အိမ္ သာ မွ တဆင့္ ကို႐ို နာဗိုင္းရ ပ္စ္ ပိုမို ကူး စက္ ပ်ံ႕ႏွံ႔ႏို င္ ၍ အထူးသတိျပဳရန္ လိုေၾကာင္း ပညာ ရွင္မ်ား ေျပာ

အရင္ကို႐ိုနာဗိုင္းရပ္ အမ်ိဳးအစားေတြဟာ မစင္ကေန အသက္ရႉ လမ္းေၾကာင္းထိ ဝင္ေရာက္ကူးစက္ႏိုင္ေၾကာင္း ၂၀၀၃ ခုႏွစ္ SARSေရာ ဂါျဖစ္ပြားစဥ္ ေဟာင္ေကာင္က လူေနအေဆာက္အအုံတစ္ခုမွာ ေတြ႕ႀကဳံခဲ့ၿပီး ျဖစ္ပါတယ္။ အခု ကိုဗစ္−၁၉ နဲ႔ ပတ္သက္ၿပီး အိမ္သာက ေရ စက္ေရမႈန္ေတြကတစ္ဆင့္ ကူးစက္ႏိုင္ျခင္းရွိမရွိ လက္ေတြ႕ ေလ့လာမႈေတြ ျပဳလုပ္ဖို႔လိုေနေသးေပမယ့္ သုေတသနတစ္ခုကေတာ့ တ႐ုတ္ ျပည္ ဝူဟန္က ေဆး႐ုံတစ္႐ုံရဲ႕ စုေပါင္းအိမ္သာမွာ ဗိုင္းရပ္စ္ရဲ႕ အာအန္ေအကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ သုေတသီေတြဟာ ေရစက္ေရမႈန္မွာပါဝင္တဲ့ ဗိုင္းရပ္စ္ဟာ ဘယ္ေလာက္ ကူးစက္ႏိုင္ေျခရွိတယ္ဆိုတာ မေျပာႏိုင္ေသးသလို ေရာ ဂါျပင္းသူက ေရာဂါေပ်ာ့သူထက္ ဗိုင္းရပ္စ္ပိုး ပိုထြက္သလားဆိုတာလည္း မေျပာႏိုင္ပါဘူး။ကို႐ို နာဗိုင္းရပ္စ္ ကူးစက္ႏိုင္တဲ့ နည္းလမ္းေတြ အနက္ ေနာက္ဆုံးတစ္ခုက အိမ္သာေတြမွတစ္ဆင့္ျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိမႈအသစ္တစ္ရပ္ကို ကိုးကားၿပီး ဒီေန႔ထုတ္ နယူးေယာက္ တိုင္းမ္သတင္းစာမွာ ေရးသားေဖာ္ျပထားပါတယ္။

ဗိုင္းရပ္စ္မကူးစက္ေအာင္ မိမိကိုယ္ကိုယ္ ကာကြယ္လိုသူေတြအတြက္ သတိျပဳ လိုက္နာစရာ ေနာက္တစ္ခ်က္ထပ္တိုးလာတဲ့သေဘာ ျဖစ္ ပါတယ္။အိမ္သာတက္ၿပီး ေရဆြဲခ်လိုက္တဲ့အခါ ကေတာ့ထိုးၿပီး ေမႊ႕လိုက္တဲ့ ေရအရွိန္ေၾကာင့္ ေရမႈန္ေရမႊားေလးေတြဟာ အိမ္သာအိုးက ေန သုံးေပေလာက္အျမင့္အထိ လႊင့္ပ်ံတက္လာႏိုင္ေၾကာင္း သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့တယ္လို႔ သတင္းစာက ဆိုပါတယ္။ ဒီေရမႈန္ေရ မႊားေလးေတြဟာ ေလထဲမွာ လြင့္ေမ်ာတည္ရွိေနပါတယ္။

အိမ္သာကို အသုံးျပဳမယ့္ ေနာက္တစ္ဦးဝင္ေရာက္လာခ်ိန္မွာ ရႉရႈိက္မိႏိုင္သလို အိမ္သာခန္းထဲက မ်က္ႏွာျပင္ေတြေပၚကို က်ေရာက္သြား ႏိုင္တာလည္း ျဖစ္ပါတယ္။ဒီလိုပ်ံ႕လြင့္ေနတဲ့ အမႈန္အမႊားေလးေတြဟာ ပတ္ဝန္းက်င္ေလထုထဲမွာ ရွိေနၿပီးျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ ကိုသာမက ေရာဂါရွိသူစြန႔္သြားတဲ့ မစင္ထဲမွာရွိတဲ့ ေရာဂါပိုးေတြကိုလည္း သယ္ေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ကြန္ပ်ဴတာနဲ႔ တုပပုံေဖာ္လုပ္ ေဆာင္ခ်က္ေတြက ျပသေနေၾကာင္း အရည္မ်ား၏ ႐ူပေဗဒ” အမည္ရွိ သိပၸံဂ်ာနယ္မွာ ေဖာ္ျပထားတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္မို႔ ကို႐ိုနာဗိုင္းရပ္စ္ဟာ အသက္ရႉလမ္းေၾကာင္းက ထြက္လာတဲ့ ေရမႈန္ေရစက္ေလးေတြက တစ္ဆင့္သာမက ပိုးပါဝင္တဲ့ မစင္ ကတစ္ဆင့္လည္း ကူးစက္ႏိုင္ေၾကာင္း မူလယူဆထားခ်က္ေတြကို ပိုမိုခိုင္မာလာေစတာ ျဖစ္ပါတယ္။သာမန္အားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ဟာ အဆုတ္နဲ႔ အသက္ရႉလမ္းေၾကာင္း အထက္ပိုင္းက ဆဲလ္ေတြအတြင္းမွာသာ အေကာင္းဆုံး ရွင္သန္ၾကတာျဖစ္ေပမယ့္ ေလ့လာမႈေတြအရ အူသိမ္ေတြအတြင္းက ဆဲလ္အာ႐ုံခံအဂၤါေတြမွာလည္း ကပ္ၿငိေနႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေရာဂါပိုးကူးစက္ခံရသူေတြဟာ အျခားလကၡဏာေတြအျပင္ ဝမ္းပ်က္တာ၊ ပ်ိဳ႕တာ၊ အန္တာေတြလည္း ခံစားၾကရ ေၾကာင္း ေဆးမွတ္တမ္းေတြက ေဖာ္ျပေနပါတယ္။သုေတသီေတြဟာ လူနာေတြရဲ႕ မစင္မွာ ဗိုင္းရပ္စ္ ေတြ႕ရွိခဲ့သလို ေဆး႐ုံရဲ႕ သီး သန႔္ လူနာေဆာင္ က အိမ္သာအိုးနဲ႔ လက္ေဆးကန္ေတြမွာလည္း ဗိုင္းရပ္စ္ရဲ႕ အာအန္ေအ အစအနေတြကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဓာတ္ခြဲစမ္း သပ္မႈေတြအရ ဒီအစအနေတြဟာ လူနာေခ်ာင္းဆိုးလို႔ ထြက္လာတဲ့ ဗိုင္းရပ္စ္ပိုးေတြေလာက္ေတာ့ ကူးစက္ႏိုင္ေျခမျမင့္မားပါဘူး။

အိမ္သာေရဆြဲခ်တဲ့စနစ္ အလုပ္လုပ္ပုံကို ကြန္ပ်ဴတာနဲ႔ တုပပုံေဖာ္ၾကည့္မႈအရ ေရဟာ အိမ္သာအိုး အတြင္းကို ဝင္ေရာက္သြားတဲ့အခါ ဝဲကေတာ့တစ္ခုကို ျဖစ္ေပၚေစၿပီး အဲသည္ဝဲကေတာ့က အိမ္သာအိုးထဲက ေလထုကို တြန္းထုတ္ဖယ္ရွားလိုက္ပါတယ္။ အေပၚကို ေဝ့ဝိုက္ တက္လာတဲ့ ဝဲကေတာ့နဲ႔ ျဖစ္ေပၚလာတဲ့ ဗဟိုခြာအားတို႔ေၾကာင့္ အလြန္ေသးငယ္တဲ့ ေရမႈန္ေရစက္ ၆၀၀၀ ခန႔္ဟာ ေလထုထဲကို တြန္း ထုတ္ျခင္းခံလိုက္ပါတယ္။ ေရတစ္ႀကိမ္ဆြဲခ်ျခင္းျဖင့္ ေရမႈန္ေရစက္ေတြရဲ႕ ၄၀% မွ ၆၀% အထိကို ထိုင္ခုံအထက္သို႔ လြင့္ပ်ံ သြားပါတယ္။

ျပႆနာက အိမ္သာေတြကို အၿမဲမျပတ္ ပိုးသတ္ေနဖို႔ မျဖစ္ႏိုင္သလို ေနအိမ္နဲ႔ အေဆာက္ အအုံေတြမွာ အသြားအလာကန႔္သတ္ ေစာင့္ ၾကည့္ခံေနသူေတြအဖို႔ အိမ္သာတစ္လုံးတည္းကို မွ်ေဝသုံးရတာကိုလည္း ေရွာင္လႊဲလို႔ရမွာ မဟုတ္ပါဘူး။ ကမာၻတစ္ဝန္းက ၿမိဳ႕ႀကီးေတြမွာ လုပ္ငန္းေတြကို ျပန္လည္ဖြင့္လွစ္လာၾကတာနဲ႔အမွ် လူေတြဟာ အမ်ားသုံး အိမ္သာ၊ စုေပါင္းအိမ္သာေတြကို ပိုမိုသုံးစြဲလာရမွာ ျဖစ္ပါ တယ္။အိမ္သာေတြဟာ အမ်ားအားျဖင့္ ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းက်ဥ္းေတြျဖစ္တဲ့အတြက္။

ဗိုင္းရပ္စ္ပါဝင္တဲ့ ေရစက္ေရမႈန္ေလးေတြဟာ ေလထုထဲမွာ ဆက္လက္တည္ရွိေနႏိုင္ၿပီး ေရာဂါကူးစက္ႏိုင္ေျခ ပိုမိုျမင့္မားေစႏိုင္ပါတယ္။ ဒါ့အျပင္ အသုံးျပဳသူေတြ အထိအေတြ႕မ်ားတဲ့ တံခါးလက္ကိုင္၊ ဘုံပိုင္ေခါင္း၊ ေရဆြဲခလုပ္ စတဲ့မ်က္ႏွာျပင္ေတြကတစ္ဆင့္ ကူးစက္ႏိုင္ေျခ ကိုလည္း သတိျပဳရမွာ ျဖစ္ပါတယ္။ဒါေပမဲ့ ဝမ္းသာစရာတစ္ခုက အိမ္သာက လြင့္ပ်ံလာတဲ့ ေရစက္ေရမႈန္ေတြ ကတဆင့္ ေရာဂါမကူးစက္ ေအာင္ အလြယ္တကူကာကြယ္ႏိုင္တဲ့ နည္းလမ္းရွိေနျခင္းပါ။

အဲသည္နည္းကေတာ့ အိမ္သာသုံးၿပီးရင္ အိမ္သာအိုးရဲ႕အဖုံးကို ပိတ္ထားၿပီးမွ ေရဆြဲခ်ဖို႔ ျဖစ္ပါတယ္။ဒါေပမဲ့ အဖုံးမပါတဲ့ အိမ္သာခြက္ျဖစ္ ေနတာ၊ အလိုအေလ်ာက္ ေရဆြဲခ်တဲ့စနစ္ ျဖစ္ေနတာ၊ ကိုယ့္ေရွ႕ကအသုံးျပဳသူက အဖုံးမပိတ္ဘဲ ေရဆြဲသြားတာမ်ိဳးေတြ ျဖစ္ႏိုင္ေနေသး တဲ့အတြက္ စိတ္အခ်ရဆုံး အကာအကြယ္ကေတာ့ အမ်ားသုံးအိမ္သာ၊ စုေပါင္းအိမ္သာ အသုံးျပဳမယ္ဆိုရင္ အိမ္သာထဲမဝင္မီ ႏွာေခါင္း စည္းတပ္ထားဖို႔နဲ႔ လက္ကို မၾကာခဏ နဲ႔ စနစ္တက် ေဆးေၾကာဖို႔ျဖစ္ေၾကာင္း ေရးသားထားတာကို မွ်ေဝလိုက္ရပါတယ္။

Aung Myint Tun

UNICODE

အိမ် သာ မှ တဆင့် ကိုရို နာဗိုင်းရ ပ်စ် ပိုမို ကူး စက် ပျံ့နှံ့နို င် ၍ အထူးသတိပြုရန် လိုကြောင်း ပညာ ရှင်များ ပြော

အရင်ကိုရိုနာဗိုင်းရပ် အမျိုးအစားတွေဟာ မစင်ကနေ အသက်ရှူ လမ်းကြောင်းထိ ဝင်ရောက်ကူးစက်နိုင်ကြောင်း ၂၀၀၃ ခုနှစ် SARSရော ဂါဖြစ်ပွားစဉ် ဟောင်ကောင်က လူနေအဆောက်အအုံတစ်ခုမှာ တွေ့ကြုံခဲ့ပြီး ဖြစ်ပါတယ်။ အခု ကိုဗစ်−၁၉ နဲ့ ပတ်သက်ပြီး အိမ်သာက ရေ စက်ရေမှုန်တွေကတစ်ဆင့် ကူးစက်နိုင်ခြင်းရှိမရှိ လက်တွေ့ လေ့လာမှုတွေ ပြုလုပ်ဖို့လိုနေသေးပေမယ့် သုတေသနတစ်ခုကတော့ တရုတ် ပြည် ဝူဟန်က ဆေးရုံတစ်ရုံရဲ့ စုပေါင်းအိမ်သာမှာ ဗိုင်းရပ်စ်ရဲ့ အာအန်အေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုတေသီတွေဟာ ရေစက်ရေမှုန်မှာပါဝင်တဲ့ ဗိုင်းရပ်စ်ဟာ ဘယ်လောက် ကူးစက်နိုင်ခြေရှိတယ်ဆိုတာ မပြောနိုင်သေးသလို ရော ဂါပြင်းသူက ရောဂါပျော့သူထက် ဗိုင်းရပ်စ်ပိုး ပိုထွက်သလားဆိုတာလည်း မပြောနိုင်ပါဘူး။ကိုရို နာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ နည်းလမ်းတွေ အနက် နောက်ဆုံးတစ်ခုက အိမ်သာတွေမှတစ်ဆင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်ကို ကိုးကားပြီး ဒီနေ့ထုတ် နယူးယောက် တိုင်းမ်သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်မကူးစက်အောင် မိမိကိုယ်ကိုယ် ကာကွယ်လိုသူတွေအတွက် သတိပြု လိုက်နာစရာ နောက်တစ်ချက်ထပ်တိုးလာတဲ့သဘော ဖြစ် ပါတယ်။အိမ်သာတက်ပြီး ရေဆွဲချလိုက်တဲ့အခါ ကတော့ထိုးပြီး မွှေ့လိုက်တဲ့ ရေအရှိန်ကြောင့် ရေမှုန်ရေမွှားလေးတွေဟာ အိမ်သာအိုးက နေ သုံးပေလောက်အမြင့်အထိ လွှင့်ပျံတက်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။ ဒီရေမှုန်ရေ မွှားလေးတွေဟာ လေထဲမှာ လွင့်မျောတည်ရှိနေပါတယ်။

အိမ်သာကို အသုံးပြုမယ့် နောက်တစ်ဦးဝင်ရောက်လာချိန်မှာ ရှူရှိုက်မိနိုင်သလို အိမ်သာခန်းထဲက မျက်နှာပြင်တွေပေါ်ကို ကျရောက်သွား နိုင်တာလည်း ဖြစ်ပါတယ်။ဒီလိုပျံ့လွင့်နေတဲ့ အမှုန်အမွှားလေးတွေဟာ ပတ်ဝန်းကျင်လေထုထဲမှာ ရှိနေပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ ကိုသာမက ရောဂါရှိသူစွန့်သွားတဲ့ မစင်ထဲမှာရှိတဲ့ ရောဂါပိုးတွေကိုလည်း သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကွန်ပျူတာနဲ့ တုပပုံဖော်လုပ် ဆောင်ချက်တွေက ပြသနေကြောင်း အရည်များ၏ ရူပဗေဒ” အမည်ရှိ သိပ္ပံဂျာနယ်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ ရေမှုန်ရေစက်လေးတွေက တစ်ဆင့်သာမက ပိုးပါဝင်တဲ့ မစင် ကတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း မူလယူဆထားချက်တွေကို ပိုမိုခိုင်မာလာစေတာ ဖြစ်ပါတယ်။သာမန်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းက ဆဲလ်တွေအတွင်းမှာသာ အကောင်းဆုံး ရှင်သန်ကြတာဖြစ်ပေမယ့် လေ့လာမှုတွေအရ အူသိမ်တွေအတွင်းက ဆဲလ်အာရုံခံအင်္ဂါတွေမှာလည်း ကပ်ငြိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရောဂါပိုးကူးစက်ခံရသူတွေဟာ အခြားလက္ခဏာတွေအပြင် ဝမ်းပျက်တာ၊ ပျို့တာ၊ အန်တာတွေလည်း ခံစားကြရ ကြောင်း ဆေးမှတ်တမ်းတွေက ဖော်ပြနေပါတယ်။သုတေသီတွေဟာ လူနာတွေရဲ့ မစင်မှာ ဗိုင်းရပ်စ် တွေ့ရှိခဲ့သလို ဆေးရုံရဲ့ သီး သန့် လူနာဆောင် က အိမ်သာအိုးနဲ့ လက်ဆေးကန်တွေမှာလည်း ဗိုင်းရပ်စ်ရဲ့ အာအန်အေ အစအနတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲစမ်း သပ်မှုတွေအရ ဒီအစအနတွေဟာ လူနာချောင်းဆိုးလို့ ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေလောက်တော့ ကူးစက်နိုင်ခြေမမြင့်မားပါဘူး။

အိမ်သာရေဆွဲချတဲ့စနစ် အလုပ်လုပ်ပုံကို ကွန်ပျူတာနဲ့ တုပပုံဖော်ကြည့်မှုအရ ရေဟာ အိမ်သာအိုး အတွင်းကို ဝင်ရောက်သွားတဲ့အခါ ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီး အဲသည်ဝဲကတော့က အိမ်သာအိုးထဲက လေထုကို တွန်းထုတ်ဖယ်ရှားလိုက်ပါတယ်။ အပေါ်ကို ဝေ့ဝိုက် တက်လာတဲ့ ဝဲကတော့နဲ့ ဖြစ်ပေါ်လာတဲ့ ဗဟိုခွာအားတို့ကြောင့် အလွန်သေးငယ်တဲ့ ရေမှုန်ရေစက် ၆၀၀၀ ခန့်ဟာ လေထုထဲကို တွန်း ထုတ်ခြင်းခံလိုက်ပါတယ်။ ရေတစ်ကြိမ်ဆွဲချခြင်းဖြင့် ရေမှုန်ရေစက်တွေရဲ့ ၄၀% မှ ၆၀% အထိကို ထိုင်ခုံအထက်သို့ လွင့်ပျံ သွားပါတယ်။

ပြဿနာက အိမ်သာတွေကို အမြဲမပြတ် ပိုးသတ်နေဖို့ မဖြစ်နိုင်သလို နေအိမ်နဲ့ အဆောက် အအုံတွေမှာ အသွားအလာကန့်သတ် စောင့် ကြည့်ခံနေသူတွေအဖို့ အိမ်သာတစ်လုံးတည်းကို မျှဝေသုံးရတာကိုလည်း ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေမှာ လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်လာကြတာနဲ့အမျှ လူတွေဟာ အများသုံး အိမ်သာ၊ စုပေါင်းအိမ်သာတွေကို ပိုမိုသုံးစွဲလာရမှာ ဖြစ်ပါ တယ်။အိမ်သာတွေဟာ အများအားဖြင့် လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းတွေဖြစ်တဲ့အတွက်။

ဗိုင်းရပ်စ်ပါဝင်တဲ့ ရေစက်ရေမှုန်လေးတွေဟာ လေထုထဲမှာ ဆက်လက်တည်ရှိနေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ အထိအတွေ့များတဲ့ တံခါးလက်ကိုင်၊ ဘုံပိုင်ခေါင်း၊ ရေဆွဲခလုပ် စတဲ့မျက်နှာပြင်တွေကတစ်ဆင့် ကူးစက်နိုင်ခြေ ကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းသာစရာတစ်ခုက အိမ်သာက လွင့်ပျံလာတဲ့ ရေစက်ရေမှုန်တွေ ကတဆင့် ရောဂါမကူးစက် အောင် အလွယ်တကူကာကွယ်နိုင်တဲ့ နည်းလမ်းရှိနေခြင်းပါ။

အဲသည်နည်းကတော့ အိမ်သာသုံးပြီးရင် အိမ်သာအိုးရဲ့အဖုံးကို ပိတ်ထားပြီးမှ ရေဆွဲချဖို့ ဖြစ်ပါတယ်။ဒါပေမဲ့ အဖုံးမပါတဲ့ အိမ်သာခွက်ဖြစ် နေတာ၊ အလိုအလျောက် ရေဆွဲချတဲ့စနစ် ဖြစ်နေတာ၊ ကိုယ့်ရှေ့ကအသုံးပြုသူက အဖုံးမပိတ်ဘဲ ရေဆွဲသွားတာမျိုးတွေ ဖြစ်နိုင်နေသေး တဲ့အတွက် စိတ်အချရဆုံး အကာအကွယ်ကတော့ အများသုံးအိမ်သာ၊ စုပေါင်းအိမ်သာ အသုံးပြုမယ်ဆိုရင် အိမ်သာထဲမဝင်မီ နှာခေါင်း စည်းတပ်ထားဖို့နဲ့ လက်ကို မကြာခဏ နဲ့ စနစ်တကျ ဆေးကြောဖို့ဖြစ်ကြောင်း ရေးသားထားတာကို မျှဝေလိုက်ရပါတယ်။

Aung Myint Tun

Add a Comment

Your email address will not be published. Required fields are marked *