ကုလသမဂၢသို႔ အီးယူတင္သြင္းေသာ အဆိုကို ျမန္မာပယ္ခ်ေသာ္လည္း လူ႔အခြင့္အေရးေကာင္စီ အတည္ျပဳ

ကုလသမဂၢ၏ လြတ္လပ္ေသာ စုံစမ္းစစ္ ေဆးေရးေကာ္မရွင္၏ ေနာက္ဆုံး အစီရင္ခံစာအရ ျပစ္မႈက်ဴးလြန္ သူမ်ားကိုအေရးယူေရး ျပည္ တြင္း တရားစီရင္ေရးယႏၲရားျဖင့္ ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံ၏ တာဝန္ခံမႈ၊ တာဝန္ယူမႈ၊ လုပ္ငန္းစဥ္ ေဆာင္႐ြက္ေနမႈကို လည္း အသိ အမွတ္ျပဳရမည္ဟု ကုလဆိုင္ရာ ျမန္မာအၿမဲ တမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေကာင္စီသို႔ ေျပာသည္။ကုလသမဂၢ၏ ေငြေၾကး လည္ပတ္မႈ အခက္အခဲကိုေျဖ ရွင္းရန္ ေကာင္စီအေနျဖင့္ ႀကိဳး ပမ္းေနေသာ္လည္း ႏိုင္ငံတစ္ ႏိုင္ငံအေပၚ ဦးတည္သတ္မွတ္ သည့္ လုပ္ပိုင္ ခြင့္အာဏာမ်ား၌ ေဒၚလာသန္းေပါင္း မ်ားစြာ အသုံးျပဳေနသည္မွာ ဝမ္း နည္းဖြယ္ျဖစ္ေၾကာင္း ျမန္မာသံ အမတ္ႀကီးက ေထာက္ျပသည္။

အထူးသျဖင့္ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံတည္းအား ေစာင့္ၾကည့္ စစ္ေဆးရန္ အမ်ိဳးမ်ိဳးေသာ ယႏၲရားမ်ား ဖြဲ႕စည္းတည္ေထာင္ ၍ အရင္းအျမစ္ အေျမာက္အျမား အသုံးျပဳေနေၾကာင္း သံအမတ္ ႀကီးကတုံ႔ျပန္ေျပာၾကားခဲ့သည္။ကုလလူ႔အခြင့္အေရး ေကာင္စီသို႔ ဥေရာပသမဂၢ (EU) တင္သြင္းေသာ ျမန္မာႏိုင္ငံႏွင့္ ပတ္သက္သည့္ ဆုံးျဖတ္ခ်က္ အဆို (Resolution) ကို ျမန္မာ ႏိုင္ငံက ပယ္ခ်ေသာ္လည္း ေထာက္ခံမဲအ မ်ားစုျဖင့္ အတည္ ျပဳခဲ့သည္။ဇြန္လ ၂၂ ရက္တြင္ က်င္းပ ေသာ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီ၏ (၄၃) ႀကိမ္ေျမာက္ ပုံမွန္အစည္း အေဝးတြင္ အီးယူက ဆုံးျဖတ္ခ်က္ အဆိုတစ္ရပ္ကို တင္သြင္းရာ ျမန္မာႏိုင္ငံကလက္ မခံဘဲ ပယ္ခ်ျခင္းျဖစ္သည္။

သို႔ရာတြင္ အီးယူတင္သြင္း သည့္အဆိုမူၾကမ္းကို လူ႔အခြင့္ အေရးေကာင္စီ၌ မဲခြဲဆုံးျဖတ္ရာ ကန႔္ကြက္မဲႏွစ္မဲ၊ ၾကားေနမဲရွစ္မဲ၊ ေထာက္ခံမဲ ၃၇ မဲျဖင့္အတည္ ျပဳခဲ့သည္။ မဲခြဲမႈတြင္ ျမန္မာႏိုင္ငံ က ေကာင္စီအဖြဲ႕ဝင္ႏိုင္ငံမဟုတ္ ၍ပါဝင္မဲေပးခြင့္မရွိေပ။ အဆိုမူၾကမ္းကို ျမန္မာႏိုင္ငံ ဘက္မွရပ္တည္ကာ ကန႔္ကြက္မဲ ေပးခဲ့သည့္ ႏွစ္ႏိုင္ငံမွဖိလစ္ပိုင္ႏွင့္ ဗင္နီဇြဲလားတို႔ျဖစ္သည္။ အန္ဂို လာ၊ ကင္မ႐ြန္း၊ ကြန္ဂို၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ နီေပါ၊ ဆီနီ ေဂါတို႔က ၾကားေနမဲေပးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ ျပန္ခ်က္၌ေဖာ္ျပသည္။

အထက္ပါ ဆုံးျဖတ္ခ်က္အ ဆိုတြင္ လူ႔အခြင့္အေရးေကာင္စီ က ခန႔္အပ္တာဝန္ေပးအပ္ေသာ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ ရာ အထူး အစီရင္ခံစာတင္သြင္း သူကို လက္ခံရန္၊ ေကာင္စီကဖြဲ႕ စည္းထားသည့္ ျမန္မာႏိုင္ငံဆိုင္ ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆး ေရးယႏၲရား (IIMM)ႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ စသည့္အခ်က္ မ်ားပါဝင္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးဦး စီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ေျပာသည္။ အဆိုတြင္ ပါဝင္သည့္အ ခ်က္မ်ားအားလုံးကို ျမန္မာႏိုင္ငံ က ပယ္ခ်ထား သည့္အတြက္ လိုက္နာမည္မဟုတ္ဘဲ ႏိုင္ငံအတြက္ အက်ိဳးရွိမည့္ အခ်က္မ်ားကိုသာ ေဆာင္ ႐ြက္မည္ဟု ၎က ရွင္းျပသည္။

အီးယူ၏ ဆုံးျဖတ္ခ်က္အဆို သည္ ျမန္မာႏိုင္ငံရင္ဆိုင္ေနရ သည့္ စိန္ေခၚမႈမ်ားကိုေက်ာ္လႊား ရန္ အေျဖရွာရာတြင္ အေထာက္ အပံ့မျဖစ္ ေစဘဲ အစိုးရ၏အား ထုတ္မႈမ်ားကို ပိုမိုဆိုး႐ြားေသာ အဟန႔္အတားမ်ားသာ ျဖစ္ေစ မည္ဟု ဦးေက်ာ္မိုး ထြန္းက ေျပာသည္။

REF: 7DAY DAILY

UNICODE

ကုလသမဂ္ဂသို့ အီးယူတင်သွင်းသော အဆိုကို မြန်မာပယ်ချသော်လည်း လူ့အခွင့်အရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာအရ ပြစ်မှုကျူးလွန် သူများကိုအရေးယူရေး ပြည် တွင်း တရားစီရင်ရေးယန္တရားဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လုပ်ငန်းစဉ် ဆောင်ရွက်နေမှုကို လည်း အသိ အမှတ်ပြုရမည်ဟု ကုလဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကောင်စီသို့ ပြောသည်။ကုလသမဂ္ဂ၏ ငွေကြေး လည်ပတ်မှု အခက်အခဲကိုဖြေ ရှင်းရန် ကောင်စီအနေဖြင့် ကြိုး ပမ်းနေသော်လည်း နိုင်ငံတစ် နိုင်ငံအပေါ် ဦးတည်သတ်မှတ် သည့် လုပ်ပိုင် ခွင့်အာဏာများ၌ ဒေါ်လာသန်းပေါင်း များစွာ အသုံးပြုနေသည်မှာ ဝမ်း နည်းဖွယ်ဖြစ်ကြောင်း မြန်မာသံ အမတ်ကြီးက ထောက်ပြသည်။

အထူးသဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအား စောင့်ကြည့် စစ်ဆေးရန် အမျိုးမျိုးသော ယန္တရားများ ဖွဲ့စည်းတည်ထောင် ၍ အရင်းအမြစ် အမြောက်အမြား အသုံးပြုနေကြောင်း သံအမတ် ကြီးကတုံ့ပြန်ပြောကြားခဲ့သည်။ကုလလူ့အခွင့်အရေး ကောင်စီသို့ ဥရောပသမဂ္ဂ (EU) တင်သွင်းသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အဆို (Resolution) ကို မြန်မာ နိုင်ငံက ပယ်ချသော်လည်း ထောက်ခံမဲအ များစုဖြင့် အတည် ပြုခဲ့သည်။ဇွန်လ ၂၂ ရက်တွင် ကျင်းပ သော ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် အီးယူက ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို တင်သွင်းရာ မြန်မာနိုင်ငံကလက် မခံဘဲ ပယ်ချခြင်းဖြစ်သည်။

သို့ရာတွင် အီးယူတင်သွင်း သည့်အဆိုမူကြမ်းကို လူ့အခွင့် အရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲနှစ်မဲ၊ ကြားနေမဲရှစ်မဲ၊ ထောက်ခံမဲ ၃၇ မဲဖြင့်အတည် ပြုခဲ့သည်။ မဲခွဲမှုတွင် မြန်မာနိုင်ငံ က ကောင်စီအဖွဲ့ဝင်နိုင်ငံမဟုတ် ၍ပါဝင်မဲပေးခွင့်မရှိပေ။ အဆိုမူကြမ်းကို မြန်မာနိုင်ငံ ဘက်မှရပ်တည်ကာ ကန့်ကွက်မဲ ပေးခဲ့သည့် နှစ်နိုင်ငံမှဖိလစ်ပိုင်နှင့် ဗင်နီဇွဲလားတို့ဖြစ်သည်။ အန်ဂို လာ၊ ကင်မရွန်း၊ ကွန်ဂို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ ဆီနီ ဂေါတို့က ကြားနေမဲပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်၌ဖော်ပြသည်။

အထက်ပါ ဆုံးဖြတ်ချက်အ ဆိုတွင် လူ့အခွင့်အရေးကောင်စီ က ခန့်အပ်တာဝန်ပေးအပ်သော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင် ရာ အထူး အစီရင်ခံစာတင်သွင်း သူကို လက်ခံရန်၊ ကောင်စီကဖွဲ့ စည်းထားသည့် မြန်မာနိုင်ငံဆိုင် ရာ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးယန္တရား (IIMM)နှင့် ပူးပေါင်း ဆောင်ရွက်ရန် စသည့်အချက် များပါဝင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦး စီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောသည်။ အဆိုတွင် ပါဝင်သည့်အ ချက်များအားလုံးကို မြန်မာနိုင်ငံ က ပယ်ချထား သည့်အတွက် လိုက်နာမည်မဟုတ်ဘဲ နိုင်ငံအတွက် အကျိုးရှိမည့် အချက်များကိုသာ ဆောင် ရွက်မည်ဟု ၎င်းက ရှင်းပြသည်။

အီးယူ၏ ဆုံးဖြတ်ချက်အဆို သည် မြန်မာနိုင်ငံရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများကိုကျော်လွှား ရန် အဖြေရှာရာတွင် အထောက် အပံ့မဖြစ် စေဘဲ အစိုးရ၏အား ထုတ်မှုများကို ပိုမိုဆိုးရွားသော အဟန့်အတားများသာ ဖြစ်စေ မည်ဟု  ဦးကျော်မိုး ထွန်းက ပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *