REF: LET PAN
UNICODE
ဘင်္ဂလားေ ဒ့ရှ်မှ ဝင်ထွက်သွား/လာ နေသူများ ထံမှ အခြားသူများ ဆီ ရောဂါ စပြန့်နေပြီ
ရခိုင်ပြည်နယ် တွင် ပထဆုံး ရောဂါပိုးတွေ့ရှိသူ သံတွဲမြို့နယ် တလင်း ဆိပ်ကျေးရွာ မှ လူနာအမှတ် ၁၈၈ သည် ကျန်းမောရး ပြန်လည် ကောင်းမွန်လာ သဖြင့် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိပြီး တောင် ကုတ်ဆေးရုံတွင် (၁)ဦး၊ မောင်တော ဆေးရုံတွင် ၆ ဦးနှင့် ဘူးသီးတောင် ဆေးရုံတွင် ၂ ဦးဖြစ်ကြောင်း သိရပါတယ်။
ဇွန်လ ၁၈ ရက်နေ့က တွေ့ရှိခဲ့တဲ့ အသက် (၁၇) နှစ် အရွယ် အမျိုးသမီး လူနာအမှတ် (၂၆၃) သည် ဘင်္ဂလားဒေ့ရှ် ခိုးဝင်လူနာထံမှ ပထမ ဆုံး ကူးစက်ခံရသူ ဖြစ်ပြီး ယခု အမျိုးသမီးလူနာ (၂၉၁) သည် ခိုးဝင်များထံမှ ကူးစက်ခံရသည့် ဒုတိယမြောက်ကူးစက်သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနှင့် မလေးရှားမှ ပြန်ဝင် လာကြသည့် ရခိုင်လူမျိုး ၅ ဦးနှင့် မလေးရှားမှပြန်ဝင်လာသူ ရခိုင် လူမျိုး ၂ ဦး တို့တွင်လည်း ကိုရို နာပိုးတွေ့ရှိထားပြီး ယခုအခါ ရန်ကုန်မြို့၊ ဝေဘာဂီ အထူးကု ဆေးရုံတွင် ဆေးကုသ ခံယူနေတယ်လို့ သိရပါတယ်။
ရ ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အမျိုးသမီး တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ယနေ့နံနက် ၈ နာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။ပိုးတွေ့ရှိသူ အမျိုးသမီးမှာ အသက် (၃ဝ) ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် သို့ ခရီး သွားလာဖူးသည့် ရာဇဝင်ရှိကြောင်း၊ အသွားအလာကန့်သတ်ထားသူ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၎င်းအမျိုးသမီးအား မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် ကုသသွားမယ်လို့ သိရပါတယ်။ ယင်းအမျိုးသမီး လူနာအမှတ် (၂၉၁)မှာ ရခိုင် ပြည်နယ်၊ မောင်တောဒေသ ကို နယ်စပ်မှ တရားမဝင် ခိုးဝင်လာသူများ အထဲမှ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ၏ ဇနီးဖြစ်ဖြစ် ကြောင်း သိရပါတယ်။ပိုးတွေ့ရှိသူများသည် မောင်တောမြို့မှ လှဖိုးခေါင်ပြန်လည် လက်ခံရေးစခန်းတွင် အသွားအလာ စောင့်ကြည့်ခံနေရ သူများ ဖြစ်ပြီး လက်ရှိ မောင်တောခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၈ ဦးရှိသွားပြီ ဖြစ်သည်။
REF:   LET  PAN
Add a Comment
Your email address will not be published. Required fields are marked *