ယခင္ပုံစံနဲ႔မတူဘဲ ပိုမိုျပင္းထန္လာၿပီး မ်ိဳးဗီဇပါ ေျပာင္းလဲလာ လို႔ ကာကြယ္ေဆးေ တြ႕ဖို႔ ခက္လာ တဲ့ ကိုဗစ္-၁၉
|ကိုဗစ္-၁၉ေၾကာင့္ ကမာၻႀကီးဟာ အႏၲရာယ္မ်ားတဲ့အဆင့္ေရာက္ေနၿပီ။ “ လို႔ WHO က အႀကီးအကဲ Tedros Adhanom Ghebreyesus က သတင္းေထာက္ေတြကိုေျပာလိုက္တယ္။ “လူေတြက ဒိထက္ပိုၿပီး အိမ္ထဲမေနႏိုင္ေတာ့ဘူး။ တိုင္းျပည္ေတြလည္း ဗိုင္းရပ္စ္ရန္ထက္ လူ႔အဖြဲ႕အစည္းနဲ႔ စီးပြားေရးကို အသစ္ျပန္ဖြင့္ဖို႔ စိတ္အားထက္သန္ေနၾကၿပီ။” “ဒါေပမဲ့ ဗိုင္းရပ္စ္ကျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔ေနတုန္းပဲ.. လူ ေတြကိုဆက္ၿပီး ေသေစေနတုန္းပဲ၊”ျဖစ္ပါတယ္။
ေနာက္ဆုံးမွာ ဒီဗိုင္းရပ္စ္ဟာ ႏွစ္စဥ္ႏွစ္တိုင္းအေအးမိေရာဂါတစ္ခုလို ကာကြယ္ေဆးဆက္တိုက္ ထုတ္လုပ္ေနရလိမ့္မလားလို႔ စိတ္ပ်က္ စရာေကာင္းတဲ့ သတင္းေတြက သိပၸံေလာကမွာ..။ အသက္ကို ဉာဏ္ေစာင့္တယ္။ ဘယ္လိုေနထိုင္မွ အသက္ဆက္ရွင္ၾကမလဲ အားလုံး သိေနၾက…။ မ်က္လုံးေတြကို ေသေသခ်ာခ်ာဖြင့္ထားရပါမယ္။ အိပ္ငိုက္လို႔မျဖစ္ဘူး။ သတိတစ္ခ်က္လစ္တာနဲ႔ ဗိုင္းရပ္စ္ေတြက ဝမ္းသာ အားရဝင္လာႏိုင္လို႔..။ မၾကာေသး ခင္က တ႐ုတ္ျပည္၊ ေဘဂ်င္းၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ ထပ္ျပန႔္လာတယ္။
ဒီတစ္ခါ တ႐ုတ္ကိုျပန္ဝင္လာတဲ့ ကို႐ိုနာပိုးေတြက D614G လို႔ေခၚတဲ့ ဥေရာပနဲ႔ အေမရိကန္ဘက္မွာ အမ်ားဆုံးေတြ႕ရတဲ့ ပိုး ျဖစ္တယ္ တဲ့။ အဲဒီဗိုင္းရပ္စ္ေတြရဲ႕ လူ႔ခႏၶာကိုယ္အတြင္းထိုးေဖာက္ႏိုင္စြမ္းဟာ ဟိုး ပထမအစ မူလကို႐ိုနာဗိုင္းရပ္စ္ထက္ ၂.၄ ဆ ပိုၿပီး အားေကာင္း ေနတယ္တဲ့။တ႐ုတ္ႏိုင္ငံက Chongqing ေဆးတကၠသိုလ္က သုေတသနအဖြဲ႕ကေျပာတာျဖစ္တယ္။ COVID-19 ဗိုင္းရပ္စ္ ဟာ မူကြဲအ ျဖစ္ေျပာင္းလဲလာၿပီး ပိုမိုအားေကာင္းလာတာေၾကာင့္ ကာကြယ္ေဆးေပၚလာရင္လည္း ထိေရာက္မႈနည္းပါးႏိုင္တယ္လို႔ဆိုတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ကာကြယ္ေဆးေတြက ဟိုး ပထမအစ ဝူဟန္ၿမိဳ႕ (Wuhan ) က ပ်ံ႕ႏွံ႔ခဲ့တဲ့ အားေပ်ာ့တဲ့ ဗိုင္းရပ္စ္အတြက္ တီထြင္ၾက တာမို႔ျဖစ္တယ္တဲ့။အခုေနာက္ပိုင္း ကို႐ိုနာ D614G ဗိုင္းရပ္စ္ပိုးေတြဟာ လူ႔ခႏၶာကိုယ္ကိုထိုးေဖာက္ႏိုင္တဲ့ (strain ရဲ႕) စြမ္းရည္က ပိုၿပီး အားေကာင္းလာတယ္။ ကူးစက္မႈႏႈန္း ၁၀ ဆ တိုးျမင့္လာတယ္။ ကြမ္က်ိဳးနဲ႔ ရွန္ဟိုင္းမွာရွိတဲ့ က်န္းမာေရးအရာရွိ၊ သုေတသီေတြက COVID-19 ဗိုင္းရပ္စ္ရဲ႕ မ်ိဳး႐ိုးဗီဇေျပာင္းလဲေနတာ အခုအခ်ိန္အထိ အနည္းဆုံးေျခာက္ႀကိမ္ေလာက္ရွိႏိုင္တယ္လို႔ဆိုတယ္။
တနဂၤေႏြေန႔တစ္ေန႔တည္းမွာပဲ ကမာၻတစ္ဝန္း COVID- 19 ကူးစက္တဲ့လူေပါင္း ၁၈၃ ၀၀၀ ရွိတယ္။ ဒါဟာ တစ္ေန႔တည္းမွာ ကူးစက္ မႈအမ်ားဆုံးျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေျပာတယ္။ ဘရာဇီးမွာ ေရာဂါပိုးေတြ႕ရွိအတည္ျပဳသူအသစ္ ၅၄,၀၀၀ ။ အ ေမရိကန္မွာ ၃၆၀၀၀ ။ အိႏၵိယမွာ ၁၅၀၀၀ ေက်ာ္..။အေမရိကန္မွာ တနဂၤေႏြေန႔ တစ္ေန႔တည္း ကမာၻအႏွံ႔မွာ ေသဆုံးတဲ့သူေပါင္း ၄,၇၀၀ ေယာက္။ ေသဆုံးသူေတြရဲ႕သုံးပုံႏွစ္ပုံက အေမရိကန္ျပည္ေထာင္စုကတဲ့။
အေမရိကန္က ျပည္နယ္ ၂၃ ခုမွာ COVID-19 လူနာအသစ္ေတြ ဆက္တိုက္ျဖစ္ေနတယ္။ အေမရိကန္လူငယ္ေတြမွာ ေရာဂါအျဖစ္မ်ားလာ တယ္။ ဒါေၾကာင့္ သတ္မွတ္ထားတဲ့ အကြာအေဝးမွာေနဖို႔ ( လူမစုဖို႔)၊ မ်က္ႏွာဖုံးဝတ္ဖို႔ သတိေပးေနၾကေပမဲ့ ထင္သေလာက္ မထိေရာက္ ဘူးတဲ့။မကၠဆီကိုမွာ ဇြန္ ၂၁ ရက္၊ တနဂၤေႏြေန႔တစ္ေန႔တည္းမွာ ေရာဂါပိုးေတြ႕ရွိသူ ၅,၃၃၃ ေယာက္။ ဒီေန႔အထိ ဗိုင္းရပ္စ္အကူးခံရသူ ေပါင္း ၁၈၀၅၄၅ ေယာက္။ ေသဆုံးသူ ၁၀၄၄ ေယာက္။ ေတာင္ကိုရီးယားမွာ အေျခအေန မေကာင္းေသးပါ။
ဒီ ၂ ပတ္အတြင္း ေန႔တိုင္း ေန႔တိုင္း အေယာက္ ၂၀ေလာက္ ကေန ၆၀ ၾကားကူးစက္ေနတယ္။ ေတာင္ကိုရီးယားကို အလုပ္လုပ္ဖို႔ေရာက္ လာတဲ့သူေတြထဲက ပါကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္က ဝင္လာတဲ့သူေတြမွာပဲ ဗိုင္းရပ္စ္ေတြ႕တာ ၂၂ ေယာက္ရွိၿပီ။ တရားမဝင္ေနတဲ့ ႏိုင္ငံျခား သားေတြလည္း ဗိုင္းရပ္စ္ရရင္ ႀကိတ္ခံမေနဘဲ အေၾကာင္းၾကားဖို႔ ေၾကညာထားတယ္။ အခမဲ့ ေဆးစစ္ေပးပါမယ္တဲ့။ တစ္ကမာၻလုံးမွာ လက္ရွိအခ်ိန္ ထိ ဗိုင္းရပ္စ္ ကူးစက္မႈ ၉.၁ သန္းေက်ာ္သြားၿပီ.. ေသဆုံးသူ ၄ သိန္း ၇ ေသာင္းေက်ာ္။
ဒါေတာင္ ကမာၻအရပ္ရပ္က ဒုကၡသည္စခန္းေတြမွာ COVID-19 ကူးစက္လူနာေတြ ဘယ္ႏွစ္ေယာက္ရွိၿပီး ဘယ္ႏွစ္ေယာက္ေသဆုံးေန သလဲ စာရင္းအတိအက်မသိႏိုင္ေသး..။ အၿပီးသတ္ေလာက္ၿပီထင္ေနၾကတဲ့ တ႐ုတ္နဲ႔ ဂ်ာမနီအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကူး စက္မႈအသစ္ေတြ အခုထပ္ျဖစ္ေနတယ္။ဗိုင္းရပ္စ္ရန္က ကာကြယ္ဖို႔ စည္းကမ္းေတြေျဖေလွ်ာ့၊ စီးပြားေရးလုပ္ငန္းေတြျပန္ဖြင့္ေနၾကၿပီ။ ဒါေပမဲ့ မေပါ့ဆပါနဲ႔ ။ ကြၽန္မတို႔အားလုံးမွာ ရွည္လ်ားတဲ့ခရီးပါ။ ကြၽန္မတို႔ မေက်ာ္ျဖတ္ႏိုင္ေသးပါဘူး။” Zolnierek ကေျပာတယ္။
(Cindy Zolnierek – The CEO of the Texas Nurses Association)
မေ႐ႊမိုး ( ကိုရီးယား)
June 22nd ,2020.
UNICODE
ယခင်ပုံစံနဲ့မတူဘဲ ပိုမိုပြင်းထန်လာပြီး မျိုးဗီဇပါ ပြောင်းလဲလာ လို့ ကာကွယ်ဆေးေ တွ့ဖို့ ခက်လာ တဲ့ ကိုဗစ်-၁၉
ကိုဗစ်-၁၉ကြောင့် ကမ္ဘာကြီးဟာ အန္တရာယ်များတဲ့အဆင့်ရောက်နေပြီ။ “ လို့ WHO က အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းထောက်တွေကိုပြောလိုက်တယ်။ “လူတွေက ဒိထက်ပိုပြီး အိမ်ထဲမနေနိုင်တော့ဘူး။ တိုင်းပြည်တွေလည်း ဗိုင်းရပ်စ်ရန်ထက် လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို အသစ်ပြန်ဖွင့်ဖို့ စိတ်အားထက်သန်နေကြပြီ။” “ဒါပေမဲ့ ဗိုင်းရပ်စ်ကမြန်မြန်ဆန်ဆန် ပျံ့နှံ့နေတုန်းပဲ.. လူ တွေကိုဆက်ပြီး သေစေနေတုန်းပဲ၊”ဖြစ်ပါတယ်။
နောက်ဆုံးမှာ ဒီဗိုင်းရပ်စ်ဟာ နှစ်စဉ်နှစ်တိုင်းအအေးမိရောဂါတစ်ခုလို ကာကွယ်ဆေးဆက်တိုက် ထုတ်လုပ်နေရလိမ့်မလားလို့ စိတ်ပျက် စရာကောင်းတဲ့ သတင်းတွေက သိပ္ပံလောကမှာ..။ အသက်ကို ဉာဏ်စောင့်တယ်။ ဘယ်လိုနေထိုင်မှ အသက်ဆက်ရှင်ကြမလဲ အားလုံး သိနေကြ…။ မျက်လုံးတွေကို သေသေချာချာဖွင့်ထားရပါမယ်။ အိပ်ငိုက်လို့မဖြစ်ဘူး။ သတိတစ်ချက်လစ်တာနဲ့ ဗိုင်းရပ်စ်တွေက ဝမ်းသာ အားရဝင်လာနိုင်လို့..။ မကြာသေး ခင်က တရုတ်ပြည်၊ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ထပ်ပြန့်လာတယ်။
ဒီတစ်ခါ တရုတ်ကိုပြန်ဝင်လာတဲ့ ကိုရိုနာပိုးတွေက D614G လို့ခေါ်တဲ့ ဥရောပနဲ့ အမေရိကန်ဘက်မှာ အများဆုံးတွေ့ရတဲ့ ပိုး ဖြစ်တယ် တဲ့။ အဲဒီဗိုင်းရပ်စ်တွေရဲ့ လူ့ခန္ဓာကိုယ်အတွင်းထိုးဖောက်နိုင်စွမ်းဟာ ဟိုး ပထမအစ မူလကိုရိုနာဗိုင်းရပ်စ်ထက် ၂.၄ ဆ ပိုပြီး အားကောင်း နေတယ်တဲ့။တရုတ်နိုင်ငံက Chongqing ဆေးတက္ကသိုလ်က သုတေသနအဖွဲ့ကပြောတာဖြစ်တယ်။ COVID-19 ဗိုင်းရပ်စ် ဟာ မူကွဲအ ဖြစ်ပြောင်းလဲလာပြီး ပိုမိုအားကောင်းလာတာကြောင့် ကာကွယ်ဆေးပေါ်လာရင်လည်း ထိရောက်မှုနည်းပါးနိုင်တယ်လို့ဆိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးတွေက ဟိုး ပထမအစ ဝူဟန်မြို့ (Wuhan ) က ပျံ့နှံ့ခဲ့တဲ့ အားပျော့တဲ့ ဗိုင်းရပ်စ်အတွက် တီထွင်ကြ တာမို့ဖြစ်တယ်တဲ့။အခုနောက်ပိုင်း ကိုရိုနာ D614G ဗိုင်းရပ်စ်ပိုးတွေဟာ လူ့ခန္ဓာကိုယ်ကိုထိုးဖောက်နိုင်တဲ့ (strain ရဲ့) စွမ်းရည်က ပိုပြီး အားကောင်းလာတယ်။ ကူးစက်မှုနှုန်း ၁၀ ဆ တိုးမြင့်လာတယ်။ ကွမ်ကျိုးနဲ့ ရှန်ဟိုင်းမှာရှိတဲ့ ကျန်းမာရေးအရာရှိ၊ သုတေသီတွေက COVID-19 ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲနေတာ အခုအချိန်အထိ အနည်းဆုံးခြောက်ကြိမ်လောက်ရှိနိုင်တယ်လို့ဆိုတယ်။
တနင်္ဂနွေနေ့တစ်နေ့တည်းမှာပဲ ကမ္ဘာတစ်ဝန်း COVID- 19 ကူးစက်တဲ့လူပေါင်း ၁၈၃ ၀၀၀ ရှိတယ်။ ဒါဟာ တစ်နေ့တည်းမှာ ကူးစက် မှုအများဆုံးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောတယ်။ ဘရာဇီးမှာ ရောဂါပိုးတွေ့ရှိအတည်ပြုသူအသစ် ၅၄,၀၀၀ ။ အ မေရိကန်မှာ ၃၆၀၀၀ ။ အိန္ဒိယမှာ ၁၅၀၀၀ ကျော်..။အမေရိကန်မှာ တနင်္ဂနွေနေ့ တစ်နေ့တည်း ကမ္ဘာအနှံ့မှာ သေဆုံးတဲ့သူပေါင်း ၄,၇၀၀ ယောက်။ သေဆုံးသူတွေရဲ့သုံးပုံနှစ်ပုံက အမေရိကန်ပြည်ထောင်စုကတဲ့။
အမေရိကန်က ပြည်နယ် ၂၃ ခုမှာ COVID-19 လူနာအသစ်တွေ ဆက်တိုက်ဖြစ်နေတယ်။ အမေရိကန်လူငယ်တွေမှာ ရောဂါအဖြစ်များလာ တယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ အကွာအဝေးမှာနေဖို့ ( လူမစုဖို့)၊ မျက်နှာဖုံးဝတ်ဖို့ သတိပေးနေကြပေမဲ့ ထင်သလောက် မထိရောက် ဘူးတဲ့။မက္ကဆီကိုမှာ ဇွန် ၂၁ ရက်၊ တနင်္ဂနွေနေ့တစ်နေ့တည်းမှာ ရောဂါပိုးတွေ့ရှိသူ ၅,၃၃၃ ယောက်။ ဒီနေ့အထိ ဗိုင်းရပ်စ်အကူးခံရသူ ပေါင်း ၁၈၀၅၄၅ ယောက်။ သေဆုံးသူ ၁၀၄၄ ယောက်။ တောင်ကိုရီးယားမှာ အခြေအနေ မကောင်းသေးပါ။
ဒီ ၂ ပတ်အတွင်း နေ့တိုင်း နေ့တိုင်း အယောက် ၂၀လောက် ကနေ ၆၀ ကြားကူးစက်နေတယ်။ တောင်ကိုရီးယားကို အလုပ်လုပ်ဖို့ရောက် လာတဲ့သူတွေထဲက ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့သူတွေမှာပဲ ဗိုင်းရပ်စ်တွေ့တာ ၂၂ ယောက်ရှိပြီ။ တရားမဝင်နေတဲ့ နိုင်ငံခြား သားတွေလည်း ဗိုင်းရပ်စ်ရရင် ကြိတ်ခံမနေဘဲ အကြောင်းကြားဖို့ ကြေညာထားတယ်။ အခမဲ့ ဆေးစစ်ပေးပါမယ်တဲ့။ တစ်ကမ္ဘာလုံးမှာ လက်ရှိအချိန် ထိ ဗိုင်းရပ်စ် ကူးစက်မှု ၉.၁ သန်းကျော်သွားပြီ.. သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်။
ဒါတောင် ကမ္ဘာအရပ်ရပ်က ဒုက္ခသည်စခန်းတွေမှာ COVID-19 ကူးစက်လူနာတွေ ဘယ်နှစ်ယောက်ရှိပြီး ဘယ်နှစ်ယောက်သေဆုံးနေ သလဲ စာရင်းအတိအကျမသိနိုင်သေး..။ အပြီးသတ်လောက်ပြီထင်နေကြတဲ့ တရုတ်နဲ့ ဂျာမနီအပါအဝင် နိုင်ငံတော်တော်များများမှာ ကူး စက်မှုအသစ်တွေ အခုထပ်ဖြစ်နေတယ်။ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ စည်းကမ်းတွေဖြေလျှော့၊ စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်နေကြပြီ။ ဒါပေမဲ့ မပေါ့ဆပါနဲ့ ။ ကျွန်မတို့အားလုံးမှာ ရှည်လျားတဲ့ခရီးပါ။ ကျွန်မတို့ မကျော်ဖြတ်နိုင်သေးပါဘူး။” Zolnierek ကပြောတယ်။
(Cindy Zolnierek – The CEO of the Texas Nurses Association)
မရွှေမိုး ( ကိုရီးယား)
June 22nd ,2020.