(၂၂-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ စုစု ေပါင္း (၂၀၀) ဦးရွိပါသည္။ ၎တို႔အနက္ (၁၈၆) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳ ခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာ မ်ားတြင္ အသြားအလာဆက္ လက္ကန႔္သတ္ ၍ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၂၁-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၂-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၃) ဦး ရွိပါသည္။ (၂၂-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၃၇၂)ခု၊

ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၁၉၉) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီး(ကုတင္ ၁,၀၀၀)မွ ဓာတ္ခြဲ နမူနာ (၂၅၂)ခု၊ စုစုေပါင္း (၈၂၃)ခုအား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိပါ။ (၂၂-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၂၉၀) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၂၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစု ပေါင်း (၂၀၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၈၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာဆက် လက်ကန့်သတ် ၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၂၁-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၂-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၃) ဦး ရှိပါသည်။ (၂၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၂)ခု၊

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၉၉) ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ကုတင် ၁,၀၀၀)မှ ဓာတ်ခွဲ နမူနာ (၂၅၂)ခု၊ စုစုပေါင်း (၈၂၃)ခုအား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။ (၂၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၉၀) ဦးရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *