ဦး ဝီ ရ သူ၊ ဦးလွေဆြ တို႔ႏွင့္ ပတ္သတ္ၿပီး သတင္းေပးမည္ ဆိုပါက တိတိက်က် သတင္းေပးရန္လိုေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေျပာဆို
|ရာဇဝတ္က်င့္ ထုံးပုဒ္မ ၈၇၊ ၈၈အရ ေၾကညာျခင္းခံရသည့္ တရားခံေျပးမ်ားႏွင့္ ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ မည္သည့္ေနရာ ၊မည့္သည့္ အခ်ိန္ မဆို ေတြ႕ရွိခဲ့ ပါက ဝရမ္းမ ပါဘဲ ဖမ္းဆီးႏိုင္ ေၾကာင္း သိရသည္။ ဦး ဝီ ရ သူ၊ ဦးလွေဆြတို႔ႏွင့္ ပတ္သတ္ၿပီး ျပည္သူ လူထု အေနျဖင့္ သတင္းေပးမည္ ဆိုပါက တိတိက်က် သတင္းေပးရန္လိုေၾကာင္း ရဲမႉးႀကီးေက်ာ္လင္းက ဇြန္လ ၂၂ရက္ေန႔ ကေျပာသည္။
၎က”ျပည္သူလူထုအေနနဲ႔ သတင္းေပးမယ္ ဆိုရင္ ဘယ္ရဲစခန္းပဲျဖစ္ျဖစ္ တိတိက်က် သတင္းေပးဖို႔လိုပါတယ္။ ဒီလူမႈကြန္ရက္မွာ ပါ ေနတာ နဲ႔ေတာ့ ဒီသတင္းက မွန္တယ္လို႔ အတည္ျပဳႏိုင္ျခင္းမရွိေၾကာင္း ေျဖၾကားအပ္ပါတယ္“ဟုဆိုသည္။ေနျပည္ေတာ္ ျပန္ၾကားေရး ဝန္ႀကီး ဌာနတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ထံ တိတိက်က် သတင္းေပးလာမည္ဆိုပါက အခ်ိန္မေ႐ြး ဖမ္းဆီးေဆာင္႐ြက္ၿပီး သက္ဆိုင္ရာ တရား႐ုံး သို႔ ပို႔အပ္သြားႏိုင္ မည္ ျဖစ္ေၾကာင္း ၎က ေျပာသည္။
Source: ျပည္ထဲေရး သတင္းစာ ရွင္းလင္းပြဲ
UNICODE
ဦး ဝီ ရ သူ၊ ဦးလှဆွေ တို့နှင့် ပတ်သတ်ပြီး သတင်းပေးမည် ဆိုပါက တိတိကျကျ သတင်းပေးရန်လိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောဆို
ရာဇဝတ်ကျင့် ထုံးပုဒ်မ ၈၇၊ ၈၈အရ ကြေညာခြင်းခံရသည့် တရားခံပြေးများနှင့် ပတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မည်သည့်နေရာ ၊မည့်သည့် အချိန် မဆို တွေ့ရှိခဲ့ ပါက ဝရမ်းမ ပါဘဲ ဖမ်းဆီးနိုင် ကြောင်း သိရသည်။ ဦး ဝီ ရ သူ၊ ဦးလှဆွေတို့နှင့် ပတ်သတ်ပြီး ပြည်သူ လူထု အနေဖြင့် သတင်းပေးမည် ဆိုပါက တိတိကျကျ သတင်းပေးရန်လိုကြောင်း ရဲမှူးကြီးကျော်လင်းက ဇွန်လ ၂၂ရက်နေ့ ကပြောသည်။
၎င်းက”ပြည်သူလူထုအနေနဲ့ သတင်းပေးမယ် ဆိုရင် ဘယ်ရဲစခန်းပဲဖြစ်ဖြစ် တိတိကျကျ သတင်းပေးဖို့လိုပါတယ်။ ဒီလူမှုကွန်ရက်မှာ ပါ နေတာ နဲ့တော့ ဒီသတင်းက မှန်တယ်လို့ အတည်ပြုနိုင်ခြင်းမရှိကြောင်း ဖြေကြားအပ်ပါတယ်“ဟုဆိုသည်။နေပြည်တော် ပြန်ကြားရေး ဝန်ကြီး ဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ တိတိကျကျ သတင်းပေးလာမည်ဆိုပါက အချိန်မရွေး ဖမ်းဆီးဆောင်ရွက်ပြီး သက်ဆိုင်ရာ တရားရုံး သို့ ပို့အပ်သွားနိုင် မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
Source: ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲ