သမီးအရင္းအား တ႐ုတ္မယားအျဖစ္ ေရာင္းစားသည့္ မိခင္ကို ဖမ္းဆီး

အထက္ပါအမႈကို ရဲတပ္ဖြဲ႕ က ကာယကံရွင္အမ်ိဳးသမီးအား ေမးျမန္းၿပီးေနာက္ မိခင္ျဖစ္သူအ ပါအဝင္ သုံးဦးကို ဖမ္းဆီးလိုက္ၿပီး ေထာင္ ဒဏ္တစ္သက္တစ္ကြၽန္း အထိ ခ်မွတ္ႏိုင္ေသာ လူကုန္ကူး မႈတားဆီးႏွိမ္ႏွင္းေရးဥပေဒပုဒ္မ -၂၄/၃၂ ျဖင့္ အမႈဖြင့္ထားသည္။ လူကုန္ကူးခံ ရသူအမ်ိဳးသမီး သည္ ေက်ာက္မဲၿမိဳ႕တြင္ ဖြင့္လွစ္ထားေသာ Covid-19 ေရာဂါ ေစာင့္ၾကည့္ေရးစင္တာ တြင္ ယာယီေနထိုင္ေနသည္။

တ႐ုတ္မယားအျဖစ္ ေရာင္း စားသည့္ လူကုန္ကူးမႈမ်ားအနက္ မိခင္ႏွင့္ ဖခင္ကိုယ္တိုင္ ပါဝင္ က်ဴးလြန္ေသာအမႈအခ်ိဳ႕ရွိခဲ့ၿပီး ဆင္းရဲမြဲေတ မႈႏွင့္ ပညာရည္နိမ့္ ပါးျခင္းတို႔က အဓိက အေၾကာင္း ရင္းျဖစ္ေၾကာင္း လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သုံး သပ္သည္။မိခင္ျဖစ္ သူကိုယ္တိုင္က တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခဲ့ ေသာ အသက္ (၁၆) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ တ႐ုတ္ ႏိုင္ငံတြင္ အဖမ္းခံရၿပီး ေနာက္ ျပန္လည္လြတ္ေျမာက္လာရာ ယင္းအမႈကို ရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆးေနသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္တြင္ေနထိုင္ေသာ အမ်ိဳး သမီးတစ္ဦးက ၎၏ အသက္ (၁၄)ႏွစ္အ႐ြယ္သမီးကို တ႐ုတ္ အမ်ိဳးသားတစ္ ဦးထံ လြန္ခဲ့ေသာ ၂ ႏွစ္ခန႔္က ေရာင္းစားခဲ့ျခင္းျဖစ္ ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္း မႉး ဒုတိယရဲမႉး ျမင့္ေက်ာ္က ေျပာသည္။အဆိုပါ မိန္း ကေလးသည္ တ႐ုတ္ရဲတပ္ဖြဲ႕က ယခုရက္ပိုင္းနယ္စပ္မွတစ္ဆင့္ တရားဝင္ျပန္ လႊဲေပးသူမ်ားႏွင့္အတူ ပါလာခဲ့ ရာ အဆိုပါအမႈကို ရဲတပ္ ဖြဲ႕ကစုံစမ္း ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္ သည္။

ေကာင္မေလးက အသက္ (၁၆)ႏွစ္ေလာက္ရွိၿပီ။ လူကုန္ကူး မႈမွာ ပါဝင္သူေတြကို ဖမ္းဆီးစစ္ ေဆးေနပါတယ္’’ ဟု ဒုတိယရဲမႉး ျမင့္ေက်ာ္ က ေျပာသည္။လူကုန္ကူးခံရသူ မိန္းက ေလးသည္ အသက္ (၁၄)ႏွစ္အ ႐ြယ္ကပင္ တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခံရၿပီး တ႐ုတ္ႏိုင္ငံ ရွင္းမီၿမိဳ႕တြင္ တ႐ုတ္မယားအျဖစ္ ေနထိုင္ခဲ့ရသည္။ ယင္းအမ်ိဳးသား ႏွင့္မေပါင္းသင္းလို၍ တ႐ုတ္ရဲ တပ္ဖြဲ႕ထံ တိုင္ၾကားခဲ့ရာ ခုနစ္လ ၾကာထိန္းသိမ္းခံခဲ့ရၿပီး ဇြန္လ ၂၀ ရက္တြင္ တ႐ုတ္ရဲတပ္ဖြဲ႕က ျပန္ လႊဲေပးခဲ့ျခင္းဟု လူကုန္ကူးမႈတားဆီးေရးရဲတပ္ဖြဲ႕ကေျပာသည္။

REF: 7DAY DAILY

UNICODE

သမီးအရင်းအား တရုတ်မယားအဖြစ် ရောင်းစားသည့် မိခင်ကို ဖမ်းဆီး

အထက်ပါအမှုကို ရဲတပ်ဖွဲ့ က ကာယကံရှင်အမျိုးသမီးအား မေးမြန်းပြီးနောက် မိခင်ဖြစ်သူအ ပါအဝင် သုံးဦးကို ဖမ်းဆီးလိုက်ပြီး ထောင် ဒဏ်တစ်သက်တစ်ကျွန်း အထိ ချမှတ်နိုင်သော လူကုန်ကူး မှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ -၂၄/၃၂ ဖြင့် အမှုဖွင့်ထားသည်။ လူကုန်ကူးခံ ရသူအမျိုးသမီး သည် ကျောက်မဲမြို့တွင် ဖွင့်လှစ်ထားသော Covid-19 ရောဂါ စောင့်ကြည့်ရေးစင်တာ တွင် ယာယီနေထိုင်နေသည်။

တရုတ်မယားအဖြစ် ရောင်း စားသည့် လူကုန်ကူးမှုများအနက် မိခင်နှင့် ဖခင်ကိုယ်တိုင် ပါဝင် ကျူးလွန်သောအမှုအချို့ရှိခဲ့ပြီး ဆင်းရဲမွဲတေ မှုနှင့် ပညာရည်နိမ့် ပါးခြင်းတို့က အဓိက အကြောင်း ရင်းဖြစ်ကြောင်း လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သုံး သပ်သည်။မိခင်ဖြစ် သူကိုယ်တိုင်က တရုတ်အမျိုးသားထံ ရောင်းစားခဲ့ သော အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တရုတ် နိုင်ငံတွင် အဖမ်းခံရပြီး နောက် ပြန်လည်လွတ်မြောက်လာရာ ယင်းအမှုကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေသည်။

ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်တွင်နေထိုင်သော အမျိုး သမီးတစ်ဦးက ၎င်း၏ အသက် (၁၄)နှစ်အရွယ်သမီးကို တရုတ် အမျိုးသားတစ် ဦးထံ လွန်ခဲ့သော ၂ နှစ်ခန့်က ရောင်းစားခဲ့ခြင်းဖြစ် ကြောင်း ကျောက်မဲမြို့မရဲစခန်း မှူး ဒုတိယရဲမှူး မြင့်ကျော်က ပြောသည်။အဆိုပါ မိန်း ကလေးသည် တရုတ်ရဲတပ်ဖွဲ့က ယခုရက်ပိုင်းနယ်စပ်မှတစ်ဆင့် တရားဝင်ပြန် လွှဲပေးသူများနှင့်အတူ ပါလာခဲ့ ရာ အဆိုပါအမှုကို ရဲတပ် ဖွဲ့ကစုံစမ်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ် သည်။

ကောင်မလေးက အသက် (၁၆)နှစ်လောက်ရှိပြီ။ လူကုန်ကူး မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးစစ် ဆေးနေပါတယ်’’ ဟု ဒုတိယရဲမှူး မြင့်ကျော် က ပြောသည်။လူကုန်ကူးခံရသူ မိန်းက လေးသည် အသက် (၁၄)နှစ်အ ရွယ်ကပင် တရုတ်အမျိုးသားထံ ရောင်းစားခံရပြီး တရုတ်နိုင်ငံ ရှင်းမီမြို့တွင် တရုတ်မယားအဖြစ် နေထိုင်ခဲ့ရသည်။ ယင်းအမျိုးသား နှင့်မပေါင်းသင်းလို၍ တရုတ်ရဲ တပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ခုနစ်လ ကြာထိန်းသိမ်းခံခဲ့ရပြီး ဇွန်လ ၂၀ ရက်တွင် တရုတ်ရဲတပ်ဖွဲ့က ပြန် လွှဲပေးခဲ့ခြင်းဟု လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ကပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *