တရားရင္ဆိုင္ေနရတဲ့ ေဒးဗစ္လား အမႈမွာ တရားလိုျပ သက္ေသအျဖစ္ အဆိုေတာ္ မ်ိဳးႀကီး ကို စစ္ေဆး

COVID 19 ကာလ အတြင္းမွာ အစိုးရ က ခ်မွတ္ ထားတဲ့ စည္းမ်ဥ္း စည္းကမ္း ေတြကို ေဖာက္ဖ်က္ တယ္ဆို ၿပီး တရား‌ေဟာ ဆရာ ေစာ ေဒးဗစ္လား နဲ႔ နဝရတ္ ေတးသံသြင္း ပိုင္ရွင္ ဦး ေဝထြန္းတို႔ အပါအဝင္ စုစုေပါင္း (၄)ဦးကို သဘာေဘး အႏၲရာယ္ ဆိုင္ ရာ စီမံ ခန႔္ ခြဲမႈ ဥ ပေဒ ပုဒ္မ (၂၅) နဲ႔ တရားစြဲ ဆိုခံထားရတာျဖစ္ ပါတယ္။

အဲဒီလို စြဲခ်က္ ကို ေလ်ာက္လဲခ်က္ ေပးဖို႔ အတြက္ လာမယ့္ ႐ုံးခ်ိန္း ကို ဇြန္ လ (၃၀) ရက္ ေန႔ ခ်ိန္းဆို ထားပါ တယ္။ တရား ေဟာ ဆရာ ေစာေဒးဗစ္လား နဲ႔ နဝရတ္ေတးသံသြင္း ပိုင္ရွင္ ဦးေဝထြန္းတို႔ အမႈမွာ တရားလိုျပသက္ ေသေတြ ကို ဒီကေန႔မွာ အၿပီးသတ္ စစ္ေဆးခဲ့ ၿပီး လာမယ့္ ႐ုံးခ်ိန္း မွာ စြဲခ်က္တင္ ၊ မတင္ အမိန႔္ ခ်မွတ္ သြားမွာျဖစ္ တယ္ လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးၾကည္ဝင္း က ေျပာပါ တယ္။

သူတို႔ႏွစ္ဦး ကို ဒီကေန႔ ဇြန္ လ (၂၃) ရက္ ေန႔ ခုႏွစ္ ႀကိမ္ေျမာက္ ႐ုံးခ်ိန္း မွာ ေနာက္ဆုံးက်န္ ရွိတဲ့ တရားလိုျပ သက္ေသ ေတြျဖစ္ တဲ့ အမႈ စစ္ရဲအရာ ရွိနဲ႔ အဆိုေတာ္ မ်ိဳးႀကီးတို႔ႏွစ္ဦး ကို စစ္ေဆးခဲ့ တာ ျဖစ္ပါ တယ္။လာမယ့္ ဇြန္လ ၃၀ ရက္ေန႔ မွာေတာ့ ႏွစ္ဖက္ ေလွ်ာက္လဲခ်က္ ေပး သြားမွာလည္း ျဖစ္ပါတယ္။ ဒီအမႈ အတြက္ တရားလိုအပါအဝင္ လိုျပသက္ေသ ၁၄ ဦးအနက္ ၂ ဦး ပယ္ခ်ခံ ခဲ့ရပါတယ္။

တရားစြဲခံထားရတဲ့ ခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ နဝရတ္ ေတးသံသြင္းပိုင္ရွင္ ဦးေဝထြန္း တို႔ကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ၇ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ဇြန္လ ၂၃ ရက္ေန႔ က မရမ္းကုန္းတရား႐ုံးမွာ တရားလိုျပသက္ေသ အဆိုေတာ္ မ်ိဳးႀကီး နဲ႔ အမႈစစ္ ဒုရဲမႉးစိုးႏိုင္ တို႔ကို စစ္ေဆးခဲ့ၿပီး တရားလိုျပတစ္ဦးကိုေတာ့ ပယ္ခ် ခဲ့ပါတယ္။

REF: ဒီဗြီဘီ

UNICODE

တရားရင်ဆိုင်နေရတဲ့ ဒေးဗစ်လား အမှုမှာ တရားလိုပြ သက်သေအဖြစ် အဆိုတော် မျိုးကြီး ကို စစ်ဆေး

COVID 19 ကာလ အတွင်းမှာ အစိုးရ က ချမှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေကို ဖောက်ဖျက် တယ်ဆို ပြီး တရား‌ဟော ဆရာ စော ဒေးဗစ်လား နဲ့ နဝရတ် တေးသံသွင်း ပိုင်ရှင် ဦး ဝေထွန်းတို့ အပါအဝင် စုစုပေါင်း (၄)ဦးကို သဘာဘေး အန္တရာယ် ဆိုင် ရာ စီမံ ခန့် ခွဲမှု ဥ ပဒေ ပုဒ်မ (၂၅) နဲ့ တရားစွဲ ဆိုခံထားရတာဖြစ် ပါတယ်။

အဲဒီလို စွဲချက် ကို လျောက်လဲချက် ပေးဖို့ အတွက် လာမယ့် ရုံးချိန်း ကို ဇွန် လ (၃၀) ရက် နေ့ ချိန်းဆို ထားပါ တယ်။ တရား ဟော ဆရာ စောဒေးဗစ်လား နဲ့ နဝရတ်တေးသံသွင်း ပိုင်ရှင် ဦးဝေထွန်းတို့ အမှုမှာ တရားလိုပြသက် သေတွေ ကို ဒီကနေ့မှာ အပြီးသတ် စစ်ဆေးခဲ့ ပြီး လာမယ့် ရုံးချိန်း မှာ စွဲချက်တင် ၊ မတင် အမိန့် ချမှတ် သွားမှာဖြစ် တယ် လို့ တရားလွှတ်တော် ရှေ့နေ ဦးကြည်ဝင်း က ပြောပါ တယ်။

သူတို့နှစ်ဦး ကို ဒီကနေ့ ဇွန် လ (၂၃) ရက် နေ့ ခုနှစ် ကြိမ်မြောက် ရုံးချိန်း မှာ နောက်ဆုံးကျန် ရှိတဲ့ တရားလိုပြ သက်သေ တွေဖြစ် တဲ့ အမှု စစ်ရဲအရာ ရှိနဲ့ အဆိုတော် မျိုးကြီးတို့နှစ်ဦး ကို စစ်ဆေးခဲ့ တာ ဖြစ်ပါ တယ်။လာမယ့် ဇွန်လ ၃၀ ရက်နေ့ မှာတော့ နှစ်ဖက် လျှောက်လဲချက် ပေး သွားမှာလည်း ဖြစ်ပါတယ်။ ဒီအမှု အတွက် တရားလိုအပါအဝင် လိုပြသက်သေ ၁၄ ဦးအနက် ၂ ဦး ပယ်ချခံ ခဲ့ရပါတယ်။

တရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ် တေးသံသွင်းပိုင်ရှင် ဦးဝေထွန်း တို့ကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဇွန်လ ၂၃ ရက်နေ့ က မရမ်းကုန်းတရားရုံးမှာ တရားလိုပြသက်သေ အဆိုတော် မျိုးကြီး နဲ့ အမှုစစ် ဒုရဲမှူးစိုးနိုင် တို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြတစ်ဦးကိုတော့ ပယ်ချ ခဲ့ပါတယ်။

REF:   ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *