





crd: Eleven media

UNICODE

ရခိုင်တွင် အင်တာနက်လိုင်းများ ပိတ်ထားရခြင်း အကြောင်းရင်းကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

ရခိုင်ဒေသ တွင် ဆောင် ရွက် နေသော စစ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် ၍ လူမှုကွန်ရက်ပေါ်သို့ သတင်းတက် လာမှုများရှိခြင်း၊ လူမျိုးရေးနှင့်ပတ်သက်၍ အမုန်းတရားဖြစ်စေသော အကြောင်းအရာများ တက်လာခြင်းနှင့် လူမျိုးရေးအစွန်းရောက်မှုများ တက် လာ ခြင်းများ ရှိနေပြီး ထိုသို့တက်လာခြင်း ရှိ၊ မရှိကို တပ်မတော်ဘက်က မည်သို့မျှ သက်သေပြရန်မလိုဘဲ အားလုံးသိရှိထား ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ထိုသို့ သော အကြောင်း အရာများ အင်တာ နက် ပေါ်သို့ တက်ရောက် လာခြင်းကြောင့် တပ်မတော် ၏ အဆိုပြုချက် အရ အစိုးရက ရခိုင် ဒေသ အား အင်တာနက် လိုင်းများ အသုံးပြု ခွင့် ကို ပိတ်ပင် ထားရခြင်းဖြစ်ပြီး လတ်တ လောတွင် အင်တာနက် လိုင်းများ ပြန်ဖွင့်ပေးရေး အတွက် တပ်မတော် က အစိုးရ ထံ အဆိုပြု ရန် အကြောင်း မရှိသေးကြောင်း လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသည်။ ကျွန် တော် တို့က တော့ အခုလောလော ဆယ် အထိ တော့ ဒါနဲ့ပတ် သက်ပြီး အဆိုပြုစရာအကြောင်း မရှိသေးပါဘူး။

အဆိုပြုစရာ အကြောင်း မရှိသေးပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြား သည်။ ရခိုင်ဒေသတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများမှာ ၂၀၁၅ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီမှစ၍ ပြင်း ထန်သော တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ကာ လက် ရှိအချိန်အထိလည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲပင်ဖြစ် သည်။ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် ရခိုင်ဒေသ အင်တာနက်ဖြတ် တောက်မှု တစ်နှစ်ပြည့် နှစ်ပတ် လည် နေ့ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ဒေသခံများက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အ ခဲများရှိသည့်အတွက် ရခိုင်ဒေသ အား အင်တာနက် လိုင်းများ ပြန်လည်ဖွင့်လှစ် ပေးရန် တောင်းဆိုမှု များရှိခဲ့ သည် ။

နေပြည် တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက် တွင် ဇွန် (၂၃)ရက် က တပ်မတော် သတင်းမှန်ပြန် ကြားရေး အဖွဲ့၏ သတင်းစာ ရှင်း လင်း ပွဲ ပြုလုပ် ခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် ရခိုင် ဒေသ အင်တာနက် ဖြတ်တောက် ထားခြင်းနှင့် ပတ်သက် ၍ ဗိုလ်မှူးချုပ် ဇော် မင်းထွန်း က အထက် ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ် သည်။စစ်ရေး ဆိုင် ရာ လျှို့ဝှက် ချက် များနဲ့ ပတ် သက် လို့ အခု ချိန် အထိလည်း ရှိနေပါသေး တယ်။ အခုချိန် အထိ လည်း ဘာတွေ ဆိုတာ တွေ့နေပါ သေး တယ်။

ဘယ် စစ်ကြောင်း ကတော့ ဘယ်နေ ရာကနေ ဘယ် နေရာကို သွားနေပြီ ဆိုတဲ့ဟာမျိုး တွေ ဒါမျိုးတွေ တွေ့ပါ လိမ့် မယ် ။ ပြီးရင် ကျွန် တော် တို့ ဒါနဲ့ပတ်သက် ပြီးတော့ အထင် အမြင်လွဲအောင် နိုင်ငံတကာ ကရော၊ ပြည်တွင်း ကရော အထင် အမြင် လွဲ အောင် လုပ်ကြံ ပြီး တင် နေ တဲ့ဟာတွေရှိ ပါတယ်။ ဒါကြောင့် မို့ ကျွန်တော်တို့အနေနဲ့က ဒီဟာတွေ ကို လုံခြုံရေး ဆိုင်ရာတွေနဲ့ ပတ် သက်ပြီး တော့ ကျွန် တော် တို့ ဒါတင်ပြ ပြီးတော့ ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

crd: Eleven media

Add a Comment

Your email address will not be published. Required fields are marked *