ၫႊန္ၾကားခ်က္မ်ားကို အတိအက်လိုက္နာပါက ကိုဗစ္-၁၉ ဒုတိယလႈိင္းကို ေၾကာက္စရာမလိုေၾကာင္း က်န္းမာေရးဝန္ႀကီး ေျပာၿပီ

ျပည္သူေတြအေနနဲ႔ ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး မေပါ့ဆၾကဖို႔နဲ႔ Mask တပ္ဆင္ျခင္းဟာ ေရာဂါကာကြယ္ေရးအတြက္ အေရးႀကီးတဲ့အ တြက္ ျပည္သူမ်ားအေနနဲ႔ အျပင္ထြက္ပါက Mask ေတြ တပ္ဆင္သြားၾကဖို႔နဲ႔ မီဒီယာေတြကလည္း လႈံ႕ေဆာ္ေပးဖို႔ ဝန္ႀကီးက တိုက္ တြန္း ေျပာၾကားလိုက္ပါတယ္။

ဇြန္လ ၂၂ ရက္က ေနျပည္ေတာ္မွာက်င္းပတဲ့ ႏိုင္ငံေတာ္အစိုးရရဲ႕ ျပည္သူ႔အတြက္ စတုတၳ တစ္ႏွစ္တာေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။ ကိုဗစ္-၁၉ ဒုတိယလႈိင္းအတြက္ အေထြေထြ ျပင္ဆင္ဖို႔ကေတာ့ မလိုပါဘူး၊ အခု ပုံစံအတိုင္း လူတိုင္းသည္ ေဆာင္ရန္ ေရွာင္ရန္ေတြကိုသာ တိတိက်က်လုပ္၊ ဒီေရာဂါ ျပန္မတက္ေတာ့ဘူး၊ “

ကပ္ေရာဂါ သေဘာ သဘာဝအရ ေရာဂါကူးစက္မႈမွာ ဂရပ္မ်ဥ္းက အတက္၊ တည့္တည့္သြား၊ ျပန္က် ျဖစ္ပါေၾကာင္း၊ အခုအေျခအေနမွာ တည့္တည့္ မတက္ေတာ့ဘဲ နည္းနည္း ျပန္ဆင္းေနတဲ့ ပုံစံျဖစ္ေၾကာင္း၊ ဒါေပမဲ့ ေအာက္အထိျပန္မဆင္းဘဲ ျပန္တက္သြားႏိုင္တယ္လို႔ လည္း ေျပာပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို တိတိက်က် လိုက္နာေဆာင္႐ြက္ပါက ကိုဗစ္-၁၉ ဒုတိယလႈိင္းအတြက္ စိုးရိမ္စရာမလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာဆိုသြားပါတယ္။

REF: ဒီဗြီဘီ

UNICODE

ညွှန်ကြားချက်များကို အတိအကျလိုက်နာပါက ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ကြောက်စရာမလိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောပြီ

ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး မပေါ့ဆကြဖို့နဲ့ Mask တပ်ဆင်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အရေးကြီးတဲ့အ တွက် ပြည်သူများအနေနဲ့ အပြင်ထွက်ပါက Mask တွေ တပ်ဆင်သွားကြဖို့နဲ့ မီဒီယာတွေကလည်း လှုံ့ဆော်ပေးဖို့ ဝန်ကြီးက တိုက် တွန်း ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၂ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် အထွေထွေ ပြင်ဆင်ဖို့ကတော့ မလိုပါဘူး၊ အခု ပုံစံအတိုင်း လူတိုင်းသည် ဆောင်ရန် ရှောင်ရန်တွေကိုသာ တိတိကျကျလုပ်၊ ဒီရောဂါ ပြန်မတက်တော့ဘူး၊ “

ကပ်ရောဂါ သဘော သဘာဝအရ ရောဂါကူးစက်မှုမှာ ဂရပ်မျဉ်းက အတက်၊ တည့်တည့်သွား၊ ပြန်ကျ ဖြစ်ပါကြောင်း၊ အခုအခြေအနေမှာ တည့်တည့် မတက်တော့ဘဲ နည်းနည်း ပြန်ဆင်းနေတဲ့ ပုံစံဖြစ်ကြောင်း၊ ဒါပေမဲ့ အောက်အထိပြန်မဆင်းဘဲ ပြန်တက်သွားနိုင်တယ်လို့ လည်း ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပါက ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် စိုးရိမ်စရာမလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုသွားပါတယ်။

REF:   ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *