ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ားအေၾကာင္း အေသးစိတ္

၁။ ဘိုးဘိုးေအာင္ ဂူဘုရား

ပထမဦးဆုံး တင္ျပေပးခ်င္တာကေတာ့ ဘိုးဘိုးေအာင္ ဂူဘုရားပါ ။ အံဖြယ္ ၉ ခုမွာ တစ္ခုအပါအဝင္ပါ။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ဘုရားတည္ရွိပုံပါ။ ဘုရားဆင္းတုေတာ္ က ဘိုးဘိုးေအာင္ဂူဘုရား တန္ေဆာင္းရဲ႕ နံရံကိုကပ္ၿပီး အထဲက ဂူထဲမွာပါ။ ဒါဆို ဘုရားဆင္းတုေတာ္က တန္ေဆာင္း ေနာက္က ေစတီေတာ္ရဲ႕ အလယ္တည့္တည့္ ကိုေရာက္ေနတာပါ။ ေနာက္ၿပီး ေ႐ႊတိဂုံေစတီ ေတာ္ရဲ႕ ဌာပနာ တိုက္ကိုဝင္လို႔ရတဲ့ အေပါက္က ဘုရားေဘးမွာရွိၿပီး အခုေတာ့ ပိတ္ထားလိုက္ၿပီ လို႔ သိရပါတယ္။ ဒါကိုသင္သိၿပီး ၿပီလား ။

ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ား
၂။ တ႐ုတ္ဘုံေက်ာင္းေလး

ဒီတခါ ဘုရားက တ႐ုတ္ဘုံေက်ာင္းေလးတစ္ခုကို ျပခ်င္ပါတယ္ ။ စေန ၿဂိဳလ္တိုင္ေရွ႕က ေက်ာက္စိမ္း ဘုရားနားမွာလည္းတစ္ခုရွိပါတယ္ ။ အခုပုံထဲက ဘုံေက်ာင္း ဘုရားေလးကေတာ့ ေျမာက္ဘက္မုခ္က ျမန္မာျပည္ သုကကာရီ တန္ေဆာင္းအေနာက္မွာပါ ။ တ႐ုတ္လိုေတြေတာ့ ေရးထားတယ္ ဘာလဲေတာ့ ကြၽန္ေတာ္လဲ မသိဘူး ။ သတိမထားမိေသးဘူးဆိုရင္ ေရာက္ရင္ သြားၾကည့္လိုက္ပါအုံး ။

ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ား

၃။ ေလာကပါလ သိုကၻဳရား

ဒါကေတာ့ ေလာကပါလ သိုက္ဘုရား ပါ။ တနဂၤေႏြ ၿဂိဳလ္ေထာင့္ ေရွ႕က သာယာဝတီ မင္းေခါင္းေလာင္းေတာ္ႀကီး ေဘးနားမွာ ရွိပါတယ္။ ဘီလူးသိုက္ဆက္မ်ားလႉဒါန္းတယ္လို႔ ဆိုၾကပါတယ္။ အဓိဌာန္ ေအာင္တယ္လို႔ လူသိမ်ားတဲ့ ဘုရားျဖစ္ပါတယ္။

၄။ ဝိဇၨာ႐ုပ္တု

စေနေထာင့္ ေရွ႕တည့္တည့္က CMA တန္ေဆာင္း (ေက်ာက္စိမ္း ဘုရား) အေနာက္ဘက္ရွိ ဝိဇၨာ႐ုပ္တု ေလးတစ္ခုက လက္ဝါးတစ္ဖက္ကိုျဖန႔္ထားၿပီး အခုလို မႈိင္ေနေလရဲ႕ ။ ဘာလို႔လဲေတာ့ ကြၽန္ေတာ္လည္ းမသိပါဘူး ။

ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ား

၅။ ဓမၼေစတီ ေက်ာက္စာႏွင့္ ေခါင္းေတာ္ေနရာ

ဒါကေတာ့ ဓမၼေစတီ ေက်ာက္စာႏွင့္ ေခါင္းေတာ္ေနရာ အေၾကာင္းပါ။ ၁၅ ရာစု က ဓမၼေစတီမင္းေခါင္းေလာင္းေတာ္ႏွင့္အတူ လွ်ဴဒါန္းခဲ့တဲ့ ေက်ာက္စာကို ယေန႔ အေရွ႕ေျမာက္ေထာင့္ တြင္ထိန္းသိမ္းထားသည္ကိုေတြ႕ႏိုင္သလို (ပုံ ၁) ၊ ယခင္မူလေနရာတြင္ ပုံစံတူအသစ္ တစ္ခုထားရွိကာ (ပုံ ၂) ၊ ၎၏ ေဘးေနရာ အေရွ႕ဘက္ေစာင္းတန္းေဘး အလယ္ပစၥယံတြင္ ၊ အဂၤလိပ္ေခတ္စားေရးဆရာ တစ္ခ်ိဳ႕၏ ေရးသားထားေသာစာအုပ္မ်ား ႏွင့္

ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ား
ယခင္ ဇရပ္ေဟာင္းမ်ား ျပဳျပင္ရာတြင္ ေခါင္းေလာင္းေတာ္ ထားရွိခဲ့သည္ဟု ယူဆရေသာ စတုဂံ ပုံအုပ္ေဘာင္ေတြ႕ရွိျခင္း ၊ စသည္တို႔ေၾကာင့္ ဓမၼေစတီေခါင္းေလာင္းအား သန္လွ်င္ၿမိဳ႕စားမွ ၍ေနရာမွ ယူေဆာင္သြားသည္ဟု ခန႔္မွန္းရ၍ ယေန႔ဤေနရာအား ေခါင္းေလာင္းေတာ္ အတြက္ ခ်န္လွပ္ ထားပါသည္။(ပုံ ၃)

၆။ ေသြးေဆး ကန္ ႏွင့္ ေသြး ေဆးကန္

ေသြးေဆးကန္ ဟုဆိုလိုက္တာနဲ႔ ေ႐ႊတိဂုံ ဘုရားေျမာက္ဘက္မုဒ္ ကို သတိျပဳမိမွာပါ။ ကြၽန္ေတာ္ ဒီေနရာကိုစေရာက္ခ်ိန္ မွာေလ့လာမိေတာ့ ေသြးေဆးကန္ အေၾကာင္းအရာက ႏွစ္ခုျဖစ္ေနတယ္ ။ ေနာက္ဆုံးသိလိုက္ရတာက ကန္က ႏွစ္ကန္ မို႔ သမိုင္းကႏွစ္ခု ပါ။

ပုံ ၁. ေသြးေဆး ကန္

ေ႐ႊတိဂုံ ဘုရားႀကီးကို စတင္တည္ခ်ိန္ ဥကလာပမင္းႀကီးႏွင္တကြ လုပ္အားေပး ျပည္သူျပည္သားမ်ားမွာ ပင္ပမ္း၍ အားအင္ကုန္ခန္း မူးေဝ ၾကသည္ကို ျမင္ေသာ သိၾကားမင္း က ေသာက္ေရကန္ အတြင္းသို႔ တန္ခို႔ျဖင့္ ေဆးထည့္ေပးလိုက္ေသာအခါ ကန္အတြင္းရွိ ေရမ်ားသည္ ေသြးေဆးကဲ့ သို႔ နီျမန္းၿပီး ေသာက္သုံးသူ လူအမ်ားကို အားအင္ျပန္လည္ျပည့္ၿဖိဳး ေစပါတယ္ ။ ဒါကိုအစြဲျပဳၿပီး ေသြးေဆး ကန္ဟု ယေန႔တိုင္ေခၚတြင္ခဲ့တာပါ ။

ယေန႔ေခတ္မွာ လူသိနည္းသြားၿပီျဖစ္တဲ့ ေ႐ႊတိဂုံဘုရား မွ သတိမထားမိတဲ့ သမိုင္းဝင္ ေနရာမ်ား
၁၉၉၅ ခုႏွစ္ ေ႐ႊတိဂုံ ဘုရားႀကီးဘက္စုံ ျပဳျပင္မြန္းမံခ်ိန္ ၎ေသြးေဆးကန္ကို ျပန္လည္တူးေဖာ္ရာ ေသြးေဆးကဲ့သို႔ နီျမန္းေသာ ေက်ာက္တုံး တစ္တုံး ရရွိခဲ့ သျဖင့္ ေ႐ႊတိဂုံဘုရားျပတိုက္ေအာက္ထပ္မွာ ယေန႔တိုင္ သိမ္းဆည္းထားပါသည္။

ပုံ ၂. ေသြး ေဆးကန္

ဒီ ကန္ႀကီးကေတာ့ အဂၤလိပ္ျမန္မာ စစ္ပြဲတုန္းက ေပခဲ့ေသာေသြးကို ထိုကန္တြင္ ေဆးေၾကာျခင္းေၾကာင့္ ေခၚေဝၚသည္ဟု လူသိမ်ားပါသည္။

သင္ ေ႐ႊတိဂုံ ဘုရား ေရာက္ျဖစ္ၿပီး သတိထားမိခ်င္မွ ထားမိမဲ့ အရာေလးေတြကို စုစည္း တင္ျပလိုက္ပါတယ္။ သင္ကိုယ္တိုင္ သတိမထား မိေသးဘူး ဆိုရင္ ေနာက္တစ္ေခါက္ ဘုရားကို ေရာက္ရင္ သတိထား ၾကည့္လိုက္ပါ ။ မသိေသးတဲ့ သူငယ္ခ်င္းေတြ ကိုလည္း ေျပာျပေပး လိုက္ ပါအုံး ။ မိတ္ေဆြ သိထားတဲ့ ေ႐ႊတိဂုံဘုရားက ထူးျခားတဲ့ေနရာေလးေတြရွိရင္ ျပန္လည္ မွ်ေဝသြားပါဦး

UNICODE

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများအကြောင်း အသေးစိတ်

၁။ ဘိုးဘိုးအောင် ဂူဘုရား

ပထမဦးဆုံး တင်ပြပေးချင်တာကတော့ ဘိုးဘိုးအောင် ဂူဘုရားပါ ။ အံဖွယ် ၉ ခုမှာ တစ်ခုအပါအဝင်ပါ။ ကျွန်တော်ပြောချင်တာကတော့ ဘုရားတည်ရှိပုံပါ။ ဘုရားဆင်းတုတော် က ဘိုးဘိုးအောင်ဂူဘုရား တန်ဆောင်းရဲ့ နံရံကိုကပ်ပြီး အထဲက ဂူထဲမှာပါ။ ဒါဆို ဘုရားဆင်းတုတော်က တန်ဆောင်း နောက်က စေတီတော်ရဲ့ အလယ်တည့်တည့် ကိုရောက်နေတာပါ။ နောက်ပြီး ရွှေတိဂုံစေတီ တော်ရဲ့ ဌာပနာ တိုက်ကိုဝင်လို့ရတဲ့ အပေါက်က ဘုရားဘေးမှာရှိပြီး အခုတော့ ပိတ်ထားလိုက်ပြီ လို့ သိရပါတယ်။ ဒါကိုသင်သိပြီး ပြီလား ။

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများ
၂။ တရုတ်ဘုံကျောင်းလေး

ဒီတခါ ဘုရားက တရုတ်ဘုံကျောင်းလေးတစ်ခုကို ပြချင်ပါတယ် ။ စနေ ဂြိုလ်တိုင်ရှေ့က ကျောက်စိမ်း ဘုရားနားမှာလည်းတစ်ခုရှိပါတယ် ။ အခုပုံထဲက ဘုံကျောင်း ဘုရားလေးကတော့ မြောက်ဘက်မုခ်က မြန်မာပြည် သုကကာရီ တန်ဆောင်းအနောက်မှာပါ ။ တရုတ်လိုတွေတော့ ရေးထားတယ် ဘာလဲတော့ ကျွန်တော်လဲ မသိဘူး ။ သတိမထားမိသေးဘူးဆိုရင် ရောက်ရင် သွားကြည့်လိုက်ပါအုံး ။

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများ
၃။ ေလာကပါလ သိုက္ဘုရား

ဒါကတော့ လောကပါလ သိုက်ဘုရား ပါ။ တနင်္ဂနွေ ဂြိုလ်ထောင့် ရှေ့က သာယာဝတီ မင်းခေါင်းလောင်းတော်ကြီး ဘေးနားမှာ ရှိပါတယ်။ ဘီလူးသိုက်ဆက်များလှူဒါန်းတယ်လို့ ဆိုကြပါတယ်။ အဓိဌာန် အောင်တယ်လို့ လူသိများတဲ့ ဘုရားဖြစ်ပါတယ်။

၄။ ဝိဇ္ဇာရုပ်တု

စနေထောင့် ရှေ့တည့်တည့်က CMA တန်ဆောင်း (ကျောက်စိမ်း ဘုရား) အနောက်ဘက်ရှိ ဝိဇ္ဇာရုပ်တု လေးတစ်ခုက လက်ဝါးတစ်ဖက်ကိုဖြန့်ထားပြီး အခုလို မှိုင်နေလေရဲ့ ။ ဘာလို့လဲတော့ ကျွန်တော်လည် းမသိပါဘူး ။

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများ
၅။ ဓမ္မစေတီ ကျောက်စာနှင့် ခေါင်းတော်နေရာ

ဒါကတော့ ဓမ္မစေတီ ကျောက်စာနှင့် ခေါင်းတော်နေရာ အကြောင်းပါ။ ၁၅ ရာစု က ဓမ္မစေတီမင်းခေါင်းလောင်းတော်နှင့်အတူ လျှူဒါန်းခဲ့တဲ့ ကျောက်စာကို ယနေ့ အရှေ့မြောက်ထောင့် တွင်ထိန်းသိမ်းထားသည်ကိုတွေ့နိုင်သလို (ပုံ ၁) ၊ ယခင်မူလနေရာတွင် ပုံစံတူအသစ် တစ်ခုထားရှိကာ (ပုံ ၂) ၊ ၎င်း၏ ဘေးနေရာ အရှေ့ဘက်စောင်းတန်းဘေး အလယ်ပစ္စယံတွင် ၊ အင်္ဂလိပ်ခေတ်စားရေးဆရာ တစ်ချို့၏ ရေးသားထားသောစာအုပ်များ နှင့်

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများ
ယခင် ဇရပ်ဟောင်းများ ပြုပြင်ရာတွင် ခေါင်းလောင်းတော် ထားရှိခဲ့သည်ဟု ယူဆရသော စတုဂံ ပုံအုပ်ဘောင်တွေ့ရှိခြင်း ၊ စသည်တို့ကြောင့် ဓမ္မစေတီခေါင်းလောင်းအား သန်လျှင်မြို့စားမှ ၍နေရာမှ ယူဆောင်သွားသည်ဟု ခန့်မှန်းရ၍ ယနေ့ဤနေရာအား ခေါင်းလောင်းတော် အတွက် ချန်လှပ် ထားပါသည်။(ပုံ ၃)

၆။ သွေးဆေး ကန် နှင့် သွေး ဆေးကန်

သွေးဆေးကန် ဟုဆိုလိုက်တာနဲ့ ရွှေတိဂုံ ဘုရားမြောက်ဘက်မုဒ် ကို သတိပြုမိမှာပါ။ ကျွန်တော် ဒီနေရာကိုစရောက်ချိန် မှာလေ့လာမိတော့ သွေးဆေးကန် အကြောင်းအရာက နှစ်ခုဖြစ်နေတယ် ။ နောက်ဆုံးသိလိုက်ရတာက ကန်က နှစ်ကန် မို့ သမိုင်းကနှစ်ခု ပါ။

ပုံ ၁. သွေးဆေး ကန်

ရွှေတိဂုံ ဘုရားကြီးကို စတင်တည်ချိန် ဥကလာပမင်းကြီးနှင်တကွ လုပ်အားပေး ပြည်သူပြည်သားများမှာ ပင်ပမ်း၍ အားအင်ကုန်ခန်း မူးဝေ ကြသည်ကို မြင်သော သိကြားမင်း က သောက်ရေကန် အတွင်းသို့ တန်ခို့ဖြင့် ဆေးထည့်ပေးလိုက်သောအခါ ကန်အတွင်းရှိ ရေများသည် သွေးဆေးကဲ့ သို့ နီမြန်းပြီး သောက်သုံးသူ လူအများကို အားအင်ပြန်လည်ပြည့်ဖြိုး စေပါတယ် ။ ဒါကိုအစွဲပြုပြီး သွေးဆေး ကန်ဟု ယနေ့တိုင်ခေါ်တွင်ခဲ့တာပါ ။

ယနေ့ခေတ်မှာ လူသိနည်းသွားပြီဖြစ်တဲ့ ရွှေတိဂုံဘုရား မှ သတိမထားမိတဲ့ သမိုင်းဝင် နေရာများ
၁၉၉၅ ခုနှစ် ရွှေတိဂုံ ဘုရားကြီးဘက်စုံ ပြုပြင်မွန်းမံချိန် ၎င်းသွေးဆေးကန်ကို ပြန်လည်တူးဖော်ရာ သွေးဆေးကဲ့သို့ နီမြန်းသော ကျောက်တုံး တစ်တုံး ရရှိခဲ့ သဖြင့် ရွှေတိဂုံဘုရားပြတိုက်အောက်ထပ်မှာ ယနေ့တိုင် သိမ်းဆည်းထားပါသည်။

ပုံ ၂. သွေး ဆေးကန်

ဒီ ကန်ကြီးကတော့ အင်္ဂလိပ်မြန်မာ စစ်ပွဲတုန်းက ပေခဲ့သောသွေးကို ထိုကန်တွင် ဆေးကြောခြင်းကြောင့် ခေါ်ဝေါ်သည်ဟု လူသိများပါသည်။

သင် ရွှေတိဂုံ ဘုရား ရောက်ဖြစ်ပြီး သတိထားမိချင်မှ ထားမိမဲ့ အရာလေးတွေကို စုစည်း တင်ပြလိုက်ပါတယ်။ သင်ကိုယ်တိုင် သတိမထား မိသေးဘူး ဆိုရင် နောက်တစ်ခေါက် ဘုရားကို ရောက်ရင် သတိထား ကြည့်လိုက်ပါ ။ မသိသေးတဲ့ သူငယ်ချင်းတွေ ကိုလည်း ပြောပြပေး လိုက် ပါအုံး ။ မိတ်ဆွေ သိထားတဲ့ ရွှေတိဂုံဘုရားက ထူးခြားတဲ့နေရာလေးတွေရှိရင် ပြန်လည် မျှဝေသွားပါဦး။

Add a Comment

Your email address will not be published. Required fields are marked *