ျပည္တြင္း စက္သုံးဆီသုံးစြဲမႈႏႈန္း ၆၀ ရာခိုင္ႏႈန္းေက်ာ္ ရွိလာ၍ ေစ်းႏူန္းအတက္ဘက္သို႔ ဦးတည္

Covid-19 မျဖစ္မီကာလ၂ဝ၂ဝ ျပည့္ႏွစ္၊မတ္ ၇ ရက္ထိ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမွာ ေအာက္တိန္း – ၉၂ တစ္လီတာ က်ပ္ ၆၆ဝ၊ ေအာက္တိန္း- ၉၅ တစ္လီတာ က်ပ္ ၇၈ဝ၊ ဒီဇယ္တစ္လီတာ က်ပ္ ၇၂ဝ ႏွင့္ ပရီမီယံဒီဇယ္ တစ္လီတာ က်ပ္ ၇၃ဝ ျဖင့္ ေရာင္းခ်ခဲ့သည္။ ဇြန္လ၁ ရက္တြင္ ျပည္တြင္းစက္သုံးဆီဆိုင္တစ္ခု၏ လက္ကားေရာင္းခ်သည့္ေဈးႏႈန္းမွာ ဒီဇယ္တစ္လီတာ က်ပ္ ၅၂၀ ၊ ပရီမီယမ္ဒီဇယ္ တစ္လီတာက်ပ္ ၅၃ဝ ၊ ေအာက္တိန္း ၉၂ တစ္လီတာ က်ပ္၄၄ဝ ၊ ေအာက္တိန္း ၉၅ တစ္လီတာက်ပ္ ၅၆ဝ ၊ ေအာက္တိန္း ၉၇ တစ္လီတာ က်ပ္ ၈၇ဝ ျဖင့္ ေပါက္ေဈးရွိခဲ့သည္။

ေမလ၁၈ ရက္တြင္ စက္သုံးဆီဆိုင္တစ္ခု၏ လက္ကားေရာင္းခ်ေဈးႏႈန္းမ်ားမွာ ဒီဇယ္ တစ္လီတာ က်ပ္ ၄၇ဝ၊ ပရီမီယမ္ဒီဇယ္ တစ္လီတာ က်ပ္ ၄၈ဝ၊ ေအာက္တိန္း ၉၂ တစ္လီတာက်ပ္ ၃၈ဝ ၊ ေအာက္တိန္း ၉၅ တစ္လီတာ က်ပ္ ၅၀ဝ၊ေအာက္တိန္း ၉၇ တစ္လီတာ က်ပ္၈၁ဝ ျဖင့္ ေမလဆန္းေဈးႏႈန္းမ်ားထက္ တစ္လီတာလွ်င္ ၇၀ က်ပ္ႏႈန္း ျပန္လည္ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။ျမန္မာႏိုင္ငံအႏွံ႔အျပား၌ အသြား အလာကန႔္သတ္မႈမ်ားေျဖေလွ်ာ့ၿပီးေနာက္ လက္ရွိတြင္ ျပည္တြင္းစက္သုံးဆီသုံးစြဲမႈႏႈန္းသည္ ၆၀ ရာခိုင္ႏႈန္းေက်ာ္ရွိေနကာ ေဈးႏႈန္းမ်ား လည္း အတက္ဘက္တြင္ ဆက္လက္ရွိႏိုင္မည္ျဖစ္ေၾကာင္း စက္သုံးဆီေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

“ဒီလကုန္ဆိုရင္ စက္သုံးဆီအေရာင္းေဈးကြက္က ပိုမ်ားလာႏိုင္မယ္ ။ကိုဗစ္ကာလမွာ သိုေလွာင္ထားတာေတြက ကုန္သေလာက္ရွိၿပီး လက္ရွိမွာလည္း ေဈးကြက္ထဲမွာ အမွာေတြတက္လာတာရွိတယ္”ဟု ျပည္တြင္းစက္သုံးဆီျဖန္ျဖဴးသည့္ ကုမၸဏီတစ္ခု ျဖစ္သည္ MK High Class Fuel Distribution၏ စီအီးအို ဦးမင္းေအာင္ခန႔္က ဆိုသည္။ျပည္တြင္းစက္သုံးဆီေဈးကြက္အတြင္း ယခင္ဆီေဈးႏႈန္းက် ဆင္းခ်ိန္တြင္ စက္သုံးဆီအေရာင္းဆိုင္မ်ားအေနျဖင့္ ဧၿပီလဆန္း၌ ဝယ္ယူသိုေလွာင္မႈမ်ားရွိခဲ့ရာ လက္ရွိအသြားအလာကန႔္သတ္ မႈမ်ား ေျဖ့ေလွ်ာ့ၿပီးေနာက္ ဇြန္လဆန္းမွစတင္ကာ ေဈးကြက္အတြင္း သုံးစြဲမႈျပန္လည္ ျမင့္တက္လာျခင္းျဖစ္ေၾကာင္း ဆိုသည္။

ေမလဆန္းတြင္ ျပည္တြင္းစက္သုံးဆီေဈးကြက္သည္ အေရာင္းအဝယ္၃၅ရာခိုင္ႏႈန္းခန႔္သာရွိခဲ့ၿပီး ဇြန္လဆန္းတြင္ စက္သုံးဆီေဈးကြက္ အေရာင္းအဝယ္မွာ ၅၀ရာခိုင္ႏႈန္းထိ ျပန္လည္ျမင့္တက္လာခဲ့ေၾကာင္း ျပည္တြင္းစက္သုံးဆီေဈးကြက္မွ သိရသည္။ လက္ရွိကမာၻ႔ေရနံစိမ္း ထုတ္လုပ္သည့္ကုမၸဏီမ်ားက ထုတ္လုပ္မႈကို ဆက္လက္ေလွ်ာ့ခ်သျဖင့္ ကမာၻ႔ေရနံစိမ္းေဈးႏႈန္းမ်ား အတက္ဘက္တြင္ ဆက္လက္ရပ္ တည္ေနၿပီး ယင္းအေပၚမွီခိုရသည့္ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ားလည္း အတက္ဘက္တြင္ ရွိႏိုင္မည္ဟု ခန႔္မွန္းၾကျခင္းျဖစ္ သည္။

REF: ျမန္မာတိုင္းမ္

UNICODE

ပြည်တွင်း စက်သုံးဆီသုံးစွဲမှုနှုန်း ၆၀ ရာခိုင်နှုန်းကျော် ရှိလာ၍ ဈေးနူန်းအတက်ဘက်သို့ ဦးတည်

Covid-19 မဖြစ်မီကာလ၂ဝ၂ဝ ပြည့်နှစ်၊မတ် ၇ ရက်ထိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း – ၉၂ တစ်လီတာ ကျပ် ၆၆ဝ၊ အောက်တိန်း- ၉၅ တစ်လီတာ ကျပ် ၇၈ဝ၊ ဒီဇယ်တစ်လီတာ ကျပ် ၇၂ဝ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၃ဝ ဖြင့် ရောင်းချခဲ့သည်။ ဇွန်လ၁ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်တစ်ခု၏ လက်ကားရောင်းချသည့်ဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၂၀ ၊ ပရီမီယမ်ဒီဇယ် တစ်လီတာကျပ် ၅၃ဝ ၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ်၄၄ဝ ၊ အောက်တိန်း ၉၅ တစ်လီတာကျပ် ၅၆ဝ ၊ အောက်တိန်း ၉၇ တစ်လီတာ ကျပ် ၈၇ဝ ဖြင့် ပေါက်ဈေးရှိခဲ့သည်။

မေလ၁၈ ရက်တွင် စက်သုံးဆီဆိုင်တစ်ခု၏ လက်ကားရောင်းချဈေးနှုန်းများမှာ ဒီဇယ် တစ်လီတာ ကျပ် ၄၇ဝ၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ကျပ် ၄၈ဝ၊ အောက်တိန်း ၉၂ တစ်လီတာကျပ် ၃၈ဝ ၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၅၀ဝ၊အောက်တိန်း ၉၇ တစ်လီတာ ကျပ်၈၁ဝ ဖြင့် မေလဆန်းဈေးနှုန်းများထက် တစ်လီတာလျှင် ၇၀ ကျပ်နှုန်း ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံအနှံ့အပြား၌ အသွား အလာကန့်သတ်မှုများဖြေလျှော့ပြီးနောက် လက်ရှိတွင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုနှုန်းသည် ၆၀ ရာခိုင်နှုန်းကျော်ရှိနေကာ ဈေးနှုန်းများ လည်း အတက်ဘက်တွင် ဆက်လက်ရှိနိုင်မည်ဖြစ်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဒီလကုန်ဆိုရင် စက်သုံးဆီအရောင်းဈေးကွက်က ပိုများလာနိုင်မယ် ။ကိုဗစ်ကာလမှာ သိုလှောင်ထားတာတွေက ကုန်သလောက်ရှိပြီး လက်ရှိမှာလည်း ဈေးကွက်ထဲမှာ အမှာတွေတက်လာတာရှိတယ်”ဟု ပြည်တွင်းစက်သုံးဆီဖြန်ဖြူးသည့် ကုမ္ပဏီတစ်ခု ဖြစ်သည် MK High Class Fuel Distribution၏ စီအီးအို ဦးမင်းအောင်ခန့်က ဆိုသည်။ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ယခင်ဆီဈေးနှုန်းကျ ဆင်းချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ဧပြီလဆန်း၌ ဝယ်ယူသိုလှောင်မှုများရှိခဲ့ရာ လက်ရှိအသွားအလာကန့်သတ် မှုများ ဖြေ့လျှော့ပြီးနောက် ဇွန်လဆန်းမှစတင်ကာ ဈေးကွက်အတွင်း သုံးစွဲမှုပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

မေလဆန်းတွင် ပြည်တွင်းစက်သုံးဆီဈေးကွက်သည် အရောင်းအဝယ်၃၅ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး ဇွန်လဆန်းတွင် စက်သုံးဆီဈေးကွက် အရောင်းအဝယ်မှာ ၅၀ရာခိုင်နှုန်းထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီဈေးကွက်မှ သိရသည်။ လက်ရှိကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်သည့်ကုမ္ပဏီများက ထုတ်လုပ်မှုကို ဆက်လက်လျှော့ချသဖြင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ အတက်ဘက်တွင် ဆက်လက်ရပ် တည်နေပြီး ယင်းအပေါ်မှီခိုရသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း အတက်ဘက်တွင် ရှိနိုင်မည်ဟု ခန့်မှန်းကြခြင်းဖြစ် သည်။

REF:   မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *