



REF: SHWE WIKI

UNICODE

ပြည်ထဲရေးဝန်ကြီးဟောင်း ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ တပ်မတော် မှ အငြိမ်း စား ယူသွားပြီဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ဖေ‌ဖော်ဝါရီလ ၄ ရက်နေ့အထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူ၏ နေရာကို စစ်ဘက်ရေးရာရာ လုံခြုံရေး အရာရှိချုပ် တာဝန် ထမ်းဆောင် နေသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် အစားထိုး လဲလှယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် တပ်မတော်အရန်အင်အားအနေဖြင့် စစ်တပ်မူလတာဝန် ထမ်းဆောင်နေ ရာမှ ယခုအခါ အနားယူသွားပြီဖြစ်ကြောင်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ အငြိမ်းစားယူ သွားပြီဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကနေ ဝန်ကြီးအဖြစ်ကနေ အနားယူတဲ့အခါမှာ တပ်မတော် အရန်အင်အားနဲ့ စစ်တပ်မူလတာဝန် ထမ်းဆောင်ပါ တယ်။ အခုအချိန်မှာတော့ အငြိမ်းစားယူပြီ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *