(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး လိုအပ္တဲ့တာဝန္ေတြ ေဆာင္႐ြက္ေပးမည္ ဟု တပ္မေတာ္ ကတိေပး

၂၀၂၀ ေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလအတြင္း က်င္းပသြားဖြယ္ရွိသလို ဆႏၵမဲေပးပိုင္ခြင့္ရွိသူ အေရအတြက္က ၃၇ သန္း ခန႔္ ရွိတယ္ လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ က ေၾကညာထားပါတယ္။တပ္မေတာ္သားေတြ နဲ႔ မိသားစုဝင္ မဲေပးမယ့္ စာရင္းကိုေတာ့ လက္ ရွိအခ်ိန္မွာ ျပဳစုဆဲလို႔ သိရပါတယ္။ဒါေၾကာင့္မလို႔ က်ေနာ္တို႔အေန နဲ႔ ဒီပါတီစုံဒီမိုကေရစီစနစ္ရဲ႕ အသက္ျဖစ္တဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ လာၿပီးရင္ လုံၿခဳံေရးအရ ေရာ၊ ေဆာင္႐ြက္ႏိုင္တဲ့ လုပ္ငန္းမွန္ သမွ်ေရာ က်ေနာ္တို႔ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္ ” လို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာ တပ္မေတာ္ သားေတြအပါအဝင္ မိသားစုဝင္ေတြဟာ တပ္အတြင္းမွာထားရွိတဲ့ မဲ႐ုံေတြမွာ သာ မဲေပးခဲ့ၾကရေပမဲ့ အခု ၂၀၂၀ မွာေတာ့ တပ္ျပင္မဲ႐ုံေတြမွာ မဲေပးၾကရေတာ့မွာပါ။တပ္ျပင္မဲ႐ုံေတြ အျပင္ထုတ္ေရး ကို လႊတ္ေတာ္ ေတြ မွာ ေဆြးေႏြးခဲ့စဥ္ကလည္း တပ္မေတာ္သားကိုယ္စားလွယ္ေတြက နယ္ေျမမေအးခ်မ္းတဲ့ ေဒသေတြက လုံၿခဳံေရးကို ထည့္သြင္း ေဆြးေႏြးခဲ့ ၾကပါတယ္။ဒါနဲ႔ပတ္သက္ၿပီးလည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ” တပ္ျပင္မဲ႐ုံေတြနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရး နဲ႔ ပတ္သက္ၿပီး ပဋိပကၡ ျဖစ္ပြားေနတဲ့ ေနရာေတြမွာ တပ္မေတာ္သားေတြ တပ္ျပင္ မဲေပးႏိုင္ဖို႔၊ ဒါေတြကေတာ့ တကယ္ျဖစ္ေပၚလာတဲ့ ေ႐ြးေကာက္ပြဲ ကာလမွာ။

တကယ္ျဖစ္ေပၚ လာတဲ့ အေျခအေနေတြအရ က်ေနာ္တို႔ ညႇိႏႈိင္းေဆာင္႐ြက္ သြားလို႔ရပါတယ္” လို႔ ေျပာပါတယ္။၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲ အတြက္ လုံၿခဳံေရးပိုင္းအပါအဝင္ တျခားလိုခ်က္ေတြ ကိုလည္း တပ္မေတာ္ဘက္က ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ ဗိုလ္ မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ဇြန္လ ၂၂ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ အစိုးရသတင္း စာရွင္းလင္းပြဲမွာ ေျပာပါတယ္။ တပ္မေတာ္ အေနနဲ႔ပါတီစုံ ဒီမိုကေရစီစနစ္ျဖစ္ေပၚလာေစဖို႔အတြက္တပ္မေတာ္အစိုးရလက္ထက္ကတည္းက လမ္းခင္းေပးခဲ့တာနဲ႔အညီ အခု ၂၀၂၀ ေ႐ြးေကာက္ပြဲ ျဖစ္ေျမာက္လာေစဖို႔အတြက္ကိုလည္း လိုအပ္တဲ့တာဝန္ေတြကို ထမ္းေဆာင္ဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။

ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ” ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက၊၂၀၁၀ ေ႐ြးေကာက္ပြဲတုန္းက ဒီလုံၿခဳံေရးပိုင္းဆိုင္ရာကိစၥတင္မကဘူး ဆႏၵမဲ လက္မွတ္ေတြ အခ်ိန္မီေရာက္ရွိဖို႔၊ ဆႏၵမဲလက္မွတ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ဆႏၵမဲေပးတဲ့ပုံးေတြကအစ အခ်ိန္မီေရာက္ရွိဖို႔ရာ တကယ့္ ခက္ခဲတဲ့အရပ္ ေတြမွာ တပ္မေတာ္ရဟတ္ယာဥ္ေတြ၊ ေလယာဥ္ေတြ သုံးၿပီးေတာ့ ပို႔ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

REF: LET PAN

UNICODE

(၂၀၂၀)ရွေးကောက်ပွဲအတွက် လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့တာဝန်တွေ ဆောင်ရွက်ပေးမည် ဟု တပ်မတော် ကတိပေး

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ်ရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်က ၃၇ သန်း ခန့် ရှိတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာထားပါတယ်။တပ်မတော်သားတွေ နဲ့ မိသားစုဝင် မဲပေးမယ့် စာရင်းကိုတော့ လက် ရှိအချိန်မှာ ပြုစုဆဲလို့ သိရပါတယ်။ဒါကြောင့်မလို့ ကျနော်တို့အနေ နဲ့ ဒီပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက် လာပြီးရင် လုံခြုံရေးအရ ရော၊ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းမှန် သမျှရော ကျနော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ” လို့ တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တပ်မတော် သားတွေအပါအဝင် မိသားစုဝင်တွေဟာ တပ်အတွင်းမှာထားရှိတဲ့ မဲရုံတွေမှာ သာ မဲပေးခဲ့ကြရပေမဲ့ အခု ၂၀၂၀ မှာတော့ တပ်ပြင်မဲရုံတွေမှာ မဲပေးကြရတော့မှာပါ။တပ်ပြင်မဲရုံတွေ အပြင်ထုတ်ရေး ကို လွှတ်တော် တွေ မှာ ဆွေးနွေးခဲ့စဉ်ကလည်း တပ်မတော်သားကိုယ်စားလှယ်တွေက နယ်မြေမအေးချမ်းတဲ့ ဒေသတွေက လုံခြုံရေးကို ထည့်သွင်း ဆွေးနွေးခဲ့ ကြပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ” တပ်ပြင်မဲရုံတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး နဲ့ ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ တပ်မတော်သားတွေ တပ်ပြင် မဲပေးနိုင်ဖို့၊ ဒါတွေကတော့ တကယ်ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲ ကာလမှာ။

တကယ်ဖြစ်ပေါ် လာတဲ့ အခြေအနေတွေအရ ကျနော်တို့ ညှိနှိုင်းဆောင်ရွက် သွားလို့ရပါတယ်” လို့ ပြောပါတယ်။၂၀၂၀ အထွေထွေရွေး ကောက်ပွဲ အတွက် လုံခြုံရေးပိုင်းအပါအဝင် တခြားလိုချက်တွေ ကိုလည်း တပ်မတော်ဘက်က ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဇွန်လ ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရသတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ တပ်မတော် အနေနဲ့ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေဖို့အတွက်တပ်မတော်အစိုးရလက်ထက်ကတည်းက လမ်းခင်းပေးခဲ့တာနဲ့အညီ အခု ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်မြောက်လာစေဖို့အတွက်ကိုလည်း လိုအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ” ၂၀၁၅ ရွေးကောက်ပွဲတုန်းက၊၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီလုံခြုံရေးပိုင်းဆိုင်ရာကိစ္စတင်မကဘူး ဆန္ဒမဲ လက်မှတ်တွေ အချိန်မီရောက်ရှိဖို့၊ ဆန္ဒမဲလက်မှတ်တွေနဲ့ပတ်သက်ပြီးတော့ ဆန္ဒမဲပေးတဲ့ပုံးတွေကအစ အချိန်မီရောက်ရှိဖို့ရာ တကယ့် ခက်ခဲတဲ့အရပ် တွေမှာ တပ်မတော်ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ သုံးပြီးတော့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *