ေငြစကၠဴ မ်ားတြင္ ဗိုလ္ခ်ဳပ္ပုံ အျပင္ တိုင္းရင္းသား ေခါင္းေဆာင္မ်ား ႏွင့္ ျပည္ေထာင္စု ကိုယ္စားျပဳမ်ား ထည့္သြင္းရန္ KNC ထုတ္ျပန္

ျပည္ေထာင္စုသားအခ်င္းခ်က္း အတူတကြ ေအးအတူ ပူအမွ် ေနထိုင္လာခဲ့သည္ဆိုလွ်င္အဘယ္ေၾကာင့္ ျပည္နယ္ေန က်န္လူမ်ိဳးရစု၏ အမ်ိဳးသားေခါင္ူေဆာင္မ်ားႏွင့္ အမ်ိဳးသားလကၡဏာမ်ား . ယဥ္ေက်းမႈ ပုံရိပ္မ်ား မထည့္ရသနည္းအလြန္ေမးခ်င္စရာ ေကာင္းေသာ ေမးခြန္းပင္ျဖစ္ေၾကာင္း KNC က ေမးခြန္းထုတ္ထားသည္။ ဒုတိယအခ်က္ အေနျဖင့္ ႏိုင္ငံေရးရႈေထာင့္မွၾကည့္လွ်င္ ပို၍ ဆိုးဝါးေၾကာင္း၊ ေငြစကၠဴ မ်ား၏ ေက်ာဘက္ စာမ်က္ႏွာတြင္၁၉၄၄ ခုႏွစ္ကတည္းက သုံးႏႈန္းေရးသားခဲ့ေသာ ” ျပည္ေထာင္စုျမန္မာႏိုင္ငံ ဗဟိုဘဏ္။

ဆိုေသာစကားရပ္အစား၁၉၉၀ ျပည့္ႏွစ္ စစ္အစိုးရလက္ထက္မွ စ၍ ျပည္ေထာင္စု ဆိုေသာစကားလုံးကို ေျပာင္ေျပာင္တင္းတင္း ျဖဳတ္ ပစ္ၿပီး ” ျမန္မာႏိုင္ငံ ေတာ္ ဗဟိုဘဏ္ ” ဟု ေျပာင္းလဲ႐ိုက္ႏွိပ္ခဲ့ၿပီး ျပည္ေထာင္ စုသေဘာကို ေဖ်ာက္ဖ်က္လိုေသာ ပုံသ႑န္ ျပဳလုပ္ခဲ့ ေၾကာင္း ၊ ထူးျခားသည္မွာစစ္အစိုးရျဖစ္၍ Defacto Government ျဖစ္၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေသာ္လည္း ဒီမိုကေရစီ အစိုးရႏွင့္ ဒီမိုက ေရစီ ဖက္ဒရယ္စနစ္ကို ထူေထာင္သြားမည္ဟု ကတိေပးထားသည့္ NLD အစိုးရကိုယ္တိုင္

၎လက္ထက္တြင္ ထုတ္ေဝသည့္ က်ပ္ ၁၀၀၀ တန္ ( ၂၀၂၀ ျပည္ႏွစ္ ဇန္နဝါရီလ ၄ရက္ေန႔ထုတ္ ) ႏွင့္ ဇူလိုင္လ ၂၀၂၀ ျပည့္ႏွစ္တြင္ ထုတ္ေဝမည့္ က်ပ္၅၀၀ တန္တို႔တြင္လည္း စစ္အစိုးရ၏ အသုံးအႏႈန္း ” ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ” ဟုသာ ဆက္လက္ သုံးစြဲ ထားသည္ ကို အံ့အားသင့္ဖြယ္ ေတြ႕ရွိရေၾကာင္း သုံးသပ္တင္ျပထားသည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သုံးစြဲ ရမည္ကို မည္သည့္အ တြက္ ေၾကာင့္ မသုံးစြဲသနည္းဟုလည္း ေကာင္း၊၂၀၀၈ အေျခခံဥပေဒ ၏ ႏိုင္ငံေတာ္အေျခခံမူအခန္း၁ ပုဒ္မ ၂တြင္။

ျပည္ေထာင္စုသမၼတ ျမန္မာ ႏိုင္ငံေတာ္ဟု ေခၚတြင္ရမည္ဟု ျပဌါန္းခ်က္ႏွင့္ ဆန႔္က်င္ေနသလားဟုလည္းေကာင္း ေမးခြန္း ထုတ္လိုက္ သည္။ KNC ၏ အႀကံျပဳခ်က္တြင္ ေဖာ္ျပပါ အႀကံျ့ပုခ်က္ ၂ ခ်က္အျပင္ အျခားျပည္နယ္၆ျပည္နယ္မွ လူမ်ိဳးစုမ်ားလည္း မိမိတို႔ျပည္ ေထာင္စုအတြင္း လွည္လည္သုံးစြဲေနေသာ ေငြေၾကး၏ ဝိေသသန ပုံရိပ္သည္ အားလုံးႏွင့္ သက္ဆိုင္ပါေသာေၾကာင့္ အထူးဂ႐ုျပဳ စဥ္းစား သင့္ေၾကာင္း ၊ KNC ၏ တိုက္တြန္းခ်က္မ်ားကိုလည္း ျပည္ေထာင္စုအေရး၊ ဒီမိုကေရစီ အႏွစ္သာရျပည့္ဝေရး၊

ဖက္ဒရယ္တည္ေဆာက္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးက႑မ်ား အတြက္အထူးျပန္လည္သုံးသပ္သင့္ေၾကာင္းလည္း ေဖာ္ျပ တိုက္ တြန္းထားသည္။ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီKNC က ေငြစကၠဴမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ အျပင္တိုင္းရင္းသားေခါင္းေဆာင္မ်ား ႏွင့္ ျပည္ေထာင္စု ကိုယ္စားျပဳ သေကၤတမ်ား ထည့္သြင္းရန္အတြက္ အႀကံျပဳထုတ္ျပန္ေတာင္းဆိုလိုက္သည္။ဇြန္လ ၂၂ ရက္ေန႔ လူမႈကြန္ ရက္တြင္ တရားဝင္ ထုတ္ျပန္ ေသာ KNC ၏ ေတာင္းဆိုခ်က္တြင္ျမန္မာႏိုင္ငံ ဗဟိုဘဏ္ ဒုဥကၠဌျဖစ္သူ ဦးစိုးမင္းက

ျမန္မာႏိုင္ငံ တြင္ လည့္ပတ္ သုံးစြဲ ေနေသာ ေငြစကၠဴ အမ်ိဳးအစား ၁၄ မ်ိဳးလုံးတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားအား လာမည့္ႏွစ္မ်ားအတြင္း႐ိုက္ႏွိပ္ထုတ္ ေဝသြားေတာ့မည္ျဖစ္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၁၆ ရက္ေန႔တြင္ ေျပာဆိုခဲ့ေၾကာင္း၊ ၂၀၁၅ အ စိုးလက္ ထက္တြင္ျမန္မာေငြစကၠဴမ်ား႐ိုက္ႏွိပ္သုံးစြဲရာတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားႏွင့္ ထုတ္ေဝသုံးစြဲရန္ ႀကိဳး ပမ္းမႈ ရွိခဲ့ရာ ၂၀၂၀ ျပည့္ႏွစ္ ဇႏၷဝါရီ လ ၄ရက္ေန႔တြင္ ထုတ္ေဝသည့္ က်ပ္၁၀၀၀ တန္ေငြစကၠဴ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ဇူလိုင္လတြင္။

ထုတ္ေဝမည့္ က်ပ္၅၀၀တန္ေငြစကၠဴမ်ားအျဖစ္ ရွိလာမည္ ျဖစ္ေၾကာင္း၊အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားျဖင့္ ႐ိုက္ႏွိပ္ ထုတ္ေဝမည့္ ကိစၥသည္ ျဖစ္သင့္ေသာကိစၥျဖစ္သျဖင့္ ႀကိဳဆို ေၾကာင္း ေဖာ္ျပထားသည္။KNC ေထာက္ျပရာတြင္ စဥ္းစားသင့္သည့္အခ်က္ ၂ရပ္ ေထာက္ျပလိုက္ၿပီး ပထမအခ်က္အေနျဖင့္ ေငြ စကၠဴ၏ အဓိက မ်က္ႏွာစာတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံ တစ္ခုတည္း ေငြစကၠဴ အမ်ိဳးအစား ၁၄မ်ိဳးလုံးတြင္ သုံးေတာ့မည္ေလာ၊

ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ ေနထိုင္ေသာ လူမ်ိဳးစုႀကီး ၈စု ျဖစ္ေသာ ကခ်င္၊ ကယား ၊ကရင္ ၊ခ်င္း၊ မြန္၊ ရခိုင္၊ ဗမာ၊ ရွမ္း တို႔ ၏ ထင္ရွား ေက်ာ္ၾကားေသာ ႏိုင္ငံေရးေခါင္းေဆာင္မ်ား မထည့္ေတာ့ၿပီေလာ ဟု ေမးခြန္းထုတ္လိုက္သည္။ ျမန္မာေငြစကၠဴ ႐ိုက္ႏွိပ္ထုတ္ေဝသည့္ သမိုင္းကို ျပန္ၾကည့္လွ်င္ ဗမာ့ယဥ္ေက်းမႈအမ်ိဳးသားလကၡဏာ မ်ားသာ ဥပမာအားျဖင့္ –၁၉၄၄- ၁၉၄၅ ကာလ မ်ားတြင္ ေဒါင္း႐ုပ္ပုံႏွင့္ မႏၲေလး နန္းေတာ္ပုံ၊ ၁၉၆၅- ၁၉၇၁ ကာလအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားႏွင့္ အင္းေလးကန္ , လယ္သမားႏွင့္ႏြား ,

မိန္းမပ်ိဳေလး ရက္ကန္း ရက္ေနပုံ, လယ္ထြန္စက္ပုံ ၊ ၁၉၇၂ – ၁၉၈၇ ကာလအတြက္ မ်က္ႏွာစာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း , သခင္ဖိုးလွ ႀကီး , ဆရာစံ ၊ေနာက္ေက်ာစာမ်က္ႏွာမ်ားတြင္ ပ ၪၥ႐ူပ႐ုပ္ , နတ္သား႐ုပ္ ,ေရနံေျမ လုပ္သား႐ုပ္, ေလာက နတ္႐ုပ္ , လယ္သမားနဲ႔ ႏြား လွည္း , ေစာင္းေကာက္ ပုံ၊ ၁၉၈၉ – ၂၀၂၀ ကာလမ်ား တြင္ မ်က္ႏွာစာမ်ားတြင္ ကနဦးပိုင္းကာလေငြစကၠဴ အေသးမ်ားတြင္ ေစာင္း ေကာက္ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေနာက္ပိုင္းကာလေငြ စကၠဴ အႀကီးမ်ား၅၀၀၀တန္ကို ဆင္႐ုပ္ႏွင့္ ၁၉၉၀ ေနာက္ပိုင္းတြင္။

ေငြစကၠဴ အမ်ိဳးအစား ၁၀၀၀ က်ပ္အထိ ျခေသၤ့ ႐ုပ္မ်ားျဖင့္ လဲလွယ္ေဖၚျပခဲ့ေၾကာင္း၊ က်ပ္ ၁၀၀၀၀ တန္ကိုမူ ျမန္မာႏိုင္ငံ တံဆိပ္ျဖင့္ ႐ိုက္ ႏွိပ္ခဲ့ေၾကာင္း၊ ေနာက္ေက်ာစာမ်က္ႏွာမ်ားတြင္မူကရဝိတ္ပုံ , ျခင္းခတ္ေနပုံ , ကန္ေတာ္ႀကီးတြင္ ေလွေလွာ္ေနပုံ , ျပည္သူ႔ဥယ်ာဥ္ႏွင့္ ဆင္ ေရပန္းပုံ ,ျမန္မာ့ယြန္းအစ္ပုံ , သစ္ဆြဲဆင္ပုံ , မဟာဗႏၶဳလပုံ , ဘ႑ာေရးႏွင့္အခြန္ ဝန္ႀကီးဌါနပုံ , ျပည္ေထာင္စုလႊတ္ေတာ္ပုံ , မႏၲေလး နန္းေတာ္မုဒ္ဦးပုံ စသည္ျဖင့္ ေလ့လာသိရွိရေၾကာင္း ေဖာ္ျပထားသည္။

KNU က သုံးသပ္ခ်က္အေနျဖင့္ ၁၉၄၄ ခုႏွစ္မွ စ၍ ၂၀၂၀ ျပည့္ႏွစ္ယေန႔ေခတ္အထိ မ်က္ႏွာစာမ်ားတြင္လည္းေကာင္း ေနာက္ဘက္စာ မ်က္ႏွာတြင္လည္ူေကာင္း ျပည္ေထာင္စုဝင္ ျပည္နယ္ ၇ခု ႏွင့္ ပတ္သက္ သည္မွာ၁၉၆၅ ခုႏွစ္ထုတ္ ၁က်ပ္တန္ေက်ာဘက္တြင္ အင္း ေလးကန္ပုံ၊ ၁၉၉၀ ခုႏွစ္ထုတ္ ၂၀၀ က်ပ္တန္ေက်ာဘက္တြင္ သစ္ဆြဲဆင္ပုံ၊၂၀၀၉ ခုႏွစ္ထုတ္ က်ပ္၅၀၀၀ တန္ေက်ာဘက္ ျပည္ေထာင္ စုလႊတ္ေတာ္ပုံ၊ ထို၃မ်ိဳးတြင္သာ ရွားရွားပါးပါးေတြ႕ရၿပီးျပည္နယ္ လူမ်ိဳးစုစစ္စစ္ႏွင့္ တိုက္႐ိုက္ပတ္သက္ျခင္းကို၁၉၆၅ ခုႏွစ္ထုတ္၁က်ပ္ တန္တြင္သာ ေတြ႕ရွိ ရသည္မွာ မျငင္းႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

Ref ; KNC / Khit Thit Media

UNICODE

ငွေစက္ကူ များတွင် ဗိုလ်ချုပ်ပုံ အပြင် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ပြည်ထောင်စု ကိုယ်စားပြုများ ထည့်သွင်းရန် KNC ထုတ်ပြန်

ပြည်ထောင်စုသားအချင်းချက်း အတူတကွ အေးအတူ ပူအမျှ နေထိုင်လာခဲ့သည်ဆိုလျှင်အဘယ်ကြောင့် ပြည်နယ်နေ ကျန်လူမျိုးရစု၏ အမျိုးသားခေါင်ူဆောင်များနှင့် အမျိုးသားလက္ခဏာများ . ယဉ်ကျေးမှု ပုံရိပ်များ မထည့်ရသနည်းအလွန်မေးချင်စရာ ကောင်းသော မေးခွန်းပင်ဖြစ်ကြောင်း KNC က မေးခွန်းထုတ်ထားသည်။ ဒုတိယအချက် အနေဖြင့် နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ပို၍ ဆိုးဝါးကြောင်း၊ ငွေစက္ကူ များ၏ ကျောဘက် စာမျက်နှာတွင်၁၉၄၄ ခုနှစ်ကတည်းက သုံးနှုန်းရေးသားခဲ့သော ” ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်။

ဆိုသောစကားရပ်အစား၁၉၉၀ ပြည့်နှစ် စစ်အစိုးရလက်ထက်မှ စ၍ ပြည်ထောင်စု ဆိုသောစကားလုံးကို ပြောင်ပြောင်တင်းတင်း ဖြုတ် ပစ်ပြီး ” မြန်မာနိုင်ငံ တော် ဗဟိုဘဏ် ” ဟု ပြောင်းလဲရိုက်နှိပ်ခဲ့ပြီး ပြည်ထောင် စုသဘောကို ဖျောက်ဖျက်လိုသော ပုံသဏ္ဍန် ပြုလုပ်ခဲ့ ကြောင်း ၊ ထူးခြားသည်မှာစစ်အစိုးရဖြစ်၍ Defacto Government ဖြစ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဒီမိုကရေစီ အစိုးရနှင့် ဒီမိုက ရေစီ ဖက်ဒရယ်စနစ်ကို ထူထောင်သွားမည်ဟု ကတိပေးထားသည့် NLD အစိုးရကိုယ်တိုင်

၎င်းလက်ထက်တွင် ထုတ်ဝေသည့် ကျပ် ၁၀၀၀ တန် ( ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလ ၄ရက်နေ့ထုတ် ) နှင့် ဇူလိုင်လ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေမည့် ကျပ်၅၀၀ တန်တို့တွင်လည်း စစ်အစိုးရ၏ အသုံးအနှုန်း ” မြန်မာနိုင်ငံတော်ဗဟိုဘဏ် ” ဟုသာ ဆက်လက် သုံးစွဲ ထားသည် ကို အံ့အားသင့်ဖွယ် တွေ့ရှိရကြောင်း သုံးသပ်တင်ပြထားသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်သုံးစွဲ ရမည်ကို မည်သည့်အ တွက် ကြောင့် မသုံးစွဲသနည်းဟုလည်း ကောင်း၊၂၀၀၈ အခြေခံဥပဒေ ၏ နိုင်ငံတော်အခြေခံမူအခန်း၁ ပုဒ်မ ၂တွင်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဟု ခေါ်တွင်ရမည်ဟု ပြဌါန်းချက်နှင့် ဆန့်ကျင်နေသလားဟုလည်းကောင်း မေးခွန်း ထုတ်လိုက် သည်။ KNC ၏ အကြံပြုချက်တွင် ဖော်ပြပါ အကြံြ့ပုချက် ၂ ချက်အပြင် အခြားပြည်နယ်၆ပြည်နယ်မှ လူမျိုးစုများလည်း မိမိတို့ပြည် ထောင်စုအတွင်း လှည်လည်သုံးစွဲနေသော ငွေကြေး၏ ဝိသေသန ပုံရိပ်သည် အားလုံးနှင့် သက်ဆိုင်ပါသောကြောင့် အထူးဂရုပြု စဉ်းစား သင့်ကြောင်း ၊ KNC ၏ တိုက်တွန်းချက်များကိုလည်း ပြည်ထောင်စုအရေး၊ ဒီမိုကရေစီ အနှစ်သာရပြည့်ဝရေး၊

ဖက်ဒရယ်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကဏ္ဍများ အတွက်အထူးပြန်လည်သုံးသပ်သင့်ကြောင်းလည်း ဖော်ပြ တိုက် တွန်းထားသည်။ကချင်အမျိုးသားကွန်ဂရက်ပါတီKNC က ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ အပြင်တိုင်းရင်းသားခေါင်းဆောင်များ နှင့် ပြည်ထောင်စု ကိုယ်စားပြု သင်္ကေတများ ထည့်သွင်းရန်အတွက် အကြံပြုထုတ်ပြန်တောင်းဆိုလိုက်သည်။ဇွန်လ ၂၂ ရက်နေ့ လူမှုကွန် ရက်တွင် တရားဝင် ထုတ်ပြန် သော KNC ၏ တောင်းဆိုချက်တွင်မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌဖြစ်သူ ဦးစိုးမင်းက

မြန်မာနိုင်ငံ တွင် လည့်ပတ် သုံးစွဲ နေသော ငွေစက္ကူ အမျိုးအစား ၁၄ မျိုးလုံးတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများအား လာမည့်နှစ်များအတွင်းရိုက်နှိပ်ထုတ် ဝေသွားတော့မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း၊ ၂၀၁၅ အ စိုးလက် ထက်တွင်မြန်မာငွေစက္ကူများရိုက်နှိပ်သုံးစွဲရာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် ထုတ်ဝေသုံးစွဲရန် ကြိုး ပမ်းမှု ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန္နဝါရီ လ ၄ရက်နေ့တွင် ထုတ်ဝေသည့် ကျပ်၁၀၀၀ တန်ငွေစက္ကူ နှင့် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင်။

ထုတ်ဝေမည့် ကျပ်၅၀၀တန်ငွေစက္ကူများအဖြစ် ရှိလာမည် ဖြစ်ကြောင်း၊အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေမည့် ကိစ္စသည် ဖြစ်သင့်သောကိစ္စဖြစ်သဖြင့် ကြိုဆို ကြောင်း ဖော်ပြထားသည်။KNC ထောက်ပြရာတွင် စဉ်းစားသင့်သည့်အချက် ၂ရပ် ထောက်ပြလိုက်ပြီး ပထမအချက်အနေဖြင့် ငွေ စက္ကူ၏ အဓိက မျက်နှာစာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ တစ်ခုတည်း ငွေစက္ကူ အမျိုးအစား ၁၄မျိုးလုံးတွင် သုံးတော့မည်လော၊

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သော လူမျိုးစုကြီး ၈စု ဖြစ်သော ကချင်၊ ကယား ၊ကရင် ၊ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း တို့ ၏ ထင်ရှား ကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်များ မထည့်တော့ပြီလော ဟု မေးခွန်းထုတ်လိုက်သည်။ မြန်မာငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေသည့် သမိုင်းကို ပြန်ကြည့်လျှင် ဗမာ့ယဉ်ကျေးမှုအမျိုးသားလက္ခဏာ များသာ ဥပမာအားဖြင့် –၁၉၄၄- ၁၉၄၅ ကာလ များတွင် ဒေါင်းရုပ်ပုံနှင့် မန္တလေး နန်းတော်ပုံ၊ ၁၉၆၅- ၁၉၇၁ ကာလအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် အင်းလေးကန် , လယ်သမားနှင့်နွား ,

မိန်းမပျိုလေး ရက်ကန်း ရက်နေပုံ, လယ်ထွန်စက်ပုံ ၊ ၁၉၇၂ – ၁၉၈၇ ကာလအတွက် မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း , သခင်ဖိုးလှ ကြီး , ဆရာစံ ၊နောက်ကျောစာမျက်နှာများတွင် ပ ဉ္စရူပရုပ် , နတ်သားရုပ် ,ရေနံမြေ လုပ်သားရုပ်, လောက နတ်ရုပ် , လယ်သမားနဲ့ နွား လှည်း , စောင်းကောက် ပုံ၊ ၁၉၈၉ – ၂၀၂၀ ကာလများ တွင် မျက်နှာစာများတွင် ကနဦးပိုင်းကာလငွေစက္ကူ အသေးများတွင် စောင်း ကောက်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ပိုင်းကာလငွေ စက္ကူ အကြီးများ၅၀၀၀တန်ကို ဆင်ရုပ်နှင့် ၁၉၉၀ နောက်ပိုင်းတွင်။

ငွေစက္ကူ အမျိုးအစား ၁၀၀၀ ကျပ်အထိ ခြင်္သေ့ ရုပ်များဖြင့် လဲလှယ်ဖေါ်ပြခဲ့ကြောင်း၊ ကျပ် ၁၀၀၀၀ တန်ကိုမူ မြန်မာနိုင်ငံ တံဆိပ်ဖြင့် ရိုက် နှိပ်ခဲ့ကြောင်း၊ နောက်ကျောစာမျက်နှာများတွင်မူကရဝိတ်ပုံ , ခြင်းခတ်နေပုံ , ကန်တော်ကြီးတွင် လှေလှော်နေပုံ , ပြည်သူ့ဥယျာဉ်နှင့် ဆင် ရေပန်းပုံ ,မြန်မာ့ယွန်းအစ်ပုံ , သစ်ဆွဲဆင်ပုံ , မဟာဗန္ဓုလပုံ , ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌါနပုံ , ပြည်ထောင်စုလွှတ်တော်ပုံ , မန္တလေး နန်းတော်မုဒ်ဦးပုံ စသည်ဖြင့် လေ့လာသိရှိရကြောင်း ဖော်ပြထားသည်။

KNU က သုံးသပ်ချက်အနေဖြင့် ၁၉၄၄ ခုနှစ်မှ စ၍ ၂၀၂၀ ပြည့်နှစ်ယနေ့ခေတ်အထိ မျက်နှာစာများတွင်လည်းကောင်း နောက်ဘက်စာ မျက်နှာတွင်လည်ူကောင်း ပြည်ထောင်စုဝင် ပြည်နယ် ၇ခု နှင့် ပတ်သက် သည်မှာ၁၉၆၅ ခုနှစ်ထုတ် ၁ကျပ်တန်ကျောဘက်တွင် အင်း လေးကန်ပုံ၊ ၁၉၉၀ ခုနှစ်ထုတ် ၂၀၀ ကျပ်တန်ကျောဘက်တွင် သစ်ဆွဲဆင်ပုံ၊၂၀၀၉ ခုနှစ်ထုတ် ကျပ်၅၀၀၀ တန်ကျောဘက် ပြည်ထောင် စုလွှတ်တော်ပုံ၊ ထို၃မျိုးတွင်သာ ရှားရှားပါးပါးတွေ့ရပြီးပြည်နယ် လူမျိုးစုစစ်စစ်နှင့် တိုက်ရိုက်ပတ်သက်ခြင်းကို၁၉၆၅ ခုနှစ်ထုတ်၁ကျပ် တန်တွင်သာ တွေ့ရှိ ရသည်မှာ မငြင်းနိုင်ကြောင်း ဖော်ပြထားသည်။

Ref ;   KNC / Khit Thit Media

Add a Comment

Your email address will not be published. Required fields are marked *