ေၾကာက္မက္ဖြယ္ရာ သခ်ဳၤိုင္းေစာင့္ မဖဲဝါ ထက္ ပိုၾကမ္းတဲ့ ဧရာဝတီတိုင္း က သရဲမ “မစံပယ္” အေၾကာင္း

ခုဒီစာဖတ္ေနၾကတဲ့မိတ္ေဆြေတြလည္း သရဲတေစၦ ေၾကာက္ၾကတဲ့သူေတြကို ေသခ်ာေပါက္ ေတြ႕ဖူးၾကပါမွာ။ ကိုယ္တိုင္ေတာင္ အဲဒီထဲ ပါ ေကာင္းပါေနမွာပဲ။ တစ္ခ်ိဳ႕ဆို ဘယ္ေလာက္ ေၾကာက္တတ္သလဲဆို ကိုယ့္မိသားစုဝင္ ကိုယ္သိပ္ခ်စ္တဲ့ ေသြးသားရင္းခ်ာထဲက ကြယ္လြန္ သြားရင္ေတာင္ အဲဒီသူကို အစြဲျပဳ အေၾကာက္လြန္ေတာ့တာပဲ။တေစၦသရဲအေၾကာင္း ဒီေလာက္ေတာင္ ေခါင္းစဥ္စုံ က႑စုံမွာ ေတြ႕ေနရ တာ … ကိုယ္ေတြ႕ ႀကဳံဖူးပါတယ္ဆိုတဲ့သူ ဘယ္မွာ လက္ဆုပ္လက္ကိုင္ ျပႏိုင္ၾကလို႔တုန္း။

သရဲအေျခာက္ခံရပါတယ္ဆိုသူ အမ်ားစုကို ေလ့လာၾကည့္ … ေၾကာက္တတ္တဲ့စိတ္အခံေၾကာင့္ အထင္မွား အျမင္မွား ကိုယ့္လိပ္ျပာ ကိုယ္ မလုံရာကေန ျဖစ္ၾကတာ။ကိုျမမိုးတို႔႐ြာက ဧရာဝတီတိုင္း၊ ၿမိဳ႕နယ္ေလး တစ္ခုအတြင္းက ႐ြာကေလးတစ္႐ြာ ျဖစ္ပါတယ္။ ေခ်ာင္းလက္ တက္ကေလး နဖူးေပၚမွာတည္ရွိၿပီး အိမ္ေျခက ၅၀ ေက်ာ္သာ ရွိပါတယ္။ အဲဒီ႐ြာကေလးမွာ မစံပယ္ဆိုတဲ့ အသက္ငယ္ငယ္ အမ်ိဳးသမီး တစ္ေယာက္ ရွိၿပီး၊ ႐ုပ္ရည္မွာ အလြန္ေခ်ာေမာလွပလို႔ ႐ြာနီးခ်ဳပ္စပ္က လာေရာက္ပိုးပန္းတာကို ခံရသူပါ။

အလြန္လွပလို႔ လိုခ်င္သူေတြ ဝိုင္းေနသလို၊ ပိုးပန္းသူ အခ်င္းခ်င္း တုတ္တျပတ္ ဓားတျပတ္ ျဖစ္ေစသည္အထိ မစံပယ္ အလွ က နန္းဆန္ခဲ့ ပါတယ္။ ေနာက္ဆုံး မစံပယ္ဟာ မိသားစုသေဘာတူတဲ့ တစ္႐ြာတည္းသား ကိုသန္းႏိုင္နဲ႔ လက္ထပ္ခဲ့ ပါတယ္။ ဒီအခါမွာ မစံပယ္အေပၚကို အခ်စ္ႀကီးၿပီး၊ အမ်က္ႀကီးခဲ့သူတစ္ေယာက္ ရွိလာခဲ့ပါတယ္။ အဲဒါကေတာ့ မစံပယ္ တို႔႐ြာနဲ႔ သိပ္မေဝးလွတဲ့ ႐ြာက ကိုေကာက္ဆိုသူပါ။ ကို ေကာက္က မစံပယ္ကို ေတြ႕ရာသခ်ႋဳင္းဓားမဆိုင္း သတ္မယ္ဆို လို႔ မစံပယ္ခမ်ာ တစ္ပတ္ေလာက္ ႐ြာထဲက ႐ြာျပင္ မထြက္ရဲပါဘူး။

ဒါေပမယ့္ ႐ြာသားေတြက ကိုေကာက္က မူးလို႔ေျပာခဲ့တာျဖစ္ေၾကာင္း၊ သူတို႔႐ြာ သူႀကီးက ေခၚယူဆုံးမၿပီး ျဖစ္ေၾကာင္း ဝိုင္းဝန္း ႏွစ္သိမ့္တဲ့ အခါမွသာ မစံပယ္ခမ်ာ နဂိုလို ေနရဲစားရဲပါေတာ့တယ္။ကိုသန္းႏိုင္က ႀကဳံရာအလုပ္ လုပ္ကိုင္သူ ျဖစ္ပါတယ္။ သူဟာ ကြမ္းသီးခူးျခင္း၊ ကြမ္းသီးပို႔ျခင္း၊ စက္ေလွအငွားလိုက္ျခင္း စတဲ့ အလုပ္ကို ႐ိုသားစြာ လုပ္ကိုင္ၿပီး၊ မစံပယ္ကို သားမွတ္မွတ္ မယားမွတ္မွတ္ လုပ္ေႂကြးပါ တယ္။ တစ္ရက္ေတာ့ ကိုသန္းႏိုင္၊ ဘာအလုပ္အကိုင္မွမရွိလို႔ ဟင္းစားေလးရေအာင္ဆိုၿပီး၊ ေခ်ာင္းထဲကို ငါးဖမ္း သြားခဲ့ပါတယ္။

ဒါေပမယ့္ ျပန္လာခ်ိန္ေရာက္သည္အထိ ျပန္မလာခဲ့ပါ။မိုးေတြက ညေန ေျခာက္နာရီေလာက္မွာ သည္းထန္စြာ ႐ြာလာခဲ့ပါတယ္။ မစံပယ္ ခမ်ာ ကိုယ္ေလးလက္ဝန္ႀကီးနဲ႔ လင္ျဖစ္ သူကို အိမ္ေပါက္ဝမွာ ေျခဆင္း ေခ်ာင္းစပ္အတြင္းကိုသာ လွမ္းေမွ်ာ္ေနပါတယ္။ ဒါေပမယ့္ မိုးက သည္းသည္ထက္ သည္းလာ၊ လင္ျဖစ္သူကလည္း ျပန္လာခ်ိန္ကိုလြန္လို႔ ည 7 နာရီပင္ ေရာက္လုေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ မစံပယ္ ကိုသန္းႏိုင္ ရွိႏိုင္မယ့္ ဆီကို လိုက္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။မိုးထဲေရထဲ တဲနီးနားခ်င္း ေဒၚမဲတူရဲ႕ ေလွကို ငွားၿပီး ။

မစံပယ္တစ္ေယာက္၊ လင္ျဖစ္သူကို ေလွေလွာ္ၿပီး လိုက္ရွာပါ တယ္။ ေဒၚမဲတူကလည္း အေဖာ္လိုက္ခဲ့မယ္လို႔ ေျပာေပမယ့္၊ မစံပယ္က ျငင္းခဲ့ပါတယ္။ ေဒၚမဲတူခမ်ာ ေျခေထာက္သံစူးၿပီး ဖ်ားေနတာကို သူမက အေဖာ္အျဖစ္ မေခၚလိုေပ။ ဒါေၾကာင့္ တစ္ေယာက္တည္း ေလွေလွာ္ကာ ထြက္ လာခဲ့ျခင္းပါ။မိုးကလည္း တစ္ႏွစ္လုံး႐ြာမယ့္မိုး တစ္ခါတည္း စုၿပီး ႐ြာေလသလား မေျပာတတ္၊ မစံပယ္တစ္ေယာက္ ခိုက္ခိုက္တုန္ ေအာင္ ခ်မ္းေနပါၿပီ။ အခုအခ်ိန္အထိ မိုးထဲေလထဲမွာ ကိုသန္းႏိုင္ကို မေတြ႕ေပ။

ဒါေပမယ့္ ကံဆိုးမိုးေမွာင္က က်ခ်င္ ေတာ့ ေလွတစ္စင္းကို အိပဲ့အိပဲေလွာ္လာတဲ့ တစ္ဖက္႐ြာက ကိုေကာက္နဲ႔ လူသူကင္းျပတ္ရာမွာ ပက္ ပင္းေတြ႕ လိုက္ရ ပါေတာ့တယ္။ မစံပယ္ခမ်ာ အဓမၼက်င့္ၿပီး ေခါင္းကို ဓားနဲ႔လွီးက သတ္ျဖတ္ခံခဲ့ရပါတယ္။ ကိုေကာက္ဆိုတဲ့ လူ႔အ႐ိုင္း အစိုင္း ကို လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ မစံပယ္ရဲ႕ဇာတ္လမ္းက ဒီမွာတင္ ၿပီးမသြား ပါ။ မစံပယ္ေသဆုံးၿပီး တစ္လေလာက္အၾကာမွာ ဖိုးလျပည့္ဆိုတဲ့ လူပ်ိဳေပါက္ တစ္ေယာက္ သည္းေျခပ်က္ၿပီး ႐ူးသြားပါတယ္။

သူဟာ ဟင္းစားရွာရင္း မစံပယ္သရဲမ က်က္စားရာ ေညာင္ပင္ေကြ႕ဆိုတဲ့ ေနရာမွာ မစံပယ္ကို ေတြ႕လိုက္လို႔ပါ။ ထိုေန႔က ဖိုးလျပည့္ ေလွ ေလွာ္လိုက္၊ ငါးဖမ္းလိုက္နဲ႔ အလုပ္ကို စိတ္ပါလက္ပါ လုပ္ေနခဲ့ပါတယ္။ ထိုစဥ္အခ်ိန္မွာပဲ ကိုင္းစက္မွာ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕ လိုက္ရပါတယ္။ ဖိုးလျပည့္ လွမ္းၾကည့္ေတာ့ မစံပယ္ဆိုတာ သိလိုက္ရပါတယ္။မစံပယ္ ခမ်ား ဘာလုပ္ေနတာတုန္း”ဆိုၿပီး ေမးလိုက္တယ္ ။ ” ငါလားေဟ့ … ကိုသန္းႏိုင္ကို လာေစာင့္ေနတာ ” ” ဟာ ” ထိုအခါက်မွ ဖိုးလျပည့္ မစံပယ္ဆုံးၿပီးသြားၿပီဆိုတာကို သတိရလိုက္ပါတယ္။

မစံပယ္ကို လွမ္းၾကည့္လိုက္ ေတာ့ မစံပယ္က သူ႔ေခါင္းျပတ္ႀကီးကို ကိုင္ထားပါတယ္။ အဲဒီမွာပင္ ဖိုးလျပည့္တစ္ေယာက္ ေလွကို ဦးတည္ ရာ ေလွာ္ခတ္ၿပီး၊ စိတ္ေဖာက္႐ူးသြပ္သြားတယ္လို႔ ဆိုပါတယ္။ေညာင္ပင္ေကြ႕ဟာ ေနာက္ပိုင္းမွာ လူေတြ ေရွာင္ရွားစျပဳလာခဲ့တဲ့ ေနရာ တစ္ခု ျဖစ္လာခဲ့ပါတယ္။ အဖြဲ႕လိုက္ ငါးဖမ္း သြားတဲ့သူေတြေတာင္ ေန႔ခင္းေၾကာင္ေတာင္မွ အဆိုပါ ေညာင္ပင္ေကြ႕ေနရာကို ျဖတ္ရဲပါ တယ္။ ညေန အေတာ္ေစာင္းၿပီ ဆိုရင္ေတာင္ တစ္ျခားေခ်ာင္းလက္တက္ကေန တစ္ေကြ႕တစ္ပတ္ ပတ္ၿပီး၊ ႐ြာဆီကို ျပန္ၾကရတဲ့ အထိပါ။

မစံပယ္ဟာ ညေနတိုင္း ေရဆင္းခ်ိဳးေလ့ရွိတယ္လို႔ ဆိုပါတယ္။ တစ္ခါတေလ သူ႔ေခါင္းျပတ္ႀကီးကို ဒူးမွာစြပ္ၿပီး၊ ေခါင္းေလွ်ာ္ျခင္း၊ သန္းရွာ ျခင္းေတြ ျပဳလုပ္ေနတတ္တယ္လို႔ သိရပါတယ္။ အခုအခ်ိန္ထိလည္း ေန႔ခင္းေၾကာင္ေတာင္ ေညာင္ပင္ေကြ႕ကို ေလွနဲ႔ျဖတ္ရသူေတြအနက္ ရိပ္ကနဲ ေတြ႕လိုက္ရသူေတြ ရွိသလို၊ ေသြးသံရဲရဲနဲ႔ မစံပယ္ကို အေကာင္ လိုက္ အထည္လိုက္ ေတြ႕လိုက္ရ သူေတြလည္း ရွိပါတယ္။ ကိုစံ ေမာင္တို႔၊ ျမင့္ေ႐ႊတို႔ တူဝရီးတစ္စုဟာ ညဘက္ဆို လယ္ကြက္ေတြဘက္ကို ငါးခုတ္ျခင္း၊ ႂကြက္ထိုးျခင္းနဲ႔။

အသက္ ေမြးဝမ္းေၾကာင္း ျပဳသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ မစံပယ္တို႔နဲ႔ တစ္႐ြာတည္းသားေတြျဖစ္ၿပီး၊ ေဆြမ်ိဳးလည္း မကင္းၾက ပါဘူး။ တစ္ည သူတို႔ လုပ္႐ိုးလုပ္စဥ္ျဖစ္တဲ့ ႂကြက္ထိုး၊ ငါးခုတ္လုပ္ဖို႔အတြက္ တူဝရီးႏွစ္ေယာက္ လယ္ကြက္ေတြ ဘက္ကို ေရာက္သြားပါတယ္။ည ကိုးနာရီခန႔္ အခ်ိန္မွာ ဟင္းစားေတာ္ေတာ္ရၿပီမို႔ အိမ္ျပန္ဖို႔ တိုင္ပင္ၾကပါတယ္။ ထိုစဥ္မွာပဲ သူတို႔နဲ႔အတူ ပါလာ တဲ့ ေခြးက ေခ်ာင္းစပ္ဆီကို ၀႐ုန္းသုန္းကားနဲ႔ ထိုးေဟာင္ပါေတာ့တယ္။ တူဝရီးႏွစ္ေယာက္သား အဲဒီေတာ့မွ သတိထား မိလိုက္တာ ။

သူတို႔ႏွစ္ေယာက္ ေညာင္ပင္ေကြ႕အနားကို ေရာက္ေနၿပီျဖစ္ေၾကာင္းကိုပါ။ ႏွစ္ေယာက္သား ေက်ာခ်မ္းသြားၾကပါတယ္။ ေခြးကလည္း ဘာ မွ မျမင္ရဘဲ ထိုး လို႔သာ ေဟာင္ေနပါေတာ့တယ္။ ” ဦး … ဦးေလး .. ျမန္ျမန္ လုပ္ဗ်ာ … ျပန္ .. ျပန္ၾကစို႔ ” တူျဖစ္သူ ျမင့္ေ႐ႊရဲ႕ အသံက တုန္ ရီေနၿပီျဖစ္သလို၊ ကိုစံေမာင္ကလည္း မ်က္စိမ်က္ႏွာ ပ်က္ေနရွာၿပီ။ ႐ြာဆီကို လွမ္းေမွ်ာ္ၾကည့္ေတာ့ ေရာက္ဖို႔ မိနစ္သုံးဆယ္ေလာက္ေတာ့ အသာကေလး လမ္းေလွ်ာက္ရဦးမည္။ ေအး … ပစၥည္းေတြ သိမ္းကြာ … မွိန္းသာ ၿမဲေအာင္ ကိုင္ထား …။

တစ္ခုခု အႏၲရာယ္ ေတြ႕ရင္ ထိုးသာပစ္ ” ကိုစံေမာင္ ေနာက္ေက်ာမလုံသလို၊ လည္ျပန္ၾကည့္ၿပီး၊ ပစၥည္းေတြကို ကမန္းကတန္း သိမ္းၾကပါ တယ္။ ႏွစ္ေယာက္သား ခပ္သုတ္သုတ္ လမ္းေလွ်ာက္ၾကစဥ္- ” ဦးေလး စံေမာင္” ” ဟာ ” အလြန္က်ယ္ေလာင္ တဲ့ အသံနက္ႀကီးကို တူုဝ ရီး ႏွစ္ေယာက္သား ရွင္းရႈင္းလင္းလင္း ၾကားလိုက္ရလို႔ ဆံပင္ေမြးေတြပါ ေထာင္ကုန္ပါတယ္။ေဟ့ေကာင္ ျမန္ျမန္ေလွ်ာက္ေဟ့ အေျခအ ေန မေကာင္းဘူး ” ဆိုၿပီး တူျဖစ္သူကို သတိေပးကာ ေျခလွမ္းကို ေစာေစာ ကထက္ ပိုသြက္လိုက္ပါတယ္။

ေစာေစာက တစ္စုံတစ္ခု ျမင္လို႔ ထိုးေဟာင္ေနတဲ့ ေခြးေတာင္၊ ႐ြာဆီကို သုတ္ေျခ တင္ၿပီး ေျပးေနပါၿပီ။ ေမာင္ေလး ျမင့္ေ႐ႊ .. အစ္မပါ … အစ္မ စံပယ္ပါ … ဘာမွ မစားရေသးလို႔ ႂကြက္ကေလးေတြ ထားခဲ့ပါဦး ” ” ဟာ ဦးေလး ႂကြက္ … ႂကြက္စားဖို႔ ေတာင္းေနတာဗ် ” ” လြယ္ အိတ္လိုက္သာ ပစ္ခ်ေပးခဲ့ေတာ့ေဟ့ … လာ ေျပးၾကစို႔”။မစံပယ္ကား ေဆြမ်ိဳးမို႔ လားမသိ၊ အေမွာင္ထဲမွာ အသံေလာက္နဲ႔သာ ေျခာက္လွန႔္ လို႔ ကိုစံေမာင္တို႔ တူဝရီး သက္သာရာ ရပါေတာ့တယ္။

ႏွစ္ေယာက္သား လယ္ကြင္းေတြ အလီလီေက်ာ္ျဖတ္ၿပီး၊ ႐ြာဆီကို ဖေနာင့္နဲ႔တင္ပါး တစ္သားတည္း က်ေအာင္ ေျပးၾကပါတယ္။ဖိုးလျပည့္ ႐ြာျပန္ေရာက္လို႔ တခိုက္ခိုက္တုန္ေနသလို၊ တူဝရီးႏွစ္ေယာက္ စလုံး ေၾကာက္႐ြံ႕ တုန္လႈပ္ေနၾကပါတယ္။ ဒါေပမယ့္ သူတို႔ကေတာ့ စိတ္ ေဖာက္ျပန္ ႐ုူးသြပ္ျခင္း မရွိပါဘူး။ အခုဆို ငါးခုတ္ျခင္း၊ ႂကြက္ထိုး ျခင္းလည္း မလုပ္ၾကေတာ့ပါဘူး။ မစံပယ္ကေတာ့ ေညာင္ပင္ေကြ႕မွာ အပိုင္စား ရထားတဲ့ သရဲမအျဖစ္ အခုအခ်ိန္ထိ ကြၽတ္တမ္း မဝင္ႏိုင္ရွာေသးဘူးလို႔ ဆိုပါတယ္။

(ကိုျမမိုး၏ ေျပာၾကားခ်က္ကို ျပန္လည္မွ်ေဝပါသည္။)

UNICODE

ကြောက်မက်ဖွယ်ရာ သချုၤိုင်းစောင့် မဖဲဝါ ထက် ပိုကြမ်းတဲ့ ဧရာဝတီတိုင်း က သရဲမ “မစံပယ်” အကြောင်း

ခုဒီစာဖတ်နေကြတဲ့မိတ်ဆွေတွေလည်း သရဲတစ္ဆေ ကြောက်ကြတဲ့သူတွေကို သေချာပေါက် တွေ့ဖူးကြပါမှာ။ ကိုယ်တိုင်တောင် အဲဒီထဲ ပါ ကောင်းပါနေမှာပဲ။ တစ်ချို့ဆို ဘယ်လောက် ကြောက်တတ်သလဲဆို ကိုယ့်မိသားစုဝင် ကိုယ်သိပ်ချစ်တဲ့ သွေးသားရင်းချာထဲက ကွယ်လွန် သွားရင်တောင် အဲဒီသူကို အစွဲပြု အကြောက်လွန်တော့တာပဲ။တစ္ဆေသရဲအကြောင်း ဒီလောက်တောင် ခေါင်းစဉ်စုံ ကဏ္ဍစုံမှာ တွေ့နေရ တာ … ကိုယ်တွေ့ ကြုံဖူးပါတယ်ဆိုတဲ့သူ ဘယ်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်ကြလို့တုန်း။

သရဲအခြောက်ခံရပါတယ်ဆိုသူ အများစုကို လေ့လာကြည့် … ကြောက်တတ်တဲ့စိတ်အခံကြောင့် အထင်မှား အမြင်မှား ကိုယ့်လိပ်ပြာ ကိုယ် မလုံရာကနေ ဖြစ်ကြတာ။ကိုမြမိုးတို့ရွာက ဧရာဝတီတိုင်း၊ မြို့နယ်လေး တစ်ခုအတွင်းက ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ ချောင်းလက် တက်ကလေး နဖူးပေါ်မှာတည်ရှိပြီး အိမ်ခြေက ၅၀ ကျော်သာ ရှိပါတယ်။ အဲဒီရွာကလေးမှာ မစံပယ်ဆိုတဲ့ အသက်ငယ်ငယ် အမျိုးသမီး တစ်ယောက် ရှိပြီး၊ ရုပ်ရည်မှာ အလွန်ချောမောလှပလို့ ရွာနီးချုပ်စပ်က လာရောက်ပိုးပန်းတာကို ခံရသူပါ။

အလွန်လှပလို့ လိုချင်သူတွေ ဝိုင်းနေသလို၊ ပိုးပန်းသူ အချင်းချင်း တုတ်တပြတ် ဓားတပြတ် ဖြစ်စေသည်အထိ မစံပယ် အလှ က နန်းဆန်ခဲ့ ပါတယ်။ နောက်ဆုံး မစံပယ်ဟာ မိသားစုသဘောတူတဲ့ တစ်ရွာတည်းသား ကိုသန်းနိုင်နဲ့ လက်ထပ်ခဲ့ ပါတယ်။ ဒီအခါမှာ မစံပယ်အပေါ်ကို အချစ်ကြီးပြီး၊ အမျက်ကြီးခဲ့သူတစ်ယောက် ရှိလာခဲ့ပါတယ်။ အဲဒါကတော့ မစံပယ် တို့ရွာနဲ့ သိပ်မဝေးလှတဲ့ ရွာက ကိုကောက်ဆိုသူပါ။ ကို ကောက်က မစံပယ်ကို တွေ့ရာသချႋုင်းဓားမဆိုင်း သတ်မယ်ဆို လို့ မစံပယ်ခမျာ တစ်ပတ်လောက် ရွာထဲက ရွာပြင် မထွက်ရဲပါဘူး။

ဒါပေမယ့် ရွာသားတွေက ကိုကောက်က မူးလို့ပြောခဲ့တာဖြစ်ကြောင်း၊ သူတို့ရွာ သူကြီးက ခေါ်ယူဆုံးမပြီး ဖြစ်ကြောင်း ဝိုင်းဝန်း နှစ်သိမ့်တဲ့ အခါမှသာ မစံပယ်ခမျာ နဂိုလို နေရဲစားရဲပါတော့တယ်။ကိုသန်းနိုင်က ကြုံရာအလုပ် လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူဟာ ကွမ်းသီးခူးခြင်း၊ ကွမ်းသီးပို့ခြင်း၊ စက်လှေအငှားလိုက်ခြင်း စတဲ့ အလုပ်ကို ရိုသားစွာ လုပ်ကိုင်ပြီး၊ မစံပယ်ကို သားမှတ်မှတ် မယားမှတ်မှတ် လုပ်ကြွေးပါ တယ်။ တစ်ရက်တော့ ကိုသန်းနိုင်၊ ဘာအလုပ်အကိုင်မှမရှိလို့ ဟင်းစားလေးရအောင်ဆိုပြီး၊ ချောင်းထဲကို ငါးဖမ်း သွားခဲ့ပါတယ်။

ဒါပေမယ့် ပြန်လာချိန်ရောက်သည်အထိ ပြန်မလာခဲ့ပါ။မိုးတွေက ညနေ ခြောက်နာရီလောက်မှာ သည်းထန်စွာ ရွာလာခဲ့ပါတယ်။ မစံပယ် ခမျာ ကိုယ်လေးလက်ဝန်ကြီးနဲ့ လင်ဖြစ် သူကို အိမ်ပေါက်ဝမှာ ခြေဆင်း ချောင်းစပ်အတွင်းကိုသာ လှမ်းမျှော်နေပါတယ်။ ဒါပေမယ့် မိုးက သည်းသည်ထက် သည်းလာ၊ လင်ဖြစ်သူကလည်း ပြန်လာချိန်ကိုလွန်လို့ ည 7 နာရီပင် ရောက်လုနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မစံပယ် ကိုသန်းနိုင် ရှိနိုင်မယ့် ဆီကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။မိုးထဲရေထဲ တဲနီးနားချင်း ဒေါ်မဲတူရဲ့ လှေကို ငှားပြီး ။

မစံပယ်တစ်ယောက်၊ လင်ဖြစ်သူကို လှေလှော်ပြီး လိုက်ရှာပါ တယ်။ ဒေါ်မဲတူကလည်း အဖော်လိုက်ခဲ့မယ်လို့ ပြောပေမယ့်၊ မစံပယ်က ငြင်းခဲ့ပါတယ်။ ဒေါ်မဲတူခမျာ ခြေထောက်သံစူးပြီး ဖျားနေတာကို သူမက အဖော်အဖြစ် မခေါ်လိုပေ။ ဒါကြောင့် တစ်ယောက်တည်း လှေလှော်ကာ ထွက် လာခဲ့ခြင်းပါ။မိုးကလည်း တစ်နှစ်လုံးရွာမယ့်မိုး တစ်ခါတည်း စုပြီး ရွာလေသလား မပြောတတ်၊ မစံပယ်တစ်ယောက် ခိုက်ခိုက်တုန် အောင် ချမ်းနေပါပြီ။ အခုအချိန်အထိ မိုးထဲလေထဲမှာ ကိုသန်းနိုင်ကို မတွေ့ပေ။

ဒါပေမယ့် ကံဆိုးမိုးမှောင်က ကျချင် တော့ လှေတစ်စင်းကို အိပဲ့အိပဲလှော်လာတဲ့ တစ်ဖက်ရွာက ကိုကောက်နဲ့ လူသူကင်းပြတ်ရာမှာ ပက် ပင်းတွေ့ လိုက်ရ ပါတော့တယ်။ မစံပယ်ခမျာ အဓမ္မကျင့်ပြီး ခေါင်းကို ဓားနဲ့လှီးက သတ်ဖြတ်ခံခဲ့ရပါတယ်။ ကိုကောက်ဆိုတဲ့ လူ့အရိုင်း အစိုင်း ကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါပေမယ့် မစံပယ်ရဲ့ဇာတ်လမ်းက ဒီမှာတင် ပြီးမသွား ပါ။ မစံပယ်သေဆုံးပြီး တစ်လလောက်အကြာမှာ ဖိုးလပြည့်ဆိုတဲ့ လူပျိုပေါက် တစ်ယောက် သည်းခြေပျက်ပြီး ရူးသွားပါတယ်။

သူဟာ ဟင်းစားရှာရင်း မစံပယ်သရဲမ ကျက်စားရာ ညောင်ပင်ကွေ့ဆိုတဲ့ နေရာမှာ မစံပယ်ကို တွေ့လိုက်လို့ပါ။ ထိုနေ့က ဖိုးလပြည့် လှေ လှော်လိုက်၊ ငါးဖမ်းလိုက်နဲ့ အလုပ်ကို စိတ်ပါလက်ပါ လုပ်နေခဲ့ပါတယ်။ ထိုစဉ်အချိန်မှာပဲ ကိုင်းစက်မှာ အမျိုးသမီးတစ်ယောက်ကို တွေ့ လိုက်ရပါတယ်။ ဖိုးလပြည့် လှမ်းကြည့်တော့ မစံပယ်ဆိုတာ သိလိုက်ရပါတယ်။မစံပယ် ခများ ဘာလုပ်နေတာတုန်း”ဆိုပြီး မေးလိုက်တယ် ။ ” ငါလားဟေ့ … ကိုသန်းနိုင်ကို လာစောင့်နေတာ ” ” ဟာ ” ထိုအခါကျမှ ဖိုးလပြည့် မစံပယ်ဆုံးပြီးသွားပြီဆိုတာကို သတိရလိုက်ပါတယ်။

မစံပယ်ကို လှမ်းကြည့်လိုက် တော့ မစံပယ်က သူ့ခေါင်းပြတ်ကြီးကို ကိုင်ထားပါတယ်။ အဲဒီမှာပင် ဖိုးလပြည့်တစ်ယောက် လှေကို ဦးတည် ရာ လှော်ခတ်ပြီး၊ စိတ်ဖောက်ရူးသွပ်သွားတယ်လို့ ဆိုပါတယ်။ညောင်ပင်ကွေ့ဟာ နောက်ပိုင်းမှာ လူတွေ ရှောင်ရှားစပြုလာခဲ့တဲ့ နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဖွဲ့လိုက် ငါးဖမ်း သွားတဲ့သူတွေတောင် နေ့ခင်းကြောင်တောင်မှ အဆိုပါ ညောင်ပင်ကွေ့နေရာကို ဖြတ်ရဲပါ တယ်။ ညနေ အတော်စောင်းပြီ ဆိုရင်တောင် တစ်ခြားချောင်းလက်တက်ကနေ တစ်ကွေ့တစ်ပတ် ပတ်ပြီး၊ ရွာဆီကို ပြန်ကြရတဲ့ အထိပါ။

မစံပယ်ဟာ ညနေတိုင်း ရေဆင်းချိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ သူ့ခေါင်းပြတ်ကြီးကို ဒူးမှာစွပ်ပြီး၊ ခေါင်းလျှော်ခြင်း၊ သန်းရှာ ခြင်းတွေ ပြုလုပ်နေတတ်တယ်လို့ သိရပါတယ်။ အခုအချိန်ထိလည်း နေ့ခင်းကြောင်တောင် ညောင်ပင်ကွေ့ကို လှေနဲ့ဖြတ်ရသူတွေအနက် ရိပ်ကနဲ တွေ့လိုက်ရသူတွေ ရှိသလို၊ သွေးသံရဲရဲနဲ့ မစံပယ်ကို အကောင် လိုက် အထည်လိုက် တွေ့လိုက်ရ သူတွေလည်း ရှိပါတယ်။ ကိုစံ မောင်တို့၊ မြင့်ရွှေတို့ တူဝရီးတစ်စုဟာ ညဘက်ဆို လယ်ကွက်တွေဘက်ကို ငါးခုတ်ခြင်း၊ ကြွက်ထိုးခြင်းနဲ့။

အသက် မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မစံပယ်တို့နဲ့ တစ်ရွာတည်းသားတွေဖြစ်ပြီး၊ ဆွေမျိုးလည်း မကင်းကြ ပါဘူး။ တစ်ည သူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကြွက်ထိုး၊ ငါးခုတ်လုပ်ဖို့အတွက် တူဝရီးနှစ်ယောက် လယ်ကွက်တွေ ဘက်ကို ရောက်သွားပါတယ်။ည ကိုးနာရီခန့် အချိန်မှာ ဟင်းစားတော်တော်ရပြီမို့ အိမ်ပြန်ဖို့ တိုင်ပင်ကြပါတယ်။ ထိုစဉ်မှာပဲ သူတို့နဲ့အတူ ပါလာ တဲ့ ခွေးက ချောင်းစပ်ဆီကို ၀ရုန်းသုန်းကားနဲ့ ထိုးဟောင်ပါတော့တယ်။ တူဝရီးနှစ်ယောက်သား အဲဒီတော့မှ သတိထား မိလိုက်တာ ။

သူတို့နှစ်ယောက် ညောင်ပင်ကွေ့အနားကို ရောက်နေပြီဖြစ်ကြောင်းကိုပါ။ နှစ်ယောက်သား ကျောချမ်းသွားကြပါတယ်။ ခွေးကလည်း ဘာ မှ မမြင်ရဘဲ ထိုး လို့သာ ဟောင်နေပါတော့တယ်။ ” ဦး … ဦးလေး .. မြန်မြန် လုပ်ဗျာ … ပြန် .. ပြန်ကြစို့ ” တူဖြစ်သူ မြင့်ရွှေရဲ့ အသံက တုန် ရီနေပြီဖြစ်သလို၊ ကိုစံမောင်ကလည်း မျက်စိမျက်နှာ ပျက်နေရှာပြီ။ ရွာဆီကို လှမ်းမျှော်ကြည့်တော့ ရောက်ဖို့ မိနစ်သုံးဆယ်လောက်တော့ အသာကလေး လမ်းလျှောက်ရဦးမည်။ အေး … ပစ္စည်းတွေ သိမ်းကွာ … မှိန်းသာ မြဲအောင် ကိုင်ထား …။

တစ်ခုခု အန္တရာယ် တွေ့ရင် ထိုးသာပစ် ” ကိုစံမောင် နောက်ကျောမလုံသလို၊ လည်ပြန်ကြည့်ပြီး၊ ပစ္စည်းတွေကို ကမန်းကတန်း သိမ်းကြပါ တယ်။ နှစ်ယောက်သား ခပ်သုတ်သုတ် လမ်းလျှောက်ကြစဉ်- ” ဦးလေး စံမောင်” ” ဟာ ” အလွန်ကျယ်လောင် တဲ့ အသံနက်ကြီးကို တူုဝ ရီး နှစ်ယောက်သား ရှင်းရှုင်းလင်းလင်း ကြားလိုက်ရလို့ ဆံပင်မွေးတွေပါ ထောင်ကုန်ပါတယ်။ဟေ့ကောင် မြန်မြန်လျှောက်ဟေ့ အခြေအ နေ မကောင်းဘူး ” ဆိုပြီး တူဖြစ်သူကို သတိပေးကာ ခြေလှမ်းကို စောစော ကထက် ပိုသွက်လိုက်ပါတယ်။

စောစောက တစ်စုံတစ်ခု မြင်လို့ ထိုးဟောင်နေတဲ့ ခွေးတောင်၊ ရွာဆီကို သုတ်ခြေ တင်ပြီး ပြေးနေပါပြီ။ မောင်လေး မြင့်ရွှေ .. အစ်မပါ … အစ်မ စံပယ်ပါ … ဘာမှ မစားရသေးလို့ ကြွက်ကလေးတွေ ထားခဲ့ပါဦး ” ” ဟာ ဦးလေး ကြွက် … ကြွက်စားဖို့ တောင်းနေတာဗျ ” ” လွယ် အိတ်လိုက်သာ ပစ်ချပေးခဲ့တော့ဟေ့ … လာ ပြေးကြစို့”။မစံပယ်ကား ဆွေမျိုးမို့ လားမသိ၊ အမှောင်ထဲမှာ အသံလောက်နဲ့သာ ခြောက်လှန့် လို့ ကိုစံမောင်တို့ တူဝရီး သက်သာရာ ရပါတော့တယ်။

နှစ်ယောက်သား လယ်ကွင်းတွေ အလီလီကျော်ဖြတ်ပြီး၊ ရွာဆီကို ဖနောင့်နဲ့တင်ပါး တစ်သားတည်း ကျအောင် ပြေးကြပါတယ်။ဖိုးလပြည့် ရွာပြန်ရောက်လို့ တခိုက်ခိုက်တုန်နေသလို၊ တူဝရီးနှစ်ယောက် စလုံး ကြောက်ရွံ့ တုန်လှုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ စိတ် ဖောက်ပြန် ရုူးသွပ်ခြင်း မရှိပါဘူး။ အခုဆို ငါးခုတ်ခြင်း၊ ကြွက်ထိုး ခြင်းလည်း မလုပ်ကြတော့ပါဘူး။ မစံပယ်ကတော့ ညောင်ပင်ကွေ့မှာ အပိုင်စား ရထားတဲ့ သရဲမအဖြစ် အခုအချိန်ထိ ကျွတ်တမ်း မဝင်နိုင်ရှာသေးဘူးလို့ ဆိုပါတယ်။

(ကိုမြမိုး၏ ပြောကြားချက်ကို ပြန်လည်မျှဝေပါသည်။)

Add a Comment

Your email address will not be published. Required fields are marked *