ကမာၻ စစ္ ျဖစ္ေစႏိုင္ တဲ့ တ႐ု တ္ – အိႏၵိ ယ နယ္ စပ္ ျပသနာ ၿခိမ္းေျခာက္မႈေတြ ႏွစ္ဖက္ညႇိႏႈိင္းမႈ ေျပလည္ၿပီ

ၿပီးခဲ့တဲ့ရက္ တနလၤာေန႔တုန္း က အိႏၵိယ တပ္မေတာ္ အမွတ္(၁၄)တပ္မ ရဲ႕တပ္မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး Harinder Singh ဟာ တ႐ုတ္ ႏိုင္ငံ၊ တိဘတ္ခ႐ိုင္စစ္ဆင္ေရး အဖြဲ႕ မွ ဗိုလ္ခ်ဳပ္လွ်ဴလင္းနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ၿပီးေနာက္၊ ႏွစ္ႏိုင္ငံ အက်ိဳးရွိေစမယ့္ သေဘာ တူညီမႈ ေတြ ကို ခ်မွတ္ႏိုင္ခဲ့တာ ျဖစ္ ပါတယ္။ ၎တို႔နဲ႔အတူ တပ္မေတာ္ထိပ္သီးပုဂၢိဳလ္ေတြလည္း ပါဝင္ခဲ့ ပါတယ္။ ဇြန္လ(၂၂)ရက္က သေဘာတူ ညီ မႈေတြထဲမွာေတာ့ လက္ရွိ တင္းမာမႈအေျခအေနကို ေျဖေလွ်ာ့ၾကဖို႔ အျပန္အလွန္ လက္ခံခဲ့ၾကပါတယ္။

ႏွစ္ဘက္အျမင္ေတြကို အျပန္အလွန္ ေဆြးေႏြးခဲ့ၾကၿပီး၊ စစ္ေခါင္းေဆာင္ေတြအေနနဲ႔ မိမိတို႔ တာဝန္ယူ ရတဲ့ နယ္ေျမ ရဲ႕ လက္ေအာက္ခံ စစ္သည္ေတြအေပၚကို ႏိုင္နင္းစြာ အုပ္ခ်ဳပ္ဖို႔နဲ႔ တာဝန္ခံဖို႔လည္း ပါဝင္ပါတယ္။ေနာက္ၿပီး ႏွစ္ဘက္စစ္တပ္အေတြအေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းေတြမွာ အတူတက ပါဝင္ဖို႔၊ အျပန္အလွန္ ဆက္သြယ္ေျပာဆိုျခင္းေတြ၊ အျပန္အလွန္ ေလးစားျခင္းေတြ ထားရွိၾကဖို႔ ညႇိႏႈိင္းႏိုင္ခဲ့ ၾကပါတယ္။ ဒီသတင္းဟာ အိႏၵိယ-တ႐ုတ္နယ္စပ္ အနီး မွာ ေနထိုင္ၾကတဲ့ သက္ဆိုင္ရာ ေဒသခံျပည္သူျပည္သားေတြ အဖို႔ ။

အလြန္ ဝမ္းေျမာက္စရာ သတင္းျဖစ္ခဲ့ၿပီး၊ ၿငိမ္းခ်မ္းမႈရဲ႕ သေကၤတလည္း ျဖစ္ ပါတယ္ ။ အိႏၵိယ နဲ႔ တ႐ုတ္ႏိုင္ငံ တို႔ဟာ မၾကာေသးခင္က ဂယ္ဝမ္နယ္စပ္မွာ အျငင္းပြားစရာ ရန္ပြဲေတြ ဆက္တိုက္ျဖစ္ခဲ့ရာကေန ကမာၻစစ္ ျဖစ္ေစႏိုင္တဲ့အထိ ပဋိပကၡက ႀကီးထြားခဲ့ပါတယ္။ တ ႐ုတ္ကလည္း မိမိ တို႔ကို အိႏၵိယ က ဖက္ၿပိဳင္လာ ပါက အိႏၵိယ အတြက္ အဆိုး တရားေတြသာ ဆက္လက္ႀကဳံေတြ႕ ရ မယ္ လို႔ သတိေပး ခဲ့ သလို၊ အိႏၵိယဘက္ ကလည္း ႏိုင္ငံနယ္ နိမိတ္ ကို ကာကြယ္ဖို႔ စစ္တပ္ က အဆင္ သင့္ျဖစ္ေနၿပီ လို႔ ဆိုခဲ့ ပါ တယ္ ။

ဒီလို ပဋိပကၡ သတင္းေတြၾကား မွာ ပါကစၥတန္ကပါ နယ္စပ္လုံၿခဳံေရး ကို ၿခိမ္းေျခာက္ေနခဲ့ တာေၾကာင့္ အိႏၵိယဟာ ေဘးက်ပ္နံက်ပ္ ျဖစ္ ေနခဲ့ ပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ အိႏၵိယနဲ႔ တ႐ုတ္တို႔ဟာ ရက္ အတန္ၾကာ စစ္ေခါင္းေဆာင္ေတြ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ ခဲ့ရာ ေျပလည္မႈ ရရွိ ခဲ့ၿပီလို႔ Time Of India သတင္းစာက ေဖာ္ျပခဲ့ ပါ တယ္ ။ အခု သေဘာတူညီခ်က္ မွာ ႏွစ္ႏိုင္ငံ လုံၿခဳံေရးေတြ အေန နဲ႔ နယ္စပ္နဲ႔ ပတ္သက္ တဲ့ လုပ္ေဆာင္ရန္ လိုအပ္ခ်က္ေတြ ကို စိတ္ေအးလက္ေအး ေျဖရွင္းရန္နဲ႔၊

လက္ရွိ အေျခအေန တင္းမာမႈကို ပိုဆိုးေစမယ့္ အျပဳအမူေတြကို ေရွာင္ရွားၾကဖို႔ သေဘာတူညီခဲ့တယ္လို႔ဆိုပါတယ္။ ဒီအတည္ျပဳမႈကို တ ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနကလည္း အဂၤါေန႔က အတည္ျပဳခဲ့တာမို႔ ေျပလည္မႈရတဲ့သတင္းဟာ အမွန္ပဲ လို႔ ယူဆရပါမယ္။

ဘာသာျပန္-လင္းသုတ

UNICODE

ကမ္ဘာ စစ် ဖြစ်စေနိုင် တဲ့ တရု တ် – အိန္ဒိ ယ နယ် စပ် ပြသနာ ခြိမ်းခြောက်မှုတွေ နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပြီ

ပြီးခဲ့တဲ့ရက် တနင်္လာနေ့တုန်း က အိန္ဒိယ တပ်မတော် အမှတ်(၁၄)တပ်မ ရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Harinder Singh ဟာ တရုတ် နိုင်ငံ၊ တိဘတ်ခရိုင်စစ်ဆင်ရေး အဖွဲ့ မှ ဗိုလ်ချုပ်လျှူလင်းနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်၊ နှစ်နိုင်ငံ အကျိုးရှိစေမယ့် သဘော တူညီမှု တွေ ကို ချမှတ်နိုင်ခဲ့တာ ဖြစ် ပါတယ်။ ၎င်းတို့နဲ့အတူ တပ်မတော်ထိပ်သီးပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ ပါတယ်။ ဇွန်လ(၂၂)ရက်က သဘောတူ ညီ မှုတွေထဲမှာတော့ လက်ရှိ တင်းမာမှုအခြေအနေကို ဖြေလျှော့ကြဖို့ အပြန်အလှန် လက်ခံခဲ့ကြပါတယ်။

နှစ်ဘက်အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ စစ်ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ တာဝန်ယူ ရတဲ့ နယ်မြေ ရဲ့ လက်အောက်ခံ စစ်သည်တွေအပေါ်ကို နိုင်နင်းစွာ အုပ်ချုပ်ဖို့နဲ့ တာဝန်ခံဖို့လည်း ပါဝင်ပါတယ်။နောက်ပြီး နှစ်ဘက်စစ်တပ်အတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အတူတက ပါဝင်ဖို့၊ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်းတွေ၊ အပြန်အလှန် လေးစားခြင်းတွေ ထားရှိကြဖို့ ညှိနှိုင်းနိုင်ခဲ့ ကြပါတယ်။ ဒီသတင်းဟာ အိန္ဒိယ-တရုတ်နယ်စပ် အနီး မှာ နေထိုင်ကြတဲ့ သက်ဆိုင်ရာ ဒေသခံပြည်သူပြည်သားတွေ အဖို့ ။

အလွန် ဝမ်းမြောက်စရာ သတင်းဖြစ်ခဲ့ပြီး၊ ငြိမ်းချမ်းမှုရဲ့ သင်္ကေတလည်း ဖြစ် ပါတယ် ။ အိန္ဒိယ နဲ့ တရုတ်နိုင်ငံ တို့ဟာ မကြာသေးခင်က ဂယ်ဝမ်နယ်စပ်မှာ အငြင်းပွားစရာ ရန်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ရာကနေ ကမ္ဘာစစ် ဖြစ်စေနိုင်တဲ့အထိ ပဋိပက္ခက ကြီးထွားခဲ့ပါတယ်။ တ ရုတ်ကလည်း မိမိ တို့ကို အိန္ဒိယ က ဖက်ပြိုင်လာ ပါက အိန္ဒိယ အတွက် အဆိုး တရားတွေသာ ဆက်လက်ကြုံတွေ့ ရ မယ် လို့ သတိပေး ခဲ့ သလို၊ အိန္ဒိယဘက် ကလည်း နိုင်ငံနယ် နိမိတ် ကို ကာကွယ်ဖို့ စစ်တပ် က အဆင် သင့်ဖြစ်နေပြီ လို့ ဆိုခဲ့ ပါ တယ် ။

ဒီလို ပဋိပက္ခ သတင်းတွေကြား မှာ ပါကစ္စတန်ကပါ နယ်စပ်လုံခြုံရေး ကို ခြိမ်းခြောက်နေခဲ့ တာကြောင့် အိန္ဒိယဟာ ဘေးကျပ်နံကျပ် ဖြစ် နေခဲ့ ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အိန္ဒိယနဲ့ တရုတ်တို့ဟာ ရက် အတန်ကြာ စစ်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ် ခဲ့ရာ ပြေလည်မှု ရရှိ ခဲ့ပြီလို့ Time Of India သတင်းစာက ဖော်ပြခဲ့ ပါ တယ် ။ အခု သဘောတူညီချက် မှာ နှစ်နိုင်ငံ လုံခြုံရေးတွေ အနေ နဲ့ နယ်စပ်နဲ့ ပတ်သက် တဲ့ လုပ်ဆောင်ရန် လိုအပ်ချက်တွေ ကို စိတ်အေးလက်အေး ဖြေရှင်းရန်နဲ့၊

လက်ရှိ အခြေအနေ တင်းမာမှုကို ပိုဆိုးစေမယ့် အပြုအမူတွေကို ရှောင်ရှားကြဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။ ဒီအတည်ပြုမှုကို တ ရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း အင်္ဂါနေ့က အတည်ပြုခဲ့တာမို့ ပြေလည်မှုရတဲ့သတင်းဟာ အမှန်ပဲ လို့ ယူဆရပါမယ်။

ဘာသာပြန်-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *