ကန႔္ကြက္သူမ်ားရွိေသာ္လည္း ဝန္ထမ္းမ်ာအား ကားပါမစ္ေပးမည့္ကိစၥ ဆက္လက္အေကာင္အထည္ေဖာ္မည္ဟု ေျပာၿပီ

လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီးသည့္ ႏိုင္ငံ့ဝန္ထမ္းကို ကားပါမစ္ စေပးရန္ စဥ္းစားထားၿပီး ဝန္ထမ္းမ်ား အခြန္အခသက္သာေစရန္ အတြက္ အင္ ဂ်င္ပါ၀ါ ၁၅၀၀ စီစီအထိသာ ခြင့္ျပဳရန္ စဥ္းစားထားေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားထားသည္။ကညန ဥပေဒတြင္လည္း မွတ္ပုံ တင္ေၾကးကို ကင္းလြတ္ခြင့္ျပဳမည္ဆိုပါက ကင္းလြတ္ခြင့္ျပဳ၍ရသည့္ ႏိုင္ငံေတာ္သမၼတ၏ လုပ္ပိုင္ခြင့္ရွိေၾကာင္း၊ အေကာက္အခြန္ ကင္း လြတ္ခြင့္ျပဳသင့္သူမ်ားကို ႏိုင္ငံေတာ္သမၼတက ကင္းလြတ္ခြင့္ျပဳႏိုင္ေၾကာင္း၊ ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက သတင္းစာ ရွင္းလင္းပြဲတြင္ မီဒီယာမ်ား၏ ေမးျမန္းမႈအား ေျဖၾကားလိုက္ေၾကာင္း သိရသည္။

ကားပါမစ္ေပးမည့္ ရည္႐ြယ္ခ်က္သည္ တိုင္းျပည္အတြက္ အလုပ္လုပ္ခဲ့သည့္ ဝန္ထမ္းမ်ားအတြက္ ကားေထာက္ပံ့ေပးမႈ ေလ်ာ့ပါးရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး အထူးအခြင့္အေရး ေပးသည့္သေဘာ မဟုတ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားထား သည္။အထက္ပါ ကားပါမစ္ျဖင့္ တင္သြင္းရန္ သတ္မွတ္ထားသည့္ Model Year သည္ Use ကားဝယ္မည္ဆိုပါက လက္ရွိအခ်ိန္အတိုင္း ဆိုလွ်င္ ၂၀၁၇ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အတြင္း ဝယ္ယူရမည္ျဖစ္ၿပီး Brand New ကားမ်ားလည္း ဝယ္ယူႏိုင္ေၾကာင္း စီးပြားကူးသန္း ဒုတိယ ဝန္ႀကီးက ေျပာၾကားထားသည္။

ယင္းကဲ့သို႔ ကားတင္သြင္းခြင့္ႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ားက ၀ိုင္းဝန္းေဝဖန္ခဲ့ရာ ႏိုင္ငံေတာ္သမၼတ႐ုံးက ဆိုင္းငံ့ထားေၾကာင္း ဦးေဇာ္ေဌး က ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ေျပာၾကားထားသည္။လုပ္သက္ရင့္ ဝန္ထမ္းမ်ာအား ကားပါမစ္ေပးမည့္ကိစၥ ဆက္လက္အ ေကာင္အထည္ေဖာ္ရန္ ရွိေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာၾကားသည္။ဇြန္ ၂၄ ရက္က ေနျပည္ ေတာ္တြင္ ျပဳလုပ္သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ ႏိုင္ငံေတာ္အစိုးရ၏ စတုတၱတစ္ႏွစ္တာ ကာလအတြင္း ေဆာင္႐ြက္ခဲ့မႈႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ထည့္သြင္းေျပာၾကား ခဲ့ျခင္းျဖစ္သည္။

ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီကိစၥကို အဖြဲ႕အစည္းႀကီးႀကီးတစ္ခုက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ ဒီကန႔္ကြက္ခ်က္ကို သမၼတ႐ုံး ကို တင္ျပၿပီးေတာ့မွ ေရွ႕ေနခ်ဳပ္႐ုံးရဲ႕ Legal Opinion နဲ႔အေၾကာင္းျပန္ၾကားထားၿပီး ျဖစ္ပါတယ္။ ဒီပေရာဂ်က္ ၿပီး ဆုံးသြားၿပီလို႔ ေျပာလို႔ မရေသးပါဘူး။ ဒါကိုဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္ဖို႔ ရွိပါတယ္။ ေပးမယ့္ပေရာဂ်က္က မ ပ်က္ေသးပါဘူး” ဟု ဦးမင္းမင္းက ေျပာ ၾကားသည္။ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ျပဳမည္ျဖစ္ ၿပီး ပထမအဆင့္ ၫႊန္ခ်ဳပ္ႏွင့္အထက္၊ ဒုတိယအဆင့္ ဒုၫႊန္ခ်ဳပ္ႏွင့္ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံ့ဝန္ထမ္းေကာင္း တံဆိပ္ ရရွိသူမ်ားအား ေဆာင္႐ြက္ေပးမည္ ျဖစ္သည္။

ဝန္ထမ္းမ်ားကိုေပးမည့္ ကားပါမစ္ကိစၥအား ဆိုင္းငံ့ထားေသာ္လည္း မည္မွ်ေပးရမည္ဆိုသည့္ စာရင္းကို ေကာက္ယူေနၿပီး ႏိုင္ငံေတာ္ သမၼတ႐ုံးက ၫႊန္ၾကားလာပါက ခ်က္ခ်င္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးေအာင္ထူးက ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္က ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးၿပီးေနာက္ မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာတြင္ ေျပာၾကားထားသည္။

REF: ELEVEN MEDIA

UNICODE

ကန့်ကွက်သူများရှိသော်လည်း ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောပြီ

လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းကို ကားပါမစ် စပေးရန် စဉ်းစားထားပြီး ဝန်ထမ်းများ အခွန်အခသက်သာစေရန် အတွက် အင် ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိသာ ခွင့်ပြုရန် စဉ်းစားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။ကညန ဥပဒေတွင်လည်း မှတ်ပုံ တင်ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ကင်းလွတ်ခွင့်ပြု၍ရသည့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ရှိကြောင်း၊ အကောက်အခွန် ကင်း လွတ်ခွင့်ပြုသင့်သူများကို နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့်ပြုနိုင်ကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား  ဖြေကြားလိုက်ကြောင်း သိရသည်။

ကားပါမစ်ပေးမည့် ရည်ရွယ်ချက်သည် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများအတွက် ကားထောက်ပံ့ပေးမှု လျော့ပါးရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အထူးအခွင့်အရေး ပေးသည့်သဘော မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထား သည်။အထက်ပါ ကားပါမစ်ဖြင့် တင်သွင်းရန် သတ်မှတ်ထားသည့် Model Year သည် Use ကားဝယ်မည်ဆိုပါက လက်ရှိအချိန်အတိုင်း ဆိုလျှင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး Brand New ကားများလည်း ဝယ်ယူနိုင်ကြောင်း စီးပွားကူးသန်း ဒုတိယ ဝန်ကြီးက ပြောကြားထားသည်။

ယင်းကဲ့သို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ပြည်သူများက ၀ိုင်းဝန်းဝေဖန်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆိုင်းငံ့ထားကြောင်း ဦးဇော်ဌေး က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားထားသည်။လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အ ကောင်အထည်ဖော်ရန် ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။ဇွန် ၂၄ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ စတုတ္တတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စကို အဖွဲ့အစည်းကြီးကြီးတစ်ခုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီကန့်ကွက်ချက်ကို သမ္မတရုံး ကို တင်ပြပြီးတော့မှ ရှေ့နေချုပ်ရုံးရဲ့ Legal Opinion နဲ့အကြောင်းပြန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီပရောဂျက် ပြီး ဆုံးသွားပြီလို့ ပြောလို့ မရသေးပါဘူး။ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ ပေးမယ့်ပရောဂျက်က မ ပျက်သေးပါဘူး” ဟု ဦးမင်းမင်းက ပြော ကြားသည်။ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ် ပြီး ပထမအဆင့် ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ် ရရှိသူများအား ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဝန်ထမ်းများကိုပေးမည့် ကားပါမစ်ကိစ္စအား ဆိုင်းငံ့ထားသော်လည်း မည်မျှပေးရမည်ဆိုသည့် စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားလာပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားထားသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *