ဧရာဝတီျမစ္ေအာက္ၾကမ္းျပင္ရွိ ႏွစ္ခ်ိဳ႕ ငါးႀကီးေတြအထိမိၿပီး ေဂဟစနစ္ေတြပါ ပ်က္ဆီးေစ တဲ့ ငါးဖမ္းမႈ

ျမစ္ၾကမ္းျပင္ အထိ ဝါယာႀကိဳးခ်ၿပီး ငါးဖမ္းျခင္းဟာ ဧရာဝတီ ျမစ္ရဲ႕ ေဂဟေဗဒ စနစ္ ကို ထိခိုက္ေစၿပီးေတာ့ ေနာင္တခ်ိန္မွာ ဧရာဝတီျမစ္ ဟာ ငါးမရွိတဲ့ ျမစ္တခု ျဖစ္သြားပါလိမ့္မယ္။ အဲဒါေၾကာင့္ ျဖစ္ႏိုင္ရင္ မီးစက္နဲ႔ ေရွာ့တိုက္တဲ့ ငါးဖမ္းနည္းကို မလုပ္ၾကဖို႔ တာဝန္ရွိသူေတြအ ေန နဲ႔ အမိန႔္အာဏာေတြ ထုတ္ျပန္ၿပီး တားျမစ္ဖို႔ လိုအပ္ေၾကာင္း ေဖာ္ျပ လိုက္ ရ ပါတယ္။ ယခု ရက္ပိုင္း ႏွစ္ခ်ိဳ႕ ရွားပါး ငါးႀကီးေတြ ဧရာဝ တီ ျမစ္ထဲ က ဖမ္းဆီးရမိ တဲ့ သတင္းေတြ ခပ္စိတ္စိတ္ ၾကားေနရ ပါတယ္ ။

ဒီလို ႏွစ္ခ်ိဳ႕ ငါးႀကီးမ်ိဳးေတြ ဆိုတာ ႐ိုးရာ ငါးဖမ္းနည္း နဲ႔ ဖမ္းမိဖို႔ မလြယ္ကူလွ ပါဘူး ။ သူတို႔က ျမစ္ၾကမ္းျပင္နား မွာ က်က္စားေလ့ ရွိၿပီး ျမစ္ေရေအာက္ ဂူေတြ၊ အငူေတြ နားမွာ က်က္စားေလ့ ရွိတာ ေၾကာင့္ ႐ိုးရာနည္း နဲ႔ ဘယ္လို မွ ဖမ္းဖို႔ မျဖစ္ႏိုင္ ပါဘူး။ဘက္ထရီေရွာ့တိုက္ ဖမ္းနည္းကလည္း ေရတိမ္ နဲ႔ ေရအိုင္ထဲမွာပဲ အလုပ္ျဖစ္ၿပီး ေရစီးသန္ တဲ့ ျမစ္လယ္ပိုင္းမွာေတာ့ အလုပ္ မျဖစ္ပါဘူး ။ ဒါေပမယ့္ မဟုတ္တဲ့ေနရာ မွာ ဉာဏ္နီ ဉာဏ္နက္ ထြက္တဲ့ ေ႐ႊျမန္မာ ေတြ ကေတာ့မလြယ္ေတာ့ပါဘူး။

ဟိုးေအာက္ ျမစ္ၾကမ္းျပင္အထိ သက္ေတာ့င္ သက္သာ ငါးဖမ္းလို႔ ရမယ့္ နည္းကို ရွာေတြ႕ခဲ့ ပါတယ္။အဲဒါကေတာ့ ျမစ္ၾကမ္းျပင္ အထိ ဝါ ယာႀကိဳးခ်ၿပီး မီးစက္ႏႈိးၿပီး ေရွာ့တိုက္တဲ့ နည္းပါ။ အဲဒီနည္းက အလြန္ရက္စက္ၿပီး ဝါယာႀကိဳး အနီးတဝိုက္က သက္ရွိမွန္သမွ်ကို ေသသြား ေစပါတယ္။ အဲဒီကမွ ေပၚလာတဲ့ ငါးေတြ ကို အသာေလး ေကာက္ရတဲ့ အလြန္လြယ္ ကူၿပီး ေဂဟ စနစ္ ပ်က္စီးေစတဲ့ ငါးဖမ္းနည္း ပဲ ျဖစ္ ပါ တယ္။ ဒီလိုဖမ္းနည္းဟာ အတၱႀကီးၿပီး တနပ္စားဉာဏ္နဲ႔ လုပ္တဲ့ နည္းပဲ ျဖစ္ပါတယ္။

အဲဒီလို တနပ္စား လုပ္လိုက္ေတာ့ အဲဒီလို ဖမ္းတဲ့ေနရာ တဝိုက္ မွာ ေနာက္ထပ္ ငါးဖမ္းလို႔ မရေတာ့ပါဘူး။ ငါးဖမ္းလို႔ မရရင္ ေဒသခံ တံငါ သည္ေတြ ထမင္း ငတ္မယ့္ ကိန္း ပါပဲ။

Credit : Kyaw Zin Phyo

UNICODE

ဧရာဝတီမြစ်အောက်ကြမ်းပြင်ရှိ နှစ်ချို့ ငါးကြီးတွေအထိမိပြီး ဂေဟစနစ်တွေပါ ပျက်ဆီးစေ တဲ့ ငါးဖမ်းမှု

မြစ်ကြမ်းပြင် အထိ ဝါယာကြိုးချပြီး ငါးဖမ်းခြင်းဟာ ဧရာဝတီ မြစ်ရဲ့ ဂေဟဗေဒ စနစ် ကို ထိခိုက်စေပြီးတော့ နောင်တချိန်မှာ ဧရာဝတီမြစ် ဟာ ငါးမရှိတဲ့ မြစ်တခု ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် မီးစက်နဲ့ ရှော့တိုက်တဲ့ ငါးဖမ်းနည်းကို မလုပ်ကြဖို့ တာဝန်ရှိသူတွေအ နေ နဲ့ အမိန့်အာဏာတွေ ထုတ်ပြန်ပြီး တားမြစ်ဖို့ လိုအပ်ကြောင်း ဖော်ပြ လိုက် ရ ပါတယ်။ ယခု ရက်ပိုင်း နှစ်ချို့ ရှားပါး ငါးကြီးတွေ ဧရာဝ တီ မြစ်ထဲ က ဖမ်းဆီးရမိ တဲ့ သတင်းတွေ ခပ်စိတ်စိတ် ကြားနေရ ပါတယ် ။

ဒီလို နှစ်ချို့ ငါးကြီးမျိုးတွေ ဆိုတာ ရိုးရာ ငါးဖမ်းနည်း နဲ့ ဖမ်းမိဖို့ မလွယ်ကူလှ ပါဘူး ။ သူတို့က မြစ်ကြမ်းပြင်နား မှာ ကျက်စားလေ့ ရှိပြီး မြစ်ရေအောက် ဂူတွေ၊ အငူတွေ နားမှာ ကျက်စားလေ့ ရှိတာ ကြောင့် ရိုးရာနည်း နဲ့ ဘယ်လို မှ ဖမ်းဖို့ မဖြစ်နိုင် ပါဘူး။ဘက်ထရီရှော့တိုက် ဖမ်းနည်းကလည်း ရေတိမ် နဲ့ ရေအိုင်ထဲမှာပဲ အလုပ်ဖြစ်ပြီး ရေစီးသန် တဲ့ မြစ်လယ်ပိုင်းမှာတော့ အလုပ် မဖြစ်ပါဘူး ။ ဒါပေမယ့် မဟုတ်တဲ့နေရာ မှာ ဉာဏ်နီ ဉာဏ်နက် ထွက်တဲ့ ရွှေမြန်မာ တွေ ကတော့မလွယ်တော့ပါဘူး။

ဟိုးအောက် မြစ်ကြမ်းပြင်အထိ သက်တော့င် သက်သာ ငါးဖမ်းလို့ ရမယ့် နည်းကို ရှာတွေ့ခဲ့ ပါတယ်။အဲဒါကတော့ မြစ်ကြမ်းပြင် အထိ ဝါ ယာကြိုးချပြီး မီးစက်နှိုးပြီး ရှော့တိုက်တဲ့ နည်းပါ။ အဲဒီနည်းက အလွန်ရက်စက်ပြီး ဝါယာကြိုး အနီးတဝိုက်က သက်ရှိမှန်သမျှကို သေသွား စေပါတယ်။ အဲဒီကမှ ပေါ်လာတဲ့ ငါးတွေ ကို အသာလေး ကောက်ရတဲ့ အလွန်လွယ် ကူပြီး ဂေဟ စနစ် ပျက်စီးစေတဲ့ ငါးဖမ်းနည်း ပဲ ဖြစ် ပါ တယ်။ ဒီလိုဖမ်းနည်းဟာ အတ္တကြီးပြီး တနပ်စားဉာဏ်နဲ့ လုပ်တဲ့ နည်းပဲ ဖြစ်ပါတယ်။

အဲဒီလို တနပ်စား လုပ်လိုက်တော့ အဲဒီလို ဖမ်းတဲ့နေရာ တဝိုက် မှာ နောက်ထပ် ငါးဖမ်းလို့ မရတော့ပါဘူး။ ငါးဖမ်းလို့ မရရင် ဒေသခံ တံငါ သည်တွေ ထမင်း ငတ်မယ့် ကိန်း ပါပဲ။

Credit :  Kyaw Zin Phyo

Add a Comment

Your email address will not be published. Required fields are marked *