ခင္မင္ရင္းႏွီးလဲ ယုံလို႔မရေတာာ့ဘူး ေနအိမ္ေပၚ တက္ကာ အမ်ိဳး သမီး ကို ဝမ္းဗိုက္ ကို ဓါးနဲ႔ထိုး ပါးစပ္ပိတ္ၿပီး သံတုတ္နဲ႔႐ိုက္တဲ့ အမ်ိဳးသား

တရားလိုကို ဒဏ္ရာရရွိေအာင္ဓားႏွင့္ ထိုးၿပီးတုတ္ႏွင့္ ႐ိုက္ရန္ႀကံစည္အား ထုတ္သူ သန႔္ဇင္ဦး ကို ဖမ္းဆီးအျပစ္ေပး အေရးယူေပးပါရန္ တရားလိုျပဳလုပ္တိုင္တန္းခဲ့ ရာမုပြန္နယ္ေျမရဲစခန္း(ပ)၄၄၈/၂၀၂၀ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၅၄/၃၂၆အရအမႈေရးဖြင့္ကာဒဏ္ရာရရွိသူ ကို ရဲေဆးစာႏွင့္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္စစ္ေဆးခဲ့ရာေဒၚနီနီဝင္းတြင္ဝဲဘက္ဝမ္းဗိုက္ ထိုးသြင္းဒဏ္ရာ ၊ဝဲဘက္လက္ေမာင္းျပတ္ရွ ဒဏ္ ရာ ၊အာေခါင္နာက်င္ဒဏ္ရာ၊ လည္ပင္နာက်င္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရကာ အမုစစ္ကတရားလို စစ္ေဆးျခင္း၊ အခင္းျဖစ္ရပ္ စစ္ေဆးျခင္း၊ မွတ္တမ္းဓါတ္ပုံ႐ိုက္ကူးျခင္း၊ျပစ္မႈ က်ဴးလြန္သူသန႔္ဇင္ဦးကိုဖမ္းဆီးျခင္းတို႔ေဆာင္႐ြက္ေနေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေဒၚ နီနီ ဝင္း(၄၇)ႏွစ္၊ မွီခို၊ အမွတ္မရွိ ၊ တကၠသိုလ္ပါတ္လမ္း ၊(ေဒါင္းဇရပ္ရပ္၊ ေဈးခ်ိဳ ရပ္ကြက္ ၊ ေမာ္လၿမိဳင္ၿမိဳ႕ေန သူ သည္ ၁၆.၆.၂၀၂၀ ရက္ နံနက္ ၁၁ နာရီ အခ်ိန္ေနအိမ္တြင္ တစ္ဦးတည္း ရွိေနစဥ္ အရင္က အလုပ္ျဖင့္ခင္မင္ ရင္းႏွီးသူ သန႔္ဇင္ဦးသည္ေနအိမ္ သို႔ ေရာက္ရွိလာ ၍ တရားလိုမွ ဘာလုပ္တာလဲနင္ အလုပ္မသြားဘူးလား ဟုေမးရာ သန႔္ဇင္ဦး မွ ဒီတိုင္းပဲလာလည္တာ ၊ အလုပ္သြား မယ္ ၁၂ ခြဲ က်ရင္ ဆရာနဲ႔ခ်ိန္းထား တယ္ ဟုျပန္ေျပာသျဖင့္တရားလိုက သေဘာ႐ိုးျဖင့္ တီဗီဖြင့္ေပးကာ အိမ္တြင္အသင့္ရွိေသာ သရက္သီးမွည့္ကို ခြဲေကြၽးခဲ့ေၾကာင္း၊ညေန၃နာရီအခ်ိန္ခန႔္တြင္တရားလိုမွအဝတ္ေလွ်ာ္ရန္ရွိသျဖင့္ တီဗီအားပိတ္ၿပီးနင္အလုပ္မသြားဘူးလားဟုေမးရာ။

သန႔္ဇင္ဦးမွအလုပ္ကဖုန္းဆက္လာမယ္ဟုျပန္ သျဖင့္တရားလိုမွလည္းႏွင့္ အလုပ္ကဘာအလုပ္လဲ မိုးခ်ဳပ္ေနၿပီထပ္ေျပာရာသန႔္ဇင္ဦးမွ မုဒုံသြားရမွာညေန ၅နာရီက်မွသြားေတာ့မယ္ပစၥည္းခ်႐ုံပဲ ဟုေျပာသျဖင့္ တရားလိုမွအိမ္ေနာက္ေဖးသို႔ ထြက္လာရာသန႔္ဇင္ဦးသည္ေနာက္ မွ လိုက္လာၿပီး ကြၽန္ေတာ့္ ကေလးရက္ တစ္ရာျပည့္က်ရင္လာခဲ့ဦးေနာ္ ဟုေျပာ သျဖင့္ဟုေျပာသျဖင့္ တရားလိုမွလာရမွာေပါ့ ဒီလူနဲ ဒီလူ သူငယ္ခ်င္းေတြပဲဟာဟုေျပာၿပီး တရားလိုမွအဝတ္မေလွ်ာ္ပဲထိုင္ေနရာမွ သန႔္ဇင္ဦးအား ငါလဲေဘးအိမ္ကသူငယ္ခ်င္းနဲ႔ ေဈးသြားမလို႔ရွိ တယ္နင္ျပန္ရင္ျပန္ေတာ့မျပန္ရင္လဲေဘးအိမ္မွာ သြားေစာင့္ေနဟုေျပာကာ ထိုင္ေနရာမွထ၍။

ေနအိမ္ ကုတင္ေခါင္းရင္းရွိ ဗီဒိုအတြင္းမွ ပိုက္ဆံအိတ္အားေက်ာေပးကာထုတ္ ယူေနစဥ္။တရားလိုအားသန႔္ဇင္ဦးသည္ေနာက္ မွသိုင္းဖက္ ၿပီး အနီးအနားတြင္ရွိေနေသာဓားျဖင့္ဝဲ ဘက္ဝမ္းဗိုက္ အားထိုးျခင္း၊ ပါးစပ္အားပိတ္ျခင္း၊ အာေခါင္အားဆြဲၿဖဲျခင္း၊ တရားလို၏အေပၚႏႈတ္ ခမ္းအားကိုက္ျခင္းတို႔ျပဳလုပ္၍တရားလိုကျပန္႐ုန္းခဲ့ၿပီးသန႔္ဇင္ဦးထံမွဓားကို လုယူခဲ့ၿပီးပစ္ထုတ္ခဲ့စဥ္ အိမ္ထဲရွိသံတုတ္ပိုင္းျဖင့္ သန႔္ဇင္ဦး က လွမ္း႐ိုက္မည္ ျပဳခဲ့ေသာ္လည္တရားလို လည္း သန႔္ဇင္ဦးထံမွသံတုတ္ပိုင္းအား လုယူပစ္ထုတ္ခ်ိန္တြင္ ၎မွ တရားလိုအား လည္ပင္း ညႇစ္ထားခဲ့ရာ႐ုန္းကန္ၿပီး” အေမေရ.ကယ္ပါဦး”ဟုေအာ္ဟစ္ အကူအညီေတာင္းလိုက္သျဖင့္။

ေဘးအိမ္တြင္ ရွိေနေသာ မိခင္ျဖစ္သူေဒၚသန္းရွင္(ရဝ)ႏွစ္၊တကၠသိုလ္ပတ္လမ္ ။ ေဒါင္းဇရပ္ရပ္ကြက္ေနသု ေရာက္လာၿပီး ပါတ္ဝန္းက်င္ သို႔ေအာ္ဟစ္ အကူအညီေတာင္းခံခဲ့ၿပီး ပါတ္ဝန္းက်င္မွ လူမ်ားကေမာ္လၿမိဳင္ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

တင္ခ်ိဳဦး(ေမာ္လၿမိဳင္)S .Hသတင္းဌာန

ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္

အမွန္တရားသတင္းဂ်ာနယ္

UNICODE

ခင်မင်ရင်းနှီးလဲ ယုံလို့မရတောာ့ဘူး နေအိမ်ပေါ် တက်ကာ အမျိုး သမီး ကို ဝမ်းဗိုက် ကို ဓါးနဲ့ထိုး ပါးစပ်ပိတ်ပြီး သံတုတ်နဲ့ရိုက်တဲ့ အမျိုးသား

တရားလိုကို ဒဏ်ရာရရှိအောင်ဓားနှင့် ထိုးပြီးတုတ်နှင့် ရိုက်ရန်ကြံစည်အား ထုတ်သူ သန့်ဇင်ဦး ကို ဖမ်းဆီးအပြစ်ပေး အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ ရာမုပွန်နယ်မြေရဲစခန်း(ပ)၄၄၈/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၅၄/၃၂၆အရအမှုရေးဖွင့်ကာဒဏ်ရာရရှိသူ ကို ရဲဆေးစာနှင့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စစ်ဆေးခဲ့ရာဒေါ်နီနီဝင်းတွင်ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၊ဝဲဘက်လက်မောင်းပြတ်ရှ ဒဏ် ရာ ၊အာခေါင်နာကျင်ဒဏ်ရာ၊ လည်ပင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း စိစစ်တွေ့ရှိရကာ အမုစစ်ကတရားလို စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ပြစ်မှု ကျူးလွန်သူသန့်ဇင်ဦးကိုဖမ်းဆီးခြင်းတို့ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒေါ် နီနီ ဝင်း(၄၇)နှစ်၊ မှီခို၊ အမှတ်မရှိ ၊ တက္ကသိုလ်ပါတ်လမ်း ၊(ဒေါင်းဇရပ်ရပ်၊ ဈေးချို ရပ်ကွက် ၊ မော်လမြိုင်မြို့နေ သူ သည် ၁၆.၆.၂၀၂၀ ရက် နံနက် ၁၁ နာရီ အချိန်နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အရင်က အလုပ်ဖြင့်ခင်မင် ရင်းနှီးသူ သန့်ဇင်ဦးသည်နေအိမ် သို့ ရောက်ရှိလာ ၍ တရားလိုမှ ဘာလုပ်တာလဲနင် အလုပ်မသွားဘူးလား ဟုမေးရာ သန့်ဇင်ဦး မှ ဒီတိုင်းပဲလာလည်တာ ၊ အလုပ်သွား မယ် ၁၂ ခွဲ ကျရင် ဆရာနဲ့ချိန်းထား တယ် ဟုပြန်ပြောသဖြင့်တရားလိုက သဘောရိုးဖြင့် တီဗီဖွင့်ပေးကာ အိမ်တွင်အသင့်ရှိသော သရက်သီးမှည့်ကို ခွဲကျွေးခဲ့ကြောင်း၊ညနေ၃နာရီအချိန်ခန့်တွင်တရားလိုမှအဝတ်လျှော်ရန်ရှိသဖြင့် တီဗီအားပိတ်ပြီးနင်အလုပ်မသွားဘူးလားဟုမေးရာ။

သန့်ဇင်ဦးမှအလုပ်ကဖုန်းဆက်လာမယ်ဟုပြန် သဖြင့်တရားလိုမှလည်းနှင့် အလုပ်ကဘာအလုပ်လဲ မိုးချုပ်နေပြီထပ်ပြောရာသန့်ဇင်ဦးမှ မုဒုံသွားရမှာညနေ ၅နာရီကျမှသွားတော့မယ်ပစ္စည်းချရုံပဲ ဟုပြောသဖြင့် တရားလိုမှအိမ်နောက်ဖေးသို့ ထွက်လာရာသန့်ဇင်ဦးသည်နောက် မှ လိုက်လာပြီး ကျွန်တော့် ကလေးရက် တစ်ရာပြည့်ကျရင်လာခဲ့ဦးနော် ဟုပြော သဖြင့်ဟုပြောသဖြင့် တရားလိုမှလာရမှာပေါ့ ဒီလူနဲ ဒီလူ သူငယ်ချင်းတွေပဲဟာဟုပြောပြီး တရားလိုမှအဝတ်မလျှော်ပဲထိုင်နေရာမှ သန့်ဇင်ဦးအား ငါလဲဘေးအိမ်ကသူငယ်ချင်းနဲ့ ဈေးသွားမလို့ရှိ တယ်နင်ပြန်ရင်ပြန်တော့မပြန်ရင်လဲဘေးအိမ်မှာ သွားစောင့်နေဟုပြောကာ ထိုင်နေရာမှထ၍။

နေအိမ် ကုတင်ခေါင်းရင်းရှိ ဗီဒိုအတွင်းမှ ပိုက်ဆံအိတ်အားကျောပေးကာထုတ် ယူနေစဉ်။တရားလိုအားသန့်ဇင်ဦးသည်နောက် မှသိုင်းဖက် ပြီး အနီးအနားတွင်ရှိနေသောဓားဖြင့်ဝဲ ဘက်ဝမ်းဗိုက် အားထိုးခြင်း၊ ပါးစပ်အားပိတ်ခြင်း၊ အာခေါင်အားဆွဲဖြဲခြင်း၊ တရားလို၏အပေါ်နှုတ် ခမ်းအားကိုက်ခြင်းတို့ပြုလုပ်၍တရားလိုကပြန်ရုန်းခဲ့ပြီးသန့်ဇင်ဦးထံမှဓားကို လုယူခဲ့ပြီးပစ်ထုတ်ခဲ့စဉ် အိမ်ထဲရှိသံတုတ်ပိုင်းဖြင့် သန့်ဇင်ဦး က လှမ်းရိုက်မည် ပြုခဲ့သော်လည်တရားလို လည်း သန့်ဇင်ဦးထံမှသံတုတ်ပိုင်းအား လုယူပစ်ထုတ်ချိန်တွင် ၎င်းမှ တရားလိုအား လည်ပင်း ညှစ်ထားခဲ့ရာရုန်းကန်ပြီး” အမေရေ.ကယ်ပါဦး”ဟုအော်ဟစ် အကူအညီတောင်းလိုက်သဖြင့်။

ဘေးအိမ်တွင် ရှိနေသော မိခင်ဖြစ်သူဒေါ်သန်းရှင်(ရဝ)နှစ်၊တက္ကသိုလ်ပတ်လမ် ။ ဒေါင်းဇရပ်ရပ်ကွက်နေသု ရောက်လာပြီး ပါတ်ဝန်းကျင် သို့အော်ဟစ် အကူအညီတောင်းခံခဲ့ပြီး ပါတ်ဝန်းကျင်မှ လူများကမော်လမြိုင်ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

တင်ချိုဦး(မော်လမြိုင်)S .Hသတင်းဌာန

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

အမှန်တရားသတင်းဂျာနယ်

Add a Comment

Your email address will not be published. Required fields are marked *