





REF: SHWE WIKI

UNICODE

စာ (၁)ကြောင်း နဲ့ ထောင် (၃)နှစ် ကျ နိုင်၍ Facebook သုံးသူ တိုင်း သတိထားသင့်သော အချက်များ

ပုဒ်မ ၆၆ (ဃ) ကို ယနေ့ facebookပေါ်မှာ ကျူးးလွန်နေသူတွေ အများကြီးပါ .. ။ ချမှတ်ပြီးသား ဥပဒေအတွင်းမှာ ဟောင်းသွားတာ မရှိဘူး။ ဥပဒေ မပြုရသေးခင်သာနောက်ကြောင်းပြန် အရေးယူမရတာ။တကယ်တမ်းဉပဒေကို နားလည်သူက လူတစ်ယောက် ကို By name တပ် facebook ပေါ်စော်ကားဖို့နေနေသာ။ share တာတောင်သတင်း ပိုစ့် ပညာပေး ပိုစ့် လောက် share ရဲတာ Comment ပေးတာတောင် သတိထားပေးကြရတယ်။ စာတစ်ကြောင်း နဲ့ထောင် ၃ နှစ် ကျနိုင်တာပဲ ဖြစ်ပါတယ် … ။

စာ တစ်ကြောင်း နဲ့ ထောင် (၃)နှစ် ကျ နိုင် တဲ့ ၆၆(ဃ) ဥပဒေ Facebook သုံးသူ တိုင်း သိထားသင့်လို့ ရှဲပေးကြပါ။ မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ (က) ဆက်သွယ်ရေး ကွန်ယက် အတွင်းသို့ ယင်း၏ပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက် နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေပြောင်းလဲခြင်း။

(သို့မဟုတ်) ဖျက်ဆီးခြင်း။ (ခ) ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် (သို့မဟုတ်) အခြားနည်းနဲ့ ဝင်ရောက်စေခြင်း။ (ဂ) ဆက်သွယ်ရေးကွန်ယက်ကို သုံး၍ ငွေကြေး နဲ့ ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) အကျိုးပျက်စေ ခြင်း(ဃ) ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီး လူတစ်ယောက် ကို ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း အသရေ ဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာ သုံးခြင်း ၊ခြိမ်းခြောက်ခြင်း မရိုးဖြောင့်သော နည်းဖြင့် ပြန်လည် ဖြန့်ဝေခြင်း။

နားရှင်အောင် ပြောရရင် (က) facebook /Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်း ခြင်း၊ Gmail ပြောင်းခြင်းပါ။ (ခ) link အတုတွေ က တဆင့်အချက်အလတ် password ခိုးယူခြင်းပါ။(ဂ) online shop က တဆင့် ငွေလိမ်ယူခြင်းမျိုးပါ။ (ဃ) facebook ကတဆင့် လူ တစ်ယောက် ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ mention ခေါ်ဆဲခြင်း၊ပုံတွေသုံး မဟုတ် သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ tag တွဲခြင်းpost ကို share အဖြစ်တင်ခြင်း၊မရိုးသားသည့် သဘောဖြင့် Photo Comment ပြု လုပ်၍ မန့်ခြင်း။ စတဲ့ အပြု အမူတွေ ကျူးလွန်ရင်။

ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်က အမှုဖွင့်ပေးရုံနဲ့ အာမခံမရှိ ထောင် ၃ နှစ်ချလို့ရပါတယ်။ screenshot သက်သေ အ ထောက်အထားနဲ့ ကျိန်းသေ ထောင်ကျအောင် ချလို့ရတယ်။သတိထားဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *