ေပါေခ်ာင္ေကာင္းေစ်း နဲ႔ ရခဲ့တဲ့ တ႐ုတ္ ရဲ႕ ပထမဆုံး ေလယာဥ္တင္ သေဘၤာႀကီး အေၾကာင္း

တ႐ုပ္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္(ေရ) ( PLAN )ဟာ ေလယာဥ္တင္သေဘၤာတစ္စီးေလာက္ပိုင္ဆိုင္လာဖို႔ စိတ္ကူးရွိေနတာ ၁၉၇၀ ခုႏွစ္ ေလာက္ကတည္းကပါ အဲ့ဒီအခ်ိန္တုန္းက တ႐ုပ္ဟာ အေမရိကန္နဲ႔ေရာ ႐ုရွနဲ႔ပါ အဆင္မေျပေနခဲ့တဲ့အခ်ိန္ေပါ့ စစ္ေအးေခတ္ကာလ တုန္းမွာ သူတို႔ရဲ႕ ေလယာဥ္တင္သေဘၤာစိတ္ကူးအိပ္မက္ဟာ တ႐ုပ္ေရတပ္ရဲ႕ နည္းပညာစြမ္းပကားနဲ႔ တတ္ႏိုင္တဲ့ေငြေၾကးပမာဏ အေပၚ ၾကည့္ၿပီးတိုင္းတာရင္ အမ်ားႀကီး ကြာဟေနခဲ့တာျဖစ္ပါတယ္။ဆိုဗိယက္ယူနီယန္ဟာသူ႔ရဲ႕ ကိဗ္အမ်ိဳးအစား ပထမဆုံးေလယာဥ္ တင္သ ေဘၤာ ေတြကို ၁၉၇၀ခုႏွစ္ေလာက္မွာ ျဖန႔္က်က္အသုံးျပဳႏိုင္ခဲ့ပါတယ္။

ကိဗ္အမ်ိဳးအစားေတြဟာ YAK 30 ေဖာ္ဂ်ာ ေလယာဥ္ေတြ တင္ေဆာင္ႏိုင္ပါတယ္ ။ဒါေပမယ့္အဲ့ဒီေလယာဥ္ေတြဟာ စစ္ေရးစြမ္းပကားမွာ ကန႔္သတ္ခ်က္အမ်ားႀကီးရွိတဲ့ေလယာဥ္ေတြပါပဲ ၁၉၈၀ေလာက္ေရာက္လာခ်ိန္မွာေတာ့ ဆိုဗိယက္ဟာ ပိုၿပီးေကာင္းမြန္တဲ့ ကုဇ္နက္ေဆာ့ ဗ္ အမ်ိဳးအစားေလယာဥ္တင္သေဘၤာႏွစ္စီး ကိုေဆာက္ခဲ့ပါတယ္ ဒီသေဘၤာေတြဟာ ski-jump လို႔ေခၚတဲ့ အေပၚကိုေကြးတက္သြားတဲ့ ေျပးလမ္းပါတဲ့ဒီဇိုင္းမ်ိဳးျဖစ္ၿပီး သမား႐ိုးက် စနစ္ေတြျဖစ္ေပမယ့္ ပိုၿပီးစြမ္းေဆာင္ရည္ျမင့္မားေအာင္ျပဳလုပ္ထားတာပါ SU 33 တိုက္ေလ ယာဥ္ေတြ ဆင္းသက္ႏိုင္လာပါတယ္။တ႐ုပ္တို႔ရဲ႕ ပထမဆုံး ေလယာဥ္တင္သေဘၤာ ဘယ္လို ရလာခဲ့ သလည္း? ။

ေလ်ာင္နင္းဆိုတဲ့ တ႐ုပ္တို႔ရဲ႕ပထမဆုံး ေလယာဥ္တင္ သေဘၤာဟာ အေမရိကန္ရဲ႕ ဆူပါေလယာဥ္တင္သေဘၤာေတြနဲ႔ေတာ့ ဘယ္လိုမွ မတူ ႏိုင္ဘူး ဆိုတာပါ။အေမရိကန္ Aircraft Carriers ေတြဟာ တ႐ုပ္တို႔ထက္ေလယာဥ္ ပိုတင္ေဆာင္ႏိုင္တယ္ န်ဴကလီးယားပါဝါနဲ႔ ေမာင္း ႏွင္ႏိုင္တယ္ တ႐ုပ္ရဲ႕ ေရေႏြးေငြ႕တာဘိုင္ အင္ဂ်င္ေတြဟာ ပ်က္လြယ္ရပ္လြယ္ၿပီး သူ႔ရဲ႕ဒီဇိုင္းအရ ski-jump ကုန္းပတ္ျပဳလုပ္ထား ျခင္း ဟာ သေဘၤာကို ေလာင္စာဆီနဲ႔ေလယာဥ္ေတြတင္ေဆာင္ႏိုင္မႈမွာ အေတာ္ေလးကန႔္သတ္ခ်က္ရွိသြား ပါတယ္ ဘယ္လိုပဲေျပာေျပာပါ တ ႐ုပ္တို႔အေနနဲ႔ကေတာ့ ေလယာဥ္တင္ စစ္သေဘၤာတည္ေဆာက္ေရး အတြက္ အခြင့္အလမ္းတစ္ခု ရလာေစတဲ့အျပင္။

အဆင့္တဆင့္ကိုခုန္ကူးႏိုင္ေစခဲ့တဲ့ စီမံကိန္းတစ္ခုျဖစ္ခဲ့တာကေတာ့အမွန္ပါပဲ ၂၀၁၂ မွာသူတို႔ရဲ႕ပထမဆုံးေသာေလယာဥ္တင္ သေဘၤာ ” ေလ်ာင္နင္း” ကို ေရခ်ႏိုင္တဲ့ အေပၚ တ႐ုပ္ေတြဟာ သိပ္ကိုဂုဏ္ယူဝမ္းေျမာက္ခဲ့ၾကပါတယ္ ဒီသေဘၤာဟာ ဆိုဗီယက္တို႔ရဲ႕ ေဆာက္လက္စ တို႔လို႔တန္းလန္း ကုဇ္နက္ေဆာ့ဗ္အမ်ိဳးအစား ေလယာဥ္တင္ခ႐ူဆာသေဘၤာကို ျပန္လည္မြမ္းမံျပဳျပင္ထားတာျဖစ္ပါတယ္ တ႐ုပ္ေတြ ဒီ သေဘၤာ ဘယ္လိုရလာခဲ့ သလည္းဆိုတဲ့ တဲ့ျဖစ္စဥ္ကလည္းတကယ္ေတာ့ရယ္စရာေကာင္းပါတယ္။ဘာလို႔လည္းဆိုရင္ ေဘဂ်င္းအစိုးရ ရဲ႕ဆႏၵကို ဆန႔္က်င္ၿပီးေတာ့မွ မူမွန္မဟုတ္တဲ့ ဝယ္ယူနည္းေတြနဲ႔ တ႐ုပ္ေရတပ္အတြက္ဝယ္ခဲ့တာမို႔လို႔ပါပဲ။

ဘယ္လိုဝယ္ခဲ့တာလည္းဆိုရင္ တ႐ုပ္ဘတ္စကက္ေဘာသမား တစ္ေယာက္ကေန ၿပီးေတာ့ေရေပၚကာစီႏိုကစားဝိုင္းဖြင့္မယ္ဆိုတဲ့ အ ေၾကာင္းျပခ်က္နဲ႔ ႐ုရွကေနဝယ္လာခဲ့တာျဖစ္လို႔ပါပဲ။ေရွးဦး ေလယာဥ္တင္သေဘၤာေတြ ျဖစ္တဲ့ ကိဗ္ အမ်ိဳးအစားေတြလိုပါပဲ ကုဇနက္ ေဆာ့ဗ္ေတြဟာ ေလယာဥ္တင္က႐ူဆာ သေဘၤာေတြသာျဖစ္ေနပါတယ္ သူတို႔မွာ P700 Granit သေဘၤာဖ်က္မစ္ဆိုင္း စနစ္ ၁၂ခုတပ္ဆင္ ထားတာ ေၾကာင့္မို႔ က႐ူဆာလို႔ေျပာၾကတာပါပဲ ဒီလိုလုပ္ရတဲ့နည္းက အေရးႀကီးပါတယ္ ။ဘာေၾကာင့္ ဒီလိုေလယာဥ္တင္ က႐ူဆာေတြ လုပ္ရတာလည္းဆိုရင္ ကန႔္သတ္ခ်က္ေၾကာင့္ပါ ေလယာဥ္တင္သေဘၤာေတြဟာ တန္ခ်ိန္၁၅၀၀၀ ထက္ပို ရင္။

ေဘာ့စပရပ္ေရလက္ၾကားကို သုံးၿပီး ပင္လယ္နက္ကေန ေျမထဲပင္လယ္ကို ျဖတ္သန္းဖို႔တရားဝင္ခြင့္မျပဳပါဘူး (Montreux Conven tionအရ)ဆိုဗိယက္ျပည္ေထာင္စုႀကီးၿပိဳကြဲသြားၿပီးေနာက္ မွာ ယူကရိန္းျပည္နယ္ မွာေဆာက္လက္စ “ဗာရီယတ္ “အမည္ရတဲ့ ကုဇ္နက္ ေဆာ့ဗ္အမ်ိဳးအစား ေလယာဥ္တင္သေဘၤာတစ္စီးက်န္ေနပါတယ္ သုံးပုံႏွစ္ပုံေလာက္ပဲၿပီးေသးတဲ့အခ်ိန္ျဖစ္ပါတယ္ လွ်ပ္စစ္ပိုင္းဆိုင္ ရာေတြနဲ႔ လက္နက္စနစ္ပိုင္းဆိုင္ရာေတြ မၿပီးေသးဘူး ေပါ့ ၁၉၉၂ခုႏွစ္မွာ ယူကရိန္း အစိုးရဟာ ေငြၾကပ္တည္းလာတဲ့အခါမွာ Mykolaiv သေဘၤာက်င္းမွာရွိေနတဲ့ သံေခ်းတက္စျပဳေနတဲ့ သံထည္သတၱဳထည္ေတြကို တစ္ဖက္လွည့္နဲ႔ ေရာင္းခ်ဖို႔ႀကံစည္ရင္း ။

တည္ေဆာက္လက္စေတြကိုလည္း ရပ္ဆိုင္းပစ္လိုက္ပါတယ္ ႐ုရွ တ႐ုပ္ အိႏၵိယတို႔ကိုလည္း အေၾကာင္းၾကားလိုက္ပါတယ္။ ဆယ္စုႏွစ္ႏွစ္ ခု ၾကာၿပီးမွ ၂၀၁၅ ေရာက္တဲ့အခါမွာ ေတာင္တ႐ုပ္မနက္ခင္း သတင္းစာ( South china morning post)က ေဆာင္းပါးတစ္ပုဒ္ကို အပိုင္း ႏွစ္ပိုင္းခြဲၿပီးေတာ့ေဖာ္ျပေပးခဲ့ပါတယ္ ေလယာဥ္တင္သေဘၤာျဖစ္လာဖို႔အေရး ဘယ္လိုေတြလုပ္ခဲ့ ေျခပုန္းခုတ္ခဲ့ရပါတယ္ဆိုတဲ့ အေၾကာင္း ကို ဖြင့္ခ်ထားတဲ့ ေဆာင္းပါးျဖစ္ပါတယ္။ တ႐ုပ္ေရတပ္ဟာ “ဗာရီယတ္” ကိုလိုခ်င္လာတဲ့အခါ အဖြဲ႕တစ္ဖြဲ႕ကို ယူကရိန္း ကိုလႊတ္ပါတယ္ ဝယ္သင့္မသင့္စစ္ေဆးဖို႔ေပါ့ ဒါေပမယ့္ ေဘဂ်င္းအစိုးရဟာ စိတ္ပူပန္ေနခဲ့ပါတယ္ ။

ဘာေၾကာင့္လည္းဆိုရင္ ေလယာဥ္တင္သေဘၤာရွိေအာင္ႀကိဳးစားလာတာဟာ တင္းမာမႈေတြကိုျဖစ္လာေစႏိုင္တယ္ တ႐ုပ္ျပည္ႀကီးကို တံ ခါးဖြင့္ၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုဖိတ္ေခၚေနရတဲ့အခ်ိန္ စီးပြားေရးေကာင္းေအာင္လုပ္ေနရခ်ိန္မွာ အေနာက္ႏိုင္ငံေတြက ရင္းႏွီး ျမႇဳပ္ႏွံမယ့္သူေတြ မလာေတာ့မွာကိုစိတ္ပူတာျဖစ္ပါတယ္။၁၉၉၆ မွာ တ႐ုပ္ေထာက္လွမ္းေရးအႀကီးအကဲ က်ိရွန္ဒယ္ (General Ji )နဲ႔ တ႐ုပ္တပ္မေတာ္အရာရွိေတြဟာ တ႐ုပ္တပ္မေတာ္ ဘတ္စကက္ေဘာလက္ေ႐ြးစင္ေဟာင္း Xu Zhengping (ဆူ) ကို စတင္ခ်ဥ္းကပ္ စည္း႐ုံးခဲ့ပါတယ္။အဲ့ဒိအခ်ိန္မွာ “ဆူ” ဟာ ေအာင္ျမင္တဲ့စီးပြားေရးသမားတစ္ေယာက္ျဖစ္႐ုံသာမကဘဲ။

စီးပြားေရးမွာ ႏိုင္ငံတကာအထိေျခဆန႔္ႏိုင္သူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။ဆူအေနနဲ႔ ကိုယ္ပိုင္အစီအစဥ္နဲ႔ ေလယာဥ္တင္သေဘၤာကို ဝယ္ရမွာ ျဖစ္ပါတယ္ အျပင္ဘန္းအေၾကာင္းျပရမွာက ေရေပၚ ကာစီႏိုေလာင္းကစား႐ုံ လုပ္ဖို႔ဆိုတာပါပဲ ဒါမွသာ စစ္စစ္ေပါက္ေပါက္ စစ္ ေဆးစုံစမ္းမႈေတြ ကိုေရွာင္ရွားႏိုင္မယ္ ၿပီးေတာ့မွ ႏိုင္ငံေရးအေျခအေနေပးလာတဲ့အခ်ိန္မွာ PLA ကလႊဲေျပာင္းယူလိုက္မယ္ ဆိုတဲ့အႀကံ ပါပဲ။ဒီလိုဇာတ္လမ္းဆင္တာဟာ ၾကားရ႐ုံနဲ႔ေတာ့ဟာသမေျမာက္ပါဘူး ဘာလို႔လည္းဆိုရင္ ကိဗ္အမ်ိဳးအစားေလယာဥ္တင္ သေဘၤာႀကီး ေတြအေၾကာင္း ျပန္ေျပာၾကည့္ရပါမယ္။ သူတို႔ထဲက၂စီးဟာ တ႐ုပ္ျပည္ထဲမွာ ေရာက္ေနပါတယ္။

ဆိပ္ကမ္းတစ္ခုစီမွာခ်ည္ေႏွာင္ဆိုက္ကပ္ထားပါတယ္ ကေလးကစားကြင္းနဲ႔ အပန္းေျဖ ဥယ်ာဥ္ေတြအျဖစ္နဲ႔ပါပဲ “The Minsk ” ဆိုတဲ့ AC ကေတာ့ ရွန္ဟိုင္းၿမိဳ႕ရဲ႕ေျမာက္ဖက္က နန္တုန္ မွာေရာက္ေနပါတယ္ ရွန္ဇမ္းၿမိဳ႕ခံဗီဒီယိုဂိမ္းလုပ္ငန္းရွင္ေတြစုေပါင္းၿပီး ေဒၚလာ၄.၄ သန္းနဲ႔ ဝယ္ထားတာပါ ပထမဆုံးကိဗ္ AC ကေတာ့ တီအန္ဂ်င္းမွာ ေရေပၚဟိုတယ္ ျဖစ္ေနပါၿပီ။ဒါေပမယ့္ တ႐ုပ္စစ္တပ္ဟာ ပိုၿပီးေခတ္မွီ တဲ့ ကုဇ္နက္ေဆာ့ဗ္ ကိုသာ PLA Navy အတြက္ စိတ္ဝင္စားမႈ ရွိေနတာပါပဲ “ဆူ” တစ္ေယာက္ဟာ အႀကံအစည္ထဲမွာနစ္ေမ်ာသြားၿပီး အေမရိကန္ေဒၚလာသန္း၃၀ နဲ႔ညီမွ်တဲ့ေဟာင္ေကာင္ေဒၚလာေတြကို မိတ္ေဆြေတြနဲ႔စုေပါင္းမတည္လိုက္ၿပီး စြန႔္စားခန္းစပါေတာ့တယ္။

ပထမဆုံးလုပ္တာကေတာ့ မကာအိုမွာ ေဒၚလာ၆သန္းနဲ႔ ကုမၸဏီတစ္ခုဝယ္ယူၿပီး ယုတၱိရွိေအာင္စလုပ္တာပါပဲ “Agência Turística e Diversões Chong Lot Limitada “လို႔ေခၚတဲ့ ကုမၸဏီပါ အဲ့ဒီအခ်ိန္က မကာအိုဟာ ေပၚတူဂီလက္ေအာက္ခံကိုလိုနီဘဝရဲ႕ ေနာက္ဆုံးႏွစ္ ေတြ မွာေရာက္ရွိေနတဲ့ကာလ ပါပဲ/၁၉၉၈ ဇန္နဝါရီလမွာ” ဆူ” ဟာယူကရိန္းကိုေရာက္လာၿပီး သေဘၤာက်င္းတာဝန္ခံေတြနဲ႔ ေတြ႕ခဲ့ ပါ တယ္ မက္ေလာက္စရာေကာင္းတဲ့ လာဘ္ေတြထိုးဖို႔ကမ္းလွမ္းၿပီး ၁၂၄ ဘိုင္ဂ်ဴး ( 124 proof baijui )လို႔ေခၚတဲ့ တန္ဘိုးႀကီးမားလြန္းတဲ့ တ႐ုပ္အရက္ပုလင္း အလုံးေပါင္း၅၀ေလာက္ကုန္ၿပီးတဲ့အခါ ။

ေလးရက္ေျမာက္ေန႔မွာေတာ့ ေဒၚလာသန္း ၂၀ နဲ႔ ေဆာက္လက္စ ကုဇ္နက္ေဆာ့ဗ္ ေလယာဥ္တင္သေဘၤာကိုဝယ္ဖို႔ သေဘာတူညီခ်က္ရ ခဲ့ပါေတာ့တယ္။အဲဒီ သန္း၂၀ဆိုတာယေန႔ေခတ္ တိုက္ေလယာဥ္တစ္စီးစာပဲရွိပါတယ္ ဆူဟာ တစ္ႏွစ္ၾကာတဲ့အထိ ေပးေခ်ရမယ့္ေငြ ကိုမ ေပးေခ်ႏိုင္ခဲ့ေတာ့ ေနာက္ၾကေၾကး ေဒၚလာဆယ္သန္းအပိုထပ္ေပးခဲ့ရပါတယ္ အဲ့ဒိမွာ ႏိုင္ငံတကာကေလ့လာ သူေတြဟာ အေရာင္းအ ဝယ္နဲ႔ပတ္သက္ၿပီး မသကၤာစရာအနံ႔ရသြားပါေတာ့တယ္ ဘာလည္းဆိုရင္ “ဆူ” ရဲ႕ကုမၸဏီဟာ မကာအိုမွာ ေလာင္းကစား႐ုံ လိုင္စင္ရမ ထားတဲ့အျပင္ကုမၸဏီဟာ လိပ္စာေရာ ဖုန္းနံပါတ္ပါ အျပင္မွာတကယ္မရွိတဲ့ကုမၸဏီျဖစ္ေနပါတယ္။

ဒါေပမယ့္ ကံေကာင္းၿပီး ျဖစ္ခ်င္ျပန္ေတာ့ စစ္လက္နက္ပစၥည္းမ်ားဆိုင္ရာ စာရင္းဇယားေတြကိုႏွစ္အလိုက္ေဖာ္ျပထုတ္ေဝတဲ့ Janes Journal ဂ်ိန္းစ္ဂ်ာနယ္ဝန္ထမ္း ေလ့လာသူတစ္ေယာက္က ဝါရွင္တန္ပို႔စ္ သတင္းစာနဲ႔အင္တာဗ်ဴး တစ္ခုမွာဒီအေရာင္းအဝယ္မွာ တ ႐ုပ္စစ္တပ္ကပါတယ္ဆိုတာမျဖစ္ႏိုင္ဘူး ဒီလိုအိုမင္းေဟာင္းႏြမ္းေနတဲ့ “ဗာရီယတ္” လိုမ်ိဳးကို ဝယ္ၿပီးသုံးစြဲဖို႔ဆိုတာအဆက္ အစပ္မရွိႏိုင္ ဘူးလို႔ ေျပာခဲ့ေတာ့ သတင္းမုဆိုးေတြ စိတ္ဝင္စားမႈေလ်ာ့က်သြားခဲ့တာပါ။သကၠရာဇ္ ၂၀၀၀ ျပည့္ႏွစ္မွာ အစစအရာရာအားလုံးဟာ အဆင္ သင့္ျဖစ္ေနပါၿပီ မတပ္ဆင္ရေသးတဲ့သေဘၤာအင္ဂ်င္ေလးလုံးဟာ ေသေသခ်ာခ်ာ ထုပ္ပိုးၿပီး ။

သေဘၤာတည္ေဆာက္ေရးနဲ႔ဆိုင္တဲ့ ဘလူးပရင့္ပုံေတြ drawings ေတြနဲ႔အတူ တ႐ုပ္ျပည္ကို ကုန္းလမ္းကေန ပို႔ခဲ့ၿပီးပါၿပီ ေဟာ္လန္ႏိုင္ ငံက တြဲဆြဲေရယာဥ္ကုမၸဏီကလည္း ၃၀၆မီတာအရွည္ ရွိတဲ့ “ဗာရီယတ္” ကို တ႐ုပ္ျပည္အထိ ဆြဲသြားဖို႔ အသင့္ျဖစ္ပါၿပီ ဘာေတြျဖစ္ၾက ဦးမလည္း ၾကည့္ၾကပါစို႔။အိမ္နဲ႔အေဝးႀကီးမွာကားပ်က္လို႔ျပန္ဆြဲရတဲ့အျဖစ္ကို ႀကဳံဖူးၾကပါသလား အခုအျဖစ္က အဲ့ဒါထက္ အဆေပါင္းငါး ရာ ပိုခက္ပါတယ္ ဘာလို႔လည္း ေလ်ာင္နင္း ဟာ တူရကီႏိုင္ငံ အီစတန္ဘူလ္ ကမ္းေျခကပင္လယ္ျပင္မွာ ရက္ေပါင္းငါးရာဝန္းက်င္ ေလာက္ တြဲဆြဲသေဘၤာနဲ႔အတူ တားျမစ္ခံထားရလို႔ပါပဲ တူရကီအစိုးရက ေဘာ့စပရပ္ေရလက္ၾကားကို ျဖတ္သန္းခြင့္မေပးလို႔ပါပဲ ။

အဲ့ဒီေရလက္ၾကားကိုျဖတ္မွ ေျမထဲပင္လယ္ကိုေရာက္မွာပါ တူရကီပို႔ေဆာင္ေရးဝန္ႀကီးက တားျမစ္တာပါပဲ။သူေျပာတာက ဒီလို ၃၀၆ မီတာအရွည္ရွိတဲ့ ကိုယ့္ဘာသာမေမာင္းႏိုင္ပဲ ဆြဲလာရတဲ့ သေဘၤာတစ္စီးဟာ ဆြဲလာရင္း ကံမေကာင္းအေၾကာင္းမလွလို႔ တခုခုျဖစ္ခဲ့ရင္ ေရလက္ၾကားဟာပိတ္သြားႏိုင္တယ္ ေရလက္ၾကားဟာ အက်ဥ္းဆုံးေနရာမွာ မီတာရဝဝ ပဲအက်ယ္ရွိတာမို႔ ေရလမ္းပိတ္သြားရင္ ဒီေရ လက္ၾကားကိုအသုံးျပဳေနၾကရတဲ့ေရယာဥ္အသြားအလာေတြ ပိတ္ကုန္မယ္ အီစတန္ဘူလ္ၿမိဳ႕မွာ အခက္အခဲေတြရွိလာလိမ့္မယ္ဆိုၿပီး တားျမစ္ခဲ့တာပါ။အရင္အခ်ိန္ေတြတုန္းကလည္းသာဓကအျဖစ္အပ်က္ေတြ ရွိခဲ့ဖူးပါတယ္ေပါ့ ။

အဲ့ဒိ မတိုင္ခင္တႏွစ္က က ယူဂိုစလားဗီးယားမွာ ေနတိုးတပ္ဖြဲ႕ေတြရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈကို တ႐ုပ္ကကန႔္ကြက္ခဲ့ဖူးပါတယ္ တူရကီ က ေနတိုးအဖြဲ႕ဝင္အျဖစ္ပါခဲ့တယ္ ဒါကို ျပန္လက္စားေခ်တယ္လို႔ တ႐ုပ္ကထင္လာ တယ္ ေလ်ာင္နင္းဟာ တူရကီမွာ ၁၆ လတိတိ တြဲဆြဲခ တစ္ေန႔ကို ေဒၚလာ၈၅၀၀ ေပးေနရရင္းနဲ႔ ပိတ္မိေနခဲ့ပါတယ္အဆုံးမွာေတာ့ ေဘဂ်င္းအစိုးရဟာ တူရကီကို တိုးရစ္ခရီးသြားလာေရး အထူး အခြင့္အေရးေတြေပးၿပီး ျဖတ္သန္းခြင့္ကိုလဲလွယ္ခဲ့ရပါတယ္ ၂၀၀၁ ၾသဂုတ္လကိုေရာက္လာပါၿပီ ေနာက္ဆုံးတကာ့ေနာက္ဆုံးမွာေတာ့ ၂၀၀၁ ႏိုဝင္ဘာလအေရာက္မွာ တြဲေရယာဥ္ေပါင္း တစ္ဒါဇင္ေက်ာ္ အေရးေပၚကယ္ဆယ္ေရး ေရယာဥ္မ်ားစြာတို႔နဲ႔အတူ။

ေလ်ာင္နင္းဟာ ေဘာ့စပရပ္ေရ လက္ၾကားကို ျပႆနာတစ္စုံတစ္ရာမေပၚေပါက္ဘဲ ျဖတ္သန္းႏိုင္ခဲ့ပါတယ္ ဒါဒနယ္ေရလက္ၾကားကိုပါျဖတ္ႏိုင္ခဲ့ပါၿပီ အခက္အခဲဆုံးအပိုင္းကိုေက်ာ္ႏိုင္ခဲ့ပါၿပီ။ေနာက္ထပ္၂ရက္အၾကာမွာ Skyro ကြၽန္းအနားအေရာက္ ပင္လယ္ျပင္မွာမုန္တိုင္းမိေတာ့ ေလတိုင္ႏႈန္း ၆၀မိုင္ေလာက္မိၿပီး တက္မေတြမတပ္ထားရေသးတဲ့ေလ်ာင္နင္းဟာ မုန္တိုင္းထဲမွာ တြဲဆြဲႀကိဳးျပတ္ၿပီး ေမ်ာပါသြားခဲ့ပါေသးတယ္ ျပန္လိုက္ဆြဲရတာႏွစ္ရက္ေလာက္ၾကာခဲ့ၿပီး တြဲဆြဲေရယာဥ္နဲ႔ ႀကိဳးျပန္ဆက္ဖို႔ႀကိဳးစားရင္း ေပၚတူဂီသေဘၤာသားတစ္ေယာက္ ေရထဲက်ေသဆုံးခဲ့ရတာလည္းရွိခဲ့ပါေသးတယ္

ကိုယ့္ဘာသာေမာင္းႏိုင္တဲ့ သေဘၤာေတြဟာ ဆူးအက္တူးေျမာင္းကို ျဖတ္ၿပီး အိႏၵိယသမုဒၵရာကေန တ႐ုပ္ျပည္ကို ျဖတ္ဝင္ႏိုင္ပါတယ္ လမ္းတိုပါတယ္ ဒါေပမယ့္တူးေျမာင္းဟာ စက္မဲ့ေရယာဥ္ေတြကို ေပးမျဖတ္ပါဘူး ဒီေတာ့ ေလ်ာင္နင္းအေလာင္းအလ်ာဟာ အာဖရိကကို တပါတ္ႀကီးပါတ္ရပါေတာ့တယ္ ဗတ္စကိုဒဂါးမားရဲ႕ လမ္းေၾကာင္းအတိုင္းေပါ့ တခ်ဳပ္ခ်ဳပ္တခ်ပ္ခ်ပ္နဲ႔ ႂကြႂကြ႐ြ႐ြတျဖည္းျဖည္းေလးနဲ႔ ေပါ့ တစ္နာရီကို ၇မိုင္ႏႈန္းေလာက္နဲ႔ပါ ပဲ။၂၀၀၂ မတ္လမွာေတာ့ ေလ်ာင္နင္းဟာ ေလ်ာင္နင္းျပည္နယ္ ဒါ့လိယန္ ၿမိဳ႕က ဆိပ္ကမ္း ကို ဆိုက္ ေရာက္ႏိုင္ခဲ့ပါတယ္ ျပည္နယ္ရဲ႕နာမည္ကိုအစြဲျပဳၿပီး သူ႔ကို ဒီနာမည္ေပးခဲ့တာပါပဲ ။

သုံးႏွစ္အၾကာမွာ အႀကီးစားျပင္ဆင္တပ္ဆင္ေရး အတြက္လြန္းတင္ခဲ့ပါတယ္ သံေခ်းေတြကိုသဲနဲ႔မႈတ္ၿပီးခြၽတ္ခ်တာေတြ အင္ဂ်င္ေတြျပန္ တပ္ၿပီး အထိုင္ခ်တာေတြလုပ္ခဲ့ၾကပါတယ္။တ႐ုပ္ေရတပ္ဟာ သေဘၤာကို ေလယာဥ္တင္သေဘၤာအျဖစ္နဲ႔ပဲ သုံးခ်င္တာပါ ႐ုရွေတြေဆာက္ ထားသလို ခ႐ူဆာကယ္ရီယာအျဖစ္နဲ႔ ဖါးတစ္ပိုင္းငါးတစ္ပိုင္း မလိုခ်င္ပါဘူး ဒီေတာ့ သေဘၤာဖ်က္မစ္ဆိုင္းေတြေနရာမွာ ေလေၾကာင္းရန္ ကာကြယ္ေရးဒုံးက်ည္စနစ္ရယ္ အနီးကပ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြရယ္နဲ႔ ေျပာင္းလဲတပ္ဆင္ခဲ့ပါတယ္။ သေဘၤာရဲ႕အေျခခံ တိုက္ခိုက္ေရး လက္နက္စနစ္ ကိုေျပာရရင္ J15 တိုက္ေလယာဥ္၂၄စီးဟာ ႐ုရွတို႔ရဲ႕ SU33 ကိုေကာ္ပီလုပ္ထားတာပါပဲ။

ယူကရိန္းဆီကေန ရလာခဲ့တာပါ ေလ်ာင္နင္းဟာ ရဟတ္ယာဥ္ေတြကိုလည္းတင္ေဆာင္ႏိုင္ပါတယ္ ေလေၾကာင္းရန္ကာကြယ္ေရး ရဟတ္ ယာဥ္ ေတြနဲ႔ ကယ္ဆယ္ေရး ရဟတ္ယာဥ္ စုစုေပါင္းေလးစင္း တင္ေဆာင္ႏိုင္ပါတယ္။၂၀၁၂ စက္တင္ဘာလ ၂၅ရက္ေန႔မွာ ေလ်ာင္နင္းကို တပ္ေတာ္ဝင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္ J15 တိုက္ေလယာဥ္ေတြ ဆင္းသက္တာ ေတြကေတာ့ ေနာက္ တစ္လအၾကာမွာ စတင္ျပဳလုပ္ႏိုင္ခဲ့ပါ တယ္ ေလ်ာင္နင္းကို ပုံတူကူးခ်ထားတဲ့ တ႐ုပ္ျပည္တြင္းျဖစ္ ေလယာဥ္တင္သေဘၤာေနာက္တစ္စီးကေတာ့ ဒီႏွစ္ထဲမွာ ပင္လယ္ျပင္ကို ထြက္လာဖို႔ရွိေနပါၿပီ ကားေတြနဲ႔ သယ္လာခဲ့ၾကတဲ့ ဘလူးပရင့္ေတြနဲ႔ drawings ပုံစံေတြရဲ႕ အက်ိဳးေက်းဇူးေပါ့။

Xu ရဲ႕အေျပာအရ ေပါ့ ဗာရီယတ္ က တ႐ုပ္တို႔ကို သုေတသနနဲ႔ တီထြင္မႈမွာ ၁၅ ႏွစ္ေလာက္ အခ်ိန္ကုန္သက္သာေအာင္ လုပ္ေပးႏိုင္ခဲ့ တယ္လို႔ ဆိုပါတယ္ “ဆူ” ကို တ႐ုပ္ျပည္ႀကီးက အရမ္းခ်ီးျမႇင့္မယ္လို႔မထင္ၾကဘူးလား ? “ဆူ” ဟာေဟာင္ေကာင္က အိမ္လည္းေရာင္း ခဲ့ရတယ္ စုစုေပါင္း သန္း၁၂၀ ေလာက္ကုန္က်ခဲ့ၿပီး အဆင္မေျပမႈေတြကို ညႇိႏႈိင္းေဆာင္႐ြက္ ေနရတဲ့ ကာလအတြင္းမွာ အေႂကြးေတြကို လွိမ့္ဆပ္ေနခဲ့ရပါတယ္။ျဖစ္ခ်င္ေတာ့ လုပ္ငန္းအႀကံအစည္ႀကီးကို စခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ဂ်ီဟာ အဂတိလိုက္စားမႈ ေမွာင္ခိုမႈေတြ နဲ႔ ၂၀၀၁ မွာ ေထာင္ခ်ခံခဲ့ရတာေၾကာင့္ အႀကံအစည္ႀကီးမွာပါခဲ့ၾကတဲ့ အရာရွိ ေတြက”ဆူ” ကို လာမေတြ႕ၾကေတာ့သလို။

သူတကယ္အကုန္အက်ခံထားရပါတယ္ဆိုတာကို ေထာက္ခံေပးဖို႔လည္းမလုပ္ၾကေတာ့ပါဘူး ။အစိုးရအေနနဲ႔ေတာ့ “ဆူ”ကိုေဒၚလာသန္း ၂၀ ျပန္ေပးခဲ့ပါတယ္ သေဘၤာဝယ္ယူခအျဖစ္ေပါ့ ဒီေလာက္နဲ႔မေလာက္ပါဘူး ဒိထက္အမ်ားႀကီးကုန္က်ထားရပါတယ္ဆိုေပမယ့္ ပိုက္ဆ န္ျပန္မရပါဘူး ဘာျဖစ္လို႔လည္းဆိုေတာ့ “Xu” အေနနဲ႔ ေဘာက္ခ်ာ(ေျပစာ) ေတြ လက္ထဲမွာ မရွိေတာ့လို႔ပါပဲတဲ့ တကယ္တမ္းေျပာရရင္ ယူကရိန္းမွာေပးခဲ့ရတဲ့ လာဘ္ေငြေတြဟာ ေျပစာမရွိႏိုင္ပါဘူး တခ်ိဳ႕ေသာ ကိစၥေတြမွာလည္း ေျပစာဆိုတာေတြဟာမရႏိုင္ပါဘူး သင္ခန္း စာအေနနဲ႔ေတာ့ေျပာရမယ္ ဆိုရင္ေတာ့ ေဘာက္ခ်ာျပမွ ပိုက္ဆန္ရပါမယ္ လို႔သာမွတ္ပါ ။

ဗာရီယတ္ သေဘၤာႀကီးဝယ္တာနဲ႔ပတ္သက္ၿပီး မွတ္သားသင့္တာတစ္ခုကိုေဖာ္ထုတ္ျပရမယ္ဆိုရင္ ” သင္ေပးလိုက္တဲ့ ေစတနာေတြအ တြက္ သိတ္ၿပီးျပန္မေမွ်ာ္လင့္ပါနဲ႔ ၿပီးေတာ့ ေဘာက္ခ်ာေတြကိုသိမ္းထားပါ” လို႔ပါပဲ။

REF: LET PAN

UNICODE

ပေါချောင်ကောင်းဈေး နဲ့ ရခဲ့တဲ့ တရုတ် ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီး အကြောင်း

တရုပ်ပြည်လွတ်မြောက်ရေးတပ်မတော်(ရေ) ( PLAN )ဟာ လေယာဉ်တင်သင်္ဘောတစ်စီးလောက်ပိုင်ဆိုင်လာဖို့ စိတ်ကူးရှိနေတာ ၁၉၇၀ ခုနှစ် လောက်ကတည်းကပါ အဲ့ဒီအချိန်တုန်းက တရုပ်ဟာ အမေရိကန်နဲ့ရော ရုရှနဲ့ပါ အဆင်မပြေနေခဲ့တဲ့အချိန်ပေါ့ စစ်အေးခေတ်ကာလ တုန်းမှာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောစိတ်ကူးအိပ်မက်ဟာ တရုပ်ရေတပ်ရဲ့ နည်းပညာစွမ်းပကားနဲ့ တတ်နိုင်တဲ့ငွေကြေးပမာဏ အပေါ် ကြည့်ပြီးတိုင်းတာရင် အများကြီး ကွာဟနေခဲ့တာဖြစ်ပါတယ်။ဆိုဗိယက်ယူနီယန်ဟာသူ့ရဲ့ ကိဗ်အမျိုးအစား ပထမဆုံးလေယာဉ် တင်သ င်္ဘော တွေကို ၁၉၇၀ခုနှစ်လောက်မှာ ဖြန့်ကျက်အသုံးပြုနိုင်ခဲ့ပါတယ်။

ကိဗ်အမျိုးအစားတွေဟာ YAK 30 ဖော်ဂျာ လေယာဉ်တွေ တင်ဆောင်နိုင်ပါတယ် ။ဒါပေမယ့်အဲ့ဒီလေယာဉ်တွေဟာ စစ်ရေးစွမ်းပကားမှာ ကန့်သတ်ချက်အများကြီးရှိတဲ့လေယာဉ်တွေပါပဲ ၁၉၈၀လောက်ရောက်လာချိန်မှာတော့ ဆိုဗိယက်ဟာ ပိုပြီးကောင်းမွန်တဲ့ ကုဇ်နက်ဆော့ ဗ် အမျိုးအစားလေယာဉ်တင်သင်္ဘောနှစ်စီး ကိုဆောက်ခဲ့ပါတယ် ဒီသင်္ဘောတွေဟာ ski-jump လို့ခေါ်တဲ့ အပေါ်ကိုကွေးတက်သွားတဲ့ ပြေးလမ်းပါတဲ့ဒီဇိုင်းမျိုးဖြစ်ပြီး သမားရိုးကျ စနစ်တွေဖြစ်ပေမယ့် ပိုပြီးစွမ်းဆောင်ရည်မြင့်မားအောင်ပြုလုပ်ထားတာပါ SU 33 တိုက်လေ ယာဉ်တွေ ဆင်းသက်နိုင်လာပါတယ်။တရုပ်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော ဘယ်လို ရလာခဲ့ သလည်း? ။

လျောင်နင်းဆိုတဲ့ တရုပ်တို့ရဲ့ပထမဆုံး လေယာဉ်တင် သင်္ဘောဟာ အမေရိကန်ရဲ့ ဆူပါလေယာဉ်တင်သင်္ဘောတွေနဲ့တော့ ဘယ်လိုမှ မတူ နိုင်ဘူး ဆိုတာပါ။အမေရိကန် Aircraft Carriers တွေဟာ တရုပ်တို့ထက်လေယာဉ် ပိုတင်ဆောင်နိုင်တယ် နျူကလီးယားပါဝါနဲ့ မောင်း နှင်နိုင်တယ် တရုပ်ရဲ့ ရေနွေးငွေ့တာဘိုင် အင်ဂျင်တွေဟာ ပျက်လွယ်ရပ်လွယ်ပြီး သူ့ရဲ့ဒီဇိုင်းအရ ski-jump ကုန်းပတ်ပြုလုပ်ထား ခြင်း ဟာ သင်္ဘောကို လောင်စာဆီနဲ့လေယာဉ်တွေတင်ဆောင်နိုင်မှုမှာ အတော်လေးကန့်သတ်ချက်ရှိသွား ပါတယ် ဘယ်လိုပဲပြောပြောပါ တ ရုပ်တို့အနေနဲ့ကတော့ လေယာဉ်တင် စစ်သင်္ဘောတည်ဆောက်ရေး အတွက် အခွင့်အလမ်းတစ်ခု ရလာစေတဲ့အပြင်။

အဆင့်တဆင့်ကိုခုန်ကူးနိုင်စေခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ခဲ့တာကတော့အမှန်ပါပဲ ၂၀၁၂ မှာသူတို့ရဲ့ပထမဆုံးသောလေယာဉ်တင် သင်္ဘော ” လျောင်နင်း” ကို ရေချနိုင်တဲ့ အပေါ် တရုပ်တွေဟာ သိပ်ကိုဂုဏ်ယူဝမ်းမြောက်ခဲ့ကြပါတယ် ဒီသင်္ဘောဟာ ဆိုဗီယက်တို့ရဲ့ ဆောက်လက်စ တို့လို့တန်းလန်း ကုဇ်နက်ဆော့ဗ်အမျိုးအစား လေယာဉ်တင်ခရူဆာသင်္ဘောကို ပြန်လည်မွမ်းမံပြုပြင်ထားတာဖြစ်ပါတယ် တရုပ်တွေ ဒီ သင်္ဘော ဘယ်လိုရလာခဲ့ သလည်းဆိုတဲ့ တဲ့ဖြစ်စဉ်ကလည်းတကယ်တော့ရယ်စရာကောင်းပါတယ်။ဘာလို့လည်းဆိုရင် ဘေဂျင်းအစိုးရ ရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့မှ မူမှန်မဟုတ်တဲ့ ဝယ်ယူနည်းတွေနဲ့ တရုပ်ရေတပ်အတွက်ဝယ်ခဲ့တာမို့လို့ပါပဲ။

ဘယ်လိုဝယ်ခဲ့တာလည်းဆိုရင် တရုပ်ဘတ်စကက်ဘောသမား တစ်ယောက်ကနေ ပြီးတော့ရေပေါ်ကာစီနိုကစားဝိုင်းဖွင့်မယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ရုရှကနေဝယ်လာခဲ့တာဖြစ်လို့ပါပဲ။ရှေးဦး လေယာဉ်တင်သင်္ဘောတွေ ဖြစ်တဲ့ ကိဗ် အမျိုးအစားတွေလိုပါပဲ ကုဇနက် ဆော့ဗ်တွေဟာ လေယာဉ်တင်ကရူဆာ သင်္ဘောတွေသာဖြစ်နေပါတယ် သူတို့မှာ P700 Granit သင်္ဘောဖျက်မစ်ဆိုင်း စနစ် ၁၂ခုတပ်ဆင် ထားတာ ကြောင့်မို့ ကရူဆာလို့ပြောကြတာပါပဲ ဒီလိုလုပ်ရတဲ့နည်းက အရေးကြီးပါတယ် ။ဘာကြောင့် ဒီလိုလေယာဉ်တင် ကရူဆာတွေ လုပ်ရတာလည်းဆိုရင် ကန့်သတ်ချက်ကြောင့်ပါ လေယာဉ်တင်သင်္ဘောတွေဟာ တန်ချိန်၁၅၀၀၀ ထက်ပို ရင်။

ဘော့စပရပ်ရေလက်ကြားကို သုံးပြီး ပင်လယ်နက်ကနေ မြေထဲပင်လယ်ကို ဖြတ်သန်းဖို့တရားဝင်ခွင့်မပြုပါဘူး (Montreux Conven tionအရ)ဆိုဗိယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီးနောက် မှာ ယူကရိန်းပြည်နယ် မှာဆောက်လက်စ “ဗာရီယတ် “အမည်ရတဲ့ ကုဇ်နက် ဆော့ဗ်အမျိုးအစား လေယာဉ်တင်သင်္ဘောတစ်စီးကျန်နေပါတယ် သုံးပုံနှစ်ပုံလောက်ပဲပြီးသေးတဲ့အချိန်ဖြစ်ပါတယ် လျှပ်စစ်ပိုင်းဆိုင် ရာတွေနဲ့ လက်နက်စနစ်ပိုင်းဆိုင်ရာတွေ မပြီးသေးဘူး ပေါ့ ၁၉၉၂ခုနှစ်မှာ ယူကရိန်း အစိုးရဟာ ငွေကြပ်တည်းလာတဲ့အခါမှာ Mykolaiv သင်္ဘောကျင်းမှာရှိနေတဲ့ သံချေးတက်စပြုနေတဲ့ သံထည်သတ္တုထည်တွေကို တစ်ဖက်လှည့်နဲ့ ရောင်းချဖို့ကြံစည်ရင်း ။

တည်ဆောက်လက်စတွေကိုလည်း ရပ်ဆိုင်းပစ်လိုက်ပါတယ် ရုရှ တရုပ် အိန္ဒိယတို့ကိုလည်း အကြောင်းကြားလိုက်ပါတယ်။  ဆယ်စုနှစ်နှစ် ခု ကြာပြီးမှ ၂၀၁၅ ရောက်တဲ့အခါမှာ တောင်တရုပ်မနက်ခင်း သတင်းစာ( South china morning post)က ဆောင်းပါးတစ်ပုဒ်ကို အပိုင်း နှစ်ပိုင်းခွဲပြီးတော့ဖော်ပြပေးခဲ့ပါတယ် လေယာဉ်တင်သင်္ဘောဖြစ်လာဖို့အရေး ဘယ်လိုတွေလုပ်ခဲ့ ခြေပုန်းခုတ်ခဲ့ရပါတယ်ဆိုတဲ့ အကြောင်း ကို ဖွင့်ချထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ တရုပ်ရေတပ်ဟာ “ဗာရီယတ်” ကိုလိုချင်လာတဲ့အခါ အဖွဲ့တစ်ဖွဲ့ကို ယူကရိန်း ကိုလွှတ်ပါတယ် ဝယ်သင့်မသင့်စစ်ဆေးဖို့ပေါ့ ဒါပေမယ့် ဘေဂျင်းအစိုးရဟာ စိတ်ပူပန်နေခဲ့ပါတယ် ။

ဘာကြောင့်လည်းဆိုရင် လေယာဉ်တင်သင်္ဘောရှိအောင်ကြိုးစားလာတာဟာ တင်းမာမှုတွေကိုဖြစ်လာစေနိုင်တယ် တရုပ်ပြည်ကြီးကို တံ ခါးဖွင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်နေရတဲ့အချိန် စီးပွားရေးကောင်းအောင်လုပ်နေရချိန်မှာ အနောက်နိုင်ငံတွေက ရင်းနှီး မြှုပ်နှံမယ့်သူတွေ မလာတော့မှာကိုစိတ်ပူတာဖြစ်ပါတယ်။၁၉၉၆ မှာ တရုပ်ထောက်လှမ်းရေးအကြီးအကဲ ကျိရှန်ဒယ် (General Ji )နဲ့ တရုပ်တပ်မတော်အရာရှိတွေဟာ တရုပ်တပ်မတော် ဘတ်စကက်ဘောလက်ရွေးစင်ဟောင်း Xu Zhengping (ဆူ) ကို စတင်ချဉ်းကပ် စည်းရုံးခဲ့ပါတယ်။အဲ့ဒိအချိန်မှာ “ဆူ” ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ရုံသာမကဘဲ။

စီးပွားရေးမှာ နိုင်ငံတကာအထိခြေဆန့်နိုင်သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဆူအနေနဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ လေယာဉ်တင်သင်္ဘောကို ဝယ်ရမှာ ဖြစ်ပါတယ် အပြင်ဘန်းအကြောင်းပြရမှာက ရေပေါ် ကာစီနိုလောင်းကစားရုံ လုပ်ဖို့ဆိုတာပါပဲ ဒါမှသာ စစ်စစ်ပေါက်ပေါက် စစ် ဆေးစုံစမ်းမှုတွေ ကိုရှောင်ရှားနိုင်မယ် ပြီးတော့မှ နိုင်ငံရေးအခြေအနေပေးလာတဲ့အချိန်မှာ PLA ကလွှဲပြောင်းယူလိုက်မယ် ဆိုတဲ့အကြံ ပါပဲ။ဒီလိုဇာတ်လမ်းဆင်တာဟာ ကြားရရုံနဲ့တော့ဟာသမမြောက်ပါဘူး ဘာလို့လည်းဆိုရင် ကိဗ်အမျိုးအစားလေယာဉ်တင် သင်္ဘောကြီး တွေအကြောင်း ပြန်ပြောကြည့်ရပါမယ်။ သူတို့ထဲက၂စီးဟာ တရုပ်ပြည်ထဲမှာ ရောက်နေပါတယ်။

ဆိပ်ကမ်းတစ်ခုစီမှာချည်နှောင်ဆိုက်ကပ်ထားပါတယ် ကလေးကစားကွင်းနဲ့ အပန်းဖြေ ဥယျာဉ်တွေအဖြစ်နဲ့ပါပဲ “The Minsk ” ဆိုတဲ့ AC ကတော့ ရှန်ဟိုင်းမြို့ရဲ့မြောက်ဖက်က နန်တုန် မှာရောက်နေပါတယ် ရှန်ဇမ်းမြို့ခံဗီဒီယိုဂိမ်းလုပ်ငန်းရှင်တွေစုပေါင်းပြီး ဒေါ်လာ၄.၄ သန်းနဲ့ ဝယ်ထားတာပါ ပထမဆုံးကိဗ် AC ကတော့ တီအန်ဂျင်းမှာ ရေပေါ်ဟိုတယ် ဖြစ်နေပါပြီ။ဒါပေမယ့် တရုပ်စစ်တပ်ဟာ ပိုပြီးခေတ်မှီ တဲ့ ကုဇ်နက်ဆော့ဗ် ကိုသာ PLA Navy အတွက် စိတ်ဝင်စားမှု ရှိနေတာပါပဲ “ဆူ” တစ်ယောက်ဟာ အကြံအစည်ထဲမှာနစ်မျောသွားပြီး အမေရိကန်ဒေါ်လာသန်း၃၀ နဲ့ညီမျှတဲ့ဟောင်ကောင်ဒေါ်လာတွေကို မိတ်ဆွေတွေနဲ့စုပေါင်းမတည်လိုက်ပြီး စွန့်စားခန်းစပါတော့တယ်။

ပထမဆုံးလုပ်တာကတော့ မကာအိုမှာ ဒေါ်လာ၆သန်းနဲ့ ကုမ္ပဏီတစ်ခုဝယ်ယူပြီး ယုတ္တိရှိအောင်စလုပ်တာပါပဲ “Agência Turística e Diversões Chong Lot Limitada “လို့ခေါ်တဲ့ ကုမ္ပဏီပါ အဲ့ဒီအချိန်က မကာအိုဟာ ပေါ်တူဂီလက်အောက်ခံကိုလိုနီဘဝရဲ့ နောက်ဆုံးနှစ် တွေ မှာရောက်ရှိနေတဲ့ကာလ ပါပဲ/၁၉၉၈ ဇန်နဝါရီလမှာ” ဆူ” ဟာယူကရိန်းကိုရောက်လာပြီး သင်္ဘောကျင်းတာဝန်ခံတွေနဲ့ တွေ့ခဲ့ ပါ တယ် မက်လောက်စရာကောင်းတဲ့ လာဘ်တွေထိုးဖို့ကမ်းလှမ်းပြီး ၁၂၄ ဘိုင်ဂျူး ( 124 proof baijui )လို့ခေါ်တဲ့ တန်ဘိုးကြီးမားလွန်းတဲ့ တရုပ်အရက်ပုလင်း အလုံးပေါင်း၅၀လောက်ကုန်ပြီးတဲ့အခါ ။

လေးရက်မြောက်နေ့မှာတော့ ဒေါ်လာသန်း ၂၀ နဲ့ ဆောက်လက်စ ကုဇ်နက်ဆော့ဗ် လေယာဉ်တင်သင်္ဘောကိုဝယ်ဖို့ သဘောတူညီချက်ရ ခဲ့ပါတော့တယ်။အဲဒီ သန်း၂၀ဆိုတာယနေ့ခေတ် တိုက်လေယာဉ်တစ်စီးစာပဲရှိပါတယ် ဆူဟာ တစ်နှစ်ကြာတဲ့အထိ ပေးချေရမယ့်ငွေ ကိုမ ပေးချေနိုင်ခဲ့တော့ နောက်ကြကြေး ဒေါ်လာဆယ်သန်းအပိုထပ်ပေးခဲ့ရပါတယ် အဲ့ဒိမှာ နိုင်ငံတကာကလေ့လာ သူတွေဟာ အရောင်းအ ဝယ်နဲ့ပတ်သက်ပြီး မသင်္ကာစရာအနံ့ရသွားပါတော့တယ် ဘာလည်းဆိုရင် “ဆူ” ရဲ့ကုမ္ပဏီဟာ မကာအိုမှာ လောင်းကစားရုံ လိုင်စင်ရမ ထားတဲ့အပြင်ကုမ္ပဏီဟာ လိပ်စာရော ဖုန်းနံပါတ်ပါ အပြင်မှာတကယ်မရှိတဲ့ကုမ္ပဏီဖြစ်နေပါတယ်။

ဒါပေမယ့် ကံကောင်းပြီး ဖြစ်ချင်ပြန်တော့ စစ်လက်နက်ပစ္စည်းများဆိုင်ရာ စာရင်းဇယားတွေကိုနှစ်အလိုက်ဖော်ပြထုတ်ဝေတဲ့ Janes Journal ဂျိန်းစ်ဂျာနယ်ဝန်ထမ်း လေ့လာသူတစ်ယောက်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့အင်တာဗျူး တစ်ခုမှာဒီအရောင်းအဝယ်မှာ တ ရုပ်စစ်တပ်ကပါတယ်ဆိုတာမဖြစ်နိုင်ဘူး ဒီလိုအိုမင်းဟောင်းနွမ်းနေတဲ့ “ဗာရီယတ်” လိုမျိုးကို ဝယ်ပြီးသုံးစွဲဖို့ဆိုတာအဆက် အစပ်မရှိနိုင် ဘူးလို့ ပြောခဲ့တော့ သတင်းမုဆိုးတွေ စိတ်ဝင်စားမှုလျော့ကျသွားခဲ့တာပါ။သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ အစစအရာရာအားလုံးဟာ အဆင် သင့်ဖြစ်နေပါပြီ မတပ်ဆင်ရသေးတဲ့သင်္ဘောအင်ဂျင်လေးလုံးဟာ သေသေချာချာ ထုပ်ပိုးပြီး ။

သင်္ဘောတည်ဆောက်ရေးနဲ့ဆိုင်တဲ့ ဘလူးပရင့်ပုံတွေ drawings တွေနဲ့အတူ တရုပ်ပြည်ကို ကုန်းလမ်းကနေ ပို့ခဲ့ပြီးပါပြီ ဟော်လန်နိုင် ငံက တွဲဆွဲရေယာဉ်ကုမ္ပဏီကလည်း ၃၀၆မီတာအရှည် ရှိတဲ့ “ဗာရီယတ်” ကို တရုပ်ပြည်အထိ ဆွဲသွားဖို့ အသင့်ဖြစ်ပါပြီ ဘာတွေဖြစ်ကြ ဦးမလည်း ကြည့်ကြပါစို့။အိမ်နဲ့အဝေးကြီးမှာကားပျက်လို့ပြန်ဆွဲရတဲ့အဖြစ်ကို ကြုံဖူးကြပါသလား အခုအဖြစ်က အဲ့ဒါထက် အဆပေါင်းငါး ရာ ပိုခက်ပါတယ် ဘာလို့လည်း လျောင်နင်း ဟာ တူရကီနိုင်ငံ အီစတန်ဘူလ် ကမ်းခြေကပင်လယ်ပြင်မှာ ရက်ပေါင်းငါးရာဝန်းကျင် လောက် တွဲဆွဲသင်္ဘောနဲ့အတူ တားမြစ်ခံထားရလို့ပါပဲ တူရကီအစိုးရက ဘော့စပရပ်ရေလက်ကြားကို ဖြတ်သန်းခွင့်မပေးလို့ပါပဲ ။

အဲ့ဒီရေလက်ကြားကိုဖြတ်မှ မြေထဲပင်လယ်ကိုရောက်မှာပါ တူရကီပို့ဆောင်ရေးဝန်ကြီးက တားမြစ်တာပါပဲ။သူပြောတာက ဒီလို ၃၀၆ မီတာအရှည်ရှိတဲ့ ကိုယ့်ဘာသာမမောင်းနိုင်ပဲ ဆွဲလာရတဲ့ သင်္ဘောတစ်စီးဟာ ဆွဲလာရင်း ကံမကောင်းအကြောင်းမလှလို့ တခုခုဖြစ်ခဲ့ရင် ရေလက်ကြားဟာပိတ်သွားနိုင်တယ် ရေလက်ကြားဟာ အကျဉ်းဆုံးနေရာမှာ မီတာရဝဝ ပဲအကျယ်ရှိတာမို့ ရေလမ်းပိတ်သွားရင် ဒီရေ လက်ကြားကိုအသုံးပြုနေကြရတဲ့ရေယာဉ်အသွားအလာတွေ ပိတ်ကုန်မယ် အီစတန်ဘူလ်မြို့မှာ အခက်အခဲတွေရှိလာလိမ့်မယ်ဆိုပြီး တားမြစ်ခဲ့တာပါ။အရင်အချိန်တွေတုန်းကလည်းသာဓကအဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်ပေါ့ ။

အဲ့ဒိ မတိုင်ခင်တနှစ်က က ယူဂိုစလားဗီးယားမှာ နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို တရုပ်ကကန့်ကွက်ခဲ့ဖူးပါတယ် တူရကီ က နေတိုးအဖွဲ့ဝင်အဖြစ်ပါခဲ့တယ် ဒါကို ပြန်လက်စားချေတယ်လို့ တရုပ်ကထင်လာ တယ် လျောင်နင်းဟာ တူရကီမှာ ၁၆ လတိတိ တွဲဆွဲခ တစ်နေ့ကို ဒေါ်လာ၈၅၀၀ ပေးနေရရင်းနဲ့ ပိတ်မိနေခဲ့ပါတယ်အဆုံးမှာတော့ ဘေဂျင်းအစိုးရဟာ တူရကီကို တိုးရစ်ခရီးသွားလာရေး အထူး အခွင့်အရေးတွေပေးပြီး ဖြတ်သန်းခွင့်ကိုလဲလှယ်ခဲ့ရပါတယ် ၂၀၀၁ သြဂုတ်လကိုရောက်လာပါပြီ နောက်ဆုံးတကာ့နောက်ဆုံးမှာတော့ ၂၀၀၁ နိုဝင်ဘာလအရောက်မှာ တွဲရေယာဉ်ပေါင်း တစ်ဒါဇင်ကျော် အရေးပေါ်ကယ်ဆယ်ရေး ရေယာဉ်များစွာတို့နဲ့အတူ။

လျောင်နင်းဟာ ဘော့စပရပ်ရေ လက်ကြားကို ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်ဘဲ ဖြတ်သန်းနိုင်ခဲ့ပါတယ် ဒါဒနယ်ရေလက်ကြားကိုပါဖြတ်နိုင်ခဲ့ပါပြီ အခက်အခဲဆုံးအပိုင်းကိုကျော်နိုင်ခဲ့ပါပြီ။နောက်ထပ်၂ရက်အကြာမှာ Skyro ကျွန်းအနားအရောက် ပင်လယ်ပြင်မှာမုန်တိုင်းမိတော့ လေတိုင်နှုန်း ၆၀မိုင်လောက်မိပြီး တက်မတွေမတပ်ထားရသေးတဲ့လျောင်နင်းဟာ မုန်တိုင်းထဲမှာ တွဲဆွဲကြိုးပြတ်ပြီး မျောပါသွားခဲ့ပါသေးတယ် ပြန်လိုက်ဆွဲရတာနှစ်ရက်လောက်ကြာခဲ့ပြီး တွဲဆွဲရေယာဉ်နဲ့ ကြိုးပြန်ဆက်ဖို့ကြိုးစားရင်း ပေါ်တူဂီသင်္ဘောသားတစ်ယောက် ရေထဲကျသေဆုံးခဲ့ရတာလည်းရှိခဲ့ပါသေးတယ်

ကိုယ့်ဘာသာမောင်းနိုင်တဲ့ သင်္ဘောတွေဟာ ဆူးအက်တူးမြောင်းကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကနေ တရုပ်ပြည်ကို ဖြတ်ဝင်နိုင်ပါတယ် လမ်းတိုပါတယ် ဒါပေမယ့်တူးမြောင်းဟာ စက်မဲ့ရေယာဉ်တွေကို ပေးမဖြတ်ပါဘူး ဒီတော့ လျောင်နင်းအလောင်းအလျာဟာ အာဖရိကကို တပါတ်ကြီးပါတ်ရပါတော့တယ် ဗတ်စကိုဒဂါးမားရဲ့ လမ်းကြောင်းအတိုင်းပေါ့ တချုပ်ချုပ်တချပ်ချပ်နဲ့ ကြွကြွရွရွတဖြည်းဖြည်းလေးနဲ့ ပေါ့ တစ်နာရီကို ၇မိုင်နှုန်းလောက်နဲ့ပါ ပဲ။၂၀၀၂ မတ်လမှာတော့ လျောင်နင်းဟာ လျောင်နင်းပြည်နယ် ဒါ့လိယန် မြို့က ဆိပ်ကမ်း ကို ဆိုက် ရောက်နိုင်ခဲ့ပါတယ် ပြည်နယ်ရဲ့နာမည်ကိုအစွဲပြုပြီး သူ့ကို ဒီနာမည်ပေးခဲ့တာပါပဲ ။

သုံးနှစ်အကြာမှာ အကြီးစားပြင်ဆင်တပ်ဆင်ရေး အတွက်လွန်းတင်ခဲ့ပါတယ် သံချေးတွေကိုသဲနဲ့မှုတ်ပြီးချွတ်ချတာတွေ အင်ဂျင်တွေပြန် တပ်ပြီး အထိုင်ချတာတွေလုပ်ခဲ့ကြပါတယ်။တရုပ်ရေတပ်ဟာ သင်္ဘောကို လေယာဉ်တင်သင်္ဘောအဖြစ်နဲ့ပဲ သုံးချင်တာပါ ရုရှတွေဆောက် ထားသလို ခရူဆာကယ်ရီယာအဖြစ်နဲ့ ဖါးတစ်ပိုင်းငါးတစ်ပိုင်း မလိုချင်ပါဘူး ဒီတော့ သင်္ဘောဖျက်မစ်ဆိုင်းတွေနေရာမှာ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်ရယ် အနီးကပ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရယ်နဲ့ ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ သင်္ဘောရဲ့အခြေခံ တိုက်ခိုက်ရေး လက်နက်စနစ် ကိုပြောရရင် J15 တိုက်လေယာဉ်၂၄စီးဟာ ရုရှတို့ရဲ့ SU33 ကိုကော်ပီလုပ်ထားတာပါပဲ။

ယူကရိန်းဆီကနေ ရလာခဲ့တာပါ လျောင်နင်းဟာ ရဟတ်ယာဉ်တွေကိုလည်းတင်ဆောင်နိုင်ပါတယ် လေကြောင်းရန်ကာကွယ်ရေး ရဟတ် ယာဉ် တွေနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ် စုစုပေါင်းလေးစင်း တင်ဆောင်နိုင်ပါတယ်။၂၀၁၂ စက်တင်ဘာလ ၂၅ရက်နေ့မှာ လျောင်နင်းကို တပ်တော်ဝင် ပြုလုပ်နိုင်ခဲ့ပါတယ် J15 တိုက်လေယာဉ်တွေ ဆင်းသက်တာ တွေကတော့ နောက် တစ်လအကြာမှာ စတင်ပြုလုပ်နိုင်ခဲ့ပါ တယ် လျောင်နင်းကို ပုံတူကူးချထားတဲ့ တရုပ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောနောက်တစ်စီးကတော့ ဒီနှစ်ထဲမှာ ပင်လယ်ပြင်ကို ထွက်လာဖို့ရှိနေပါပြီ ကားတွေနဲ့ သယ်လာခဲ့ကြတဲ့ ဘလူးပရင့်တွေနဲ့ drawings ပုံစံတွေရဲ့ အကျိုးကျေးဇူးပေါ့။

Xu ရဲ့အပြောအရ ပေါ့ ဗာရီယတ် က တရုပ်တို့ကို သုတေသနနဲ့ တီထွင်မှုမှာ ၁၅ နှစ်လောက် အချိန်ကုန်သက်သာအောင် လုပ်ပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ် “ဆူ” ကို တရုပ်ပြည်ကြီးက အရမ်းချီးမြှင့်မယ်လို့မထင်ကြဘူးလား ? “ဆူ” ဟာဟောင်ကောင်က အိမ်လည်းရောင်း ခဲ့ရတယ် စုစုပေါင်း သန်း၁၂၀ လောက်ကုန်ကျခဲ့ပြီး အဆင်မပြေမှုတွေကို ညှိနှိုင်းဆောင်ရွက် နေရတဲ့ ကာလအတွင်းမှာ အကြွေးတွေကို လှိမ့်ဆပ်နေခဲ့ရပါတယ်။ဖြစ်ချင်တော့ လုပ်ငန်းအကြံအစည်ကြီးကို စခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဂျီဟာ အဂတိလိုက်စားမှု မှောင်ခိုမှုတွေ နဲ့ ၂၀၀၁ မှာ ထောင်ချခံခဲ့ရတာကြောင့် အကြံအစည်ကြီးမှာပါခဲ့ကြတဲ့ အရာရှိ တွေက”ဆူ” ကို လာမတွေ့ကြတော့သလို။

သူတကယ်အကုန်အကျခံထားရပါတယ်ဆိုတာကို ထောက်ခံပေးဖို့လည်းမလုပ်ကြတော့ပါဘူး ။အစိုးရအနေနဲ့တော့ “ဆူ”ကိုဒေါ်လာသန်း ၂၀ ပြန်ပေးခဲ့ပါတယ် သင်္ဘောဝယ်ယူခအဖြစ်ပေါ့ ဒီလောက်နဲ့မလောက်ပါဘူး ဒိထက်အများကြီးကုန်ကျထားရပါတယ်ဆိုပေမယ့် ပိုက်ဆ န်ပြန်မရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ “Xu” အနေနဲ့ ဘောက်ချာ(ပြေစာ) တွေ လက်ထဲမှာ မရှိတော့လို့ပါပဲတဲ့ တကယ်တမ်းပြောရရင် ယူကရိန်းမှာပေးခဲ့ရတဲ့ လာဘ်ငွေတွေဟာ ပြေစာမရှိနိုင်ပါဘူး တချို့သော ကိစ္စတွေမှာလည်း ပြေစာဆိုတာတွေဟာမရနိုင်ပါဘူး သင်ခန်း စာအနေနဲ့တော့ပြောရမယ် ဆိုရင်တော့ ဘောက်ချာပြမှ ပိုက်ဆန်ရပါမယ် လို့သာမှတ်ပါ ။

ဗာရီယတ် သင်္ဘောကြီးဝယ်တာနဲ့ပတ်သက်ပြီး မှတ်သားသင့်တာတစ်ခုကိုဖော်ထုတ်ပြရမယ်ဆိုရင် ” သင်ပေးလိုက်တဲ့ စေတနာတွေအ တွက် သိတ်ပြီးပြန်မမျှော်လင့်ပါနဲ့ ပြီးတော့ ဘောက်ချာတွေကိုသိမ်းထားပါ” လို့ပါပဲ။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *