ကမာၻတဝန္း တြင္ ကိုဗစ္-၁၉ ကူးစက္သူ(၉၃)သိန္းခြဲေက်ာ္ ရွိၿပီး အေသးစိပ္စာရင္းေဖာ္ျပခ်က္

ေတာင္အာရွႏိုင္ငံ ျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ တစ္ရက္တည္း နဲ႔ လူ(၄၇၀)နီးပါးေသဆုံးခဲ့လို႔ ေသဆုံးသူစုစုေပါင္း (၁)ေသာင္း (၄)ေထာင္ေက်ာ္ ရွိလာပါၿပီ။ တစ္ရက္တည္း ကူးစက္မႈ မွာလည္း (၁)ေသာင္းခြဲ‌ေက်ာ္နဲ႔ ဘရာဇီးနဲ႔ အေမရိကန္ၿပီးရင္ တတိယအဆင့္ကို ေရာက္ေနတာပါ။ ကူးစက္သူစုစုေပါင္းကေတာ့ (၄)သိန္းခြဲေက်ာ္ရွိပါတယ္။

မကၠဆီကိုႏိုင္ငံဟာ တစ္ရက္တည္းေသဆုံးသူ(၈၀၀)နီးပါးရွိခဲ့လို႔ ဘရားဇီးနဲ႔ အေမရိကန္ႏိုင္ငံေတြၿပီးရင္ တစ္ရက္တည္း ေသဆုံးမႈ အမ်ားဆုံး တတိယအဆင့္မွာ ရွိေနတယ္လို႔ ဒီကေန႔ Worldometer ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ဘရာဇီးႏိုင္ငံဟာ ကူးစက္ သူေပါင္း(၁၁)သိန္းခြဲ ေက်ာ္လာလို႔ ကမာၻ႔ကူးစက္မႈအမ်ားဆုံး ဒုတိယႏိုင္ငံျဖစ္ေနပါတယ္။

ဒါေပမယ့္ တစ္ရက္တည္းနဲ ေသဆုံးသူေရာ၊ ကူးစက္သူပါ မ်ားေနတာေၾကာင့္ အေမရိကန္ႏိုင္ငံကို ေက်ာ္သြားပါၿပီ။ ဒါေၾကာင့္ တစ္ရက္ တည္းေသဆုံးသူ (၁၃၀၀)ေက်ာ္၊ တစ္ရက္တည္းကူးစက္သူ (၄)ေသာင္းေက်ာ္ ရွိခဲ့လို႔ တစ္ရက္ တည္းေသဆုံးမႈနဲ႔ ကူးစက္မႈ ကမာၻ႔အမ်ား ဆုံးႏိုင္ငံ ျဖစ္လာပါတယ္။ကမာၻတဝန္းမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ကူးစက္သူစုစုေပါင္း(၉၃)သိန္းခြဲ ေက်ာ္လာပါၿပီ။

စုစုေပါင္းေသဆုံးသူက (၄)သိန္း(၈)သိန္းနီးပါး ျမင့္တက္လာတယ္လို႔ ဒီကေန႔ Worldometer ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။
ကမာၻ႔ကူးစက္မႈအမ်ားဆုံး ႏိုင္ငံေတြရဲ႕ ထိပ္ဆုံးစာရင္းမွာ အေမရိကန္ႏိုင္ငံက ျဖစ္ၿပီး၊ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယနဲ႔ ၿဗိတိန္ႏိုင္ငံတို႔က အသီးသီးလိုက္လာေနတာပါ။အေမရိကန္ႏိုင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္သူစုစုေပါင္း(၂၄)သိန္းေက်ာ္ ရွိပါၿပီ။

ေသဆုံးသူအားလုံးေပါင္းဟာ(၁)သိန္း (၂)ေသာင္းေက်ာ္သြားပါၿပီ။ တစ္ရက္တည္း ေသဆုံးသူ(၈၀၀)ေက်ာ္ရွိၿပီး၊ တစ္ရက္တည္း ကူးစက္ သူဟာ (၃) ေသာင္း(၆)ေထာင္ေက်ာ္ရွိပါတယ္။

Credit : One News Myanmar

UNICODE

ကမ္ဘာတဝန်း တွင် ကိုဗစ်-၁၉ ကူးစက်သူ(၉၃)သိန်းခွဲကျော် ရှိပြီး အသေးစိပ်စာရင်းဖော်ပြချက်

တောင်အာရှနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ တစ်ရက်တည်း နဲ့ လူ(၄၇၀)နီးပါးသေဆုံးခဲ့လို့ သေဆုံးသူစုစုပေါင်း (၁)သောင်း (၄)ထောင်ကျော် ရှိလာပါပြီ။ တစ်ရက်တည်း ကူးစက်မှု မှာလည်း (၁)သောင်းခွဲ‌ကျော်နဲ့ ဘရာဇီးနဲ့ အမေရိကန်ပြီးရင် တတိယအဆင့်ကို ရောက်နေတာပါ။ ကူးစက်သူစုစုပေါင်းကတော့ (၄)သိန်းခွဲကျော်ရှိပါတယ်။

မက္ကဆီကိုနိုင်ငံဟာ တစ်ရက်တည်းသေဆုံးသူ(၈၀၀)နီးပါးရှိခဲ့လို့ ဘရားဇီးနဲ့ အမေရိကန်နိုင်ငံတွေပြီးရင် တစ်ရက်တည်း သေဆုံးမှု အများဆုံး တတိယအဆင့်မှာ ရှိနေတယ်လို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ဘရာဇီးနိုင်ငံဟာ ကူးစက် သူပေါင်း(၁၁)သိန်းခွဲ ကျော်လာလို့ ကမ္ဘာ့ကူးစက်မှုအများဆုံး ဒုတိယနိုင်ငံဖြစ်နေပါတယ်။

ဒါပေမယ့် တစ်ရက်တည်းနဲ သေဆုံးသူရော၊ ကူးစက်သူပါ များနေတာကြောင့် အမေရိကန်နိုင်ငံကို ကျော်သွားပါပြီ။ ဒါကြောင့် တစ်ရက် တည်းသေဆုံးသူ (၁၃၀၀)ကျော်၊ တစ်ရက်တည်းကူးစက်သူ (၄)သောင်းကျော် ရှိခဲ့လို့ တစ်ရက် တည်းသေဆုံးမှုနဲ့ ကူးစက်မှု ကမ္ဘာ့အများ ဆုံးနိုင်ငံ ဖြစ်လာပါတယ်။ကမ္ဘာတဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကူးစက်သူစုစုပေါင်း(၉၃)သိန်းခွဲ ကျော်လာပါပြီ။

စုစုပေါင်းသေဆုံးသူက (၄)သိန်း(၈)သိန်းနီးပါး မြင့်တက်လာတယ်လို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကူးစက်မှုအများဆုံး နိုင်ငံတွေရဲ့ ထိပ်ဆုံးစာရင်းမှာ အမေရိကန်နိုင်ငံက ဖြစ်ပြီး၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့က အသီးသီးလိုက်လာနေတာပါ။အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်သူစုစုပေါင်း(၂၄)သိန်းကျော် ရှိပါပြီ။

သေဆုံးသူအားလုံးပေါင်းဟာ(၁)သိန်း (၂)သောင်းကျော်သွားပါပြီ။ တစ်ရက်တည်း သေဆုံးသူ(၈၀၀)ကျော်ရှိပြီး၊ တစ်ရက်တည်း ကူးစက် သူဟာ (၃) သောင်း(၆)ထောင်ကျော်ရှိပါတယ်။

Credit :  One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *