တပ္မေတာ္သားမ်ားအား မည္သည့္ပါတီကိုမဲေပးရမည္၊ မည္သည့္ပါတီကိုမဲမေပးရဟူ၍ ကန႔္သတ္မထားေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ

တပ္မေတာ္အေနျဖင့္ ၂၀၁၀၊ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားနည္းတူ ၂၀၂၀ေ႐ြးေကာက္ပြဲတြင္လည္း လုံၿခဳံေရး ပိုင္းဆိုင္ရာကိစၥမ်ားအပါအဝင္ ကူညီေဆာင္႐ြက္ေပးႏိုင္သည္မ်ားကိုကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားလိုက္သည္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအား ႏိုဝင္ဘာလအတြင္း၌ က်င္းပမည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေၾကညာထားၿပီး၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၌ေ႐ြးေကာက္ ပြဲက်င္းပႏိုင္ျခင္းရွိမရွိကိုမူ ယေန႔အထိေျပာၾကားထား ျခင္းမရွိေသးေပ။

တပ္မေတာ္သား မ်ားအား မည္သည့္ပါတီကိုမဲေပးရ မည္၊ မည္သည့္ပါတီကို မဲမေပးရဟူေသာ ကန႔္သတ္ ထားျခင္းမ်ိဳး မရွိဘဲ မိမိ၏စိတ္ သေဘာထား အရ လြတ္ လပ္စြာဆႏၵမဲေပးပိုင္ခြင့္ ျပဳထားေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာၾကားသည္။ယေန႔( ဇြန္ ၂၃) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ တပ္ မေတာ္စစ္သမိုင္းျပတိုက္၌ျပဳလုပ္ခဲ့ေသာ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕၏ သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက “တပ္မေတာ္သားမ်ားကို ဘယ္ပါတီကိုမဲေပးပါ။ ဘယ္ပါတီကိုမေပးပါနဲ႔။ ႀကိဳက္ တဲ့လူကိုေမးလို႔ရပါတယ္။ ဘယ္ပါတီကိုမေပးနဲ႔၊ ဘယ္ဟာကိုလုပ္ပါ။ ကြၽန္ေတာ္တို႔ ကန႔္သတ္ထား ျခင္းမရွိပါဘူး။ သူ႔ရဲ႕စိတ္ဆႏၵ။သူ႔ရဲ႕စိတ္သေဘာထားအရ လြတ္ လပ္စြာ မဲေပးပိုင္ခြင့္ရွိၿပီးျဖစ္ပါတယ္” ဟု ဆိုသည္။ လာမည့္ ၂၀၂၀ ေထြေထြေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလတြင္ ႏိုင္ငံေရးပါတီ မ်ားအေနျဖင့္ တပ္တြင္း၌ ဝင္ေရာက္မဲဆြယ္ျခင္း ခြင့္ျပဳမည္ မဟုတ္ေၾကာင္းကိုလည္း ၎က ေျပာၾကားသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္မူ တပ္အတြင္းရွိ မဲ႐ုံမ်ားကို တပ္ျပင္ပ၌ ထားရွိမည္ျဖစ္သည့္အတြက္ တပ္မေတာ္ သားမ်ားႏွင့္အတူ ေနမိသားစု ဝင္မ်ားသည္ တပ္ျပင္ပမဲ ႐ုံမ်ား၌ ဆႏၵမဲေပးရေတာ့မည္ျဖစ္သည္။

REF: THE LADIES NEWS

UNICODE

တပ်မတော်သားများအား မည်သည့်ပါတီကိုမဲပေးရမည်၊ မည်သည့်ပါတီကိုမဲမပေးရဟူ၍ ကန့်သတ်မထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော

တပ်မတော်အနေဖြင့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများနည်းတူ ၂၀၂၀ရွေးကောက်ပွဲတွင်လည်း လုံခြုံရေး ပိုင်းဆိုင်ရာကိစ္စများအပါအဝင် ကူညီဆောင်ရွက်ပေးနိုင်သည်များကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလအတွင်း၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေညာထားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ရွေးကောက် ပွဲကျင်းပနိုင်ခြင်းရှိမရှိကိုမူ ယနေ့အထိပြောကြားထား ခြင်းမရှိသေးပေ။

တပ်မတော်သား များအား မည်သည့်ပါတီကိုမဲပေးရ မည်၊ မည်သည့်ပါတီကို မဲမပေးရဟူသော ကန့်သတ် ထားခြင်းမျိုး မရှိဘဲ မိမိ၏စိတ် သဘောထား အရ လွတ် လပ်စွာဆန္ဒမဲပေးပိုင်ခွင့် ပြုထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။ယနေ့( ဇွန် ၂၃) မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ် မတော်စစ်သမိုင်းပြတိုက်၌ပြုလုပ်ခဲ့သော တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်မတော်သားများကို ဘယ်ပါတီကိုမဲပေးပါ။ ဘယ်ပါတီကိုမပေးပါနဲ့။ ကြိုက် တဲ့လူကိုမေးလို့ရပါတယ်။ ဘယ်ပါတီကိုမပေးနဲ့၊ ဘယ်ဟာကိုလုပ်ပါ။ ကျွန်တော်တို့ ကန့်သတ်ထား ခြင်းမရှိပါဘူး။ သူ့ရဲ့စိတ်ဆန္ဒ။သူ့ရဲ့စိတ်သဘောထားအရ လွတ် လပ်စွာ မဲပေးပိုင်ခွင့်ရှိပြီးဖြစ်ပါတယ်” ဟု ဆိုသည်။ လာမည့် ၂၀၂၀ ထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီ များအနေဖြင့် တပ်တွင်း၌ ဝင်ရောက်မဲဆွယ်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်မူ တပ်အတွင်းရှိ မဲရုံများကို တပ်ပြင်ပ၌ ထားရှိမည်ဖြစ်သည့်အတွက် တပ်မတော် သားများနှင့်အတူ နေမိသားစု ဝင်များသည် တပ်ပြင်ပမဲ ရုံများ၌ ဆန္ဒမဲပေးရတော့မည်ဖြစ်သည်။

REF:   THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *