ကိုဗစ္ လူ နာ(၁)သိန္း ကို တ႐ုတ္ က ႏိုင္ငံ တကာ သို႔ ရည္႐ြယ္ခ်က္ ရွိရွိ ေစလႊတ္ခဲ့ေၾကာင္း အေမရိကန္စြပ္စြဲ ေျပာဆို
|အေမရိကန္ ႏိုင္ငံမွာ ကိုဗစ္ ကူးစက္သူ (၂.၃)သန္းအထိ ရွိခဲ့ၿပီး၊ ေသဆုံးသူကေတာ့ (၁၂၂၀၀၀)အထိ ရွိခဲ့ ပါတယ္။ အခု အခ်ိန္မွာ ကိုဗစ္ ဒုတိယလႈိင္းကို တခ်ိဳ႕ႏိုင္ငံေတြ စတင္ခံစားေနရၿပီး၊ ဘုရားဇီးကေတာ့ မၿပီးျပတ္ေသးဘဲ အေတာ္ေလးကို အေျခအေန ဆိုး႐ြားတဲ့အဆင့္ ကို ေရာက္ေန ပါတယ္။ WHO ကလည္း ကိုဗစ္ရဲ႕ပိုဆိုးတဲ့ အဆင့္ လာဦးမယ္ လို႔ ကမာၻ ကို သတိေပးခဲ့ပါတယ္။ေအ မရိကန္သမၼတ ထရမ့္ရဲ႕ ကုန္သြယ္ေရးဆိုင္ရာအႀကံေပး အရာရွိ ပီတာနာဗာ႐ိုက အင္တာဗ်ဴး တစ္ခုမွာ တ႐ုတ္ႏိုင္ငံကို စြပ္စြဲျပစ္ တင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
သူရဲ႕ စြပ္စြဲခ်က္မွာေတာ့ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာကို ကိုဗစ္နဲ႔ဒုကၡေပးဖို႔အတြက္ ၎တို႔ႏိုင္ငံအတြင္းက ကိုဗစ္ကူးစက္ခံ လူနာ(၁)သိန္း ကို အျခား ႏိုင္ငံမ်ားသို႔ ရည္႐ြယ္ခ်က္ရွိရွိ ေစလႊတ္ခဲ့ေၾကာင္း ဆိုပါတယ္။သတင္းေထာက္မ်ားနဲ႔ ေတြ႕ဆုံစဥ္မွာ ပီတာနာဗာ႐ိုကို သတင္း ေထာက္တစ္ဦးက ” အေမရိကန္အေနနဲ႔ ကိုဗစ္ ဒုတိယလႈိင္းအတြက္ ဘယ္လို ျပင္ဆင္ထားသလဲ “ဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီး နာဗာ႐ို က အထက္ပါ ေျဖၾကားခ်က္ကို ထည့္သြင္းေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
သူက တ႐ုတ္အာဏာပိုင္ေတြဟာ ကူးစက္သူေထာင္ဂဏန္းကို ရာနဲ႔ခ်ီတဲ့အုပ္စုေတြဖြဲ႕ၿပီး ေစလႊတ္ခဲ့တာလို႔ ဆိုပါတယ္။သူက ” ဆိုရရင္ ဘာျဖစ္လာႏိုင္မလဲ ဆိုတဲ့ ျဖစ္တန္ေျခအတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ေနပါတယ္ … ျဖစ္မလာဘူးလို႔လည္း ကြၽန္ေတာ္က ယတိျပတ္ မ ေျပာပါဘူး … ဒါေပမယ့္ ျပင္ဆင္ထားရမယ္ … ဘာေတြ ျပင္ဆင္ရမလဲဆိုတာကိုလည္း ေျပာပါမယ္ … တ႐ုတ္က ဒါကို အစျပဳခဲ့ကတည္း က ကြၽန္ေတာ္တို႔ သမၼတထရမ့္ ရဲ႕ လက္ေအာက္မွာ အမ်ားႀကီး ျပင္ဆင္ထားပါတယ္ … “လို႔ ေျပာပါတယ္။
သူက ဆက္လက္ၿပီး ” ဒီဗိုင္းရပ္စ္ကို သူတို႔ ဖန္တီးတယ္ … ေနာက္ ဖုံးအုပ္ထားၿပီး အားလုံး မသိခ်ိန္မွာ ကမာၻကို ကူးစက္သူေတြ ျဖန႔္ၿပီး သြားၿပီ … တ႐ုတ္လူမ်ိဳးေတြ ကပဲ တစ္ကမာၻလုံးကို ပ်ံ႕ႏွံ႔ေစခဲ့တာပါ … သူတို႔ ဒါကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာပါ … ဒါက တိက်တဲ့ အေျဖ ပါပဲ … ေနာက္ၿပီး တိက်တဲ့ အခ်က္အလက္ ေတြလည္း ျဖစ္ပါတယ္ ”။
Credit Cele crazynews
Ref DailyStar
UNICODE
ကိုဗစ် လူ နာ(၁)သိန်း ကို တရုတ် က နိုင်ငံ တကာ သို့ ရည်ရွယ်ချက် ရှိရှိ စေလွှတ်ခဲ့ကြောင်း အမေရိကန်စွပ်စွဲ ပြောဆို
အမေရိကန် နိုင်ငံမှာ ကိုဗစ် ကူးစက်သူ (၂.၃)သန်းအထိ ရှိခဲ့ပြီး၊ သေဆုံးသူကတော့ (၁၂၂၀၀၀)အထိ ရှိခဲ့ ပါတယ်။ အခု အချိန်မှာ ကိုဗစ် ဒုတိယလှိုင်းကို တချို့နိုင်ငံတွေ စတင်ခံစားနေရပြီး၊ ဘုရားဇီးကတော့ မပြီးပြတ်သေးဘဲ အတော်လေးကို အခြေအနေ ဆိုးရွားတဲ့အဆင့် ကို ရောက်နေ ပါတယ်။ WHO ကလည်း ကိုဗစ်ရဲ့ပိုဆိုးတဲ့ အဆင့် လာဦးမယ် လို့ ကမ္ဘာ ကို သတိပေးခဲ့ပါတယ်။အေ မရိကန်သမ္မတ ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာအကြံပေး အရာရှိ ပီတာနာဗာရိုက အင်တာဗျူး တစ်ခုမှာ တရုတ်နိုင်ငံကို စွပ်စွဲပြစ် တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သူရဲ့ စွပ်စွဲချက်မှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံတကာကို ကိုဗစ်နဲ့ဒုက္ခပေးဖို့အတွက် ၎င်းတို့နိုင်ငံအတွင်းက ကိုဗစ်ကူးစက်ခံ လူနာ(၁)သိန်း ကို အခြား နိုင်ငံများသို့ ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခဲ့ကြောင်း ဆိုပါတယ်။သတင်းထောက်များနဲ့ တွေ့ဆုံစဉ်မှာ ပီတာနာဗာရိုကို သတင်း ထောက်တစ်ဦးက ” အမေရိကန်အနေနဲ့ ကိုဗစ် ဒုတိယလှိုင်းအတွက် ဘယ်လို ပြင်ဆင်ထားသလဲ “ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး နာဗာရို က အထက်ပါ ဖြေကြားချက်ကို ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။
သူက တရုတ်အာဏာပိုင်တွေဟာ ကူးစက်သူထောင်ဂဏန်းကို ရာနဲ့ချီတဲ့အုပ်စုတွေဖွဲ့ပြီး စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။သူက ” ဆိုရရင် ဘာဖြစ်လာနိုင်မလဲ ဆိုတဲ့ ဖြစ်တန်ခြေအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ် … ဖြစ်မလာဘူးလို့လည်း ကျွန်တော်က ယတိပြတ် မ ပြောပါဘူး … ဒါပေမယ့် ပြင်ဆင်ထားရမယ် … ဘာတွေ ပြင်ဆင်ရမလဲဆိုတာကိုလည်း ပြောပါမယ် … တရုတ်က ဒါကို အစပြုခဲ့ကတည်း က ကျွန်တော်တို့ သမ္မတထရမ့် ရဲ့ လက်အောက်မှာ အများကြီး ပြင်ဆင်ထားပါတယ် … “လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး ” ဒီဗိုင်းရပ်စ်ကို သူတို့ ဖန်တီးတယ် … နောက် ဖုံးအုပ်ထားပြီး အားလုံး မသိချိန်မှာ ကမ္ဘာကို ကူးစက်သူတွေ ဖြန့်ပြီး သွားပြီ … တရုတ်လူမျိုးတွေ ကပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့စေခဲ့တာပါ … သူတို့ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါ … ဒါက တိကျတဲ့ အဖြေ ပါပဲ … နောက်ပြီး တိကျတဲ့ အချက်အလက် တွေလည်း ဖြစ်ပါတယ် ”။
Credit Cele crazynews
Ref DailyStar