အနည္းဆုံးအခေၾကးေငြ တစ္ရက္ က်ပ္ (၇,၂၀၀) သတ္မွတ္ရန္ အလုပ္သမားကိုယ္စားလွယ္ တင္ျပ

အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာအမ်ိဳးသား ေကာ္မတီသည္ တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ ေကာ္မတီမ်ားမွ တင္ျပလာသည့္ အဆိုျပဳႏႈန္းမ်ား ကို စိစစ္၍ အလုပ္ရွင္၊ အလုပ္ သမားကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ တတိယအ ႀကိမ္ေျမာက္က်င့္သုံးမည့္ အနည္း ဆုံး အခေၾကးေငြႏႈန္းထားအသစ္ ကို ေ႐ြးခ်ယ္မည္ျဖစ္သည္။

သို႔ေသာ္ အနည္းဆုံးအခ ေၾကးေငြ သတ္မွတ္ေရးဆိုင္ရာအ မ်ိဳးသားေကာ္မတီမွာ မတ္လတြင္ အစည္းအေဝး တစ္ႀကိမ္သာေခၚ ယူထားၿပီး ေနာက္ထပ္အစည္း အေဝးျပဳလုပ္ရန္ အေၾကာင္းၾကား ထားျခင္းမရွိေၾကာင္း ယင္း ေကာ္ မတီမွ အလုပ္သမားကိုယ္စား လွယ္မ်ားက ဆိုသည္။ထို႔ေၾကာင့္ ယင္းေကာ္မတီ အစည္းအေဝးကို အျမန္ဆုံးျပဳ လုပ္ရန္ႏွင့္ အနည္းဆုံးအခေၾကး ေငြႏႈန္းထားသစ္။

ျပင္ဆင္သတ္ မွတ္ေရးလုပ္ငန္းမ်ား ျမန္ျမန္ဆန္ ဆန္စတင္ရန္ အလုပ္သမားကိုယ္ စားလွယ္မ်ားက ေတာင္းဆိုထား သည္။ အနည္းဆုံး အခေၾကးေငြကို ၂ ႏွစ္လွ်င္တစ္ႀကိမ္ျပင္ဆင္သတ္ မွတ္ရမည္ဟု ဥပေဒတြင္ျပ႒ာန္း ထားသည္။ ဒုတိယအႀကိမ္ ေျမာက္က်င့္သုံးခဲ့သည့္ အနည္း ဆုံးအခေၾကးေငြႏႈန္းထားမွာ ယခု ႏွစ္ေမလ ၁၄ ရက္တြင္ ၂ ႏွစ္ျပည့္ ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီး၌ အနည္းဆုံးအခေၾကးေငြအဆိုျပဳ ႏႈန္းအျဖစ္ တစ္ရက္ က်ပ္ ၇,၂၀၀ သတ္မွတ္ရန္ တင္ျပထားေၾကာင္း တိုင္းေဒသႀကီး အနည္းဆုံးအခ ေၾကးေငြသတ္မွတ္ေရး ေကာ္မတီ မွ အလုပ္သမားကိုယ္စားလွယ္ ကိုရဲဝင္းထြန္းက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအ နည္းဆုံးအခေၾကးေငြသတ္မွတ္ ေရးေကာ္မတီက ဇြန္လ ၁၆ ရက္ တြင္ ျပဳလုပ္သည့္ အစည္းအေဝး တြင္ အလုပ္သမားမ်ား၏ေန႔စဥ္ ကုန္က်မႈစစ္တမ္း ေကာက္ယူ ထားမႈမွရရွိသည့္အခ်က္အလက္ မ်ားႏွင့္ အလုပ္ရွင္၊အလုပ္သမား ကိုယ္စားလွယ္မ်ားဘက္မွ အဆို ျပဳႏႈန္း ထားကို တင္ျပခဲ့ၾကျခင္းျဖစ္ သည္။ ‘‘

အလုပ္ရွင္ဘက္ကလည္း ႏႈန္းထားတစ္မ်ိဳးေပ့ါ။ အလုပ္သ မား ကိုယ္စားျပဳအေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔ စစ္တမ္းေတြ႕ရွိ ခ်က္အရဆိုရင္က်ပ္ ၇,၂၀၀ ျဖစ္ သင့္တယ္ဆိုၿပီးေတာ့ တင္ခဲ့ တယ္။ တင္ျပခ်က္ေတြကို တိုင္း ေဒသႀကီးအစိုးရကေန စိစစ္ၿပီး အနည္းဆုံးအခေၾကးေငြ သတ္ မွတ္ေရးဆိုင္ရာအမ်ိဳးသား ေကာ္ မတီကို ဆက္ၿပီးေပးပို႔သြားရမွာ ပါ’’ ဟု ကိုရဲဝင္းထြန္းကေျပာသည္။

အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာေကာ္မတီ သည္ အဆိုျပဳႏႈန္းသတ္မွတ္ႏိုင္ ေရးအတြက္ ယခုႏွစ္ ဇန္နဝါရီက တည္းက စက္႐ုံ၊အလုပ္႐ုံမ်ားရွိ အလုပ္သမားမ်ားသို႔ သြားေရာက္ ကာ ေန႔စဥ္ကုန္က်မႈစစ္တမ္း ေကာက္ယူခဲ့သည္။ထိုသို႔စစ္တမ္းေကာက္ယူခဲ့ ၿပီးေနာက္ COVID-19 ေၾကာင့္ တိုင္းေကာ္မတီအစည္းအေဝး ေခၚယူႏိုင္ခဲ့ျခင္းမရွိဘဲ ယခုမွ သာ အစည္းအ ေဝးျပဳလုပ္၍ အလုပ္ ရွင္၊ အလုပ္သမားမ်ားထံမွ အဆို ျပဳႏႈန္းရယူႏိုင္ခဲ့ျခင္း ျဖစ္သည္။

REF: 7 DAY DAILY

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် (၇,၂၀၀) သတ်မှတ်ရန် အလုပ်သမားကိုယ်စားလှယ် တင်ပြ

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီသည် တိုင်းဒေသကြီး နှင့်ပြည်နယ် ကော်မတီများမှ တင်ပြလာသည့် အဆိုပြုနှုန်းများ ကို စိစစ်၍ အလုပ်ရှင်၊ အလုပ် သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ တတိယအ ကြိမ်မြောက်ကျင့်သုံးမည့် အနည်း ဆုံး အခကြေးငွေနှုန်းထားအသစ် ကို ရွေးချယ်မည်ဖြစ်သည်။

သို့သော် အနည်းဆုံးအခ ကြေးငွေ သတ်မှတ်ရေးဆိုင်ရာအ မျိုးသားကော်မတီမှာ မတ်လတွင် အစည်းအဝေး တစ်ကြိမ်သာခေါ် ယူထားပြီး နောက်ထပ်အစည်း အဝေးပြုလုပ်ရန် အကြောင်းကြား ထားခြင်းမရှိကြောင်း ယင်း ကော် မတီမှ အလုပ်သမားကိုယ်စား လှယ်များက ဆိုသည်။ထို့ကြောင့် ယင်းကော်မတီ အစည်းအဝေးကို အမြန်ဆုံးပြု လုပ်ရန်နှင့် အနည်းဆုံးအခကြေး ငွေနှုန်းထားသစ်။

ပြင်ဆင်သတ် မှတ်ရေးလုပ်ငန်းများ မြန်မြန်ဆန် ဆန်စတင်ရန် အလုပ်သမားကိုယ် စားလှယ်များက တောင်းဆိုထား သည်။ အနည်းဆုံး အခကြေးငွေကို ၂ နှစ်လျှင်တစ်ကြိမ်ပြင်ဆင်သတ် မှတ်ရမည်ဟု ဥပဒေတွင်ပြဋ္ဌာန်း ထားသည်။ ဒုတိယအကြိမ် မြောက်ကျင့်သုံးခဲ့သည့် အနည်း ဆုံးအခကြေးငွေနှုန်းထားမှာ ယခု နှစ်မေလ ၁၄ ရက်တွင် ၂ နှစ်ပြည့် ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ အနည်းဆုံးအခကြေးငွေအဆိုပြု နှုန်းအဖြစ် တစ်ရက် ကျပ် ၇,၂၀၀ သတ်မှတ်ရန် တင်ပြထားကြောင်း တိုင်းဒေသကြီး အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေး ကော်မတီ မှ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ နည်းဆုံးအခကြေးငွေသတ်မှတ် ရေးကော်မတီက ဇွန်လ ၁၆ ရက် တွင် ပြုလုပ်သည့် အစည်းအဝေး တွင် အလုပ်သမားများ၏နေ့စဉ် ကုန်ကျမှုစစ်တမ်း ကောက်ယူ ထားမှုမှရရှိသည့်အချက်အလက် များနှင့် အလုပ်ရှင်၊အလုပ်သမား ကိုယ်စားလှယ်များဘက်မှ အဆို ပြုနှုန်း ထားကို တင်ပြခဲ့ကြခြင်းဖြစ် သည်။ ‘‘

အလုပ်ရှင်ဘက်ကလည်း နှုန်းထားတစ်မျိုးပေ့ါ။ အလုပ်သ မား ကိုယ်စားပြုအနေနဲ့ကတော့ ကျွန်တော်တို့ စစ်တမ်းတွေ့ရှိ ချက်အရဆိုရင်ကျပ် ၇,၂၀၀ ဖြစ် သင့်တယ်ဆိုပြီးတော့ တင်ခဲ့ တယ်။ တင်ပြချက်တွေကို တိုင်း ဒေသကြီးအစိုးရကနေ စိစစ်ပြီး အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေးဆိုင်ရာအမျိုးသား ကော် မတီကို ဆက်ပြီးပေးပို့သွားရမှာ ပါ’’ ဟု ကိုရဲဝင်းထွန်းကပြောသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ သည် အဆိုပြုနှုန်းသတ်မှတ်နိုင် ရေးအတွက် ယခုနှစ် ဇန်နဝါရီက တည်းက စက်ရုံ၊အလုပ်ရုံများရှိ အလုပ်သမားများသို့ သွားရောက် ကာ နေ့စဉ်ကုန်ကျမှုစစ်တမ်း ကောက်ယူခဲ့သည်။ထိုသို့စစ်တမ်းကောက်ယူခဲ့ ပြီးနောက် COVID-19 ကြောင့် တိုင်းကော်မတီအစည်းအဝေး ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ယခုမှ သာ အစည်းအ ဝေးပြုလုပ်၍ အလုပ် ရှင်၊ အလုပ်သမားများထံမှ အဆို ပြုနှုန်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

REF:    7  DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *