ဗစ္တိုးရီးယားအမႈအတြက္ တရားခံ အစစ္ ေပၚေပါက္ေစရန္ သက္ေသခံ အခ်က္လက္သစ္မ်ား လိုအပ္ေၾကာင္း ဒုရဲခ်ဳပ္ ေျပာၾကား

ဗစ္တိုး ရီးယားအ မႈႏွင့္ ပတ္သက္ၿပီး ကေလးမေလး၏ဖခင္က တရား႐ုံးမွာ လည္း သိသမွ် ထြက္ ဆိုခဲ့ၿပီးၿပီ။ ကြၽန္ေတာ္တို႔ ကိုယ္ တိုင္ တရား႐ုံးမွေခၚ ယူၿပီး လုပ္ခဲ့တဲ့ ကြန္ပ်ဴတာ ပညာရွင္ ေတြ စစ္ ေဆးခ်က္ ကလည္း သက္ ေသခံ အသစ္ပဲ။ အဲဒါသက္ ေသခံ အသစ္ လို႔ ယူဆလို႔ရတယ္ဆိုရင္ Action ယူ လို႔ ရတယ္ ။ ရဲတပ္ ဖြဲ႕ တရား႐ုံး မွာ တင္ တာ မပါတဲ့ဟာ ကို ကြန္ပ်ဴတာပညာရွင္ေတြက ထပ္ေတြ႕ခဲ့ တယ္’’ဟု ဗစ္တိုးရီး ယား ဖခင္ကေျပာသည္။

CCTV Hard Disk တြင္ ဖိုင္ မ်ားကို ဖ်က္ထားျခင္း၊ ဖိုင္မ်ားကို အမ်ိဳးမ်ိဳး ပုံစံေျပာင္းကစား ထား ျခင္း၊ အမႈျဖစ္စဥ္ျဖစ္ပြားခဲ့သည့္ ေနရာ တြင္သုံးခဲ့သည့္ Hard Disk ဟု အာမမခံ ႏိုင္ သည့္ ရဲစစ္ေဆး ၿပီးေနာက္ တရား႐ုံးတြင္ေတြ႕ရွိ သည့္ သက္ေသခံအသစ္မ်ားျဖစ္ ေၾကာင္း ၎ကဆို သည္။ ‘‘တရားခံ အစစ္ေပၚေပါက္ ဖို႔အ တြက္ ကြၽန္ေတာ္တို႔ အစြမ္း ကုန္လုပ္ ခဲ့တာပါ ’’ဟု ဖခင္ က ေျပာ သည္ ။ဗစ္တိုး ရီးယား အ မႈ တြင္ တရားခံ အစစ္ေပၚ ေပါက္ ေရး ကို စုံစမ္း စစ္ေဆး ႏိုင္ ရန္ သက္ ေသခံ အခ်က္ အလက္ အ သစ္ မ်ားရရွိရန္ လိုအပ္ေၾကာင္း ျမန္ မာ ႏိုင္ငံ ရဲတပ္ ဖြဲ႕မွ ဒုတိယ ရဲ ခ်ဳပ္ (၁) ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္း က ေျပာ သည္။ ‘

‘တရားရွင္လႊတ္ထားျခင္း ျဖစ္၍ အမႈနဲ႔ ဆက္စပ္ၿပီး သက္ေသခံအခ်က္ လက္ေတြ ထပ္မံရရွိလာမယ္။ ေပၚေပါက္လာ မယ္ဆိုရင္ေတာ့ ဒီအမႈကို ဆက္ လက္စုံစမ္းစစ္ ေဆးႏိုင္ဖို႔အတြက္ သက္ဆိုင္ရာ ဥပေဒ႐ုံးေတြနဲ႔ညႇိႏႈိင္းၿပီး ဆက္ လက္ေဆာင္႐ြက္သြား မည္ျဖစ္ ေၾကာင္း ျပန္ၾကား လိုပါတယ္’’ ဟု ၎က အစိုးရ၏စတုတၳတစ္ႏွစ္ တာ သတင္းစာရွင္းလင္းပြဲတြင္ ေမးျမန္းမႈအား ျပန္ လည္ ေျဖၾကား သည္။သက္ ေသခံ အခ်က္ အလက္ ႏွင့္ အ ေထာက္ အထားမ်ား ထပ္ မံ တင္ျပ ရန္ ရာဇဝတ္ က်င့္ထုံး ဥပေဒ ပုဒ္ မ (၂ဝ၈) အရ တိုင္တန္း သူႏွင့္ အမႈ လိုက္ ဥပေဒ အရာရွိျဖစ္ျဖစ္ ဆက္ လက္ ေဆာက္႐ြက္ သြားရ မည္ျဖစ္ေၾကာင္း ရဲမႉးႀကီး ေက်ာ္ လင္း က ရွင္းျပ သည္။

‘ဒီအခ်က္ အလက္ အသစ္ ေတြတင္ျပ ေပးပါ၊ ဘယ္ သက္ ေသ ကို အသစ္ ထပ္မံေခၚ ယူေပး ပါ၊ ဘယ္သက္ ေသခံအေထာက္ အထား ကို တရား႐ုံးကို တင္ျပ ေပး ဖို႔ အမိန႔္ ထုတ္ ခြင့္ေပးပါဆိုတဲ့ ေလွ်ာက္ထား ခ်က္ မ်ိဳးက ကြၽန္ ေတာ္ တို႔ က ခုနကေျပာ တဲ့ အမႈ တိုင္ၾကား သူက လည္းေကာင္း၊ အမႈ လိုက္ ဥပေဒ အရာရွိက လည္း ေကာင္း ဆက္လက္ ၿပီးေဆာင္ ႐ြက္ ႏိုင္ျဖစ္ပါတယ္’’ဟု ၎က ေျပာ သည္။ထို႔ေၾကာင့္ သက္ေသခံအ ေထာက္ အထားမ်ား ထပ္မံရရွိ လာမွသာ သက္ဆိုင္ရာဥပေဒ႐ုံး ကို ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ တင္ျပသြား မည္ျဖစ္ ေၾကာင္း ရဲမႉး ႀကီးေက်ာ္လင္းကဆိုသည္။

ရဲ တပ္ဖြဲ႕အေနျဖင့္ တရားခံကိုဖမ္း ဆီးရာတြင္ အမႈစစ္ေဆးသည့္အ ခ်ိန္တြင္ ေတြ႕ရွိရသည့္ သက္ေသ ခံအေထာက္အထားမ်ားအရ ဖမ္း ဆီးရျခင္းျဖစ္ေၾကာင္း ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက ေျပာသည္။‘‘ရဲတပ္ဖြဲ႕က တရားစြဲအဖြဲ႕ အစည္းျဖစ္တဲ့အတြက္ စစ္ေဆး ရရွိတဲ့ သက္ေသ ခံအေထာက္အ ထားေတြအေပၚမွာ အမႈတည္ ေဆာက္ၿပီး တရားစြဲတင္တာျဖစ္ ပါတယ္။ တရား႐ုံးကလည္း စစ္ေဆးစီရင္ျခင္းဟာ ႐ုံးေရွ႕ ေပၚ ေပါက္တဲ့ သက္ေသခံခ်က္အေပၚ မူတည္ၿပီး စစ္ေဆးစီရင္ျခင္းျဖစ္ ပါတယ္’’ဟု ၎ကဆိုသည္။

crd: 7day news

UNICODE

ဗစ်တိုးရီးယားအမှုအတွက် တရားခံ အစစ် ပေါ်ပေါက်စေရန် သက်သေခံ အချက်လက်သစ်များ လိုအပ်ကြောင်း ဒုရဲချုပ် ပြောကြား

ဗစ်တိုး ရီးယားအ မှုနှင့် ပတ်သက်ပြီး ကလေးမလေး၏ဖခင်က တရားရုံးမှာ လည်း သိသမျှ ထွက် ဆိုခဲ့ပြီးပြီ။ ကျွန်တော်တို့ ကိုယ် တိုင် တရားရုံးမှခေါ် ယူပြီး လုပ်ခဲ့တဲ့ ကွန်ပျူတာ ပညာရှင် တွေ စစ် ဆေးချက် ကလည်း သက် သေခံ အသစ်ပဲ။ အဲဒါသက် သေခံ အသစ် လို့ ယူဆလို့ရတယ်ဆိုရင် Action ယူ လို့ ရတယ် ။ ရဲတပ် ဖွဲ့ တရားရုံး မှာ တင် တာ မပါတဲ့ဟာ ကို ကွန်ပျူတာပညာရှင်တွေက ထပ်တွေ့ခဲ့ တယ်’’ဟု ဗစ်တိုးရီး ယား ဖခင်ကပြောသည်။

CCTV Hard Disk တွင် ဖိုင် များကို ဖျက်ထားခြင်း၊ ဖိုင်များကို အမျိုးမျိုး ပုံစံပြောင်းကစား ထား ခြင်း၊ အမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ တွင်သုံးခဲ့သည့် Hard Disk ဟု အာမမခံ နိုင် သည့် ရဲစစ်ဆေး ပြီးနောက် တရားရုံးတွင်တွေ့ရှိ သည့် သက်သေခံအသစ်များဖြစ် ကြောင်း ၎င်းကဆို သည်။ ‘‘တရားခံ အစစ်ပေါ်ပေါက် ဖို့အ တွက် ကျွန်တော်တို့ အစွမ်း ကုန်လုပ် ခဲ့တာပါ ’’ဟု ဖခင် က ပြော သည် ။ဗစ်တိုး ရီးယား အ မှု တွင် တရားခံ အစစ်ပေါ် ပေါက် ရေး ကို စုံစမ်း စစ်ဆေး နိုင် ရန် သက် သေခံ အချက် အလက် အ သစ် များရရှိရန် လိုအပ်ကြောင်း မြန် မာ နိုင်ငံ ရဲတပ် ဖွဲ့မှ ဒုတိယ ရဲ ချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်း က ပြော သည်။ ‘

‘တရားရှင်လွှတ်ထားခြင်း ဖြစ်၍ အမှုနဲ့ ဆက်စပ်ပြီး သက်သေခံအချက် လက်တွေ ထပ်မံရရှိလာမယ်။ ပေါ်ပေါက်လာ မယ်ဆိုရင်တော့ ဒီအမှုကို ဆက် လက်စုံစမ်းစစ် ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဥပဒေရုံးတွေနဲ့ညှိနှိုင်းပြီး ဆက် လက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ပြန်ကြား လိုပါတယ်’’ ဟု ၎င်းက အစိုးရ၏စတုတ္ထတစ်နှစ် တာ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုအား ပြန် လည် ဖြေကြား သည်။သက် သေခံ အချက် အလက် နှင့် အ ထောက် အထားများ ထပ် မံ တင်ပြ ရန် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ် မ (၂ဝ၈) အရ တိုင်တန်း သူနှင့် အမှု လိုက် ဥပဒေ အရာရှိဖြစ်ဖြစ် ဆက် လက် ဆောက်ရွက် သွားရ မည်ဖြစ်ကြောင်း ရဲမှူးကြီး ကျော် လင်း က ရှင်းပြ သည်။

‘ဒီအချက် အလက် အသစ် တွေတင်ပြ ပေးပါ၊ ဘယ် သက် သေ ကို အသစ် ထပ်မံခေါ် ယူပေး ပါ၊ ဘယ်သက် သေခံအထောက် အထား ကို တရားရုံးကို တင်ပြ ပေး ဖို့ အမိန့် ထုတ် ခွင့်ပေးပါဆိုတဲ့ လျှောက်ထား ချက် မျိုးက ကျွန် တော် တို့ က ခုနကပြော တဲ့ အမှု တိုင်ကြား သူက လည်းကောင်း၊ အမှု လိုက် ဥပဒေ အရာရှိက လည်း ကောင်း ဆက်လက် ပြီးဆောင် ရွက် နိုင်ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။ထို့ကြောင့် သက်သေခံအ ထောက် အထားများ ထပ်မံရရှိ လာမှသာ သက်ဆိုင်ရာဥပဒေရုံး ကို ဆက်လက်ဆောင်ရွက်နိုင်ရန် တင်ပြသွား မည်ဖြစ် ကြောင်း ရဲမှူး ကြီးကျော်လင်းကဆိုသည်။

ရဲ တပ်ဖွဲ့အနေဖြင့် တရားခံကိုဖမ်း ဆီးရာတွင် အမှုစစ်ဆေးသည့်အ ချိန်တွင် တွေ့ရှိရသည့် သက်သေ ခံအထောက်အထားများအရ ဖမ်း ဆီးရခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောသည်။‘‘ရဲတပ်ဖွဲ့က တရားစွဲအဖွဲ့ အစည်းဖြစ်တဲ့အတွက် စစ်ဆေး ရရှိတဲ့ သက်သေ ခံအထောက်အ ထားတွေအပေါ်မှာ အမှုတည် ဆောက်ပြီး တရားစွဲတင်တာဖြစ် ပါတယ်။ တရားရုံးကလည်း စစ်ဆေးစီရင်ခြင်းဟာ ရုံးရှေ့ ပေါ် ပေါက်တဲ့ သက်သေခံချက်အပေါ် မူတည်ပြီး စစ်ဆေးစီရင်ခြင်းဖြစ် ပါတယ်’’ဟု ၎င်းကဆိုသည်။

crd:  7day news

Add a Comment

Your email address will not be published. Required fields are marked *