ဘဂၤါလီေတြကိုျပန္ေခၚဖို႔ ျမန္မာကိုအာမခံခိုင္းသည့္အဆို အတည္ျပဳျခင္းအား ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္ ပယ္ခ်

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္ဦးေက်ာ္မိုးထြန္းကေတာ့ အခ်က္ ၅ ခ်က္ေထာက္ျပၿပီး အဆိုကို ကန႔္ကြက္ေၾကာင္းေျပာခဲ့ပါတယ္။သူေထာက္ျပခဲ့တာကေတာ့ ႏိုင္ငံတစ္ႏိုင္ငံအေပၚဦးတည္ခ်မွတ္သည့္ဆုံးျဖတ္ခ်က္မ်ား (country-specific resolutions) ခ်မွတ္ေဆာင္႐ြက္ျခင္းကို ေရွာင္ရွား ရမည္ျဖစ္ေၾကာင္း၊ ကုလသမဂၢ၏ ရွားပါးေသာ အရင္းအျမစ္မ်ားကို အခ်ည္း ႏွီးအသုံးမျပဳသင့္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ဝင္ေရာက္ စြက္ဖက္ျခင္းမျပဳဘဲ ေလးစားမႈရွိသင့္ေၾကာင္း ေျပာဆို သည္။ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းသည္ လက္ေတြ႕အမွန္တရားကို လုံးဝထင္ဟပ္မႈမရွိေၾကာင္း ေျပာဆိုလိုက္သည္။

ႏိုင္ငံတကာအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ အဟန႔္အတားမ်ား ျပဳလုပ္မည့္အစား လက္ကမ္းကူညီမႈ ျပဳလုပ္သင့္ေၾကာင္း ၊ဒါ့အျပင္ အီးယူရဲ႕ ဆုံးျဖတ္ခ်က္အဆိုဟာ ျမန္မာႏိုင္ငံႀကဳံေနရတဲ့စိန္ေခၚမႈေတြကို ေက်ာ္လႊားဖို႔အေျဖရွာရာမွာ အ ေထာက္အပံ့မျဖစ္ေၾကာင္းလည္း ဦးေက်ာ္ မိုးထြန္းက ေဝဖန္ခဲ့ပါတယ္။ဇြန္ ၂၂ ရက္က ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕(၄၃) ႀကိမ္ ေျမာက္ပုံမွန္အစည္းအေဝးမွာ ဥေရာပသမ ဂၢ(အီးယူ)က ဘဂၤါလီေတြ၊ ဒုကၡသည္ေတြနဲ႔ ေနရပ္စြန႔္ခြာသြားသူေတြ အားလုံး စိတ္ဆႏၵရွိရွိ၊ ေဘးကင္းလုံၿခဳံၿပီး ဂုဏ္သိကၡာရွိရွိနဲ႔ ေရရွည္ တည္တံ့ခိုင္ၿမဲတဲ့ေနရပ္ျပန္မႈျဖစ္လာဖို႔အစီအစဥ္တစ္ခုတည္ေထာင္ဖို႔ အဆိုတင္သြင္းခဲ့ပါတယ္။

အဲဒီအဆိုကို မဲအမ်ားစုနဲ႔အတည္ျပဳခဲ့ပါတယ္။ျမန္မာႏိုင္ငံရဲ႕လူ႔အခြင့္အေရးအေျခအေနဆိုင္ရာဆုံးျဖတ္ခ်က္အဆိုကို ကန႔္ကြက္မဲ ၂မဲ၊ ၾကားေနမဲ ၈ မဲနဲ႔ ေထာက္ခံမဲ ၃၇ မဲတို႔နဲ႔အတည္ျပဳခဲ့တာပါ။ ဖိလစ္ပိုင္နဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔က ကန႔္ကြက္မဲေပးခဲ့ၾကၿပီး အန္ဂိုလာ၊ ကင္မ ႐ြန္း၊ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ နီေပါနဲ႔ ဆီနီေဂါႏိုင္ငံတို႔က အီးယူရဲ႕ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို ၾကားေနမဲေပးခဲ့ပါတယ္။ဒါ့အျပင္ ေကာင္စီဟာ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာတရား႐ုံး (အိုင္စီေဂ်)က ခ်မွတ္ထားတဲ့ ၾကားျဖတ္အစီအမံ ေတြကိုလည္း ႀကိဳဆိုေၾကာင္းေျပာခဲ့ပါတယ္။

လူ႔အခြင့္အေရးေကာင္စီကေတာ့ ရခိုင္နဲ႔ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ျဖတ္ေတာက္ထားမႈကို ျပန္႐ုတ္သိမ္းေပးဖို႔လည္း ျမန္မာအစိုးရ ကိုတိုက္တြန္းခဲ့ေၾကာင္း သိရပါတယ္။

REF: THE FIFTH WAVE NEWS

UNICODE

ဘင်္ဂါလီတွေကိုပြန်ခေါ်ဖို့ မြန်မာကိုအာမခံခိုင်းသည့်အဆို အတည်ပြုခြင်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ပယ်ချ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတော့ အချက် ၅ ချက်ထောက်ပြပြီး အဆိုကို ကန့်ကွက်ကြောင်းပြောခဲ့ပါတယ်။သူထောက်ပြခဲ့တာကတော့ နိုင်ငံတစ်နိုင်ငံအပေါ်ဦးတည်ချမှတ်သည့်ဆုံးဖြတ်ချက်များ (country-specific resolutions) ချမှတ်ဆောင်ရွက်ခြင်းကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ရှားပါးသော အရင်းအမြစ်များကို အချည်း နှီးအသုံးမပြုသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း ပြောဆို သည်။ ဆုံးဖြတ်ချက်အဆိုမူကြမ်းသည် လက်တွေ့အမှန်တရားကို လုံးဝထင်ဟပ်မှုမရှိကြောင်း ပြောဆိုလိုက်သည်။

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအပေါ် အဟန့်အတားများ ပြုလုပ်မည့်အစား လက်ကမ်းကူညီမှု ပြုလုပ်သင့်ကြောင်း ၊ဒါ့အပြင် အီးယူရဲ့ ဆုံးဖြတ်ချက်အဆိုဟာ မြန်မာနိုင်ငံကြုံနေရတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားဖို့အဖြေရှာရာမှာ အ ထောက်အပံ့မဖြစ်ကြောင်းလည်း ဦးကျော် မိုးထွန်းက ဝေဖန်ခဲ့ပါတယ်။ဇွန် ၂၂ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့(၄၃) ကြိမ် မြောက်ပုံမှန်အစည်းအဝေးမှာ ဥရောပသမ ဂ္ဂ(အီးယူ)က ဘင်္ဂါလီတွေ၊ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသွားသူတွေ အားလုံး စိတ်ဆန္ဒရှိရှိ၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့နေရပ်ပြန်မှုဖြစ်လာဖို့အစီအစဉ်တစ်ခုတည်ထောင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုကို မဲအများစုနဲ့အတည်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်အဆိုကို ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၈ မဲနဲ့ ထောက်ခံမဲ ၃၇ မဲတို့နဲ့အတည်ပြုခဲ့တာပါ။ ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြပြီး အန်ဂိုလာ၊ ကင်မ ရွန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါနဲ့ ဆီနီဂေါနိုင်ငံတို့က အီးယူရဲ့ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကြားနေမဲပေးခဲ့ပါတယ်။ဒါ့အပြင် ကောင်စီဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)က ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံ တွေကိုလည်း ကြိုဆိုကြောင်းပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီကတော့ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ရုတ်သိမ်းပေးဖို့လည်း မြန်မာအစိုးရ ကိုတိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *