စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဇလြန္လမ္း ရွိ စိန္ပန္းပင္ႀကီး ေမာ္ေတာ္ယာဥ္ (၄)စီးေပၚ ၿပိဳ လဲက်မႈ ျဖစ္ပြား

သက္တမ္းရင့္ စိန္ပန္းပင္ ၿပိဳလဲက်မႈေၾကာင့္ Nissan အမ်ိဳး အစားေမာ္ ေတာ္ယာဥ္ တစ္စီး၊ Toyota Celica တစ္စီး၊ Honda Civic တစ္ စီးႏွင့္ Honda Fit ယာဥ္ တစ္စီး စုစုေပါင္း ေမာ္ေတာ္ယာဥ္ ေလးစီး ပ်က္စီး ဆုံးရႈံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။“မနက္ သုံးနာရီ ေက်ာ္ ေလာက္က အိပ္ေနတုန္း ဝုန္း ဝုန္း ဒုန္း ဒုန္း ဆိုၿပီး အသံႀကီး ၾကားလိုက္ရတယ္။ အစက မိုးႀကိဳးပစ္တယ္မွတ္လို႔။ ဒါေပမယ့္ အသံက ေတာ္ ေတာ္ႀကီး ျပင္းတယ္။ အဲ့ဒါနဲ႔ ထၾကည့္ေတာ့ အိမ္ေရွ႕မွာ မီးပြားေတြ ထေပါက္ေနတာ ေတြ႕ ရတယ္။ ၾကည့္ေတာ့မွ အိမ္ေရွ႕ စိန္ပန္းပင္ႀကီး လဲတာ ျဖစ္ေနတာ။ ကားေတြ လည္း ပိသြားတယ္။

ကြၽန္ေတာ့ ကားလည္း ပါသြားတယ္ေလ။ အပင္ႀကီးက လဲက် ေပမယ့္ ကံေကာင္းတာက တစ္ျခားအိမ္ေတြ လူေတြ သိပ္ထိတာ မရွိဘူး။ ဟိုဖက္ တိုက္ ဒီဖက္တိုက္ သိပ္မထိဘဲ လမ္းအလည္ ေပၚပဲ လဲက်တယ္။ ကြၽန္ေတာ္ တို႔ တိုက္ဆိုလည္း ဝရန္တာေလာက္ပဲ ထိတယ္” ဟု သက္တမ္းရင့္ စိန္ပန္းပင္ ၿပိဳလဲက် မႈေၾကာင့္ ေမာ္ေတာ္ယာဥ္ ပ်က္စီး ဆုံးရႈံးမႈ ျဖစ္ပြားခဲ့သူမ်ားထဲမွ တစ္ဦးျဖစ္သူ ဦးေနမ်ိဳးထြန္း က ျဖစ္စဥ္ကို ေျပာျပခဲ့သည္။အဆိုပါ စိန္ပန္းပင္ႀကီးမွာ လုံးပတ္ ရွစ္ေပ၊ အျမင့္ ၆၀ ေပခန႔္ရွိၿပီး ေျမသား မခိုင္ေတာ့ျခင္းေၾကာင့္ အျမစ္မွစ၍ ၿပိဳလဲက်မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဝန္ထမ္းမ်ားက ရွင္းလင္း ဖယ္ရွားမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေျမာက္ရပ္ကြက္၊ ဇလြန္လမ္းရွိ လုံးပတ္ ရွစ္ေပခန႔္ရွိ သက္တမ္းရင့္ စိန္ပန္းပင္ႀကီး အျမစ္မွ စ၍ ၿပိဳလဲက်မႈ ျဖစ္ပြားခဲ့ၿပီး ေမာ္ေတာ္ယာဥ္ ေလးစီး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သတင္းရရွိသည္။ ယေန႔ (ဇြန္ ၂၂ ရက္) နံနက္ ၃ နာရီ ၁၂ မိနစ္ခန႔္က ရန္ ကုန္ အေနာက္ပိုင္းခ႐ိုင္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေျမာက္ရပ္ကြက္၊ ဇလြန္လမ္းတြင္ ေပါက္ေရာက္ေနေသာ အျမင့္ ၆၀ ေပ၊ လုံးပတ္ ၈ ေပခန႔္ရွိ သက္တမ္းရင့္ စိန္ပန္းပင္ႀကီးသည္ ေျမသားပြလာမႈေၾကာင့္ အျမစ္မခိုင္ေတာ့သျဖင့္ အျမစ္မွစ ၿပိဳလဲက်မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ယင္းသို႔ သက္တမ္းရင့္ စိန္ပန္းပင္ ၿပိဳက်မႈေၾကာင့္ ယင္းအပင္ႏွင့္ အနီးတစ္ဝိုက္တြင္ ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ျခင္း ျဖစ္သည္။

“နံနက္ ၃ နာရီေက်ာ္မွာ ကြၽန္ေတာ္ တို႔ သတင္းရတယ္။ ဒါေၾကာင့္မို႔ စမ္းေခ်ာင္း မီးသတ္က အုပ္ခ်ဳပ္မႈယာဥ္ တစ္စီးနဲ႔ ရွာေဖြကယ္ဆယ္ ေရးယာဥ္ တစ္စီးတို႔နဲ႔အတူ လာေရာက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေရာက္ေရာက္ခ်င္း ၾကည့္တဲ့အခါမွာ ကားေလးစီး ပိေနတာ ေတြ႕ရတယ္။ အဲ့ထဲမွာ တစ္စီးက သူ႔ယာဥ္ရဲ႕ error ပုံစံမ်ိဳး ေရွာ့ျဖစ္ေနလို႔ မီးေလာင္မႈ ျဖစ္ပြားမွာစိုးလို႔ မီးၿငိမ္းသတ္ေရးယာဥ္ တစ္စီးပါ အဆင့္သင့္ထား ၿပီး ရွင္းလင္းမႈေတြ လုပ္ေနပါတယ္။ အပင္လဲက်ၿပီးေနာက္ အပင္ရဲ႕ အနီးနားမွာရွိတဲ့ ႏွစ္ခန္းတြဲ ေျခာက္ထပ္တိုက္ရဲ႕ ဝရန္တာ ေလးလႊာ ထိခိုက္သြားတယ္။ ေနာက္ ပ်ဥ္ေထာင္အိမ္ ရဲ႕ မ်က္ႏွာက်က္ အမိုး အနည္းငယ္ ထိခိုက္သြားတယ္” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးစီးအရာရွိ ဦးသူရေဆြက ေျပာၾကားသည္။

UNICODE

စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်း ရှိ စိန်ပန်းပင်ကြီး မော်တော်ယာဉ် (၄)စီးပေါ် ပြို လဲကျမှု ဖြစ်ပွား

သက်တမ်းရင့် စိန်ပန်းပင် ပြိုလဲကျမှုကြောင့် Nissan အမျိုး အစားမော် တော်ယာဉ် တစ်စီး၊ Toyota Celica တစ်စီး၊ Honda Civic တစ် စီးနှင့် Honda
Fit ယာဉ် တစ်စီး စုစုပေါင်း မော်တော်ယာဉ် လေးစီး ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။“မနက် သုံးနာရီ ကျော် လောက်က အိပ်နေတုန်း ဝုန်း ဝုန်း ဒုန်း ဒုန်း ဆိုပြီး အသံကြီး ကြားလိုက်ရတယ်။ အစက မိုးကြိုးပစ်တယ်မှတ်လို့။ ဒါပေမယ့် အသံက တော် တော်ကြီး ပြင်းတယ်။ အဲ့ဒါနဲ့ ထကြည့်တော့ အိမ်ရှေ့မှာ မီးပွားတွေ ထပေါက်နေတာ တွေ့ ရတယ်။ ကြည့်တော့မှ အိမ်ရှေ့ စိန်ပန်းပင်ကြီး လဲတာ ဖြစ်နေတာ။ ကားတွေ လည်း ပိသွားတယ်။

ကျွန်တော့ ကားလည်း ပါသွားတယ်လေ။ အပင်ကြီးက လဲကျ ပေမယ့် ကံကောင်းတာက တစ်ခြားအိမ်တွေ လူတွေ သိပ်ထိတာ မရှိဘူး။ ဟိုဖက် တိုက် ဒီဖက်တိုက် သိပ်မထိဘဲ လမ်းအလည် ပေါ်ပဲ လဲကျတယ်။ ကျွန်တော် တို့ တိုက်ဆိုလည်း ဝရန်တာလောက်ပဲ ထိတယ်” ဟု သက်တမ်းရင့် စိန်ပန်းပင် ပြိုလဲကျ မှုကြောင့် မော်တော်ယာဉ် ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ဦးနေမျိုးထွန်း က ဖြစ်စဉ်ကို ပြောပြခဲ့သည်။အဆိုပါ စိန်ပန်းပင်ကြီးမှာ လုံးပတ် ရှစ်ပေ၊ အမြင့် ၆၀ ပေခန့်ရှိပြီး မြေသား မခိုင်တော့ခြင်းကြောင့် အမြစ်မှစ၍ ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်နှင့် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်းရှိ လုံးပတ် ရှစ်ပေခန့်ရှိ သက်တမ်းရင့် စိန်ပန်းပင်ကြီး အမြစ်မှ စ၍ ပြိုလဲကျမှု ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ် လေးစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန် ၂၂ ရက်) နံနက် ၃ နာရီ ၁၂ မိနစ်ခန့်က ရန် ကုန် အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်းတွင် ပေါက်ရောက်နေသော အမြင့် ၆၀ ပေ၊ လုံးပတ် ၈ ပေခန့်ရှိ သက်တမ်းရင့် စိန်ပန်းပင်ကြီးသည် မြေသားပွလာမှုကြောင့် အမြစ်မခိုင်တော့သဖြင့် အမြစ်မှစ ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းသို့ သက်တမ်းရင့် စိန်ပန်းပင် ပြိုကျမှုကြောင့် ယင်းအပင်နှင့် အနီးတစ်ဝိုက်တွင် ရပ်နားထားသည့် မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

“နံနက် ၃ နာရီကျော်မှာ ကျွန်တော် တို့ သတင်းရတယ်။ ဒါကြောင့်မို့ စမ်းချောင်း မီးသတ်က အုပ်ချုပ်မှုယာဉ် တစ်စီးနဲ့ ရှာဖွေကယ်ဆယ် ရေးယာဉ် တစ်စီးတို့နဲ့အတူ လာရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်ရောက်ချင်း ကြည့်တဲ့အခါမှာ ကားလေးစီး ပိနေတာ တွေ့ရတယ်။ အဲ့ထဲမှာ တစ်စီးက သူ့ယာဉ်ရဲ့ error ပုံစံမျိုး ရှော့ဖြစ်နေလို့ မီးလောင်မှု ဖြစ်ပွားမှာစိုးလို့ မီးငြိမ်းသတ်ရေးယာဉ် တစ်စီးပါ အဆင့်သင့်ထား ပြီး ရှင်းလင်းမှုတွေ လုပ်နေပါတယ်။ အပင်လဲကျပြီးနောက် အပင်ရဲ့ အနီးနားမှာရှိတဲ့ နှစ်ခန်းတွဲ ခြောက်ထပ်တိုက်ရဲ့ ဝရန်တာ လေးလွှာ ထိခိုက်သွားတယ်။ နောက် ပျဉ်ထောင်အိမ် ရဲ့ မျက်နှာကျက် အမိုး အနည်းငယ် ထိခိုက်သွားတယ်” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသူရဆွေက ပြောကြားသည်။

Add a Comment

Your email address will not be published. Required fields are marked *