က မာၻ႔ စူပါပါဝါ ႏိုင္ငံႀကီး ျဖစ္လာ ဖို႔၊ တ႐ုတ္က ေျခလွမ္းေတြ တခုၿပီးတခုျပင္ဆင္ ေနၿပီလို႔အိႏၵိယစစ္ဘက္ဆိုင္ရာ သတိေပး

ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ က တ႐ုတ္ နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး ကို ျပန္လည္ စဥ္းစားေနၿပီ လို႔ နီးစပ္တဲ့ သတင္း အ သိုင္းအဝိုင္း က ဆိုခဲ့ပါတယ္။ အထူးသျဖင့္ တ႐ုတ္ နည္းပညာ လုပ္ငန္းေတြ နဲ႔ ဆက္ဆံေရး အပိုင္းရယ္ ၊ အေရးပါ တဲ့ စီးပြားေရးဆိုင္ရာ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ကို ျပန္လည္သုံးသပ္ေနၿပီး၊ တ႐ုတ္ရဲ႕ စီးပြားေရးေထာင္ေျခာက္ထဲ လုံးလုံး လ်ားလ်ား မဝင္ခ်ိန္ မွာ ေနာက္ျပန္ဆုတ္ ဖြယ္ ရွိေန ပါတယ္ ။

အိႏၵိယႏိုင္ငံ ရဲ႕ စစ္ဘက္ ဆိုင္ရာ မွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာထူး အထိ ရယူတာဝန္ထမ္းေဆာင္ ခဲ့တဲ့ RK Sawhney က ကမာၻ႔ႏိုင္ငံေတြ အေန နဲ႔ တ႐ုတ္ ကို သတိထားဖို႔ လိုေနၿပီ လို႔ သတိေပးခဲ့ ပါတယ္။ RK Sawhney ဟာ (၁၉၆၂)ခုႏွစ္က Sino-India စစ္ပြဲ သို႔မဟုတ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲ မွာ အေရးပါတဲ့ စစ္ေရးဆိုင္ရာ ၫႊန္ၾကားမႈေတြ ျပဳလုပ္ခဲ့ ရတဲ့ ဗိုလ္ခ်ဳပ္ႀကီး တစ္ဦး ျဖစ္ ပါ တယ္ ။

သူဟာ လက္ရွိအခ်ိန္မွာ ျပည္တြင္းျပည္ပ စစ္ဘက္ေရးရာ အပိုင္း သုံးသပ္သူ အျဖစ္ ေဆာင္႐ြက္ေ နပါ တယ္ ။ ဒုဗိုလ္ခ်ဳပ္ႀကီး( ၿငိမ္း ) RK Sawhney က တ႐ုတ္အေနနဲ႔ ကမာၻ႔စူပါပါဝါ ကို ခ်ဲ႕ထြင္ဖို႔ အတြက္ တစ္ႏိုင္ငံခ်င္းကို အမွဲ႔ေခြၽတဲ့စနစ္ က်င့္သုံးေနၿပီလို႔ သူက ဆိုပါတယ္။ RK Sawhney က ” သမၼတရွီက်င္းဖ်င္ လက္ထက္မွာ ပိုၿပီး ျပႆနာေတြ ကို ဖန္တီး လာ တာ အေၾကာင္းရွိ ပါတယ္ “လို႔ ဆို ပါ တယ္။

တ႐ုတ္ဟာ ဒီမတိုင္ခင္ က ကမာၻ႔စစ္ေရးတင္းမာမႈ မွာ တစ္နည္းနည္း နဲ႔ ပတ္သက္ခဲ့ၾက တဲ့ ႐ုရွားနဲ႔-အေမရိကန္တို႔ရဲ႕ ယခင္က ႀကိဳးကိုင္ ခ်ယ္လွယ္မႈေတြကို တတ္ေျမာက္ကြၽမ္းက်င္သြားၿပီ ျဖစ္ၿပီး ၊ ဒီအတြက္ လိုအပ္ပါက ေျဗာင္က်က် စစ္ပြဲေတြ လည္း ဆင္ႏႊဲဖို႔ ဆုံးျဖတ္ထားၿပီ ျဖစ္သလို၊ မၾကာမီမွာ ကမာၻ႔ၾသဇာကို ကိုင္လႈပ္ႏိုင္ပါက အခု အေမရိကန္လုပ္ေန တဲ့ စီးပြားေရး ပိတ္ဆို႔တဲ့လမ္းစဥ္မ်ိဳးေတြ ကိုပါ ခါးပိုက္ထဲ ထည့္ႏိုင္ေတာ့ မွာလို႔ RK Sawhney က ေျပာပါတယ္။

RK Sawhney က တ႐ုတ္-အိႏၵိယဆက္ဆံေရးဟာ (၂၀၁၃)ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ဘက္က မဟာဗ်ဴဟာက်က်က အႏိုင္က်င့္ ႏွိပ္စက္ လာခဲ့တာလို႔ ေျပာပါတယ္။ သူက “တ႐ုတ္က ကမာၻ႔စူပါပါဝါ ကို လက္ထဲ ယူခ်င္ေတာ့ ရန္လို မုန္းတီးစိတ္အျပည့္နဲ႔ က်ေနာ္ တို႔ကို ဆက္ဆံ ေနပါတယ္ … ကမာၻ႔စူပါပါဝါကို ရဖို႔အတြက္ သူတို႔အေနနဲ႔ အရင္ဆုံး ျဖစ္ထား ရမွာ က ေဒသဆိုင္ရာ အင္အားႀကီးႏိုင္ငံတစ္ခု ျဖစ္ဖို႔ပါ … ဒါ ေၾကာင့္ တစ္ႏိုင္ငံခ်င္း အမွည့္ေႁခြေနတာ “လို႔ ေျပာခဲ့ ပါတယ္ ။

RK Sawhney က ” ေတာင္ တ႐ုတ္ပင္လယ္ ကိုပဲ ၾကည့္ေပါ့ … ထိုင္ဝမ္၊ ဗီယက္နမ္၊ ဖိလစ္ပိုင္ တို႔ဟာ တ႐ုတ္ရန္ ကို အသည္းအသန္ ကာ ကြယ္ေတာင့္ ခံေနရတယ္ … တ႐ုတ္ဟာ သူတို႔ရဲ႕ ပင္မကုန္းေျမ နဲ႔ မိုင္ (၂၅၀၀)ေဝး တဲ့ Natuna ကြၽန္းစု(အင္ဒိုနီးရွားပိုင္ကြၽန္းစု)ကိုေတာင္ သူတို႔ပိုင္ဆိုင္တာ ဆိုၿပီး ေျဗာင္က်က် ေၾကညာလိုက္ၿပီ … ကြၽန္ေတာ္တို႔ ကိုယ့္ႏိုင္ငံပိုင္နက္ ကို ကာကြယ္ရ ေတာ့မယ့္ အခ်ိန္ပါ … “လို႔ သတိေပးခဲ့ ပါတယ္။

ဘာသာျပန္-လင္းသုတ

UNICODE

က မ္ဘာ့ စူပါပါဝါ နိုင်ငံကြီး ဖြစ်လာ ဖို့၊ တရုတ်က ခြေလှမ်းတွေ တခုပြီးတခုပြင်ဆင် နေပြီလို့အိန္ဒိယစစ်ဘက်ဆိုင်ရာ သတိပေး

ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က တရုတ် နဲ့ နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည် စဉ်းစားနေပြီ လို့ နီးစပ်တဲ့ သတင်း အ သိုင်းအဝိုင်း က ဆိုခဲ့ပါတယ်။ အထူးသဖြင့် တရုတ် နည်းပညာ လုပ်ငန်းတွေ နဲ့ ဆက်ဆံရေး အပိုင်းရယ် ၊ အရေးပါ တဲ့ စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည်သုံးသပ်နေပြီး၊ တရုတ်ရဲ့ စီးပွားရေးထောင်ခြောက်ထဲ လုံးလုံး လျားလျား မဝင်ချိန် မှာ နောက်ပြန်ဆုတ် ဖွယ် ရှိနေ ပါတယ် ။

အိန္ဒိယနိုင်ငံ ရဲ့ စစ်ဘက် ဆိုင်ရာ မှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူး အထိ ရယူတာဝန်ထမ်းဆောင် ခဲ့တဲ့ RK Sawhney က ကမ္ဘာ့နိုင်ငံတွေ အနေ နဲ့ တရုတ် ကို သတိထားဖို့ လိုနေပြီ လို့ သတိပေးခဲ့ ပါတယ်။ RK Sawhney ဟာ (၁၉၆၂)ခုနှစ်က Sino-India စစ်ပွဲ သို့မဟုတ် အင်ဒိုချိုင်းနားစစ်ပွဲ မှာ အရေးပါတဲ့ စစ်ရေးဆိုင်ရာ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ ရတဲ့ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ် ပါ တယ် ။

သူဟာ လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ စစ်ဘက်ရေးရာ အပိုင်း သုံးသပ်သူ အဖြစ် ဆောင်ရွက်ေ နပါ တယ် ။ ဒုဗိုလ်ချုပ်ကြီး( ငြိမ်း ) RK Sawhney က တရုတ်အနေနဲ့ ကမ္ဘာ့စူပါပါဝါ ကို ချဲ့ထွင်ဖို့ အတွက် တစ်နိုင်ငံချင်းကို အမှဲ့ချွေတဲ့စနစ် ကျင့်သုံးနေပြီလို့ သူက ဆိုပါတယ်။ RK Sawhney က ” သမ္မတရှီကျင်းဖျင် လက်ထက်မှာ ပိုပြီး ပြဿနာတွေ ကို ဖန်တီး လာ တာ အကြောင်းရှိ ပါတယ် “လို့ ဆို ပါ တယ်။

တရုတ်ဟာ ဒီမတိုင်ခင် က ကမ္ဘာ့စစ်ရေးတင်းမာမှု မှာ တစ်နည်းနည်း နဲ့ ပတ်သက်ခဲ့ကြ တဲ့ ရုရှားနဲ့-အမေရိကန်တို့ရဲ့ ယခင်က ကြိုးကိုင် ချယ်လှယ်မှုတွေကို တတ်မြောက်ကျွမ်းကျင်သွားပြီ ဖြစ်ပြီး ၊ ဒီအတွက် လိုအပ်ပါက ဗြောင်ကျကျ စစ်ပွဲတွေ လည်း ဆင်နွှဲဖို့ ဆုံးဖြတ်ထားပြီ ဖြစ်သလို၊ မကြာမီမှာ ကမ္ဘာ့သြဇာကို ကိုင်လှုပ်နိုင်ပါက အခု အမေရိကန်လုပ်နေ တဲ့ စီးပွားရေး ပိတ်ဆို့တဲ့လမ်းစဉ်မျိုးတွေ ကိုပါ ခါးပိုက်ထဲ ထည့်နိုင်တော့ မှာလို့ RK Sawhney က ပြောပါတယ်။

RK Sawhney က တရုတ်-အိန္ဒိယဆက်ဆံရေးဟာ (၂၀၁၃)ခုနှစ်နောက်ပိုင်း တရုတ်ဘက်က မဟာဗျူဟာကျကျက အနိုင်ကျင့် နှိပ်စက် လာခဲ့တာလို့ ပြောပါတယ်။ သူက “တရုတ်က ကမ္ဘာ့စူပါပါဝါ ကို လက်ထဲ ယူချင်တော့ ရန်လို မုန်းတီးစိတ်အပြည့်နဲ့ ကျနော် တို့ကို ဆက်ဆံ နေပါတယ် … ကမ္ဘာ့စူပါပါဝါကို ရဖို့အတွက် သူတို့အနေနဲ့ အရင်ဆုံး ဖြစ်ထား ရမှာ က ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ဖို့ပါ … ဒါ ကြောင့် တစ်နိုင်ငံချင်း အမှည့်ခြွေနေတာ “လို့ ပြောခဲ့ ပါတယ် ။

RK Sawhney က ” တောင် တရုတ်ပင်လယ် ကိုပဲ ကြည့်ပေါ့ … ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့ဟာ တရုတ်ရန် ကို အသည်းအသန် ကာ ကွယ်တောင့် ခံနေရတယ် … တရုတ်ဟာ သူတို့ရဲ့ ပင်မကုန်းမြေ နဲ့ မိုင် (၂၅၀၀)ဝေး တဲ့ Natuna ကျွန်းစု(အင်ဒိုနီးရှားပိုင်ကျွန်းစု)ကိုတောင် သူတို့ပိုင်ဆိုင်တာ ဆိုပြီး ဗြောင်ကျကျ ကြေညာလိုက်ပြီ … ကျွန်တော်တို့ ကိုယ့်နိုင်ငံပိုင်နက် ကို ကာကွယ်ရ တော့မယ့် အချိန်ပါ … “လို့ သတိပေးခဲ့ ပါတယ်။

ဘာသာပြန်-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *