(၂၃-၆-၂၀၂၀)ည (၈:၀၀)နာရီသတင္းအရ ဘဂၤလာေဒ့ရွ္ႏိုင္ငံ ခရီးသြားရာဇဝင္ရွိသူ COVID-19 အတည္ျပဳလူနာသစ္(၁)ဦး ထပ္မံေတြ႕ရွိ

ဓာတ္ခြဲ အတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာ စစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုး မေတြ႕ရွိသူ (၄) ဦး (Case-130, 187, 230 ႏွင့္ 244) ေတြ႕ရွိရသျဖင့္ ယေန႔ အထိ COVID-19 ေရာဂါပိုးကင္းစင္သူ စုစုေပါင္း (၂၀၄) ဦး ရွိပါသည္။

၎တို႔အနက္ (၁၉၀) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၂၂-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၃-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၃၄) ဦး ရွိပါသည္။

(၂၃-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၄၇၀)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၄၆) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၁)တပ္ မေတာ္ေဆး႐ုံႀကီး (ခုတင္ ၁,၀၀၀)မွ ဓာတ္ခြဲနမူနာ (၁၅၀)ခု၊ စုစုေပါင္း (၈၆၆)ခုအား ယေန႔၊ ညေနတြင္ စစ္ေဆး ၿပီးစီးခဲ့ရာ –

COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၁)ဦး ေတြ႕ရွိရပါသည္။ (၂၃-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၂၉၂) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၂၃-၆-၂၀၂၀)ည (၈:၀၀)နာရီသတင်းအရ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ခရီးသွားရာဇဝင်ရှိသူ COVID-19 အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိ

ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုး မတွေ့ရှိသူ (၄) ဦး (Case-130, 187, 230 နှင့် 244) တွေ့ရှိရသဖြင့် ယနေ့ အထိ COVID-19 ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၂၀၄) ဦး ရှိပါသည်။

၎င်းတို့အနက် (၁၉၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့် ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၂၂-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၃-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၄) ဦး ရှိပါသည်။

(၂၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၆) ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁)တပ် မတော်ဆေးရုံကြီး (ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅၀)ခု၊ စုစုပေါင်း (၈၆၆)ခုအား ယနေ့၊ ညနေတွင် စစ်ဆေး ပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိရပါသည်။ (၂၃-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၉၂) ဦးရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *