မင္းရာဇာကို တရားစြဲဆိုထားေသာ အမႈမ်ားအား တစ္႐ုံးတည္း ေပါင္းစစ္ေပးရန္ ေလွ်ာက္ထားခ်က္ တရား႐ုံးက ပယ္ခ်

အိမ္ေဖာ္မေလးနဲ႔ ပတ္သက္ၿပီး မင္းရာဇာအား တရားစြဲဆိုထားမႈ နဲ႔ ပတ္သက္ ၿပီး ေ႐ႊေပါကၠံရဲစခန္းမွာ သ႐ုပ္ေဆာင္မင္းရာဇာအပါအဝင္ ေလးဦးကို ရာဇသတ္ႀကီး ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄ နဲ႔ ၁၁၄ စတဲ့ ပုဒ္မ ေတြနဲ႔ အမႈဖြင့္ထားခဲ့ပါတယ္။ဒါ့အျပင္ သ႐ုပ္ေဆာင္ မင္းရာဇာကို ရာ ဇသတ္ႀကီး ပုဒ္မ ၃၇၆ နဲ႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ တရားစြဲထားတာလည္းရွိ တဲ့အတြက္ အမႈေတြအားလုံးကို အေရွ႕ပိုင္းခ႐ိုင္တရား ႐ုံး တစ္႐ုံးတည္းမွာ ေပါင္းၿပီး စစ္ေဆးေပးဖို႔ မင္းရာဇာတို႔ဘက္က ေလွ်ာက္ထားခဲ့တာျဖစ္ ပါ တယ္ ။

သ႐ုပ္ေဆာင္ မင္းရာဇာ အေပၚ တရားစြဲ ထားတဲ့ အမႈေတြ ကို တရား ႐ုံး တစ္႐ုံး တည္းမွာ ေပါင္းၿပီး စစ္ေဆးေ ပးဖို႔ ေလွ်ာက္ထားခ်က္နဲ႔ ပတ္သက္ လို႔ ဇြန္ လ (၂၂) ရက္ ေန႔မွာ ရန္ကုန္ အေရွ႕ပိုင္း ခ႐ိုင္ တရား႐ုံး က ပယ္ခ် လိုက္ပါတယ္။ အိမ္အကူမိန္းကေလးကို အက္ဆစ္နဲ႔ ပက္ တာ၊ တူနဲ႔ ထုတာ၊ လိင္ပိုင္း ဆိုင္ရာ က်ဴးလြန္ တာေတြေၾကာင့္ ေ႐ႊေပါကၠံ ၿမိဳ႕နယ္ရဲစခန္း မွာ မိန္းကေလး ရဲ႕ မိခင္ျဖစ္ သူက ရာဇ သတ္ ႀကီး ပုဒ္မ (၄) ခုနဲ႔ ဧၿပီ (၇) ရက္ ေန႔က သ႐ုပ္ ေဆာင္ မင္းရာဇာ နဲ႔ ဇနီးျဖစ္ သူ အပါ အဝင္ (၄) ဦး တို႔ ကို အမႈဖြင့္ ခဲ့ တာပါ ။

အလား တူ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ တရား႐ုံးမွာ လည္း သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ (၄) ဦး ကို အိမ္အကူ အမ်ိဳးသမီးငယ္ ရဲ႕ မိခင္ က တရားစြဲ ထားတဲ့ အတြက္ ငါးႀကိမ္ေျမာက္ ႐ုံးထုတ္ စစ္ေဆး ဖို႔ ဇြန္ (၂၅) သို႔ ျပန္လည္ ခ်ိန္းဆိုခဲ့ပါတယ္ ။ ေ႐ႊေပါကၠံ ရွိေနအိမ္ကို သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ ဇနီးျဖစ္ သူတို႔ ေရာက္ရွိ လာၿပီး အိမ္အကူ မိန္းကေလးကို ေဘာင္းဘီခြၽတ္ ကာ အက္စစ္ နဲ႔ ပက္ ခဲ့ေၾကာင္းနဲ႔ မင္းရာဇာရဲ႕ ေယာကၡမျဖစ္သူက မိန္းကေလးရဲ႕ ဦးေခါင္း ကိုတူနဲ႔ ထုခဲ့လို႔ ေသြးထြက္ ဒဏ္ရာေတြရရွိခဲ့တယ္လို႔ လြန္ခဲ့တဲ့ ႏွစ္ရက္ခန႔္ ကလည္း ထြက္ဆိုခဲ့ပါ တယ္ ။

crd: dvb news

UNICODE

မင်းရာဇာကို တရားစွဲဆိုထားသော အမှုများအား တစ်ရုံးတည်း ပေါင်းစစ်ပေးရန် လျှောက်ထားချက် တရားရုံးက ပယ်ချ

အိမ်ဖော်မလေးနဲ့ ပတ်သက်ပြီး မင်းရာဇာအား တရားစွဲဆိုထားမှု နဲ့ ပတ်သက် ပြီး ရွှေပေါက္ကံရဲစခန်းမှာ သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄ နဲ့ ၁၁၄ စတဲ့ ပုဒ်မ တွေနဲ့ အမှုဖွင့်ထားခဲ့ပါတယ်။ဒါ့အပြင် သရုပ်ဆောင် မင်းရာဇာကို ရာ ဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲထားတာလည်းရှိ တဲ့အတွက် အမှုတွေအားလုံးကို အရှေ့ပိုင်းခရိုင်တရား ရုံး တစ်ရုံးတည်းမှာ ပေါင်းပြီး စစ်ဆေးပေးဖို့ မင်းရာဇာတို့ဘက်က လျှောက်ထားခဲ့တာဖြစ် ပါ တယ် ။

သရုပ်ဆောင် မင်းရာဇာ အပေါ် တရားစွဲ ထားတဲ့ အမှုတွေ ကို တရား ရုံး တစ်ရုံး တည်းမှာ ပေါင်းပြီး စစ်ဆေးေ ပးဖို့ လျှောက်ထားချက်နဲ့ ပတ်သက် လို့ ဇွန် လ (၂၂) ရက် နေ့မှာ ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံး က ပယ်ချ လိုက်ပါတယ်။ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက် တာ၊ တူနဲ့ ထုတာ၊ လိင်ပိုင်း ဆိုင်ရာ ကျူးလွန် တာတွေကြောင့် ရွှေပေါက္ကံ မြို့နယ်ရဲစခန်း မှာ မိန်းကလေး ရဲ့ မိခင်ဖြစ် သူက ရာဇ သတ် ကြီး ပုဒ်မ (၄) ခုနဲ့ ဧပြီ (၇) ရက် နေ့က သရုပ် ဆောင် မင်းရာဇာ နဲ့ ဇနီးဖြစ် သူ အပါ အဝင် (၄) ဦး တို့ ကို အမှုဖွင့် ခဲ့ တာပါ ။

အလား တူ မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ လည်း သရုပ်ဆောင် မင်းရာဇာ အပါအဝင် (၄) ဦး ကို အိမ်အကူ အမျိုးသမီးငယ် ရဲ့ မိခင် က တရားစွဲ ထားတဲ့ အတွက် ငါးကြိမ်မြောက် ရုံးထုတ် စစ်ဆေး ဖို့ ဇွန် (၂၅) သို့ ပြန်လည် ချိန်းဆိုခဲ့ပါတယ် ။ ရွှေပေါက္ကံ ရှိနေအိမ်ကို သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ် သူတို့ ရောက်ရှိ လာပြီး အိမ်အကူ မိန်းကလေးကို ဘောင်းဘီချွတ် ကာ အက်စစ် နဲ့ ပက် ခဲ့ကြောင်းနဲ့ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူက မိန်းကလေးရဲ့ ဦးခေါင်း ကိုတူနဲ့ ထုခဲ့လို့ သွေးထွက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်ခန့် ကလည်း ထွက်ဆိုခဲ့ပါ တယ် ။

crd:  dvb news

Add a Comment

Your email address will not be published. Required fields are marked *