ကိုဗစ္ကာလမွာ ႏွာေခါင္း စည္း အတု ေရာင္းခ်မႈ နဲ႔ နာ မည္ႀကီး တ႐ုတ္ေ ဆးဆိုင္သူေဌး ေထာင္ (၁၅) ႏွစ္ ခ်မွတ္ခံရ

ပီကင္းၿမိဳ႕က နာမည္ႀကီးKangbaixin ေဆးဆိုင္လုပ္ငန္းဟာ ကိုဗစ္ကာလမွာ အေရးယူခံရတာ ဒါပထမဆုံးအႀကိမ္မဟုတ္ပါ။ ဇန္နဝါရီလ ထဲမွာပဲ PM 2.5 Mask ေတြကို ေဈးအဆ ၂၆၀ တင္ေရာင္းမႈနဲ႔ ျမန္မာေငြ သိန္း 200 ေလာက္ဒဏ္ခ်ခံရေၾကာင္း က်ေနာ္ေန႔စဥ္သတင္း ထဲမွာ ထည့္ေရးဖူးပါတယ္။ တ႐ုတ္အစိုးရရဲ႕အေရးယူမႈက ျမန္ပါတယ္။ Mask အတုေတြေပၚလာတဲ့အခါမွာ Supreme People’s Court က ဥပေဒအသစ္ကို ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ ျမန္ျမန္ဆန္ဆန္ထုတ္ၿပီး စအေရးယူတာျဖစ္ေၾကာင္း သိရပါတယ္။

Kangbaixin ေဆးဆိုင္လု ပ္ငန္းဟာ ပီကင္းၿမိဳ႕ေတာ္မွာတင္ ေဆးဆိုင္ေပါင္း 60 ရွိပါတယ္။ Kangbaixin ရဲ႕ ဥကၠ႒ Li Dong နဲ႔ အေပါင္း အပါ ၂ ေယာက္ကို အျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ Li Dong က ေထာင္ဒဏ္ ၁၅ ႏွစ္က်ၿပီး က်န္ႏွစ္ေယာက္ျဖစ္တဲ့ Li Yuzhang နဲ႔ Luo Hanyi တို႔က ဘယ္ေလာက္က်မလဲမသိရေသးပါ။တ႐ုတ္ျပည္မွာ ကိုဗစ္အႀကီးအက်ယ္ျဖစ္ေနတဲ့ ဇန္နဝါရီလထဲမွာ Li Dong ရဲ႕ Kangbaixin ေဆးဆိုင္ေတြဟာ 3M mask ေတြလို႔ ေၾကညာၿပီး အတုေပါင္း ၅ သိန္း ၈ ေသာင္းကို ေရာင္းခဲ့ပါတယ္။

အဲ့ဒီအခ်ိန္က Mask ေဈးေတြက အရမ္းျမင့္တက္ခဲ့ၿပီး လူေတြက ရသေလာက္လုဝယ္ခဲ့ၾကတာပါ။ဒါေပမယ့္ လူေတြက 3 M mask ေတြရဲ႕ အရည္အေသြးကို ကြန္ပလိန္းတက္လာၾကတဲ့အခါမွာ ေဒသအာဏာပိုင္ေတြကစုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီမွာ 3M mask အစစ္ေတြမဟုတ္ပဲ အတုေတြကို Kangbaixin ေဆးဆိုင္ေတြက ဝယ္ေရာင္းလုပ္ခဲ့တာေပၚေပါက္ခဲ့ၿပီး Li Dong ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ mask အတုလုပ္မႈ၊ အရည္အေသြးမမီတာေတြ ေရာင္းခ်မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ အဲ့လို တရားစြဲဆိုၿပီး သုံးရက္ အၾကာမွာ Kangbaixin ေဆးဆိုင္ေတြက ဝယ္ယူခဲ့သူေတြကို ေတာင္းပန္ၿပီး ေဈးသုံးဆေပးကာ ေလွ်ာ္ေၾကးေပးမယ္လို႔ ဆိုခဲ့ပါတယ္။ ဒါ ဟာ ဇန္နဝါရီ ၂၃ ကေန ၂၆ ရက္ေန႔အထိ သုံးရက္ အတြင္းအတုေရာင္း မႈ နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ခ်တာ ျဖစ္ပါတယ္။ သူ႔ဟာ ျပည္သူအ ေျမာက္အျမားကို ေရာဂါျဖစ္ၿပီးေသေစႏိုင္မႈနဲ႔ တ႐ုတ္ရဲ႕ အေရးယူမႈဟာ အတုယူစရာ ျဖစ္ပါတယ္။

Li Dong ရဲ႕ ကုမၸဏီဟာ အဲ့ဒီ Mask အတုေရာင္းမႈကေန ျမန္မာေငြ သိန္း 8000 ေက်ာ္ျမတ္စြန္းခဲ့ပါတယ္။ သူ႔ေရွ႕ေနကေတာ့ အတုမွန္း မသိလို႔ ေရာင္းမိပါတယ္လို႔ ခုခံေခ်ပေပမယ့္ မရပါဘူး။

Richard Myo Thant

21-June-2020

UNICODE

ကိုဗစ်ကာလမှာ နှာခေါင်း စည်း အတု ရောင်းချမှု နဲ့ နာ မည်ကြီး တရုတ်ေ ဆးဆိုင်သူဌေး ထောင် (၁၅) နှစ် ချမှတ်ခံရ

ပီကင်းမြို့က နာမည်ကြီးKangbaixin ဆေးဆိုင်လုပ်ငန်းဟာ ကိုဗစ်ကာလမှာ အရေးယူခံရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါ။ ဇန်နဝါရီလ ထဲမှာပဲ PM 2.5 Mask တွေကို ဈေးအဆ ၂၆၀ တင်ရောင်းမှုနဲ့ မြန်မာငွေ သိန်း 200 လောက်ဒဏ်ချခံရကြောင်း ကျနော်နေ့စဉ်သတင်း ထဲမှာ ထည့်ရေးဖူးပါတယ်။ တရုတ်အစိုးရရဲ့အရေးယူမှုက မြန်ပါတယ်။ Mask အတုတွေပေါ်လာတဲ့အခါမှာ Supreme People’s Court က ဥပဒေအသစ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မြန်မြန်ဆန်ဆန်ထုတ်ပြီး စအရေးယူတာဖြစ်ကြောင်း သိရပါတယ်။

Kangbaixin ဆေးဆိုင်လု ပ်ငန်းဟာ ပီကင်းမြို့တော်မှာတင် ဆေးဆိုင်ပေါင်း 60 ရှိပါတယ်။ Kangbaixin ရဲ့ ဥက္ကဋ္ဌ Li Dong နဲ့ အပေါင်း အပါ ၂ ယောက်ကို အပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ Li Dong က ထောင်ဒဏ် ၁၅ နှစ်ကျပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ Li Yuzhang နဲ့ Luo Hanyi တို့က ဘယ်လောက်ကျမလဲမသိရသေးပါ။တရုတ်ပြည်မှာ ကိုဗစ်အကြီးအကျယ်ဖြစ်နေတဲ့ ဇန်နဝါရီလထဲမှာ Li Dong ရဲ့ Kangbaixin ဆေးဆိုင်တွေဟာ 3M mask တွေလို့ ကြေညာပြီး အတုပေါင်း ၅ သိန်း ၈ သောင်းကို ရောင်းခဲ့ပါတယ်။

အဲ့ဒီအချိန်က Mask ဈေးတွေက အရမ်းမြင့်တက်ခဲ့ပြီး လူတွေက ရသလောက်လုဝယ်ခဲ့ကြတာပါ။ဒါပေမယ့် လူတွေက 3 M mask တွေရဲ့ အရည်အသွေးကို ကွန်ပလိန်းတက်လာကြတဲ့အခါမှာ ဒေသအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ 3M mask အစစ်တွေမဟုတ်ပဲ အတုတွေကို Kangbaixin ဆေးဆိုင်တွေက ဝယ်ရောင်းလုပ်ခဲ့တာပေါ်ပေါက်ခဲ့ပြီး Li Dong ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ mask အတုလုပ်မှု၊ အရည်အသွေးမမီတာတွေ ရောင်းချမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲ့လို တရားစွဲဆိုပြီး သုံးရက် အကြာမှာ Kangbaixin ဆေးဆိုင်တွေက ဝယ်ယူခဲ့သူတွေကို တောင်းပန်ပြီး ဈေးသုံးဆပေးကာ လျှော်ကြေးပေးမယ်လို့ ဆိုခဲ့ပါတယ်။ ဒါ ဟာ ဇန်နဝါရီ ၂၃ ကနေ ၂၆ ရက်နေ့အထိ သုံးရက် အတွင်းအတုရောင်း မှု နဲ့ ထောင်ဒဏ် ၁၅ နှစ်ချတာ ဖြစ်ပါတယ်။ သူ့ဟာ ပြည်သူအ မြောက်အမြားကို ရောဂါဖြစ်ပြီးသေစေနိုင်မှုနဲ့ တရုတ်ရဲ့ အရေးယူမှုဟာ အတုယူစရာ ဖြစ်ပါတယ်။

Li Dong ရဲ့ ကုမ္ပဏီဟာ အဲ့ဒီ Mask အတုရောင်းမှုကနေ မြန်မာငွေ သိန်း 8000 ကျော်မြတ်စွန်းခဲ့ပါတယ်။ သူ့ရှေ့နေကတော့ အတုမှန်း မသိလို့ ရောင်းမိပါတယ်လို့ ခုခံချေပပေမယ့် မရပါဘူး။

Richard Myo Thant

21-June-2020

Add a Comment

Your email address will not be published. Required fields are marked *