(NLD)အစိုးရသက္တမ္း (၄) ႏွစ္ ကာလအတြင္း ရဲတပ္ဖြဲ႕ဝင္ (၁၈,၀၀၀) ေက်ာ္အား အေရးယူခဲ့ေၾကာင္း ရဲခ်ဳပ္ေျပာၾကား

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး ၄ ႏွစ္အတြင္း စုစုေပါင္းအမႈ ၄၃၉၅၅ မႈနဲ႔ တရားခံေပါင္း ၆၄၀၇၁ ဦးတို႔ကို ဖမ္း ဆီးအေရးယူ ေဆာင္႐ြက္ႏိုင္ခဲ့သလို ဘိန္းခင္းစုစုေပါင္း ၂၄၂၇၁ ဒသမ ၀၄ ဧက အား ဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။ဘိန္းစိုက္ပ်ိဳးထုတ္ လုပ္မႈ စစ္တမ္းေကာက္ယူရာမွာ ၂၀၁၇ ခုႏွစ္မွာ ၂၅ ရာခိုင္ ႏႈန္း၊ ၂၀၁၈ ခုႏွစ္မွာ ၉ ဒသမ ၁ ရာခိုင္ႏႈန္း၊ ၂၀၁၉ ခုႏွစ္မွာ ၁၁ ရာခိုင္ႏႈန္း က် ဆင္းခဲ့ၿပီး ထုတ္လုပ္မႈ ၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့လို႔ အရင္က ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ကမာၻ႔ဒုတိယေနရာမွ တတိယေနရာသို႔ ေလ်ာ့နည္း က်ဆင္းေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ျပည္တြင္းလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ေလးႏွစ္ကာလ အတြင္း ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး ၃ ႐ုံး၊ နယ္ေျမ ရဲစခန္း ၂၇ ခုနဲ႔ ရဲကင္းစခန္း ၃၁ ခု တို႔အ သစ္ တိုးခ်ဲ႕ဖြင့္လွစ္ေဆာင္႐ြက္ခဲ့ၿပီး ရခိုင္ျပည္နယ္မွာ ၂၀၁၉ ခုႏွစ္က အမွတ္(၉) နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲနဲ႔ အမွတ္ (၁၀) နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲေတြ ထပ္မံ တိုးခ်ဲ႕ဖြဲ႕စည္းခဲ့လို႔ ခုအခါ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲ ၁၀ ခုနဲ႔ လုံၿခဳံေရးကို တိုးျမႇင့္ ေဆာင္႐ြက္ေနတယ္လို႔ သတင္းစာ ရွင္းလင္းပြဲကေန သိရပါတယ္။လက္ရွိအစိုးရသက္တမ္း ၄ ႏွစ္ အတြင္းမွာ ရဲစခန္းထိန္းသိမ္းေရးဥပေဒနဲ႔ အေရးယူခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေပါင္း ၁၈၀၀၀ ေက်ာ္ရွိတယ္လို႔ ရဲဗိုလ္ခ်ဳပ္မ်ိဳးေဆြဝင္းက ဇူလိုင္ ၂၂ ရက္ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အခုအေရးယူမႈေတြက ၂၀၁၆ ခုႏွစ္ကေန ၂၀၂၀ ေမလအထိျဖစ္ၿပီး အဲဒီကာလအတြင္းမွာ အမႈေပါင္း ၇၅၁၉ မႈအတြက္ ရဲအရာရွိ ၅၃၆၈ ဦးနဲ႔ အျခားအဆင့္ ၁၂၇၅၈ ဦးကို အေရးယူခဲ့တာလို႔ ဆိုပါတယ္။အခုလိုအေရးယူမႈအျပင္ အဂတိလိုက္စားမႈနဲ႔ အေရးယူခဲ့တဲ့အမႈေတြက ၂၀၁၆ ခုႏွစ္ကေန ၂၀၂၀ ဇြန္ ၁၅ ရက္အထိ စုစုေပါင္း ၁၈ မႈရွိၿပီး အရာရွိ ၁၉ ေယာက္ကို အေရးယူထားတယ္လို႔လည္း ေျပာပါတယ္။ ျပည္ ထဲေရးဝန္ႀကီးဌာနရဲ႕ ျပည္သူ႔အတြက္ စတုတၳ ၁ ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္ေတြနဲ႔စပ္လ်ဥ္းၿပီး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခိုင္ ထြန္းဦးနဲ႔အဖြဲ႕က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

ျပည္ထဲေရးဝန္ထမ္းေတြရဲ႕ မသမာမႈေတြနဲ႔ပတ္သက္ၿပီးလည္း ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံး လုပ္နည္း၊ အမိန္႔၊ ၫႊန္ၾကားခ်က္ေတြကို ေဖာက္ဖ်က္က်ဴးလြန္တဲ့ မသမာမႈ ၁၉၉ မႈ စုံစမ္းေဖာ္ထုတ္ အေရးယူခဲ့တယ္လို႔လည္း သိရပါတယ္။ အထူးစုံစမ္းစစ္ေဆးေရး ဦးစီးဌာန အေနနဲ႔ စုံစမ္းစစ္ေဆးခဲ့တဲ့ အမႈအေရအတြက္ကေတာ့ စီးပြားေရးဆိုင္ရာ ျပစ္မႈ ၂၀၄ မႈ၊ ဝန္ထမ္းမသမာမႈ၊ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ ေရးဗဟိုအဖြဲ႕မွ တာဝန္ေပးအပ္မႈ ၂၆၈ မႈ စုံစမ္း စစ္ေဆးႏိုင္ခဲ့တယ္လို႔လည္းဆိုပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

(NLD)အစိုးရသက်တမ်း (၄) နှစ် ကာလအတွင်း ရဲတပ်ဖွဲ့ဝင် (၁၈,၀၀၀) ကျော်အား အရေးယူခဲ့ကြောင်း ရဲချုပ်ပြောကြား

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ၄ နှစ်အတွင်း စုစုပေါင်းအမှု ၄၃၉၅၅ မှုနဲ့ တရားခံပေါင်း ၆၄၀၇၁ ဦးတို့ကို ဖမ်း ဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့သလို ဘိန်းခင်းစုစုပေါင်း ၂၄၂၇၁ ဒသမ ၀၄ ဧက အား ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ဘိန်းစိုက်ပျိုးထုတ် လုပ်မှု စစ်တမ်းကောက်ယူရာမှာ ၂၀၁၇ ခုနှစ်မှာ ၂၅ ရာခိုင် နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး ထုတ်လုပ်မှု ၂ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့ဒုတိယနေရာမှ တတိယနေရာသို့ လျော့နည်း ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး လေးနှစ်ကာလ အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၃ ရုံး၊ နယ်မြေ ရဲစခန်း ၂၇ ခုနဲ့ ရဲကင်းစခန်း ၃၁ ခု တို့အ သစ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်က အမှတ်(၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနဲ့ အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲတွေ ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့လို့ ခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုနဲ့ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေတယ်လို့ သတင်းစာ ရှင်းလင်းပွဲကနေ သိရပါတယ်။လက်ရှိအစိုးရသက်တမ်း ၄ နှစ် အတွင်းမှာ ရဲစခန်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၈၀၀၀ ကျော်ရှိတယ်လို့ ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ဇူလိုင် ၂၂ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုအရေးယူမှုတွေက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မေလအထိဖြစ်ပြီး အဲဒီကာလအတွင်းမှာ အမှုပေါင်း ၇၅၁၉ မှုအတွက် ရဲအရာရှိ ၅၃၆၈ ဦးနဲ့ အခြားအဆင့် ၁၂၇၅၈ ဦးကို အရေးယူခဲ့တာလို့ ဆိုပါတယ်။အခုလိုအရေးယူမှုအပြင် အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တဲ့အမှုတွေက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ဇွန် ၁၅ ရက်အထိ စုစုပေါင်း ၁၈ မှုရှိပြီး အရာရှိ ၁၉ ယောက်ကို အရေးယူထားတယ်လို့လည်း ပြောပါတယ်။ ပြည် ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် စတုတ္ထ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့စပ်လျဉ်းပြီး ညွှန်ကြားရေးမှူးချုပ် ဦးခိုင် ထွန်းဦးနဲ့အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ပြည်ထဲရေးဝန်ထမ်းတွေရဲ့ မသမာမှုတွေနဲ့ပတ်သက်ပြီးလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မသမာမှု ၁၉၉ မှု စုံစမ်းဖော်ထုတ် အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန အနေနဲ့ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုအရေအတွက်ကတော့ စီးပွားရေးဆိုင်ရာ ပြစ်မှု ၂၀၄ မှု၊ ဝန်ထမ်းမသမာမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်မှု ၂၆၈ မှု စုံစမ်း စစ်ဆေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *