာတွေ့ခဲ့သမျှ သပ်သပ်ရေးဖို့ရှိပါတယ်။ အခုအချိန်အထိ ကိုဗစ်ကို အသေ အချာထိန်းဖို့ကြိုးစားဖို့ စည်းကမ်းနဲ့အတင်းပြန်ထိန်းနေတာ တရုတ်ပြည်ပါ။ တရုတ်ပြည်ရဲ့ စီးပွားရေးပြန်ကောင်းဖို့နဲ့ ကိုဗစ် ဒုတိယလှိုင်း အဝင်ကို သေချာကြပ်မတ်ထိန်းချုပ်နေပုံ ကို အတုယူ သင့်ပါတယ်။မနေ့က ကမ္ဘာမှာ တစ်နေ့တည်း ကိုဗစ် လူနာ အသစ်တွေ့မှု ၁၈၃၀၀၀ ရှိခဲ့ပါတယ်။ စဖြစ်ကတည်းက ၂၄ နာရီအတွင်း အမြင့်ဆုံး လူနာတိုးမှုဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်တည်း 36617 တွေ့ခဲ့ပြီး အိန္ဒိယမှာ 15400 ကျော်တွေ့ခဲ့ပါတယ်။ အမေရိကန်မှာ အခုထိလူပေါင်း 25 သန်းကို Test စစ်ထားပြီး များများပိုစစ်လေ များများပိုတွေ့လေ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ထရမ့်က အိုကလာဟိုးမားမှာ တနင်္ဂနွေနေ့က ပြောသွားပါတယ်။ အမေရိကန်မှာ အခုထိ လူပေါင်း 2356645 ယောက်တွေ့ထား တဲ့အတွက် စစ်ထားတဲ့ လူရဲ့ 10 ပုံ 1 ပုံနီးနီးမှာ တွေ့ထားတာဖြစ်ပါတယ်။ ထရမ့်က အခုလို စစ်လေတွေ့လေဖြစ်နေလို့ စစ်တာလျော့ချဖို့ ပြောထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် ထရမ့်ကိုဝေဖန်နေကြပါတယ်။ ထရမ့်ရဲ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်က “အမေရိကန် နိုင်ငံသားတွေ အန္တရာယ်ကင်းရေးနဲ့ စီးပွားရေး ကောင်းရေး” ကြွေးကြော်ပြီး မဲဆွယ်နေပါတယ်။အမေရိကန်ပြည်ထောင်စုဟာ လူနာ 2.3 သန်းကျော်နဲ့ ကမ္ဘာ့ ကိုဗစ်လူနာအများဆုံးဖြစ် နေပြီး သေဆုံးသူ 122247 နဲ့ သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ဘရာဇီးက လူနာ 1086990 နဲ့ ဒုတိယလိုက်နေပြီး ရုရှား က 584680 နဲ့ တတိယလိုက်နေပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်းတွေအနေနဲ့ အိန္ဒိယက 426910 နဲ့ စတုတ္ထဖြစ်နေပြီး မနေ့က အသစ်တွေ့နှုန်း 15000 ကျော်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်က 112306 နဲ့ နံပါတ် 17 ကလိုက်နေပါတယ်။ မနေ့ကအသစ်တွေ့နှုန်း 3500 ကျော်ပါတယ်။ကျနော်တို့မြန်မာနိုင်ငံက 290 နဲ့ နံပါတ် 159 မှာရှိနေတဲ့အတွက် ကံကောင်းနေ ပါသေးတယ်။ ကမ္ဘာ့ ကိုဗစ် လူနာအရေအတွက်ဟာ ဒီကပ်ကြီးပြီးသွားရင် အနည်းဆုံး သန်း 20 အ ထိဖြစ်သွားနိုင်တယ်လို့မှန်းပါတယ်။ ကျနော်မှန်းပုံက ကျနော်တို့က အခုထိ curve ရဲ့အမြင့်ဆုံးကိုရောက်မလာသေးပါဘူး။

အခု ကမ္ဘာ့ Covid လူနာအ ရေအတွက်ဟာ 9 သန်းကျော်ပါပြီ။ အကယ်လို့ အမြင့်ဆုံးက 10 သန်းမှာဖြစ်ခဲ့ပြီး Possion distribution နဲ့ဆင်းခဲ့ရင် သန်း 20 ကျိန်းသေထိမယ်လို့ မှန်းပါတယ်။ ကျနော်တို့အနေနဲ့ လူနာအရေအတွက်ကို 300 လောက်မှာ ရပ်အောင်လုပ်လို့မရ ပါဘူး။ ရောဂါဖြစ်တာများတဲ့ နိုင်ငံတွေကအဝင်ရှိနေသ၍ လူနာအရေအတွက်တိုးလာနေမှာပါ။ တရုတ်ပြည်ဟာ တိုးတက်မှုမြန်ဆန်ပြီး စည်းလုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် #သူ့ဆီကကောင်းတာတွေအတုယူရပါမယ်။

ကျနော်တို့မှာ ငွေကြေးအခြေအနေအရ တရုတ်ပြည်လိုတော့ Covid Test များများမလုပ်နိုင်သလို စီးပွားရေအထောက်အကူလည်း တရုတ် လိုမလုပ်ပေးနိုင်ပါ။ ကိုယ့်အားကိုယ်ကိုးနဲ့ စည်းကမ်းရှိဖို့ အလုပ်ဖိ လုပ်ဖို့ပဲ ကြိုးစားရပါတော့မယ်။ သို့သော်လူအများနဲ့ အသိပညာပေးပြီး မြန်မာပြည်မှာ စည်းကမ်းလိုက်နာတတ်ဖို့နဲ့ အလုပ်ကြိုးစားဖို့က မလွယ်သေးပါ။ ကမ္ဘာ့ Covid အခြေအနေကို တင်ပြလိုက်ပါတယ်ခင် ဗျား။

Richard Myo Thant

21-June-2020

Add a Comment

Your email address will not be published. Required fields are marked *