ႀကိဳတင္မွတ္ပုံတင္ၿပီး ေရာင္းခ်ေနတဲ့ ေစ်းကြက္အတြင္းက SIM Card မ်ားကို ဝယ္ယူသုံးစြဲျခင္း မျပဳဖို႔ ဆက္သြယ္ေရး အသိေပး

ဖုန္း SIM Card ေတြကို စတင္ပိတ္သိမ္းရာမွာ ဖုန္းေခၚဆိုမႈကို ပိတ္ထားၿပီး ဖုန္းအဝင္လက္ခံျခင္း၊ SMS အဝင္ လက္ခံျခင္းမ်ားကိုသာ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။ ဖုန္းေခၚဆိုမယ္ဆိုပါ သက္ဆိုင္ရာ Call Center သို႔သာ ေခၚဆိုႏိုင္မွာျဖစ္ၿပီး လက္ရွိမွာ ယင္းဆင္းကတ္ မ်ားကို ျပန္လည္စိစစ္လ်က္ ရွိတယ္လို႔ သိရပါတယ္။

ယင္းကဲ့သို႔ ပိတ္သိမ္းခံရတဲ့ SIM Card မ်ားကို မိုဘိုင္းလ္ ေအာ္ပေရတာမ်ားရဲ႕ အေရာင္းဆိုင္မ်ား၊ ဝက္ဘ္ဆိုက္မ်ားနဲ႔ Mobile Application မ်ားမွ တစ္ဆင့္ လြယ္ကူစြာ မွတ္ပုံတင္ႏိုင္ရန္ ဝန္ေဆာင္မႈမ်ား ေပးထားတယ္လို႔ သိရပါတယ္။ဖုန္း SIM Card ေတြကို ဇြန္လ ၃ဝရက္ေန႔ ေနာက္ဆုံးထားၿပီး မွတ္ပုံတင္ရမွာျဖစ္ပါတယ္။

မွတ္ပုံတင္ထားျခင္း မရွိတဲ့ SIM Card ေတြကို ဇြန္လ ၃၀ ရက္ေနာက္ပိုင္းမွာ အၿပီးပိတ္သိမ္းသြားမွာပဲ ျဖစ္ပါတယ္။ ေစ်းကြက္အတြင္း ေရာင္းခ်ေနတဲ့ အခ်က္အလက္ မွန္ကန္စြာနဲ႔ မွတ္ပုံတင္ထားျခင္းမရွိတဲ့ ႀကိဳတင္မွတ္ပုံတင္ထားတဲ့ SIM Card မ်ားကို ဝယ္ယူသုံးစြဲျခင္း မျပဳၾကဖို႔ ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာနက အသိေပးတိုက္တြန္းလိုက္ပါတယ္။

ယင္းအျပင္ သုံးစြဲသူမ်ားအေနနဲ႔ မိမိတို႔အမွန္တကယ္ သုံးစြဲေနတဲ့ SIM Card မ်ားကို ပိတ္သိမ္းခံရမႈ မရွိေစေရးအတြက္ မိမိတို႔ရဲ႕ SIM Card မ်ားကို သတ္မွတ္ရက္အတြင္း မွန္ကန္စြာ မွတ္ပုံတင္ႏိုင္ေရး ေဆာင္႐ြက္ၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။ လက္ရွိမွာ မွန္ ကန္စြာ မွတ္ပုံတင္ထားျခင္းမရွိတဲ့ ဖုန္း SIM Card ေတြကို သတိေပးပုံစံမ်ိဳးနဲ႔ စတင္ပိတ္သိမ္းေနၿပီျဖစ္ပါတယ္။

ပိတ္သိမ္းလိုက္တဲ့ ဆင္းကတ္မ်ားမွာ သက္ေသခံ ကတ္ျပားတစ္ခုခုျဖင့္ ၂ ကတ္ထပ္ပို၍ မွတ္ပုံတင္ထားတဲ့ ဆင္းကတ္မ်ားနဲ႔ မွတ္ပုံမတင္ ထားေသာ ဆင္းကတ္မ်ားကို ပိတ္သိမ္းလိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။

REF: MYANMAPLATFORM

UNICODE

ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချနေတဲ့ ဈေးကွက်အတွင်းက SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုဖို့ ဆက်သွယ်ရေး အသိပေး

ဖုန်း SIM Card တွေကို စတင်ပိတ်သိမ်းရာမှာ ဖုန်းခေါ်ဆိုမှုကို ပိတ်ထားပြီး ဖုန်းအဝင်လက်ခံခြင်း၊ SMS အဝင် လက်ခံခြင်းများကိုသာ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဖုန်းခေါ်ဆိုမယ်ဆိုပါ သက်ဆိုင်ရာ Call Center သို့သာ ခေါ်ဆိုနိုင်မှာဖြစ်ပြီး လက်ရှိမှာ ယင်းဆင်းကတ် များကို ပြန်လည်စိစစ်လျက် ရှိတယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ပိတ်သိမ်းခံရတဲ့ SIM Card များကို မိုဘိုင်းလ် အော်ပရေတာများရဲ့ အရောင်းဆိုင်များ၊ ဝက်ဘ်ဆိုက်များနဲ့ Mobile Application များမှ တစ်ဆင့် လွယ်ကူစွာ မှတ်ပုံတင်နိုင်ရန် ဝန်ဆောင်မှုများ ပေးထားတယ်လို့ သိရပါတယ်။ဖုန်း SIM Card တွေကို ဇွန်လ ၃ဝရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ထားခြင်း မရှိတဲ့ SIM Card တွေကို ဇွန်လ ၃၀ ရက်နောက်ပိုင်းမှာ အပြီးပိတ်သိမ်းသွားမှာပဲ ဖြစ်ပါတယ်။ စျေးကွက်အတွင်း ရောင်းချနေတဲ့ အချက်အလက် မှန်ကန်စွာနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကြိုတင်မှတ်ပုံတင်ထားတဲ့ SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုကြဖို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးတိုက်တွန်းလိုက်ပါတယ်။

ယင်းအပြင် သုံးစွဲသူများအနေနဲ့ မိမိတို့အမှန်တကယ် သုံးစွဲနေတဲ့ SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် မိမိတို့ရဲ့ SIM Card များကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ လက်ရှိမှာ မှန် ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်း SIM Card တွေကို သတိပေးပုံစံမျိုးနဲ့ စတင်ပိတ်သိမ်းနေပြီဖြစ်ပါတယ်။

ပိတ်သိမ်းလိုက်တဲ့ ဆင်းကတ်များမှာ သက်သေခံ ကတ်ပြားတစ်ခုခုဖြင့် ၂ ကတ်ထပ်ပို၍ မှတ်ပုံတင်ထားတဲ့ ဆင်းကတ်များနဲ့ မှတ်ပုံမတင် ထားသော ဆင်းကတ်များကို ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

REF:    MYANMAPLATFORM

Add a Comment

Your email address will not be published. Required fields are marked *