လက္သီးစစ္ပြဲ မွာ တ႐ုတ္ စစ္သားေတြ က (၂) ဆ ေက်ာ္ ပို ေသတယ္ လို႔ အိႏၵိယဝန္ႀကီး ထုတ္ေဖာ္ ေျပာဆိုၿပီ

တ႐ုတ္ႏိုင္ငံပိုင္ Global Times သတင္းစာက အေစာပိုင္းမွာ ေျပာဆိုခဲ့ရာမွာ ယင္းျဖစ္ရပ္အတြင္း တ႐ုတ္ဘက္မွာ ထိခိုက္ေသဆုံးမႈ ရွိခဲ့ တယ္လို႔ ဆိုခဲ့ေပမယ့္ အေသးစိတ္ ရွင္းလင္း ေျပာဆိုခဲ့ျခင္း မရွိပါဘူး။ပဋိပကၡျဖစ္ခဲ့အၿပီး အိႏၵိယ ပိုင္နက္အတြင္း ကြဲက်န္ရစ္ခဲ့တဲ့ တ႐ုတ္ စစ္သားေတြက လႊဲေျပာင္းေပးခဲ့တယ္လို႔လည္း ဆင္းက ေျပာဆိုခဲ့ပါတယ္။

ယခု သီတင္းပတ္အတြင္း ႏွစ္ႏိုင္ငံနယ္စပ္တြင္ျဖစ္ပြားခဲ့တဲ့ ပဋိပကၡမွာ တ႐ုတ္စစ္သား ၄၀ ထက္မနည္းေသဆုံးသြားတယ္လို႔ အိႏၵိယ အ စိုး ရ ထိပ္တန္းတာဝန္ရွိသူတစ္ဦးက ဇြန္ ၂၁ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ဟိမဝႏၲာေဒသ ဂယ္ဝန္ခ်ိဳင့္ ဝွမ္းမွာျဖစ္ပြား ခဲ့ တဲ့ ႏွစ္ႏိုင္ ငံတပ္ဖြဲ႕ဝင္ေတြအၾကား ပဋိပကၡမွာ ထိခိုက္ေသဆုံးမႈေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ဘက္က ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိပါဘူး။

အဲ့ဒီျဖစ္စဥ္မွာ အိႏၵိယတပ္ဖြဲ႕ဝင္ ၂၀ ဦးေသဆုံးၿပီး ၇၆ ဦးဒဏ္ရာရရွိခဲ့ပါတယ္။မိမိတို႔ဘက္မွာ တပ္ဖြဲ႕ဝင္ ၂၀ ဦးက်ဆုံးခဲ့ၿပီး တ႐ုတ္ဘက္မွာ ေတာ့ ဒီထက္ႏွစ္ဆက်ဆုံးခဲ့တယ္လို႔ အိႏၵိယႏိုင္ငံ လမ္းတံတားနဲ႔ ပို႔ေဆာင္ ေရး ဝန္ႀကီး ဗီေကဆင္း ကေျပာပါတယ္။ စစ္ဦးစီးခ်ဳပ္ေဟာင္း တစ္ဦးျဖစ္တဲ့ ဆင္းက သူ႔ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ ယုံၾကည္ရႏိုင္ ေလာက္ တဲ့ အေထာက္အထားမ်ိဳးေတာ့ မေဖာ္ျပခဲ့ပါဘူး။

တ႐ုတ္ဟာ ၁၉၆၂ ခုႏွစ္က အိႏၵိယနဲ႔ ျဖစ္ခဲ့တဲ့ နယ္စပ္စစ္ပြဲ အပါအဝင္ စစ္ ပြဲေတြအတြင္း ထိခိုက္ေသဆုံးမႈေတြအေပၚ သမိုင္းတေလွ်ာက္ ဘယ္တုန္းကမွ် ဝန္ခံေျပာဆိုခဲ့ျခင္း မရွိဘူးလို႔လည္း ဆင္းက ေျပာဆို ခဲ့ပါတယ္။

REF: L.K.T

UNICODE

လက်သီးစစ်ပွဲ မှာ တရုတ် စစ်သားတွေ က (၂) ဆ ကျော် ပို သေတယ် လို့ အိန္ဒိယဝန်ကြီး ထုတ်ဖော် ပြောဆိုပြီ

တရုတ်နိုင်ငံပိုင် Global Times သတင်းစာက အစောပိုင်းမှာ ပြောဆိုခဲ့ရာမှာ ယင်းဖြစ်ရပ်အတွင်း တရုတ်ဘက်မှာ ထိခိုက်သေဆုံးမှု ရှိခဲ့ တယ်လို့ ဆိုခဲ့ပေမယ့် အသေးစိတ် ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။ပဋိပက္ခဖြစ်ခဲ့အပြီး အိန္ဒိယ ပိုင်နက်အတွင်း ကွဲကျန်ရစ်ခဲ့တဲ့ တရုတ် စစ်သားတွေက လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆင်းက ပြောဆိုခဲ့ပါတယ်။

ယခု သီတင်းပတ်အတွင်း နှစ်နိုင်ငံနယ်စပ်တွင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တရုတ်စစ်သား ၄၀ ထက်မနည်းသေဆုံးသွားတယ်လို့ အိန္ဒိယ အ စိုး ရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဟိမဝန္တာဒေသ ဂယ်ဝန်ချိုင့် ဝှမ်းမှာဖြစ်ပွား ခဲ့ တဲ့ နှစ်နိုင် ငံတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။

အဲ့ဒီဖြစ်စဉ်မှာ အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။မိမိတို့ဘက်မှာ တပ်ဖွဲ့ဝင် ၂၀ ဦးကျဆုံးခဲ့ပြီး တရုတ်ဘက်မှာ တော့ ဒီထက်နှစ်ဆကျဆုံးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ လမ်းတံတားနဲ့ ပို့ဆောင် ရေး ဝန်ကြီး ဗီကေဆင်း ကပြောပါတယ်။ စစ်ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဆင်းက သူ့ပြောဆိုချက်နဲ့ ပတ်သက်လို့ ယုံကြည်ရနိုင် လောက် တဲ့ အထောက်အထားမျိုးတော့ မဖော်ပြခဲ့ပါဘူး။

တရုတ်ဟာ ၁၉၆၂ ခုနှစ်က အိန္ဒိယနဲ့ ဖြစ်ခဲ့တဲ့ နယ်စပ်စစ်ပွဲ အပါအဝင် စစ် ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတွေအပေါ် သမိုင်းတလျှောက် ဘယ်တုန်းကမျှ ဝန်ခံပြောဆိုခဲ့ခြင်း မရှိဘူးလို့လည်း ဆင်းက ပြောဆို ခဲ့ပါတယ်။

REF:   L.K.T

Add a Comment

Your email address will not be published. Required fields are marked *